13/08/2026
ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ပါတီကော်မတီဝင်များ အဆင့်ဆင့်ပြန်လည်ရွေးချယ်ဖွဲ့စည်းနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
၁၃. ဩဂုတ်လ. ၂၀၂၆
ယနေ့ ၁၃ ရက်နေ့ ည ၇ နာရီတွင် ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် မြို့နယ်ပါတီကော်မတီဝင်များ အဆင့်ဆင့်ပြန်လည်ရွေးချယ်ဖွဲ့စည်းနိုင်ရေးအတွက် ပါတီခရိုင်ကော်မတီဝင်များမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ပါတီရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။....
အဆိုပါအစည်းအဝေးတွင် ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဒေါ်ဇာခြည်လင်း၊ ဒဂုံမြို့သစ်ခရိုင်ပါတီဥက္ကဌ ဒေါ်စမ်းစမ်းဌေး၊ ပါတီအတွင်းရေးမှူး ဦးဝဏ္ဏမျိုးနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း၊ ဆိပ်ကမ်း)မြို့နယ်မှ ပါတီဥက္ကဌများ၊ ခရိုင်ကော်မတီဝင်များ၊ ပါတီတာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပြီး ည ၈ နာရီ ၁၅ မိနစ်အချိန်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြီးဆုံးခဲ့ကြောင်း သိရသည်။.....