အေနာ္ရထာ

အေနာ္ရထာ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from အေနာ္ရထာ, Library, mingalardon, Yangon.

29/12/2023
အကြောင်းကား ဤသို့တည်း...ရွာထိပ်မှာ အသားပိုပြတ္တာကြီးရှိတယ်..အသားဟင်းစားချင်ရင် .သူ့ဆီက အသားတွေလှီးဖြတ်ပြီး စားလို့ရတယ်.....
07/08/2023

အကြောင်းကား ဤသို့တည်း...

ရွာထိပ်မှာ အသားပိုပြတ္တာကြီးရှိတယ်..
အသားဟင်းစားချင်ရင် .သူ့ဆီက အသားတွေ
လှီးဖြတ်ပြီး စားလို့ရတယ်..

အကျိုးကား ဤသို့တည်း ...

သူပြတ္တာဘ၀ သူ့အသားကို လှီးဖြတ်ပြီး စား
သောက်ခဲ့တဲ့ ကိုးရာ့ကိုးဆယ့်ကိုးယောက်သော
လူတွေကို အဟိံသကဟာ လက်လိုက်လှီးတော့
တာပါပဲ...

ပြုသူအသစ် ဖြစ်သူအဟောင်း

သို့သော်..

သူတော်ကောင်း ပညာရှိတို့နဲ့ ..တွေ့ဖို့ကံပါလာ
တော့ ..

ပြုသူကတော့ ကံဟောင်းချေလို့ သံသရာစက်
၀န်းကနေ.. အပြီးတိုင် နှုပ်ဆက်သွားခဲ့လေပြီ.."

အဲဒီ တောအုပ်မှာ တရားသွားထုတ်ရင်မရနိုင်ဘူး  အာနန္ဒာ...ကြီးလွန်းတဲ့ ......ကာမဂုဏ်စည်းစိမ်ကိုအဲဒီတောအုပ်နေရာမှာ  ဘုရင်အဖြစ်...
18/12/2022

အဲဒီ တောအုပ်မှာ တရားသွားထုတ်ရင်
မရနိုင်ဘူး အာနန္ဒာ...

ကြီးလွန်းတဲ့ ......ကာမဂုဏ်စည်းစိမ်ကို
အဲဒီတောအုပ်နေရာမှာ ဘုရင်အဖြစ်နဲ့
သင်အကြိမ်ကြိမ် ........ခံစားခဲ့ဖူးတယ်
အာနန္ဒာ..

အစွဲဥပါဌာန် သုခဝေဒနါ လွမ်းမိုးခဲ့ဖူး
တဲ့နေရာမှာ....သင်တရားအားထုတ်လို့
မရပါဘူး...။
....................အနှိုင်းမဲ့ဗုဒ္ဓ.................

အာနန္ဒာ.....ဟိုသစ်ပင်အောက်မှာ တရားအားထုတ်နေတဲ့သူဟာ..တရားရှာတွေ့မယ်လို့ထင်ပါသလား..မရဘူးအာနန္ဒာ........ငါကိုယ်တိုင် တရားသွ...
16/12/2022

အာနန္ဒာ.....ဟိုသစ်ပင်အောက်မှာ တရားအားထုတ်
နေတဲ့သူဟာ..တရားရှာတွေ့မယ်လို့ထင်ပါသလား..

မရဘူးအာနန္ဒာ........ငါကိုယ်တိုင် တရားသွားပြတာ
တောင် မရနိုင်ပါဘူး...

အာနန္ဒာ..ဟောဒီလောကကြီးမှာ....သတ္တဝါတွေဟာ
အမှန်တရားတစ်ခုကို.နားလည်သိရှိသွားဖို့အတွက်
သူ့ဆရာ.သူ့တပည့်..သူ့ဝေနေယျဆိုတာရှိတယ်..

ရှင်အနုရုဒ္ဓါဟာ..သူ့ရဲ့ဆရာပါအာနန္ဒာ...။
.......................... အနှိုင်းမဲ့ဗုဒ္ဓ..........................

09/08/2021

🙏🙏🙏🙏🙏

မြစ်ကြီးနှစ်သွယ် အသွင်မျှလို့ အကြောင်းပေါ်သည်ပေါင်းကားစီးဆင်း ..ညီစေမင်းသို့..မြစ်ကြီးမဟာ..နဒီဧရာဟု..အကျိုးပေါ်သည် ရှေးက...
09/02/2021

မြစ်ကြီးနှစ်သွယ် အသွင်မျှလို့ အကြောင်းပေါ်သည်
ပေါင်းကားစီးဆင်း ..ညီစေမင်းသို့..

မြစ်ကြီးမဟာ..နဒီဧရာဟု..အကျိုးပေါ်သည် ရှေးက
စီးဆင်း..မကွဲခြင်းသို့..

ဤကားမေခ..ထိုကား.မလိခဟု..မငြင်းမခုံ..အမုန်း
မပြား..ရေကြည်ရေနောက် မကွဲမူ၍..ရောတင်ယှက်
ကာ..ချစ်ကြည်စီးဆင်း စည်းလုံးခြင်းသို့...

ချစ်ခြင်းမုန်းခြင်း ပယ်ခွာစွန့်၍..ရှင်တော်ဟောကြား
အလယ်ထားကာ..မောင်နဲ့နှမ..အကို့နဲ့ညီ... သဘော
မူ၍..သူမှားခွင့်လွတ် ကိုယ်မှားတုံ့မယူ..ကရုဏာ...
ယိုစီး..ချစ်ခင်ခြင်းသို့...

