Harbinger Of Death - PDF

Harbinger Of Death - PDF ပြည်သူကိုသာ သစ္စာခံ၍
ပြည်သူ့အမိန့်သာငါနာခံသည်
Harbinger Of Death - PDF

ရှေ့ဆက်ပြီးသန်မာကြမယ်ရှေ့ဆက်ပြီးရုန်းကြမယ်ရှေ့ဆက်ပြီး ခံယူချက်အတိုင်း ယုံကြည်စွာ တိုက်ပွဲဝင်ကြမယ်။Harbinger Of Death - P...
03/06/2026

ရှေ့ဆက်ပြီးသန်မာကြမယ်
ရှေ့ဆက်ပြီးရုန်းကြမယ်
ရှေ့ဆက်ပြီး ခံယူချက်အတိုင်း ယုံကြည်စွာ တိုက်ပွဲဝင်ကြမယ်။

Harbinger Of Death - PDF

နေ့စဉ် မနက်မိုးလင်းတာနဲ့ ရဲ‌ဘော်တွေဟာ ပြိုကျပျက်စီးနေတာတွေကို တည်ဆောက်ရေးလုပ်ရတယ်။လက်နက်ထုတ်လုပ်ရေးရဲ‌ဘော်တွေက လက်နက်/စက...
31/05/2026

နေ့စဉ် မနက်မိုးလင်းတာနဲ့ ရဲ‌ဘော်တွေဟာ
ပြိုကျပျက်စီးနေတာတွေကို တည်ဆောက်ရေးလုပ်ရတယ်။
လက်နက်ထုတ်လုပ်ရေးရဲ‌ဘော်တွေက လက်နက်/စက်ယန္တယားတည်ဆောက်ရေးအပိုင်းကို လုပ်တယ်။
ဘဏ္ဍာရေးတာဝန်ခံက လိုအပ်ချက်တွေအတွက် ထောက်ပံ့ငွေရှာတယ် မရရင် ငိုတယ်။
တပ်ဖွဲ့တာဝန်ခံ က ဘာပဲလိုလိုအကြွေးယူခိုင်းတယ်
(ထုတ်လုပ်ရေး)ဒီဇယ် လိုတယ် အကြွေးယူလိုက်
(စားဖို) ရိက္ခာလိုတယ် အကြွေးဝယ်လိုက်
(ဆောက်လုပ်ရေး)အမိုးလိုတယ် အကြွေးမှာလိုက်
(ဘဏ္ဍာရေး)တပ်ဖွဲ့မှာအကြွေး သိန်း ၂၀၀ လောက်ဖြစ်နေပြီ
(တာဝန်ခံ)ငါလည်းငွေမကိုင်ဘူး တစ်ကျပ်မှလည်း မမြင်ဖူးဘူး
ဘယ်ကအကြွေးလဲ ဘဏ္ဍာရေးကို‌ထောက်ပံ့ငွေရှာခိုင်းပြီး အကြွေးဆပ်လိုက်
မနက်မိုးလင်းတာနဲ့
ဘဏ္ဍာရေးတာဝန်ခံက အကြွေးတွေ လိုအပ်ချက်တွေအတွက် ထောက်ပံ့ငွေရှာတယ် မရရင် ငိုတယ်
တာဝန်ခံကိုတင်ပြတယ် အကြွေးယူခိုင်းတယ်
ပြီးရင် ငါလည်း တစ်ကျပ်မှမရှိဘူး ငွေလည်းမကိုင်ဘူး
ဘယ်ကအကြွေးလဲ ပြန်မေးတယ်
လိုတာတွေအတွက် အကြွေးယူထားတာပါ
ဒါဆို ဘဏ္ဍာရေးကို ဆပ်ခိုင်းလိုက်
ဘဏ္ဍာရေးက ငိုတယ် ....

Harbinger Of Death - PDF

28/05/2026

သိန်း ၅၀၀ ကမ်ပိန်း လုပ်တာ တစ်လပြည့်တော့မယ် ကမ်ပိန်းအတွက် လာထောက်ပံ့တာ ၁၀ သိန်း မပြည့်ဘူး။
အထွေထွေ လိုအပ်ချက်တွေအတွက်သာ ထည့်သုံးလိုက်ပါ ပြီးတော့ ကမ်ပိန်းကိုလည်းရပ်လိုက်ဆိုလို့ တပ်ဖွဲ့ခေါင်းဆောင်အမိန့်အရ ကမ်ပိန်းလေးကို ဒီညမှာပဲ ရပ်လိုက်ပါပြီခင်ဗျာ။ပါဝင်အား‌ပေးထောက်ပံ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။

ဘဏ္ဍာရေးတာဝန်ခံ
Video ကတော့ စိတ်မပျက်ကြဖို့နဲ့ နိုင်သလောက်ကြိုးစားနေပါကြောင်း
Harbinger Of Death - PDF

ကျွန်တော်တို့ကိုကြည့်ပြီး ထိုင်းနိုင်ငံစစ်တပ်က စစ်သည်တချို့ အားပေးစကားပြောကြတယ်ကျွန်တော်တို့ကို စစ်ဘက်ဆိုင်ရာ တာဝန်ထမ်းန...
26/05/2026

