Diamond Dream ကန်စွန်းဥ ဟင်းခတ်မှုန့် နှင့် စားသောက်ကုန်လုပ်ငန်း

  • Home
  • Myanmar
  • Yangon
  • Diamond Dream ကန်စွန်းဥ ဟင်းခတ်မှုန့် နှင့် စားသောက်ကုန်လုပ်ငန်း

Diamond Dream ကန်စွန်းဥ ဟင်းခတ်မှုန့် နှင့် စားသောက်ကုန်လုပ်ငန်း သဘာဝစစ်စစ်

12/12/2025

💁" မိန်းမရေ ... မိန်းမ ... ကြက်သားအရည်ကျိုလေးနဲ့ ကြိုနေမယ်ဆို ကွာ။
( ဟူး ... ထုံးစံအတိုင်း ဒီတစ်ခါဟင်းချက်တာလည်း အဆင်မပြေဘူး ထင်ပါတယ်) "

🙎 " ဟ ဒီနေ့ ဟင်းက ဘာကြောင့် ဒီလောက် ကောင်းနေရတာလဲ " ကွ

👸" ရှင် သိချင်နေပြီမလား...

ဟင်းချက်ရင် ရှင်က ဂျီးကခပ်များများ၊ ဆီပြန်ဟင်းလေးဆိုလည်း အရသာရှိမှ၊ အချိုမှုန့်နဲ့ ဓာတုပစ္စည်းပါတာတွေဆိုရှောင်၊ ငရုတ်ကိုခွဲ ရေဆေးပြီးမှထည့်၊ ဟိုဟာမသုံးနဲ့ ဒီဟာမသုံးနဲ့ဆိုတဲ့ ရှင့်စည်းကမ်းတွေနဲ့အညီ ဒီဟင်းကို Diamond Dream ကထုတ်တဲ့ သဘာဝ ကန်စွန်းဥ ဟင်းခတ်မှုန့်နဲ့ ချက်ထားတာလေ "

" ဒီဟင်းခတ်မှုန့်က ကန်စွန်းဥ၊ကြက်သွန်နီ၊ကြက်သွန်ဖြူ တွေကိုပဲ သေချာအခြေခံပြီး တာရှည်ခံဆေးတွေလည်းမပါပဲ သဘာဝအတိုင်းထုတ်ထားတာဆိုတော့....

- ရင်သွေးတွေ ဥာဏ်ရည်မဖွံဖြိုးခြင်း အော်တစ်ဇင်ရောဂါ
- သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချို သွေးချို
- အယ်လ်ဇိုင်းမာရောဂါ
- ခန္တာကိုယ်လေးလံထိုင်းမှိုင်းခြင်း
- သိုင်းရွိုက်ဟော်မုန်းများ ပုံမှန်မထွက်မှာ
- ဆီးချို သွေးချို
- မျက်စိ အမြင်အာရုံ ချို့ယွင်းစေခြင်း
- ကိုယ်အလေးချိန်တက်ခြင်း
- ချွေးထွက်လွန် ရေငတ်စေမှာတွေ လုံးဝ စိတ်မပူရတော့ဘူးလေ။

ဒါကျုပ်ဖတ်ထားလို့ သိသလောက်ပဲရွတ်ကြည့်သေးတာ။ ကျန်တဲ့ရောဂါတွေရှိနိုင်သေးတယ်တော်။

နောက်ပြီး ကျုပ် ကြိုက်တာတခုက ပါဝင်ပစ္စည်းအားလုံးက ကျက်အောင်လုပ်ထားပြီးသားဆိုတော့ အသုပ်တွေထဲလဲထည့်သုပ်လို့ရတယ်။ အသုပ်ထဲထည့်ရင် ဘယ်လိုစားကောင်းမှန်းကိုမသိဘူး တော်၊ နောက်ရက်မှ တော့်ကို အသုပ်တွေသုပ်ပေးအုန်းမယ်။ ပြီးရင်လေ ပြည်တွင်းထုတ်ကုန်တွေနဲ့ပဲထုတ်ထားတာဆိုတော့ ဒီကာလမှာ ပြည်တွင်းဖြစ်ကို Support ရာလည်းရောက်တယ်လေ ။ "

" သူ့မှာ အရသာအတွက်လိုအပ်တဲ့ ထန်းဖိုဦး ထန်းလျက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းနဲ့ ဆားတွေပါ ပါလို့ ဘာမှ ထပ်မလိုတဲ့ အကောင်းဆုံး ကန်စွန်းဥ ဟင်းခတ်မှုန့်လို့တောင် ခေါ်တာ ...

