BOOM ဘွန်း

BOOM ဘွန်း Life in frames

04/04/2026

Photography is more than just technicality; it’s an emotional language.

14/03/2026

Lightroom vs Capture One
ဘယ်ဟာကိုသုံးမလဲ???







📸

08/03/2026

အင်္ဂလိပ်စာကို ၂ လအတွင်း Pre-Intermediate Level ထိတက်ချင်လား။
ဘယ်ကနေ ဘယ်လိုစရမလဲ မသိသေးဘူးဆိုရင် LMB English ကိုစမ်းကြည့်ပါ။

ဒီစာအုပ်ထဲမှာ

• Basic Conversation နဲ့ Grammar
• Basic Vocabulary
• Everyday Useful Phrases
• Reading နဲ့ Writing Lessons

အင်္ဂလိပ်စာလေ့လာဖိုလိုအပ်တဲ့ အခြေခံတွေကို တစ်နေရာတည်းမှာ လေ့လာနိုင်ပါတယ်။

ဒါ့အပြင် Pronunciation နဲ့ Listening ပိုကောင်းလာအောင်
Website နဲ့တွဲပြီး လေ့ကျင့်နိုင်အောင် စီစဉ်ပေးထားပါတယ်။

Order here — http://m.me/learnmyanmarbook

[ကိုယ်ပိုင်အတွေးအခေါ် ပျောက်ဆုံးခြင်း]    အခုရက်ပိုင်းကျွန်တော်တွေးမိနေတဲ့အရာလေးတစ်ခုကိုပြောပြချင်လို့ပါ များသေားအားဖြင်...
26/09/2023

[ကိုယ်ပိုင်အတွေးအခေါ် ပျောက်ဆုံးခြင်း]

အခုရက်ပိုင်းကျွန်တော်တွေးမိနေတဲ့အရာလေးတစ်ခုကိုပြောပြချင်လို့ပါ များသေားအားဖြင့်ကျွန်တော်တို့လူငယ်ပိုင်းတွေပေါ့ ဒီဘက်ခေတ် social media တွေခေတ်စားလာသလို social platforms တွေပေါ်မှာ Video creators တွေ Vloggers တွေအပြင် အခြား အခြားသော content creators တွေလဲအများကြီးပေါ်ထွက်လာကြတယ်ပြောရမယ် ဒီထဲကမှ ကျွန်တော်တို့ အားပေးရတဲ့ ကြိုက်ကြ လေးစားရတဲ့သူတွေလဲ ပါကြတယ်ပေါ့ ပြဿနာကအဲ့ဒီကစတယ်ပြောရမယ် ဘာလို့လဲဆိုရင် ကျွန်တော်တို့သဘောကျရတဲ့သူတွေကို အားပေးတာက ကိစ္စမရှိပင်မဲ့ အဲ့ဒီလူတွေကို နတ်ဘုရားလိုကိုးကွယ်လာကြတာပါ ဒီလူကဒါအမှန်ဆို လိုက်မှန်ကုန်ကြတယ် ဒီလူကဒါအမှားဆိုလိုက်မှားကုန်ကြတယ် ဒီလူကဒီလို style နဲ့နေရင် ငါတို့လဲအဲ့လိုstyle မျိုးနဲ့နေရမယ်ဆိုပြီးဖြစ်လာကြတယ် ကိုယ်ပိုင်အတွေးအခေါ်ကတွေက အဲ့လိုအရာတွေကစလို့ ပျက်စီးနေမှန်းမသိ ပျက်စီးလာတယ် လို့ပြောလို့ရမယ် ကျွန်တော်တို့သဘောကြတဲ့ အားကျရတဲ့သူတွေရဲ့ အတွေးအခေါ်တွေနားထောင်လို့ရတယ် အကြံအညဏ်ယူလို့ရတယ် ဒါပင်မဲ့သူတို့ပြောတဲ့အရားတိုင်းက
ဟုတ်ရမယ်ဆိုပြီး ကျွန်တော်တို့ နတ်ဘုရားတစ်ပါလိုကိုးကွယ်နေလို့တော့မရဘူး လူတိုင်းမှာမတူတဲ့အတွေးအခေါ်တွေဆိုတာရှိတယ် ဒီလူ့လုပ်ရပ်တွေကမှန်တယ်ဆိုပြီး သူတို့နဲ့ အတွေးချင်းမတူတိုင်း ကျွန်တော်တို့မှားသွားတာမှမဟုတ်တာ ကျွန်တော်မြင်မိတဲ့သူတွေက သူတို့လူတစ်ယောက်ကိုသဘောကျ လေးစားရင် အဲ့လူလုပ်တဲ့အရာရာတိုင်းကမှန်တယ်ဆိုပြီးဖြစ်ကုန်ကြတောတာပဲ
အဲ့လိုကစလို့ ကျွန်တော်တို့အတွေးအခေါ်က ကိုယ်ပိုင်မဖြစ်တော့ပဲ အခြားသူတွေရဲ့ အတွေးအခေါ်တွေကို copy ယူထားသလို စက်ရုပ်ဆန်တဲ့လူသားတွေဖြစ်ကုန်ကြတော့တာပေါ့
အဓိကပြောချင်တာကတော့ ကျွန်တော်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် အတွေးအခေါ်တွေတူကြမှာမဟုတ်သလို့ တူဖို့လဲမလိုအပ်ဘူးလေ ကျွန်တော်တို့အားကျရတဲ့သူတွေကို နတ်ဘုရားလို ကိုးကွယ်စရာလဲမလိုအပ်ဘူး အတွေးခေါ်တွေကကိုယ်ပိုင်ဖြစ်နေဖို့အရေးကြီးတယ် အခုကျွန်တော်ရေးတဲ့စာကလဲ ကျွန်တော့်အတွေးဖြစ်သလို မှန်ချင်မှလဲမှန်မယ် အဓိကကတော့ "ကိုယ်ပိုင်အတွေးအခေါ်" ရှိစေချင်ယုံပါ
လွပ်လပ်စွာကွဲလွဲနိုင်ပါသည်။

21/09/2023

...

