ရန်ကုန်တိုင်းဒေသကြီး၊ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခဲွ

  • Home
  • Myanmar
  • Yangon
  • ရန်ကုန်တိုင်းဒေသကြီး၊ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခဲွ

ရန်ကုန်တိုင်းဒေသကြီး၊ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခဲွ bahanredcross branch

13/04/2025
 #ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ်ကြက်ခြေနီအသ...
13/07/2024

#ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲ/တပ်ဖွဲ့ နှင့် အမှတ် (၂ ) အခြေခံပညာအလယ်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော ၁/၂၀၂၄ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအား အောင်မြင်စွာဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ၁၂.၇.၂၀၂၄ နေ့ညနေပိုင်းတွင်သင်တန်းဆင်းပွဲအားအောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။

#ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲ
#ဗဟန်းမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့

 #‌ကမ္ဘာ့ကြက်‌ေခြနီ‌ေန့ကိုကြိုဆိုဂုဏ်ပြု‌ေသာအားဖြင့်ဂုဏ်ပြုမိတ်ဆုံစားပွဲကျင်းပပြုလုပ်၄.၅.၂၀၂၄ နေ့မနက် ၉:၀၀ နာရီအချိန်တွင...
04/05/2024

#‌ကမ္ဘာ့ကြက်‌ေခြနီ‌ေန့ကိုကြိုဆိုဂုဏ်ပြု‌ေသာအားဖြင့်ဂုဏ်ပြုမိတ်ဆုံစားပွဲကျင်းပပြုလုပ်

၄.၅.၂၀၂၄ နေ့မနက် ၉:၀၀ နာရီအချိန်တွင် မေလ ၈ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြု‌ေသာအားဖြင့် ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲ နှင့်တပ်ဖွဲ့ မှနေ၍ ဦးစီးကာ အသင်းခွဲEc များ ၏ ပံ့ပိုးမှုနှင့်အတူ အစားအသောက် main sponsor ဖြစ်သောThai 47 ဆိုင်ပိုင်ရှင်သူဌေး တို့မှနေ၍ အသင်း၏အဓိက ‌ေထာက်တိုင်များဖြစ် ကြသောကြက်‌ေခြနီ‌ေစတနာ့လုပ်အားရှင်များဖြစ်ကြပြီး ကိုယ်ကျိုးအတွက်မငဲ့ပဲအများအကျိုးကိုရသည့်အချိန်တွင်အသင်းနှင့်တပ်ဖွဲ့၏တာဝန်များအားစွမ်းစွမ်းတမံတာဝန်ကျေပွန်စွာထမ်း‌ေဆာင်‌ေနကြသည့်မြို့နယ်ရှိကြက်‌ေခြနီတပ်ဖွဲ့ဝင်ရဲ‌ေဘာ်၊ရဲ‌ေမ စေတနာ့လုပ်အားရှင်များအားလုံးအား ဆုရရှိခြင်းမရရှိခြင်းနှင့်မသက်ဆိုင် စေတနာဖြင့်လုပ်အားပေးနေကြသည့်ကြက်ခြေနီတပ်ဖွဲ့ဝင် များအားသီးသန့်ဂုဏ်ပြုပေးသည့် မိတ်ဆုံစားပွဲအား မကြာမီကျရောက်တော့မည့် ကမ္ဘာ့ကြက်ခြေနီ‌ေန့ကိုဂုဏ်ပြုရင်း ဂုဏ်ပြုမိတ်ဆုံစားပွဲအားပျော်ပျော်ပါးပါး ကျင်းပပြုလုပ်ပေးခဲ့ပါသည်။

#လူသားချင်းစာနာမှုအစဉ်ရှင်သန်ရေးဝိုင်းဝန်ကြိုးပမ်းဆောင်ရွက်ပေး
#ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲ
#ဗဟန်းမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့

 #ကင်းထောက်လူငယ်သင်တန်းတွင်ရှေးဦးပြုစုခြင်းအကြောင်းဟောပြော၂၈.၃.၂၀၂၄ နေ့တွင် ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်အ.ထ.က(၂)ကမာရွတ...
28/03/2024

#ကင်းထောက်လူငယ်သင်တန်းတွင်ရှေးဦးပြုစုခြင်းအကြောင်းဟောပြော

၂၈.၃.၂၀၂၄ နေ့တွင် ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်အ.ထ.က(၂)ကမာရွတ် ဖွင့်လှစ်သင်ကြားလျက်ရှိသော ကင်းထောက်လူငယ်သင်တန်းတွင် ရှေးဦးပြုစုခြင်းအကြောင်းနှင့်ပတ်တီးစည်းနည်းအချို့အား ဟောပြောသင်ကြားပို့ချပေးနိုင်ရန် ကမာရွတ်ခရိုင်ကြက်ခြေနီ ဥက္ကဋ္ဌမှ တာဝန်ပေးအပ်သဖြင့်သင်တန်းသား (၂၀)ဦး နှင့် သင်တန်းသူ (၂၀)ဦး ပေါင်း(၄၀)ဦး တို့အား ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှအသင်း ဥက္ကဌ မှ၎င်း ၊