ကျွန်တော်တို့ကိုကြည့်ပြီး ထိုင်းနိုင်ငံစစ်တပ်က စစ်သည်တချို့ အားပေးစကားပြောကြတယ်
ကျွန်တော်တို့ကို စစ်ဘက်ဆိုင်ရာ တာဝန်ထမ်းနေရသူအချင်းချင်းစာနာနားလည်တယ်ဆိုရင် ထိုင်းနိုင်ငံအတွင်းက မြန်မာအလုပ်သမားတွေကို Ci (သို့မဟုတ်) တခြားအခွန်အခ တွေတတ်နိုင်သမျှဖြေလျှော့ပေးဖို့ ဝိုင်းဝန်းတောင်းဆိုပေးကြဖို့ ကျွန်တော်တို့အနေနဲ့ မေတ္တာရပ်ခံပါတယ်။ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားအများစုဟာ ရတဲ့ လုပ်အားခလေးကနေ တော်လှန်ရေးကို တတ်နိုင်သမျှ ပါဝင်ပေးနေကြတဲ့ တော်လှန်ရေးစစ်သည်တွေပဲဖြစ်ပါတယ် သူတို့ကို CI လို ဘတ် ၈၀၀၀ ဝန်းကျင်လောက် တစ်နှစ်တစ်ခါ ပေးဆောင်စေခြင်း၊ မရှိပါက ဖမ်းစီးခြင်းတွေဟာ စစ်အာဏာရှင်စနစ်ကို ပိုပြီးထောက်ကူပေးရာရောက်သလို အခြေခံအလုပ်သမားတွေအတွက်လည်း အရမ်းကိုမှ အခက်အခဲရှိပါတယ်။
ကျေးဇူးပြု၍ ကျွန်တော်တို့ ပြည်သူတွေရဲ့အခက်အခဲကို ထိုင်းနိုင်ငံရဲ့ မြင့်မြတ်တဲ့ဘုရင်သိအောင် ဝိုင်းဝန်းပြောပေးကြပါ လို့ ပြည်သူတွေကိုယ်စား မေတ္တာရပ်ခံပါတယ်။

Harbinger Of Death - PDF

အကယ်၍ကျွန်တော်တို့အစိုးရကသာ တာဝန်တစ်ခုပေးပြီး နောက်ကနေ ထောက်ပံ့ပေးမယ်ဆိုရင် .... စိတ်ကူးယဉ်နိုင်သမျှကို နည်းပညာနဲ့ဖန်တီး...
25/05/2026

အကယ်၍
ကျွန်တော်တို့အစိုးရကသာ တာဝန်တစ်ခုပေးပြီး နောက်ကနေ ထောက်ပံ့ပေးမယ်ဆိုရင် .... စိတ်ကူးယဉ်နိုင်သမျှကို နည်းပညာနဲ့ဖန်တီးပေးဖို့ အသင့်ရှိပါတယ်။

Harbinger Of Death - PDF

24/05/2026

တစ်ခုလုပ်ဖို့ ခက်ခဲနေပါတယ်ဆို နောက်တစ်ခုထပ်လာ
မြေအောက်လက်နက်ထုတ်လုပ်ရေးအခန်း မိုးတွင်းရေငွေ့နဲ့ သစ်တွေဆွေးပြီးပြိုကျ လူထိခိုက်မှုမရှိပေမယ့် ပြန်ပြင်ဆင်ရမယ်။ အခိုင်အမာလုပ်ချင်ရင်တော့ RC လောင်းမှရမယ်လို့ ပြောတယ် ခဏတော့ လုပ်နိုင်တာတွေ ၈၀% လောက် လျော့ချမှဖြစ်မယ်ထင်ပါတယ်။ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားခဲ့တယ်ဆိုတာ သက်သေပါပဲဗျာ။လောလောဆယ် တပ်ဖွဲ့ ရံပုံငွေအရ ရိက္ခာအတွက်‌လောက်ပဲ လစဥ်ရရှိနေတော့ တခြားကိစ္စတွေအတွက် လုံးဝကို စိတ်သွားတိုင်း ငွေမပါနိုင်ဘူး။
ဘာပဲဖြစ်ဖြစ်ပါ အဆင်မပြေရင် အဆင်ပြေတဲ့အချိန်ထိ စောင့်ပါမယ်။အရေးကြီးတာ ဒုက္ခတွေကြားမှာ စိတ်မကျဖို့ပဲမဟုတ်လား။

Harbinger Of Death - PDF

23/05/2026

UGV ( မောင်းသူမဲ့စစ်ဘက်သုံးယာဉ် )တွင်တပ်ဆင်ရန် လက်နက်စနစ်စမ်းသပ်ခြင်း
စမ်းသပ်ခြင်းဖြစ်သည့်အတွက် ဆိုင်ကယ်စွန့်ပစ်ပစ္စည်းများကိုသာ အသုံးပြုထားသည်။

HOD-နည်းပညာ
Harbinger Of Death - PDF

21/05/2026

HOD-စက်ရုပ်စနစ်အတွက် တတိယအဆင့် ထိန်းချုပ်ရေးစနစ် စမ်းသပ်ခြင်း။ပြသလောက်ကြည့် လဒလောက်တော့ ငှက်တိုင်းလှ၏။ကြိုးစားလျှက်....

#သွေးမသေးပဲဝိုင်းကူစို့
#သိန်း၅၀၀ကမ်ပိန်း
Harbinger Of Death - PDF

20/05/2026

ကော်ဖီ ဆို Espresso 😋😋😋

Harbinger Of Death - PDF

19/05/2026

ရဲဘော်တွေအတွက် လူဆိုးထိန်းတွေ ပို့ပေးသော လေးလေးဘစီနှင့်အလှူရှင်များ တစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Harbinger Of Death - PDF

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Harbinger Of Death - PDF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Harbinger Of Death - PDF:

Share

Category