Emergency Ambulance Services -EAS

Emergency Ambulance Services -EAS အရေးပေါ်လူနာ အသက်ကယ်တင် ကုသပို့ဆောင်ရေး ဖောင်ဒေးရှင်း

2023 new uniforms for EAS staffs🚑🚑🚑
21/06/2023

2023 new uniforms for EAS staffs🚑🚑🚑

မင်္ဂလာပါခင်ဗျ... နှစ်သစ်ကူးအခါသမယမှာ အားလုံး ဘေးရန်ကင်းရှင်းကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ခင်ဗျာ🙏🙏🙏ပြည်သူ...
06/01/2023

မင်္ဂလာပါခင်ဗျ...
နှစ်သစ်ကူးအခါသမယမှာ အားလုံး ဘေးရန်ကင်းရှင်းကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ခင်ဗျာ🙏🙏🙏

ပြည်သူများအတွက် (၂၄)နာရီတာဝန်ထမ်းဆောင်လျက်ရှိသော EAS မှ လူနာတင်ယာဉ်များသည် နှစ်ကာလအတန်ကြာပြီဖြစ်သောကြောင့် maintenance ပြုလုပ်ရန်လိုအပ်ခြင်း၊ engine oil, Gear oil များလဲလှယ်ရန်လိုအပ်ခြင်း စသည့်လိုအပ်ချက်များရှိရာ မိဘပြည်သူများအနေဖြင့်လည်း နည်းများမဆို ပါဝင်လှူဒါန်းနိုင်ပါကြောင်း နိူးဆော် အကြောင်းကြားအပ်ပါသည်ခင်ဗျား၊

"မိမိ​၏လှူဒါန်းမှုသည် လူနာတင်ယာဉ်အသုံးပြုသော လူနာတိုင်းထံမှ ကုသိုလ်အထောက်အပံ့ကောင်းများရရှိမည်မှာ မလွဲဧကန်အမှန်ဖြစ်ပါသည်”

AYA 20006470313
KBZ pay 09788111333

ဆက်သွယ်ရန်ဖုန်း 09788111333🙏🙏🙏

Myanmar football federation ရဲ့ Myanmar vs Malaysia ပွဲစဉ် medical cover အတွင်းစည်းတွင် EAS မှ ambulances 2 စီး ဂုဏ်ယူစွ...
21/12/2022

Myanmar football federation ရဲ့ Myanmar vs Malaysia ပွဲစဉ် medical cover အတွင်းစည်းတွင် EAS မှ ambulances 2 စီး ဂုဏ်ယူစွာဖြင့်် တာဝန်ထမ်းဆောင်ခဲ့ပါသည်။🚑🚑🚑🚨🚨🚨


ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းလပြည့်ညမှာ မြန်မာပြည်သူပြည်သားအပေါင်း ကိုယ်စိတ်နှလုံးလုံခြုံနွေးထွေးပြီး ကျန်းမာသုခနှင့် ပြည်...
07/11/2022

ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းလပြည့်ညမှာ
မြန်မာပြည်သူပြည်သားအပေါင်း ကိုယ်စိတ်နှလုံး
လုံခြုံနွေးထွေးပြီး ကျန်းမာသုခနှင့် ပြည့်စုံပါစေကြောင်း
EAS မိသားစုမှ ဆုမွန်ကောင်း
တောင်းအပ်ပါတယ်။



#1830

(၁၀) နှစ်ပြည့်ခရီးလမ်း (သို့) 10th Year Anniversary of EAS(၂၀၁၂) ခုနှစ် အောက်တိုဘာလက စတင်သ‌‌‌န္ဓေတည်ခဲ့တဲ့ ကျွန်တော်တို့...
16/10/2022