၂၈.၃.၂၀၂၄ နေ့တွင် အ.ထ.က(၂)ဗဟန်းကျောင်းရှိ နန်ယန်ခန်းမတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော ကင်းထောက်လူငယ်သင်တန်းတွင် ရှေးဦးပြုစုခြင်းအကြောင်းနှင့်ပတ်တီးစည်းနည်းအချို့အား ဟောပြောသင်ကြားပို့ချပေးနိုင် တာဝန်ပေးသဖြင့်
သင်တန်းသား (၂၀)ဦး နှင့် သင်တန်းသူ (၂၀)ဦး ပေါင်း(၄၀)ဦး တို့အား ဗဟန်းမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ သင်တန်းနည်းပြဆရာ ၂ ဦး မှ သင်တန်းသို့သွားရောက်ကာဟောပြောသင်ကြားပို့ချပေးခဲ့ပါသည်။

#ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲ
#ဗဟန်းမြို့နယ်ကြက်‌ေခြနီသူနာပြုတပ်ဖွဲ့

 #ကထိန်အလှုတော်မင်္ဂလာအားအောင်မြင်စွာပြီးစီး၂၆.၁၁.၂၀၂၃ နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ်ကြက်ခြေန...
27/11/2023

#ကထိန်အလှုတော်မင်္ဂလာအားအောင်မြင်စွာပြီးစီး

၂၆.၁၁.၂၀၂၃ နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲ/တပ်ဖွဲ့နှင့် (၇)ရက်သားသမီးများမှနေ၍ စုပေါင်းလှူဒါန်းသော ကထိန်အလှူတော်မင်္ဂလာအား ပဲခူးတိုင်းဒေသကြီးဥဿာမြို့သစ်ရပ်ကွက်ကြီ:ရှိ
မရှိခဏနန်းဦးပုညရှင် ဘုရားကျောင်းတွင် ပထမ အကြိမ် အဖြစ်အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
ထို့ကြောင့်လှုဒါန်းထားသည့်အလှူရှင်များ နှင့်အတူ နတ်လူသာဓုခေါ်‌ဆိုနိုင်ကြစေသော်

#ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲ

 #အမှု‌ေဆာင်အဖွဲ့များလုပ်ငန်းတာဝန်လြွှဲပြောင်းပေးအပ်ခြင်း။၁၉.၁၁.၂၀၂၃ နေ့ နေ့လည် ၂ နာရီ တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊...
19/11/2023

#အမှု‌ေဆာင်အဖွဲ့များလုပ်ငန်းတာဝန်လြွှဲပြောင်းပေးအပ်ခြင်း။

၁၉.၁၁.၂၀၂၃ နေ့ နေ့လည် ၂ နာရီ တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကမာရွတ်ခရိုင် ၊ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲ မှနေ၍
(၂၀၂၀- ၂၀၂၃) ခုနှစ် အမှုဆောင်အဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်စိုးစိုးခိုင်မှ ယခု ၂၀၂၃ ခုနှစ်တွင် အသစ်ခန့်အပ်လိုက်သည့် အမှုဆောင်အဖွဲ့အသစ် မှ ဥက္ကဋ္ဌ ဦးတင်သိန်း ထံသို့ အောက်ပါအတိုင်းတက်ရောက်လာသည့်လူကြီးများရှေ့မှောက်တွင် လုပ်ငန်းတာဝန်နှင့် စာရင်းဇယားများအားလွှဲပြောင်းပေးအပ်သည့်အခမ်းအနားအား ရေတာရှည်ရပ်ကွက်ရှိ ရေတာရှည်လမ်းသစ်တွင်တည်ရှိသော သီရိမန္တကျောင်း ရှိ Hall ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
ထို့အခမ်းအနားသို့ ကမာရွတ်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည် ၊ကမာရွတ်ခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မှ ခရိုင်တပ်ဖွဲ့တာဝန်ခံ ဦးတင်ကိုကို ၊ ဗဟန်းကြက်ခြေနီတပ်ဖွဲ့ဝင်ဟောင်း မှ နာယက ဦးသိန်းလှ ၊ မြို့နယ်တပ်ဖွဲ့မှူး ဦးအောင်ကိုဦး နှင့်အခြားဖိတ်ကြားထားသော အသင်းသူအသင်းသားများ ၊ တပ်ဖွဲ့ဝင်များ တက်ရောက်ကြပြီးအခမ်းအနားကို ညနေ ၄ နာရီအချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

#ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲ

 #စုပေါင်းကထိန်တွင်ထည့်ဝင်လှူဒါန်းနိုင်ရန်အတွက်နှိုးဆော်ချက်ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ်ကြက်ခြေနီအသင...
14/11/2023