ရှင့်ဂျီးများပုံနဲ့ ကွက်တိမို့ 125g အထုပ်လေးဝယ်လာရင်းကနေ အထုပ်ကြီး ထပ်မှာလိုက်ပြီ

🙎 Ok Ok များများသာမှာလိုက်‌ မိန်းမ😊

ကျန်းမာရေးအတွက် စိတ်ပူစရာမလိုတဲ့ သဘာဝ ဟင်းခတ်မှုန့်ကို ရှာနေတယ်ဆိုရင်ဖြင့် Messenger/Viber ကနေ မှာယူလိုက်ပါခင်ဗျာ

☎️ 09983360415 (Viber)

မေတ္တာဖြင့်
D Dream

Admin:Naing

#သဘာဝ
#သက်သတ်လွတ်
#ကန်စွန်းဥဟင်းခတ်မှုန့်

#ဟင်းချက်ကြမယ်
#အိမ်ရှင်မတွေဆီရောက်
#ရန်ကုန်

09/07/2025

2025ခုနှစ် နှစ်မြတ်အခါသမယရဲ့ဝါဆိုလပြည့်နေ့/ဓမ္မစကြာအခါတော်နေ့ မှစ၍
မြန်မာပြည်သူပြည်သားအားလုံး
ကမ္ဘာသူကမ္ဘာသားအားလုံး
သတ္တဝါအားလုံးတို့သည်
ဘေးဆိုးကပ်ဆိုးရောဂါဆိုး အန္တရာယ်အမျိုးမျိုးမှ ကင်းလွတ်၍ စီးပွားဥစ္စာ ကောင်းခြင်းမဂ်လာအဖြာဖြာတို့သည် မိမိတို့အလိုရှိသလောက် ရောက်ရှိ ရရှိပါစေ

ယနေ့ပြုပြုသမျှ ဒါန၊သီလ၊ဘာဝနာ ကုသိုလ် အစုစုတို့ကိုလည်း မျှဝေပါတယ်

ထပ်တူရရှိပါစေရှင်🙏

အရိယာပုဂ္ဂိုလ် သူတော်စင်သူမြတ်လောင်းများနှင့် နတ်လူသတ္တဝါအားလုံးတို့၏ ကုသိုလ်အစုစုတို့အားလည်း ဝမ်းမြောက်ဝမ်းသာစွာဖြင့် သာဓုခေါ်ဆိုပါသည် 🙏🙏🙏
ပို့သသော မေတ္တာစေတနာဂရုဏာ တို့ကိုလည်း ဝမ်းမြောက်ဝမ်းသာစွာဖြင့် ခံယူပါသည်🙏

မေတ္တာဖြင့်
ခင်လေးသွယ်

#ဝါဆိုလပြည့်နေ့🙏🙏🙏
#ဓမ္မစကြာအခါတော်နေ့
#စေတီ #290 #ဆူ
#ရေလမ်းပန်းလမ်းအလင်းလမ်းကုသိုလ်
#ကုသိုလ်ထပ်တူရပါစေ
#မေတ္တာဖြင့်

#သာဓုသာဓုသာဓု🙏🙏🙏
#🌼🌼🌼
#💛💛💛

15/05/2025

🙏🙏🙏
ဘေးဒုက္ခရန်အပေါင်းမှကင်းဝေးကြပါစေ။

15/05/2025

#ကင်ဆာကာကွယ်တဲ့အသီး

FB ကမိတ်​ဆွေတဦးကကင်ဆာမျိုးရိုးရှိပါတယ်တဲ့။
အ​မေကလည်းအဆုတ်မှာအလုံးဖြစ်​နေတယ်။
သူတို့ကင်ဆာမဖြစ်​အောင်ဘယ်လိုကာကွယ်ထားရမလဲတဲ့။

