Mingalar Taung Nyunt Township Public Health Department

Mingalar Taung Nyunt Township Public Health Department Public Health Care

17/06/2023
26/05/2023

ဇွန်ဘီ (Zombie) ပါဝင်သော ရုပ်ရှင်ကားများကို ကြည့်ဖူးကြပါလိမ့်မည်။ သာမန်လူကောင်းတစ်ယောက် ရောဂါတစ်ခုခုဖြစ်ပြီး သေသလို မသေသလို ဖြစ်နေရာမှ စိတ်ရောရုပ်လက္ခဏာများပါ ပြောင်းလဲသွားကာ အခြားသူများကို လိုက်လံတိုက်ခိုက်သော သူများကို ဇွန်ဘီဟု ခေါ်ကြသည်။
မြန်မာလို ဖုတ်ဝင်သည်၊ ဖုတ်ကောင် အစရှိသည်ဖြင့် ခေါ်ဝေါ်လေ့ရှိသည်။ ထိုဇွန်ဘီများသည် ဘယ်တော့မှ မသေဘဲ လူသားစားခြင်း၊ လူတို့ကို အန္တရာယ်ပေးခြင်းတို့ကို ဇာတ်လမ်းဆင်ကာ ကြောက်လန့်ဖွယ် တင်ဆက်ရိုက်ကူး ပြသလေ့ရှိသည်။ ထိုကဲ့သို့သော ကားမျိုးကို အနောက်နိုင်ငံ ရုပ်ရှင်ထုတ်လုပ်သူများက မကြာခဏဆိုသလို ရိုက်ကူးထုတ်လုပ်ကြပြီး နှစ်စဉ်လည်း ဇွန်ဘီအခြေခံသည့် ဇာတ်ကားများ ပေါ်ထွက်လျက်ရှိသည်။

ကျွန်တော်တို့၏ ခန္ဓာကိုယ်ထဲတွင် ဆဲလ်ပေါင်း ၁၀ ထရီလီယံခန့် ရှိသည့်အနက် အချို့သောဆဲလ်များမှာ ဇွန်ဘီကဲ့သို့ ပြုမူဆောင်ရွက်နေကြောင်း သိရလျှင် သင် အံ့ဩကောင်း အံ့ဩပေလိမ့်မည်။ အဆိုပါ ဆဲလ်များသည် သေဆုံးခြင်းမရှိဘဲ ခန္ဓာကိုယ်ရှိ အခြားသော ဆဲလ်များကို ဒုက္ခပေးလျက်ရှိသဖြင့် ယင်းဆဲလ်များကို ဇွန်ဘီဆဲလ်များဟု တင်စားခေါ်ဝေါ်ခြင်း ဖြစ်သည်။

ဇွန်ဘီဆဲလ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
==================
ဇွန်ဘီဆဲလ်ဆိုသည်မှာ အများနားလည်စေရန်နှင့် မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်စေရန် တင်စားခေါ်ဝေါ်ခြင်းဖြစ်ပြီး ဆေးပညာဝေါဟာရ အစစ်မှာ စင်နင်းဆစ်ဆဲလ် (Senescent cells) ဟုခေါ်ပါသည်။

ကျွန်တော်တို့ ခန္ဓာကိုယ်ရှိ ဆဲလ်များအနေနှင့် ပုံမှန် ပွားများခြင်း (Replication)၊ သက်တမ်းစေ့၍ သေဆုံးခြင်း (Apoptosis) တို့ကို ပုံမှန် အနေအထားအဖြစ် အမြဲပြုလုပ်နေရပါသည်။ ဆဲလ်တစ်ခုအဖြစ် စတင်မွေးဖွားလာသည်နှင့် သူ၏တာဝန်များကို ထမ်းဆောင်ကြရသည်။ ထိုသို့ တာဝန်ထမ်းဆောင်ပြီး သက်တမ်း တစ်ခုသို့ ရောက်လျှင် သေဆုံးပြီး ယင်းနေရာတွင် ဆဲလ်အသစ်များဖြင့် အစားထိုးပေးခြင်းဖြင့် တာဝန်ကို လက်ဆင့်ကမ်း ထမ်းဆောင်လျက် ရှိနေပါသည်။