PHOTOGRAPHY , known as "BLACK & WHITE"
03/04/2023

PHOTOGRAPHY , known as "BLACK & WHITE"

"ဒီနိုင်ငံမှာဘာကြောင့် အရည်အချင်းရှိတဲ့အနုပညာရှင်တွေနေရာမရတာလဲ?"       တကယ်တော့အဖြေကရှင်းရှင်းလေးပါ  1.  ကျွန်တော်တို့နိ...
28/03/2023

"ဒီနိုင်ငံမှာဘာကြောင့် အရည်အချင်းရှိတဲ့အနုပညာရှင်တွေနေရာမရတာလဲ?"
တကယ်တော့အဖြေကရှင်းရှင်းလေးပါ
1. ကျွန်တော်တို့နိုင်ငံမှာ လူတော်တော်များများက Professional (ပြည့်ဝသောအရည်အသွေး) ထက် popularity(ထင်ပေါ်ကျော်ကြားမှု) ကိုအရေးပေးကြလို့ပါပဲ ဒီလူတွေထဲမှာအခုဒီစာကိုဖတ်နေတဲ့ သင်ကိုယ်တိုင်လဲပါဝင်ကောင်းပါဝင်နေနိင်ပါတယ်။
2. ပြီးတော့ကျွန်တော်တို့လူမျိုးက ပေါ်ပင်တွေဆိုသိပ်သဘောကျကြတာဗျ ဥပမာပေးရမယ်ဆိုရင် ..
လမ်းမှာအနုပညာရှင်ဆိုတဲ့သူနှစ်ယောက်လမ်းလျှောက်လာတယ်ထား တစ်ယောက်က တကယ့်အနုပညာဝမ်းစာပြည့်ဝနေတဲ့သူတစ်ယောက် တစ်ယောက်ကလက်ရှိမှာအကြောင်းအရာရာတစ်ခုခုကြောင့် အရမ်းPopularဖြစ်နေတယ် ဒါပင်မဲ့အရည်အချင်းမရှိဘူး အဲ့နေရာမှာပေါ်ပင်ကြိုက်တဲ့သူတွေက ဘယ်သူ့ဆီသွားပြီးအားပေးနှုတ်ဆက်ကြမယ်ဆိုတာပြောဖို့တော့မလိုတော့ပါဘူးထင်ပါတယ် သင်လဲပေါ်ပင်လူတစ်စုမှာပါဝင်ကောင်းပါဝင်နေနိုင်ပါတယ်။
3. (ခံယူချက်) ဒီအရာကအရေးအကြီးဆုံးအချက်ပါ
ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်အရ ခံယူချက်တွေကကွာခြားနေပါတယ် လူတစ်ယောက်ကအတုအယောင်အနုပညာဖန်တီးမှုတွေကြားမှာကြီးပြင်းခဲ့မယ်ဆိုရင်
အဲ့လူက သူ့ရဲ့ဘေးကအတုအယောင်တွေကို အစစ်အမှန်လို့ပဲထင်သွားကြတာပါ အဲ့လိုလူတွေကို ပြောင်းလဲစေဖို့ကအတော်လေးကိုမဖြစ်နိုင်ပါဘူး သင့်ရဲ့ခံယူချက်ကကောဘာတွေဖြစ်မလဲ?
နောက်ဆုံးအနေနဲ့ပြောချင်တာက ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ ကျွန်တော်တို့အားပေးတဲ့ အရည်အချင်းရှိတဲ့ အနုပညာရှင်တွေကို တက်နိုင်သလောက်supportပေးကြပါ ပတ်ဝန်းကျင်မှာရှိတဲ့ ပေါ်ပင်ကြိုက်ကြတဲ့အသိမိတ်ဆွေတွေ တလွဲဆံပင်ကောင်းနေတဲ့သူတွေရှိရင်လဲ တက်နိုင်သလောက်လမ်းပြပေးကြပါလို့ပြောချင်ပါတယ် ဒီစကားတွေကဘာပုဂ္ဂိုလ်ရေးမှာမပါဘဲ အရည်အချင်းပြည့်ဝတဲ့အနုပညာရှင်တွေရဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့​မသင့်တော်ဘူးထင်လို့ပြောပြထားတာပါ ဖြစ်လဲမဖြစ်သင့်တဲ့အရာလိုပဲမြင်ပါတယ် အနုပညာနယ်ပယ်တိုင်းအတွက်ဆိုလိုပါတယ်။

Address

Yangon

Telephone

+959253264870

Website

Alerts

Be the first to know and let us send you an email when BOOM ဘွန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to BOOM ဘွန်း:

Share