(၁၀) နှစ်ပြည့်ခရီးလမ်း (သို့) 10th Year Anniversary of EAS

(၂၀၁၂) ခုနှစ် အောက်တိုဘာလက စတင်သ‌‌‌န္ဓေတည်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ Emergency Ambulance Services (EAS) ဟာ အခုဆိုရင် (၁၀) နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ ဒီ (၁၀) နှစ်တာခရီးကြမ်းအတွင်း အနိမ့်အမြင့်အတက်အကျ မျိုးစုံကို ရင်ဆိုင်ဖြတ်သန်းပြီး အများပြည်သူအတွက် EAS ဟာ ဆက်လက်ရှင်သန် အသက်ဝင်ဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံဆရာဝန် အသင်းကြီးရဲ့ လမ်းညွှန်မှုတွေနဲ့အတူ စေတနာနဲ့ ပရဟိတစိတ်ကို ရှေ့တန်းတင်ဆောင်ရွက်ခဲ့တဲ့အတွက် ရန်ကုန်မြို့ရဲ့ လိုအပ်ချက်ဖြစ်တဲ့ အရေးပေါ်လူနာတင်ယာဥ်ဝန်ဆောင်မှုကို ကနဦးစတင်ကြိုးပမ်းခဲ့သူတွေအဖြစ် EAS ဟာ မှတ်ကျောက်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ EAS ကို စတင်တည်ထောင်စဥ်ကာလက လမ်းပေါ်မှာ မတော်တဆမှုတွေကြောင့် အသက်အန္တရာယ်စိုးရိမ်နေရတဲ့အခြေအနေမှာ လူနာတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေ မလာမခြင်း မထိမကိုင်ရဲ ကြတဲ့ မှားယွင်းတဲ့အယူအဆတွေကို ပထမဆုံးချိုးဖျက်ကာ "Safety First " ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး လူနာကို အန္တရာယ်ကင်းစေဖို့ ရဲရဲဝံ့ဝံ့ကိုင်တွယ်ကာ ဆေးရုံသို့ပို့ဆောင်ပေးခဲ့တဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။ ထိုစဥ်ကာလက တရားရုံးကို အကြိမ်ကြိမ်ဆင့်ခေါ်ခံရပြီး သတိပေးခြင်းတွေကိုခံရတာ၊ သက်သေလိုက်ပေးရတာတွေကလည်း ပြန်ပြောရင် အမှတ်တရ ဖြစ်စရာတွေပါပဲ။ နောက်ပိုင်းမှာတော့ EAS အပါအဝင် အခြားအဖွဲ့အစည်းများရဲ့ ဝိုင်းဝန်းကြိုးပမ်းမှုတွေကြောင့် ဝန်ကြီးဌာနမှ ‌အရေးပေါ်ကိစ္စတွေမှာ လူနာကို ကိုင်တွယ်ခွင့် ဥပဒေတွေ၊ လူနာတင်ယာဥ်ဥပဒေတွေကို ပြောင်းလဲသတ်မှတ်ပေးခဲ့တာဟာလည်း မှတ်တိုင်တစ်ခုလို့ဆိုနိုင်ပါတယ်။

ဒီ (၁၀) နှစ်တာကာလအတွင်းမှာ EAS ရဲ့ ဥက္ကဌကြီး၊ အတွင်းရေးမှူးနဲ့ အထွေထွေမန်နေဂျာဆရာကြီးတို့ရဲ့ ဦးစီးဦးဆောင်မှုတို့ကြောင့် Ambulance သမိုင်းမှာ အထင်ကရဖြစ်ခဲ့တဲ့ လူနာသယ်ယူမှုတွေနဲ့ Training တွေကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဒီအထဲကမှ အချို့ကိစ္စရပ်တွေကိုလည်း အများပြည်သူ သိရှိနိုင်ကြစေဖို့ ကောက်နှုတ်ဖော်ပြပေးချင်ပါတယ်။

📌 (၂၀၁၃) ခုနှစ်တွင် Taiwan Medical Association နှင့်ပူးပေါင်းပြီး ယခင်ဆရာဝန်အသင်းဥက္ကဌ ပါမောက္ခ ဦးကျော်မြင့်နိုင် ဦးဆောင်ကာ EAS အဖွဲ့အစည်းများနှင့် ပညာရေးနှီးနှောဖလှယ်ပွဲ ကျင်းပနိုင်ခဲ့ခြင်း။

📌 (၂၀၁၄) ခုနှစ်တွင် Air Bagan လေယာဥ် ဟဲဟိုးမြို့တွင် မတော်တဆမှု ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်တွင် ထိုလေယာဥ်ပါ လူနာများကို ရန်ကုန်လေဆိပ်၌ လွှဲပြောင်းသယ်ယူရာတွင် EAS မှ အဓိကပါဝင်ကူညီပေးနိုင်ခဲ့ခြင်း။