ဂျပန်နိုင်ငံမှာပြည်နယ်၄၇ခုရှိတယ်။အဲဒီထဲမှာကင်ဆာဖြစ်သူလုံးဝမရှိတဲ့ပြည်နယ်​တွေပါပါတယ်။
အဲဒီပြည်နယ်​တွေက #ကြက်ဟင်းခါးသီး လှိုင်လှိုင်ထွက်ပြီး,​ဒေသခံ​တွေကကြက်ဟင်းခါးသီးကိုအမြတ်တနိုးစားကြပါတယ်တဲ့။သူတို့ဟာအလွန်​ဆေးဖက်ဝင်တဲ့ကြက်ဟင်းခါးသီး​ကြောင့်ကင်ဆာမဖြစ်ကြတာဖြစ်ပါတယ်တဲ့။

ကျ​နော်တို့မြန်မာ​တွေက #အခါးအရသာကို သိပ်​ကြောက်ကြတယ်။အခါးကိုမစားကြဘူး။,ဒါ​ကြောင့်ကြက်ဟင်းခါးသီးကိုသိပ်မစားဖြစ်ကြဘူး။ရှေးတုန်းကမြန်မာ​တွေက​တော့ကြက်ဟင်းခါးသီး​ဆေးဖက်ဝင်မှန်းသိလို့​တော်​တော်စားကြတယ်။အသက်လည်း​တော်​တော်ရှည်ခဲ့ကြပါတယ်။

တချို့ကလည်းကြက်ဟင်းခါးသီးကိုအတက်စာဆိုပြီး​ရှောင်ကြပါတယ်။တကယ်​တော့ကြက်ဟင်းခါးသီးထဲကအူတိုင်​တွေကိုမထုတ်ဘဲချက်ရင်တက်ပါတယ်။အူတိုင်ထုတ်ပြီးချက်ရင်မတက်ပါဘူး။ပြီး​တော့အကြာကြီး​ပျော့ပြဲ​အောင်မချက်ရဘူး။ခပ်မာမာခပ်စိမ်းစိမ်း​လောက်ပဲချက်မှသူ့မှာပါတဲ့အင်ဇိုင်း​တွေမပျက်စီးဘဲ​ဆေးဖက်ဝင်တာဖြစ်ပါတယ်။
ကြက်ဟင်းခါးသီးဟင်းတခွက်ပါရင်ထမင်းလည်းမြိန်ပါတယ်။ဒါ​ကြောင့်ကြက်ဟင်းခါးသီးကိုတပတ်၂ရက်လောက်ချက်စားပြီးကင်ဆာ​ရောဂါကိုကာကွယ်ပါ။

မင်းကျော်ဝင်း

မူရင်းရေးသားသူအားလေးစားစွာဖြင့်Creditပေးပါတယ်။
Vd credit

#ကင်ဆာကာကွယ်တဲ့ကြက်ဟင်းခါးသီး

03/05/2025

အရိုးပြုတ်ရေလုပ်နည်း

၁။ အမဲရိုး/ဆိတ်ရိုး/ကြက်ရိုး ကြိုက်နှစ်သက်ရာ ၁ပိသာ ရင်ရိုး အဆစ်ရိုး နှင့် ချဉ်ဆီရိုးများ အကုန်ရပါတယ်။

၂။ ပန်းသီးရှာလကာရေ ၃ခွက်ထည့်ဖို့ အရေးကြီးပါတယ်။ အရိုးမှာရှိတဲ့ အာနိသင်တွေကို ဟင်းချိုထဲရောက်အောင် ၎င်းကလုပ်ပေးမှာဖြစ်ပါတယ်

၃။ တရုပ်နံနံ / ဗမာနံနံ ၃ချောင်းစီထည့်ပါ။ မုန်လာဥနီ ၃ခုနှင့် ကြက်သွန်နီ ၃ဥတို့ကိုလည်း လေးစိတ်စိတ်ပြီးထည့်ပါ။ ကြက်သွန်ဖြူဥ ၁လုံးနှင့် ဂျင်းအရွယ်တော်၁တက်လည်းထည့်ပါ။