သို့ရာတွင် အချို့သောဆဲလ်များမှာ ဆက်လက်ပွားများခြင်းလည်း မရှိသည့်အပြင် သေဆုံးမှုလည်း မဖြစ်ဘဲ ဆက်လက်ရပ်တည်နေကြပါသည်။ အဆိုပါဆဲလ်များသည် ယင်း၏ မူလတာဝန်များကို မထမ်းဆောင်နိုင်တော့ဘဲ တဖြည်းဖြည်း သွေဖယ်လာပါသည်။ ထို့နောက် အဆိုပါဆဲလ်များမှ ခန္ဓာကိုယ်အတွက် အသုံးမဝင်သည့် လုပ်ငန်းများကို ပြုလုပ်လာကာ အန္တရာယ်ရှိသော ဓာတ်ပစ္စည်းများကို ဆဲလ်၏ပြင်ပသို့ စွန့်ထုတ်ပါသည်။ အဆိုပါ ဓာတ်ပစ္စည်းများကို အက်စ်အေအက်စ်ပီ (SASP) ဟုခေါ်ပြီး ယင်းတို့ကြောင့် ခန္ဓာကိုယ်အတွင်း နာတာရှည်ရောဂါများကို ဖြစ်ပွားစေပါသည်။

အဆိုပါ စင်နင်းဆစ်ဆဲလ်များ သို့မဟုတ် ဇွန်ဘီဆဲလ်များသည် လူတို့၏သန္ဓေသားဘဝက အနည်းငယ်သာရှိသော်လည်း အသက်ကြီးလာလေလေ တဖြည်းဖြည်း များလာလေလေ ဖြစ်သည်။ အသက် ၄၀ ကျော်လျှင် ပို၍ သိသိသာသာများလာကာ ၅၀-၆၀ ကျော်ပါက လွန်စွာများလာပါတော့သည်။

အဆိုပါ ဆဲလ်များနှင့် ယင်းတို့မှ ထုတ်လွှတ်လိုက်သည့် အက်စ်အေအက်စ်ပီ ဓာတ်ပစ္စည်းများကြောင့် အသက်ကြီးလာလျှင် ဖြစ်ပွားမှုနှုန်း မြင့်တက်လာသည့် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဦးနှောက်နှင့်အာရုံကြောရောဂါ၊ အရိုးအဆစ်ရောဂါ၊ ကင်ဆာရောဂါ အစရှိသည်တို့ကို ဖြစ်ပွားစေနိုင်ကြောင်း သိရှိလာရပြီဖြစ်သည်။

ထို့ကြောင့် အဆိုပါ ဇွန်ဘီဆဲလ်များအကြောင်းကို သိရှိပြီး ယင်းတို့ကို နှိမ်နင်းရန် အရေးကြီးလှပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "သင့်ခန္ဓာကိုယ်တွင်းက ဇွန်ဘီဆဲလ်များ" စာအုပ်၊ အခန်း (၁) ဇွန်ဘီဆဲလ် ဆိုသည်မှာမှ ထုတ်နုတ်ဖော်ပြသည်။

15/05/2023
15/05/2023
15/05/2023

“လေမုန်တိုင်းကျရောက်ပြီးနောက်ဖြစ်ပွားနိုင်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ပါ”

မေလ၊ ၂၀၂၃ ခုနှစ်

လေမုန်တိုင်းကျရောက်ပြီးနောက်ဖြစ်ပွားနိုင်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရောဂါပိုးများပါရှိသည့် မသန့်ရှင်းသောရေနှင့်အစားအသောက်များကိုစားသောက်မိခြင်းမှတစ်ဆင့်ကူးစက်ဖြစ်ပွား၍ အသက်အန္တရာယ် ထိခိုက်နိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအသွင်ဖြင့်လည်း ဖြစ်ပွားနိုင်ပါသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားပါက-
အရည်ဝမ်းများသွားခြင်း၊ အော့အန်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်း စသည်တို့ဖြစ်ပွားနိုင်ပြီး အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ပါသည်။

လေမုန်တိုင်းကျရောက်ပြီးနောက် ဝမ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်ပွားစေရန် အောက်ပါအချက်အလက် များကို တိကျစွာ လိုက်နာကျင့်သုံးကြရမည်ဖြစ်ပါသည်-
(က) သောက်သုံးရေသန့်ရရှိရေး၊
• FDAအသိအမှတ်ပြုသောက်ရေသန့်ကိုရရှိရန်အခက်အခဲရှိပါက သောက်ရေကိုကျိုချက်၍လည်းကောင်း၊ သောက်သုံးရေကို ကျန်းမာရေးဌာန၏ ညွှန်ကြားချက်အတိုင်း စနစ်တကျ ရေသန့်စင်ဆေးပြားခပ်၍ လည်းကောင်း၊ ကလိုရင်းဆေးကို နည်းစနစ်တကျခပ်၍ လည်းကောင်း အသုံးပြုပါ၊

