ရွှေဂုံတိုင်ကလေးပြုစုရေးဌာန -Shwe Gone Daing Residential Nursery

  • Home
  • Myanmar
  • Yangon
  • ရွှေဂုံတိုင်ကလေးပြုစုရေးဌာန -Shwe Gone Daing Residential Nursery

ရွှေဂုံတိုင်ကလေးပြုစုရေးဌာန -Shwe Gone Daing Residential Nursery Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရွှေဂုံတိုင်ကလေးပြုစုရေးဌာန -Shwe Gone Daing Residential Nursery, Government Organization, Pinlon Street, North Dagon Township, Yangon.

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
လူမှုဝန်ထမ်းဦးစီးဌာန
ကလေးပြုစုရေးဌာန
ရွှေဂုံတိုင်


လက်ခံနိုင်သည့်ဦးရေ (၁၀၀)ဦး
လက်ရှိဦးရေ ( )ဦး

ရွှေဂုံတိုင်ကလေးပြုစုရေးဌာနတွင်
လက်ခံနိုင်သည့်အရွယ် မွေးစမှ (၁၀)နှစ်


 နောက်ခံသမိုင်း
• ဤကလေးပြုစုရေးဌာနကို ရန်ကုန်တိုင်းဒေသကြီး ယခင်(ရန်ကုန်တိုင်း) တာမွေမြို့နယ်၌ (၉-၅-၅၂)နေ့တွင် မိခင်နှင့်ကလေးစောင်

့ရှောက်ရေးလုပ်ငန်းတစ်ရပ် အနေဖြင့် ကလေးဦးရေ(၃၀)ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။
• နေရာအဆင့်ဆင့် ပြောင်းလဲခဲ့ပြီးနောက်၊ ၁၉၉၃ခုနှစ် စက်တင်ဘာလ(၁၀)ရက်တွင် ယခုလက်ရှိ ဤနေရာသို့ပြောင်းရွှေ့ခဲ့ပါသည်။ ၁.၈.၂၀၁၁စ၍မွေးစမှ ၈-နှစ်အရွယ်ထိလည်းကောင်း ၁၀.၃.၂၀၁၆မှစ၍မွေးစမှ အသက်(၁၀)နှစ်အထိကလေးများကို ပြုစုစောင့်ရှောက်ပေးလျက်ရှိပါသည်။
• မြန်မာ့လူမှုဝန်ထမ်းလုပ်ငန်းသမိုင်းတွင် ဌာနတစ်ခုတည်း၌ ဤအရွယ်ကလေးငယ်များအား စုပေါင်း၍ ပြုစုစောင့်ရှောက်ပေးသော ပထမဦးဆုံးဌာနဖြစ်ပါသည်။


 လက်ခံနိုင်သည့်အမျိုးအစား
(က) စွန့်ပစ်ခြင်းခံရသောကလေးများ
(ခ) မိဘမဲ့ကလေးများ
(ဂ) မိခင်(သို့မဟုတ်)ဖခင်တစ်ဦးဦး မကျန်းမာ သို့မဟုတ် သေဆုံးသည့်မိသားစုမှကလေးများ
(ဃ) အုပ်ထိန်းသူမဲ့သောကလေးများ
(င) အကြောင်းအမျိုးမျိုးကြောင့်ကြည့်ရှုမည့်သူမရှိသောကလေးများ

 လေ့ကျင့်သင်ကြားပေးမှု
ကလေးများသည် မွေးစမှ(၁၀)နှစ်အရွယ်ဖြစ်၍ စကားပြောတတ်စေရန် မိသားစုအခေါ်အဝေါ်များ ပီသစွာပြောဆိုတတ်စေရန်လေ့ကျင့်ပျိုးထောင်ပေးခြင်း ဘာသာတရားကြည်ညိုတတ်စေရန် ဘုရားရှိခိုးစေခြင်း ကာယ၊ ဥာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်စေရန် လေ့ကျင့်ပျိုးထောင်ပေးခြင်းတို့ကို နေ့စဉ်အချိန်ဇယားအတိုင်းလေ့ကျင့်ပေးလျက်ရှိပါသည်။

 ကျွေးမွေးပြုစုစောင့်ရှောက်မှု
နိုင်ငံတော်နှင့် အလှူရှင်များမှ လှူဒါန်းသောငွေဖြင့် တစ်နေ့လျှင်(၆)ကြိမ်ကျွေးမွေးပြုစုပါသည်။
တစ်နေ့ တစ်ဦးလျှင်( )ကျပ်နှုန်းခန့် ကုန်ကျပါသည်။

 ကျန်းမာရေးစောင့်ရှောက်မှု
ဌာနမှဆရာဝန်မှ တနင်္လာနေ့တိုင်းတွင် ကလေးများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊
Physiotherapist တစ်ဦးမှ တစ်ပတ်လျှင် တစ်ကြိမ် ကာယကုထုံးဖြင့် လေ့ကျင့်ပေးခြင်းနှင့်နေ့စဉ်သူနာပြုဆရာမများမှ အနီးကပ်ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိပါသည်။