*Rock salt or Sea salt ထည့်ပါ
*အချို မှုန့် လုံးဝ (လုံးဝ) မထည့်ရပါ

ပြုတ်နည်း
=====
ရှေးဦးစွာ အရိုးတွေကို သန့်စင်သွားစေရန် ရေထဲမှာ ရှာလကာရေထည့်ပြီး ဆေးပြစ်ပါ။ ပြီးရင် ရေနဲ့တစ်ခါထပ်ဆေးပါ။

ပန်းသီးရှာလကာရေထည့်ပါ ။ အရိုးမြုပ်သည်အထိရေထည့်ပါ။ တစ်နာရီခန့်စိမ်ထားလိုက်ရင် အရိုးထဲမှကိုယ်လိုချင်တဲ့ အကျိုးပြုမယ့်ဓာတ်တွေ အားလုံးစိမ့်ထွက်လာပါလိမ့်မယ်။

အခြားအမည်များအားလုံးကိုထည့်ပြီး ရေဆူအောင်တည်ပါ။ အပေါ်ကိုဝေ့တက်လာသော အမြှုပ်မဲမဲတွေကို ဇွန်း နဲ့ဖယ်ပစ်ပါ။ မသန့်တဲ့အဆီနဲ့အညစ်ကြေးတွေတက်လာတာဖြစ်ပါတယ်။

ဆူလာတဲ့အခါ မီးကိုလျော့ချလိုက်ပြီး မီးအေးအေးနဲ့ ဆက်တည်ထားလိုက်ပါ။ ကြာကြာတည်လေ ကောင်းလေ ဖြစ်ပါတယ်။ ၂၄နာရီလုံးပစ်တည်ထားနိုင်ရင် အရိုးထဲက အာနိသင်တွေအကုန်နီးပါးရရှိနိုင်ပါတယ်။

ချခါနီး ၁၀ မိနစ်လောက်အလိုမှာ နံနံပင်ထည့်လို့ရပါပြီ။ မွှေးပြီးအရသာလည်းရှိ အာနိသင်တွေလည်း အပြည့်ဖြစ်ပါတယ်။ အအေးခံထားပါ။ အရိုးတွေနဲ့ ဟင်းရွက်တွေကို ဇကာနဲ့စစ်ချလိုက်ပါ။ထွက်လာတဲ့ ချဉ်ဆီတွေကို အရိုးပြုပ်ရေထဲ ပြန်ထည့်ပေးပါ။

Sea salt or Rock salt ကို မိမိ နှစ်သက် သလောက် မြည်းကြည့်ပြီး ထည့်နိုင်ပါတယ်။

အဖိုးအဖွား အဖေအမေ နှင့် ကလေးများ အကုန်လုံးကိုတိုက်ပါ။

ကလေးတွေဆိုရင် အရိုးပြုတ်ရည်ကို တစ်နေ့ ၃-၄ခါ လောက်တိုက်သင့်ပါတယ်။

အရိုးပြုတ်ရည်ထဲမှာ အိမ်လုပ်သန့်ရှင်းလတ်ဆတ်သော ချဉ်ဖတ်အရည် လ္ဘက်ရည်ဇွန် ၁ဇွန်းစာလောက်ထည့်ပြီး တိုက်မယ်ဆိုရင် အကျိုးပြုပိုးတွေပါ အများကြီးပါသွားမှာ ဖြစ်ပါတယ်။

ပိုနေတာကို ရေခဲသေတ္တာထဲမှာထည့်ထားရင် ၅ - ၇ ရက်ခံပါတယ်။ Freezer ဆိုရင် ၆ လ ခံပါတယ်။

မိတ်ဆွေများအားလုံး အရိုးပြုတ်ရေများသောက်ကြပြီး ကျန်းမာလာကြပါစေ။

မေတ္တာဖြင့်
DDream

#အရိုးပြုတ်ရည်
#သဘာဝကန်စွန်းဥဟင်းခတ်မှုန့် #သဘာဝစစ်စစ်
#ပြည်တွင်းဖြစ်ကိုအားပေးပါ ားသောက်ကုန်လုပ်ငန်း
#ဘိုးဘိုးဘွားဘွား
#သားသားမီးမီး