(ခ) လက်သန့်စင်ရေး၊
• အစားအစာများကိုင်တွယ်ပြင်ဆင်ခြင်းမပြုမီ၊ အစားမစားမီနှင့် အိမ်သာအသုံးပြုပြီးချိန်တိုင်း ဆပ်ပြာ နှင့် ရေကိုအသုံးပြု၍ အနည်းဆုံးစက္ကန့်(၂၀)ကြာအောင် လက်ကိုစနစ်တကျ ဆေးကြောပါ၊
• လေမုန်တိုင်းရှောင်စခန်းများ၊ ကယ်ဆယ်ရေးစခန်းများတွင် လက်သန့်စင်ရေးအတွက် ဆပ်ပြာနှင့်ရေ များအသင့်ထားရှိပေးပါ။

(ဂ) အစားအစာသန့်ရှင်းရေး
• အစားအစာများကို သန့်ရှင်းစွာချက်ပြုတ်၍ ယင်မနားစေရန်ဖုံးအုပ်ပါ။ အစားအစာများကို ပူပူ နွေးနွေး စားပါ၊
• မှိုတက်နေသာ အစားအစာများ၊ ယင်နားစာများ၊ အမှည့်လွန်သော အသီးများကို မစားပါနှင့်၊

(ဃ) အိမ်သာသန့်ရှင်းရေး
• သန့်ရှင်းသော ယင်လုံအိမ်သာများ အသုံးပြုပါ၊
• ကလေးငယ်များ၏ မစင်ကို ယင်မနားအောင် စနစ်တကျ စွန့်ပစ်ပါ၊
• ဝမ်းပျက်ဝမ်းလျှောရောဂါခံစား‌ရသည့်လူနာ၏ အညစ်အကြေးများ၊ အဝတ်အစားများကို သောက်သုံး ရေကန်များအနီးတွင် လျှော်ဖွပ်ခြင်း မပြုရပါ။

"ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာန သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်ပေး နေသည့် ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပြသပါ၊ ဓါတ်ဆားရည်ကိုစနစ်တကျဖျော်စပ်သောက်သုံးပါ။"

https://youtu.be/-Fvw2uIbsVA
27/04/2023

https://youtu.be/-Fvw2uIbsVA

ဆိုလာနဲ့ Aircon သုံးမယ်ဆိုဘယ်လောက်ကုန်မလဲနှင့် သုံးသင့်သော ပစ္စည်းများနှင့် လုပ်ငန်းခွင်အတွက် ကိုယ်ပိုင် Solar တ.....

29/08/2021

မဂ်လာတောင်ညွန့်မြို့နယ်တွင် sinopharm ကာကွယ်ဆေး first dose ထိုးပြီးသူများ second dose ထိုးရန်အတွက် ချိန်းဆိုထားသောနေ့အတိုင်း ရန်ကုန်ဘူတာကြီးစုရပ်တခုတည်းတွင် section များခွဲ ၍ထိုးနှံပေးသွားမှာဖြစ်ကြောင်းအသိပေးအပ်ပါသည်။

မင်္ဂလာတောင်ညွန့် ၊ ဇန်နဝါရီလ ၂၉ ရက် ၊ ၂၀၂၁ပြည့်နှစ်မင်္ဂလာတောင်ညွန့်မြို့နယ်တွင် Mask and faceshield campaign ကို မင်္ဂ...
30/01/2021

မင်္ဂလာတောင်ညွန့် ၊ ဇန်နဝါရီလ ၂၉ ရက် ၊ ၂၀၂၁
ပြည့်နှစ်

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် Mask and faceshield campaign ကို မင်္ဂလာတောင်ညွန့်မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေးမှုးအဆင့်(၁) ဒေါ်တင်တင်ဝင်း၊ သားဖွားဆရာမ ဒေါ်သန်းကြည် တို့နှင့်အတူ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စသည်တို့ပူးပေါင်းလှုပ်ရှားခဲ့ပါသည်။

မင်္ဂလာတောင်ညွန့်၊ ဇန်နဝါရီ ၂၈ ရက်၊ ၂၀၂၁ပြည့်နှစ်မင်္ဂလာတောင်ညွန့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့ ကိုဗစ် ၁၉ ...
28/01/2021