ခွဲကာမရ..ခြမ်းလို့မလွယ်..ဧရာဝမ်းဝယ်..အတူတူစီး
လို့..ပြည့်လူအများ နှလုံးစိတ်ဝမ်း အေးချမ်းသွား
အောင်..ရွှေလက်တွဲသို့..​အေးချမ်းကြစေ.....ပြုံပန်း
တစ်ရာလည်း..ပွင့်စေသော်...။

အနော်ရထာ

မဂ်လာပါ..မဟာလူသားတစ်ဦးရဲ့..အသက်..သွေး..ဘဝပေါင်းများစွာနဲ့ရင်းပြီးမှ..ကျွန်ုပ်တို့သိခွင့်ရခဲ့တဲ့ မဂ်လာပါအော်..ဒီ မဂ်လာဆိ...
22/01/2021

မဂ်လာပါ..

မဟာလူသားတစ်ဦးရဲ့..အသက်..သွေး..ဘဝပေါင်း
များစွာနဲ့ရင်းပြီးမှ..ကျွန်ုပ်တို့သိခွင့်ရခဲ့တဲ့ မဂ်လာပါ

အော်..

ဒီ မဂ်လာဆိုတဲ့..နာမဝိသေသနကို နှုပ်ကထွက်ဖို့
အဲဒီမဟာလူသားရဲ့ ပေးဆပ်ခဲ့မူကို ..အာရုံမပြုပဲ
မည့်သည့်အခါမှ..မထွက်ခဲ့ရိုးပါ..

ထို့ကြောင့်...

စာရေးသူအနော်ရထာဟု..ပညတ်ထားသော
ကျွန်တော်မျိုးမှ.. အားလုံးကို သုခစွန်း ဒုက္ခစွန်းဟူ
သော အစွန်းနှစ်ဘက်မှ လွတ်ကင်းကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း...

မဂ်လာပါလို့ နှုပ်ခွန်းဆက်သ တင်သွင်းအပ်ပါတယ်..

10/12/2020

မီးလျှံများနဲ့မနုဿ

မင်္ဂလာညချမ်းလွန်ခဲ့တဲ့နှစ်၂၅၀၀ကျော်..အင်မတန်မှသာယာကြည်နူးဖွယ်ညတစ်ည... အခုလိုညတစ်ညနဲ့. ထပ်တူပေါ့... အကုသိုလ်အမှောင်ပိတ်န...
29/11/2020

မင်္ဂလာညချမ်း

လွန်ခဲ့တဲ့နှစ်၂၅၀၀ကျော်..

အင်မတန်မှသာယာကြည်နူးဖွယ်ညတစ်ည... အခုလို
ညတစ်ညနဲ့. ထပ်တူပေါ့...

အကုသိုလ်အမှောင်ပိတ်နေ​တဲ့ နောင်တတစ်ဖန်ပူဆွေး
နေတဲ့လူသားတစ်ယောက် ..သို့မဟုတ်..ဘုရင်တစ်ပါး
ရဲ့..အေးငြိမ်းရာကိုရောက်ရှိသွားတဲ့ညတစ်ည..

အဲဒါလည်း..ဒီညနဲ့ထပ်တူပေါ့...

သာမညဖလတရား.....ရဟန်းပြုရခြင်းရဲ့တရားတော်
တစ်ခုတည်းဖြင့် ဘုရား တရား သံဃာ..ရတနာ​သုံးပါးကို..အဖသတ်တဲ့ဘုရင်အား တည်စေသည့်အပြင်....

ကြည်ညိုလွန်းအားကြီးသွားလွန်းလို့..ရတနာမြတ်သုံး
ပါးကို ကြည်ညိုဆည်းကပ်တဲ့အရာမှာ ဧတဒဂ်ပေးခံ
ရတာလည်း...ဒီညနဲ့ထပ်တူပေါ့....

ဒါပေမယ့်

ပြုခဲ့ပြီးသောကံအရ....ရတနာ​မြတ်သုံးပါးဧတဒဂ်ပိုင်
ရှင်ကတော့..မဟာအဝီစိငရဲမှာပါ..

ကံဟောင်းကုန်သည်အထိပါပဲ...

ဘယ်လိုပဲဖြစ်ဖြစ်..

အင်မတန်မှကြီးတဲ့..မိစ္ဆာဒိဌိလူသားတစ်ယောက်ကို
သမ္မာဒိဌိလူသားအဖြစ်ပြောင်းလဲ စေခဲ့သော ညတစ်
ညဟာ...

ဒီ..တန်ဆောင်မုန်းလပြည့်ည..

တစ်နည်းအားဖြင့်..

အမှောင်မှအလင်းသို့ လူသားတစ်ယောက်ကို ပြောင်း
လဲပေးခဲ့ဖူးတဲ့ညတစ်ည..

အင်မတန်မှ..ကျက်သရေမဂ်လာအပေါင်းနဲ့ပြည့်စုံတဲ့
တန်ဆောင်မုန်းလပြည့်ည...

ခုထိ မင်္ဂလာရှိနေတုန်းပါပဲ....

အနော်ရထာ
14.11.2017

Address

Mingalardon
Yangon

Website

Alerts

Be the first to know and let us send you an email when အေနာ္ရထာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to အေနာ္ရထာ:

Share

Category