03/05/2025

Diamond Dream သဘာဝကန်စွန်းဥ ဟင်းခတ်မှုန့်ကို အောက်ပါနေရာများတွင် ဝယ်ယူရရှိနိုင်ပါတယ်

Go Green Myanmar
Nat Mauk Street, Myaypadaythar Garden, (Opposite of Japan Embassy), Bahan Township

Capital Hypermarket
No.14E, Min Nandar Road, Dawbon

Capital North Dagon
No.(1,2), 33 Quarter, Thin Win Street & Pin Lon Road, North Dagon Township

Capital North Dagon 2
No.(100), U Wisaya Road & Shwe ThayaPhi Corner, 41Quarter, North Dagon Township

Capital Supermarket Sanchaung
No.33, Baho Road, Aung Chan Thar Ward, Sanchaung Township

Hmawbi Capital Mini Supermarket
Hmawbi

Capital Supermarket Mandalay
80th Road, Between 27th & 28th Street, Chan Aye Thar Zan Township, Mandalay

Ready Food Mart (1)
68th,Between 117th & 118th
Mandalay

Ready Food Mart (2)
30th, Between 84th & 85th
Mandalay

Ready Food Mart (3)
27th,Between 68th & 69th
Mandalay

ငွေစံသာဒေသထွက်ကုန်ရောင်းဝယ်ရေး
66Ath,Between108th & 109th
Mandalay

ပင်ရင်း
Diamond Dream
☎ 09983360415(Viber)

#ကန်စွန်းဥဟင်းခတ်မှုန့်
#သက်သတ်လွတ်
#ကန်စွန်းဥ ဟင်းခတ်မှုန့်
ားသောက်ကုန်လုပ်ငန်း
#ပြည်တွင်းဖြစ်ကိုအားပေးပါ













01/05/2025

Deli Free ပါ

ဝိုး စားချင်စရာကြီး

ဒီအသုပ်ဗန်းကြီး အိမ်သယ်သွားချင်လိုက်တာ

အိမ်က ကန်စွန်းဥဟင်းခတ်မှုန့်နဲ့ သုပ်လိုက်ရရင် ရှယ်ပဲ

ရွှေစာရံဘုရားကအသုပ်ဆိုင်တဲ့

အရွက်သုပ်ကြိုက်နှစ်သက်ကြသူများအတွက်
မင်မင်တို့ D Dream သဘာဝ ကန်စွန်းဥဟင်းခတ်မှုန့်ကို 3ထုပ်နှင့်အထက် မှာယူသူတိုင်းအား May လ တလလုံး Deli Free ပေးထားပါတယ်ရှင့်

video ပိုင်ရှင်ကို credid ပေးပါတယ်ရှင်

Admin-YaTi


#အရွက်သုပ်
#အရွက်သုပ်ကြိုက်တဲ့သူရှိလား
#အစားတလိုင်း
#အိမ်ရှင်မတွေဆီရောက်
#သဘာဝ
#သတ်သက်လွတ်
#ကန်စွန်းဥဟင်းခတ်မှုန့်
#ပြည်တွင်းဖြစ်ကိုအားပေး

30/04/2025

သုပ်မနိုင်တဲ့ သဘော်သီးအသုပ်စုံ ကော်ဖီလေးနဲ့ရှယ်ပဲ
🍮🥘🍮

အသီးအရွက် အသုပ်တွေမှာ သဘာဝအရသာအချို အတိုင်းရရှိစေပြီး ဆီးချို သွေးတိုးသမားများ အတွက်လဲစိတ်ပူစရာမလိုတဲ့ ကန်စွန်းဥဟင်းခတ်မှုန့်နဲ့သုပ်ထားပါတယ်

အသုပ်ကြိုက်သူတိုင်း D Dream ရဲ့ သဘာဝ ကန်စွန်းဥဟင်းခတ်မှုန့် ဆောင်ထားဖို့လိုပါမယ်နော်