 ကလေးမွေးစားရေးလုပ်ငန်း
မိဘအုပ်ထိန်းသူမရှိသောလူမှုဝန်ထမ်းဌာနပိုင်ကလေးများအား မိဘအရင်းကဲ့သို့ ပညာရေး၊ ကျန်းမာရေး ဘဝလုံခြုံရေးတို့ကို ပေးစွမ်းနိုင်သော ကလေးမွေးစားလိုသူများအား စိစစ်ရေးအဖွဲ့မှ ကိတ္ထိမမွေးစားရေးအက်ဥပဒေအရစာချုပ်၍ မွေးစားခွင့်ပြုပါသည်။

 ပြည်သူလူထု၏ပံ့ပိုးကူညီမှု
စေတနာရှင်များ၏ လှူဒါန်းငွေများကို ငွေစုစာအုပ်ဖြင့်လည်းကောင်း၊ ငွေစုလက်မှတ်ဖြင့်လည်းကောင်း ဘဏ်တွင်စုဆောင်းထားရှိပါသည်။ အလှူရှင်များအနေဖြင့် ကလေးများအတွက် အစားအစာများ၊ အဝတ်အထည်များ၊ ဆေးဝါးများနှင့် အထွေထွေအသုံးစရိတ်တို့ကို လှူဒါန်းနိုင်ကြပါသည်။

 အပန်းဖြေပျော်ရွှင်ရေး
ကလေးများပြင်ပဗဟုသုတရစေရန်နှင့် ပျော်ရွှင်စေရန် ရွှေတိဂုံဘုရား၊ Happy World၊ တိရိစ္ဆာန်ရုံနှင့် ကစားကွင်းများ၊ ပျော်ရွှင်စရာနေရာများသို့ လေ့လာရေးခရီးပို့ဆောင်ပေးခြင်း၊ ညစဉ်တီဗွီကြည့်ခြင်းအားဖြင့် အပန်းဖြေပျော်ရွှင်ကြပါသည်။

ပီတိဖြစ်ရပါတယ်ကွယ်💙💙💚Congratulation my lovely childern
12/01/2019

ပီတိဖြစ်ရပါတယ်ကွယ်💙💙💚
Congratulation my lovely childern

2019ကိုကြိုဆိုနေကြသောသားငယ်သမီးငယ်လေးများရဲ့ပျော်ရွှင်စရာညလေးပါ😁😁😁
31/12/2018

2019ကိုကြိုဆိုနေကြသော
သားငယ်သမီးငယ်လေးများရဲ့
ပျော်ရွှင်စရာညလေးပါ😁😁😁

First prize Big Big Big congratulation
23/12/2018

First prize
Big Big Big congratulation

20/11/2018

၂၉ကြိမ်မြောက်(CRC-Day) အထိမ်းအမှတ် သားသားမီးမီးလေးတို့ရဲ့ကချင်အကအလှများ
(မနောမြေမှတေးသံသာ)

20/11/2018

၂၉ကြိမ်မြောက်CRC-Day အထိမ်းအမှတ်
ရွှေဂုံတိုင်ကလေးပြုစုရေးဌာနမှသားငယ်သမီးငယ်လေးများ ဖျော်ဖြေစဉ်

သားငယ်သမီးငယ်လေးများမှ( ၇၁ )ကြိမ်မြောက်အာဇာနည်နေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့်ဗိုလ်ချုပ်ကြေးရုပ်အားသွားရောက်အလေးပြုနေစဉ်
18/07/2018

သားငယ်သမီးငယ်လေးများမှ
( ၇၁ )ကြိမ်မြောက်
အာဇာနည်နေ့ကို
ဂုဏ်ပြုကြိုဆိုသောအားဖြင့်
ဗိုလ်ချုပ်ကြေးရုပ်အား
သွားရောက်အလေးပြုနေစဉ်

OPPO Myanmar မှ လှူဒါန်းမှုများပြုလုပ်ခဲ့ပါသည်
11/05/2018

OPPO Myanmar မှ လှူဒါန်းမှုများပြုလုပ်ခဲ့ပါသည်

မူလတန်းပညာသင်ကြားနေသောသားငယ်သမီးငယ်(၃၃)ဦးလုံးစာမေးပွဲအောင်မြင်ပါသည်
23/04/2018

မူလတန်းပညာသင်ကြားနေသော
သားငယ်သမီးငယ်(၃၃)ဦးလုံး
စာမေးပွဲအောင်မြင်ပါသည်

20.4.2018 ရွှေပြည်အေး ဘုရား အမြန်လမ်း ၁၅မိုင်
20/04/2018

20.4.2018
ရွှေပြည်အေး ဘုရား အမြန်လမ်း ၁၅မိုင်

သားသားမီးမီးလေးတို့ရဲ့နှစ်ဦးပရိတ်တရားနာခြင်း
17/04/2018

သားသားမီးမီးလေးတို့ရဲ့
နှစ်ဦးပရိတ်တရားနာခြင်း

သားသားမီိးမီးလေးတို့ ရဲ့ပျော်စရာသင်္ကြန်ချိန်ခါ
17/04/2018

သားသားမီိးမီးလေးတို့ ရဲ့ပျော်စရာသင်္ကြန်ချိန်ခါ

17/04/2018

မီးမီးလေးတို့ရဲ့
💟💟💟💟💟

Address

Pinlon Street, North Dagon Township
Yangon

Website

Alerts

Be the first to know and let us send you an email when ရွှေဂုံတိုင်ကလေးပြုစုရေးဌာန -Shwe Gone Daing Residential Nursery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share