#စုပေါင်းကထိန်တွင်ထည့်ဝင်လှူဒါန်းနိုင်ရန်အတွက်နှိုးဆော်ချက်

ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲ/တပ်ဖွဲ့နှင့်(၇)ရက်သားသမီးများ စုပေါင်းမဟာဘုံကထိန်အား ပထမအကြိမ် ပဲခူးတွင်ပြုလုပ်မည် ဖြစ်သဖြင့်
၂၄.၁၁.၂၀၂၃ ရက်နေ့နောက်ဆုံးထား ၍ အလှူငွေများထည့်ဝင်နိုင်ပါကြောင်းနှိုး‌ေဆာ်အသိပေးအပ်ပါသည်။
အလှူငွေအားထည့်ဝင်လိုပါကအောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်လှူဒါန်းနိုင်ပါ‌သည်။

အသင်းခွဲ ဉက္ကဋ္ဌ ဦးတင်သိန်း 09254116301
အတွင်းရေးမှူး/တပ်ဖွဲ့မှူး ဦးအောင်ကိုဦး 09250649042

 #နာရေးလိုက်ပါပို့ဆောင်ခြင်း ၁၄.၁၁.၂၀၂၃ နေ့ နေ့လည်ပိုင်းတွင် ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲနှင့်တပ်ဖွဲ့ တို့မှ နေ၍ ဗဟန်း...
14/11/2023

#နာရေးလိုက်ပါပို့ဆောင်ခြင်း

၁၄.၁၁.၂၀၂၃ နေ့ နေ့လည်ပိုင်းတွင် ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲနှင့်တပ်ဖွဲ့ တို့မှ နေ၍ ဗဟန်းမြို့နယ်တွင် အစဉ်အဆက် ဦးဆောင်ခဲ့သော လက်ဦး ဆရာများထဲ မှ ၁ ဦးဖြစ်သော ဆရာ ဦးသန်းလွင် ရဲ့နာရေးအားကမာရွတ်ခရိုင်ကြက်‌ေခြနီကြီးကြပ်မှု‌ေကာ်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်၊ဗဟန်းမြို့နယ်ကြက်‌ေခြနီအသင်းခွဲမှ ဉက္ကဋ္ဌ ဦးတင်သိန်းနှင့်အတွင်းရေးမှူး ဦးအောင်ကိုဦး၊Ec အဖွဲ့ဝင် ဦးအောင်သက် နှင့် တပ်ဖွဲ့ဝင်များ၊အသင်းနှင့်တပ်ဖွဲ့ဝင်ဟောင်းမှအဖွဲ့ဝင်များက နေ၍ ဆရာ၏ ဈာပနသို့ နောက်ဆုံးလိုက်ပါပို့ဆောင်ခဲ့ကြပါသည်။

#ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲ

 #ဆရာများအားကန်တော့ခြင်း၁၂.၁၁.၂၀၂၃ နေ့ နေ့လည် ၁၄:၀၀ နာရီတွင် သိရိမန္တာစံကျောင်းရှိ ခန်းမ တွင် ဗဟန်းမြို့နယ်ကြက်ခြေနီအသင်...
12/11/2023

#ဆရာများအားကန်တော့ခြင်း
၁၂.၁၁.၂၀၂၃ နေ့ နေ့လည် ၁၄:၀၀ နာရီတွင် သိရိမန္တာစံကျောင်းရှိ ခန်းမ တွင် ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲ၊ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့်တပ်ဖွဲ့ဝင်ဟောင်းများ ပူးပေါင်းကာ မြို့နယ်ကြက်ခြေနီတွင်ခေတ်အဆက်ဆက်တာဝန်ယူဦးဆောင်ခဲ့သောဆရာများအားကန်တော့ခြင်းအားပြုလုပ်ခဲ့ကြပါသည်။

#ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲ

ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲEC အသစ် စာရင်းများမှာအောက်ပါပံုအတိုင်းဖြစ်ပါသည်
11/11/2023

ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲ
EC အသစ် စာရင်းများမှာအောက်ပါပံုအတိုင်းဖြစ်ပါသည်

၁/၂၀၂၃ မြို့နယ်ကြက်ခြေနီအသင်းခွဲအစည်းအဝေးပြုလုပ် ၁/၂၀၂၃ ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲ မှအစည်းဝေးတွင် EC အသစ်များအားခန့်...
11/11/2023

၁/၂၀၂၃ မြို့နယ်ကြက်ခြေနီအသင်းခွဲအစည်းအဝေးပြုလုပ်

၁/၂၀၂၃ ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲ မှအစည်းဝေးတွင် EC အသစ်များအားခန့်အပ်လွှာများပေးအပ်ခြင်းနှင့် ဥက္ကဋ္ဌအသစ်မှ ရှေးလုပ်ငန်းစဉ်များ ကိုညှိုနိူင်းပြောကြားခြင်းများအား ၁၁.၁၁.၂၀၂၃ နေ့ နေ့လည် ၁၃:၀၀ နာရီတွင် အကြိုအစည်းအဝေးအဖြစ် ဗဟန်းမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးရုံးတွင်ကျင်းပပြုလုပ်ခဲ့ကြပါသည်။

#ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲ

Address

Yangon
12345

Alerts

Be the first to know and let us send you an email when ရန်ကုန်တိုင်းဒေသကြီး၊ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခဲွ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ရန်ကုန်တိုင်းဒေသကြီး၊ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခဲွ:

Share