May လတလလုံး 3ထုပ်နှင့်အထက်မှာယူသူတိုင်း Deli Free လုပ်ပေးထားပါတယ်ရှင့်

မေတ္တာဖြင့်
D Dream

Adm - YaTi

#အသုပ်စုံ
#အစားတလိုင်း
#အိမ်ရှင်မ
#သဘာဝ
#ကန်စွန်းဥဟင်းခတ်မှုန့်

#ပြည်တွင်းဖြစ်ကိုအားပေးပါ
#

30/04/2025

သံဃံပူဇေမိ🙏🙏🙏

မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ဩဝါဒ
(ပျံလွန်တော် မမူခင် 15ရက်အလိုကမိန့်ခဲ့တာပါ)

☸️ လောကဓံ ကိုထမင်းစားသလိုကျင့် ☸️

လောကဓံဆိုတော့ လူတွေချည်းကြုံရတယ် မထင်လေနဲ့။
ဘုရားသော်မှ လောကဓံ ကြုံသွားရတာပဲ ။
လူနတ်ဗြဟ္မာတို့ရဲ့ ပူဇော်အထူးကိုခံရတာက အကောင်းလောကဓံ။
အကောင်းဘက်မှာလည်း ဒို့ထက်ပိုခံရတယ်။
အဆိုးဘက်မှာတော့ မပြောနဲ့တော့ ။
ဘုရားက ပိုခံရတယ် မှတ်လိုက်ပါ။

မြို့လည်ခေါင် ဆင်နဲ့တိုက်သတ်ခံရတာ ဘယ်သူကြုံဖူးလို့လဲ။
ဘုရားကြုံရတယ်။

လူပုံအလယ်မှာ ဘုရားနဲ့ရတဲ့ ဗိုက်ပါဆိုပြီး စိဉ္စမာနလာပြီး အရှက်ခွဲတာ ကြုံရတယ်။
ဒါကအောင်ခြင်း ရှစ်ပါးထဲပါတာလောက်ပြောတာ။
တစ်ခြားလောကဓံတွေ ရှိသေးတယ်။
ဘုရားရဟန္တာနဲ့ သူတော်ကောင်းကြီးများဟာအကောင်းလောကဓံနဲ့ ကြုံကြုံ၊ အဆိုးလောကဓံနဲ့ ကြုံကြုံ မတုန်လှုပ်တတ်ကြဘူး။
သနပ်ခါးလူးပေးလို့လည်း ပြုံးမပြဘူး ။
အိုးမဲသုတ်တော့လည်း မဲ့မပြဘူး။အကောင်းအဆိုးလောကဓံ အပေါ်မှာ စိတ်ကို အညီအမျှထားတယ်။
လောကမှာ လောကဓံနဲ့ လွတ်သူမရှိပါဘူး ။
🍂 လူ့ဘ၀ သက်တမ်းတိုလေးမှာ
ချမ်းသာအောင် နေတတ်ရမယ်။
မနေတတ်ရင် ပစ္စည်းရှိလေ ဆင်းရဲလေ။

တို့မေတ္တာပို့တဲ့အခါ
"သုခိ အတ္တာနံ ပရိဟရန္တု" ဆိုတာ ဘာကိုပြောတာလဲ ။
"မိမိကိုယ်ကိုယ်ချမ်းသာအောင်ဆောင်ရွက်နိုင်ကြပါစေ ကုန်သတည်း " လို့ပြောတာ။

ဒီလို ဘာလို့
မေတ္တာပို့ရသလဲဆိုတော့
ဒုက္ခပေးမှာက မိမိကိုယ်တိုင် ဖြစ်နေလို့ပဲ။
ရန်သူဟာ မိမိကိုယ်တိုင် ဖြစ်နေလို့ပဲ ။
🍂 ဒီတော့
ဒုက္ခ ဆင်းရဲအစား သုခချမ်းသာ ဖြစ်အောင် ဆောင်ရွက်ကြရမယ် ။
ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် လုပ်နေတဲ့အထဲမှာ
ဒုက္ခ အပေးဆုံးက ''အတွေး ''ပဲ ။