မင်္ဂလာတောင်ညွန့်၊ ဇန်နဝါရီ ၂၈ ရက်၊ ၂၀၂၁ပြည့်နှစ်

မင်္ဂလာတောင်ညွန့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့ ကိုဗစ် ၁၉ ကာကွယ်ဆေး COVISHIELD/ Astrazeneca ကာကွယ်ဆေး
စတင်ထိုးနှံခြင်း ကို မင်္ဂလာတောင်ညွန့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ထိုးနှံပေးခဲ့ပါသည်။

ကာကွယ်ဆေးထိုးရန် အကြိုပြင်ဆင်မှုများ၊ ဆေးသိုလှောင်ထိန်းသိမ်းမှု၊ အရေးပေါ်စောင့်ရှောက်မှုပေးရန်ကြိုတင်ပြင်ဆင်ထားမှု အစီအစဥ်များ၊ ကာကွယ်ဆေးထိုးရန်မှတ်တမ်းတင်ခြင်း စသည်ပြင်ဆင်မှုများကို (၂၇.၁.၂၀၂၁) တွင် ဆောင်ရွက်ခဲ့ကြပါသည်။

ယနေ့ တွင် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းစဥ်များ၊ ကာကွယ်ဆေးထိုးမှုများ ပြန်လည်သတင်းပို့ခြင်း တို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဥမ္မာမြင့် ၏ ဦးဆောင်လမ်းညွှန်မှုများဖြင့် ဆောင်ရွက်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး ဦးအောင်ဝင်းမှလည်း လာရောက်ကြည့်ရှူ၍ ကျန်းမာရေးဝန်ထမ်းများအား အားပေးစကားပြောကြားခဲ့ပါသည်။

မင်္ဂလာတောင်ညွန့် ၊ ဇန်နဝါရီ ၂၆ ရက် ၊ ၂၀၂၁ပြည့်နှစ်မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်နောက် ရပ်ကွက်တွင်  မင်္ဂလာတောင်ညွန့်မြိ...
27/01/2021

မင်္ဂလာတောင်ညွန့် ၊ ဇန်နဝါရီ ၂၆ ရက် ၊ ၂၀၂၁
ပြည့်နှစ်

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်နောက် ရပ်ကွက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်အေးအေးသိန်း နှင့် သားဖွားဆရာမ ဒေါ်ဝေမာဦး ပါဝင်သောအဖွဲ့က မြို့နယ်စည်ပင်၊ မိခင်နှင့်ကလေး အဖွဲ့ဝင်များနှင့်ပူးပေါင်းပါဝင် ၍ သွေးလွန်တုပ်ကွေး ဖြစ်စေသော ခြင်ကျား ပေါက်ပွားမှုနှုန်းလျော့ချနိုင်ရန် အဘိတ်ဆေးခပ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း ၊
သွေးလွန်တုပ်ကွေး အသိ ပညာပေးခြင်းတို့ ဆောင်ရွက် ခဲ့ပါသည်။

မင်္ဂလာတောင်ညွန့် ၊ ဇန်နဝါရီလ ၂၂ရက် ၊ ၂၀၂၁ပြည့်နှစ်မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယနေ့ Yellow campaign; Mask and faceshie...
22/01/2021

မင်္ဂလာတောင်ညွန့် ၊ ဇန်နဝါရီလ ၂၂ရက် ၊ ၂၀၂၁
ပြည့်နှစ်

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယနေ့ Yellow campaign; Mask and faceshield campaign ကို သိမ်ဖြူစျေးတွင် ပြုလုပ်​ေဆာင်ရွက်ခဲ့ရာ မင်္ဂလာတောင်ညွန့်မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေးမှုးအဆင့်(ကျန်းမာရေးမှုးအဆင့်(၁) ဒေါ်တင်တင်ဝင်းနှင့်တကွ ကျန်းမာရေးဝန်ထမ်း များ၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေး အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊မီးသတ်တပ်ဖွဲ့ဝင်များ ၊ စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ စသည်တို့ပူးပေါင်းလှုပ်ရှားခဲ့ပါသည်။

"Stop COVID19"
Mask တပ်ပါ
လက်ဆေးပါ
ခပ်ခွာခွာနေပါ

Address

Yangon
11221

Website

Alerts

Be the first to know and let us send you an email when Mingalar Taung Nyunt Township Public Health Department posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share