''အတွေး'' သည်
ဒုက္ခ အပေးဆုံး။

လုပ်စရာရှိတာ လုပ်နေ ဘာမှမဖြစ်ဘူး ။
ရှေ့ကြိုတွေး နောက်ပြန်ပြီး စမြုံ့မပြန်နဲ့အတွေးက ဒုက္ခပေးနေတာ။
ဒုက္ခတွေ ကိုယ်ဟာကိုယ် ရှာထားကြတာ
' ကြိုက်တာ တစ်ခုရဖို့ မကြိုက်တာ ဆယ်ခုလောက်နဲ့ ရင်းပြီး ရှာထားကြတာ'' ။
အတွေးနဲ့ ခံစားသူက
မတွေ့ခင်က လှုပ်နေပြီ ။
အရှိအတိုင်း (အတွေးမပါပဲ) ခံစားသူက မလှုပ်ဘူး။

🍂 ဒီတော့
လောကဓံနဲ့ ကြုံဆုံရာမှာ ထမင်းစားသလို ကျင့်လိုက်ပါ။
ဟင်းစားသလို မကျင့်ပါနဲ့ ။
ထမင်းစားတာ ထမင်းမှာ အရသာခံတာ ရှိသလား။

"မရှိပါဘုရား"

ဟင်းမှာသာ အရသာခံစားတာ။
ချိုချဉ်ဖန်ငန်စပ် စသည်ဖြင့် အရသာခံတာ ဟင်းမှာပဲ အရသာခံစားတာ မဟုတ်လား။

ဒီတော့ ရပ်ရွာထဲမှာ ဘယ်လိုကျင့်နေသလဲ ။

ထမင်းစားသလို ကျင့်နေသလား ။
ဟင်းစားသလိုကျင့်နေသလား။
"ဟင်းစားသလိုကျင့်နေပါတယ်ဘုရား"

ဟင်းစားသလိုကျင့်တော့ ကောင်းတယ် ဆိုးတယ်
ကြိုက်တယ် မကြိုက်ဘူး ဆိုတာတွေ ဖြစ်လာတာပေါ့ ။

ကောင်းဆိုးနဲ့ ကြုံလို့ စိတ်တွေတုန်လှုပ်နေကြတာ။
ဘုရားရဟန္တာ သူတော်ကောင်းကြီးတွေဟာ ကောင်းဆိုးဘယ်လိုကြုံကြုံ မတုန်လှုပ်တော့ဘူး ။

သုခဖြစ်အောင် မလုပ်လို့
ဒုက္ခလည်းမဖြစ်တော့ဘူး ။

စိတ်ကို ပစ္စုပ္ပန်တည့်တည့် ထားနိုင်လို့ "သုခိအတ်တာနံ ပရိဟန်တု"
ကိုယ့်ကိုယ်ကိုယ် ချမ်းသာအောင်ဆောင်နိုင်ကြပြီ ။

မဟာဗောဓိမြိုင်ဆရာတော်ကြီး
🙏🙏🙏
နောက်ဆုံး အဆုံးအမလို့မထင်ခဲ့မိပါဘုရား🙏🙏🙏

credit
ဤကဲ့သို့ နှစ်သစ်ကူး ဓမ္မလက်ဆောင်ကို
မဟာဗောဓိမြိုင်ဆရာတော်ကြီးမှ
၁၃၈၆ မြန်မာနှစ်ဆန်းတစ်ရက်နေ့
April 17, 2024 မှာပင်...
မိန့်ခြွေခဲ့ပါ၏....🙏
April 30, 2024 1:10 pm တွင် လွန်တော်မူသည်။ 🙏🙏🙏

ဘဘုန်းပျံလွန်တော်မူတာဒီနေ့30.4.2025 တနှစ်ပြည့်ပါပြီ🙏🙏🙏

06/02/2025

အညာစာလေး

သမုန်းပွင့်နဲ့ပဲချိုပင်ပေါက်ရောသုပ်လေး

#အညာ စာ
#သမုန်းပွင့်
#ပဲပင်ပေါက်
#နွေဦးစာ
#သက်သတ်လွတ်
#ကန်စွန်းဥဟင်းခတ်မှုန့်
#ပြည်တွင်းဖြစ်

Address

Yangon
11111

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959983360415

Website

Alerts

Be the first to know and let us send you an email when Diamond Dream ကန်စွန်းဥ ဟင်းခတ်မှုန့် နှင့် စားသောက်ကုန်လုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Diamond Dream ကန်စွန်းဥ ဟင်းခတ်မှုန့် နှင့် စားသောက်ကုန်လုပ်ငန်း:

Share