📌 (၂၀၁၅ - ၂၀၁၆) ခုနှစ်တွင် Asian Wings ၊ Air Bagan စသည့် လေကြောင်းလိုင်းများမှ လေယာဥ်မောင်၊ မယ်များကို Training for Basic Cardiac Life Support (BCLS) သင်တန်းပေးနိုင်ခဲ့ခြင်း။

📌 (၂၀၁၆) ခုနှစ်တွင် ကျင်းပခဲ့သည့် SEA GAMES အားကစားပွဲများမှ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် Medical Cover အဖြစ် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းတာဝန်ယူပေးခဲ့ခြင်း။

📌 (၂၀၁၆ - ၂၀၁၇) ခုနှစ်များမှ စတင်ပြီး နှစ်စဥ်နှစ်တိုင်း YOMA Marathon ပြိုင်ပွဲများတွင် Medical Cover အဖြစ် ပါဝင်ဆောင်ရွက်ပေးခဲ့ခြင်း အစရှိသည်တို့အပြင် Training များအနေနဲ့

- NGO အသင်းအဖွဲ့များ၊ MAM ၊ Mobile Medical Project (Nippon Foundation) အစရှိသည့် အဖွဲ့အစည်းများအပါအဝင်
- ဆေးရုံများ၊ Green Cross ၊ ဇီဝိတဒါန သံဃဆေးရုံ
- ဒဂုံဆိပ်ကမ်း၊ ရွှေလင်ပန်း အစရှိသည့် စက်မှုဇုန်များမှာ Training များပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

📌 ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနဲ့ပူးပေါင်းပြီး လှည်းကူးတိုက်နယ်ဆေးရုံ၊ တောင်ဒဂုံဆေးရုံများတွင်လည်း ပညာရေးနှီးနှောဖလှယ်ပွဲများကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

📌 COVID ကာလအတွင်းမှာလည်း AYA COVID စင်တာအတွက် Ambulance များငှားရမ်းပေးနိုင်ခဲ့ပြီး Yangon EMS System ပေါက်ပေးလာနိုင်ဖို့အတွက် Workshop များပြုလုပ်ခြင်းနှင့် လွှတ်တော်အတွင်း ဆွေးနွေးခြင်းများမှာ တတပ်တအား ပါဝင်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

(၁၀) နှစ်သား EAS အနေနဲ့ ဘဝရဲ့ ဒဏ်ရာဒဏ်ချက်တွေ၊ တိုင်းပြည် အလှည့်အပြောင်းတွေကြားမှာ ပြည်သူတို့အတွက် အရေးပေါ်ကိစ္စများအတွက် အခကြေးငွေတစ်ပြားတစ်ချပ်မယူပဲ ‌စေတနာနဲ့ ပရဟိတစိတ်ကို အရင်းခံကာ ကူညီဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက် ‌ကျေနပ်ပီတိဖြစ်ရပါတယ်။

(၁၀) နှစ်တာဖြတ်သန်းခဲ့ရတဲ့ ကာလအတွင်း လမ်းညွှန်ပြသပေးခဲ့တဲ့ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ ယနေ့အထိ ထောက်ပံ့ဆဲဖြစ်တဲ့ AYA Foundation ၊ Brighter Future Myanmar - BFM (KBZ Foundation) နဲ့ တကွ အလှူရှင်များအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိလိုပါတယ်။

EAS အနေနဲ့ (၁၀) နှစ်တာကာလမှသည် နောင်နှစ်ပေါင်းများစွာတိုင် ပြည်သူတို့ရဲ့ အရေးပေါ်ကိစ္စရပ်များအတွက် ကူညီရပ်တည်ဆောင်ရွက်ပေးသွားနိုင်ဖို့ သန္တိဌာန်ချထားပြီး မိဘပြည်သူတို့အနေနဲ့ အရေးပေါ်လူနာတင်ယာဥ်လိုအပ်ပါက Hotline Number - 1830 (MPT) နှင့် သက်ဆိုင်ရာ Hotline နံပါတ်များသို့ ခေါ်ယူ အကူအညီတောင်းခံနိုင်ပါတယ်။

ဆက်လက်ပြီး လှူဒါန်းလိုတဲ့ အလှူရှင်များအနေနဲ့လည်း ကျွန်တော်တို့ရဲ့ (၁၀) နှစ်သား EAS ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် ကူညီပါဝင်လိုတယ်ဆိုရင် EAS Page ရဲ့ Messenger မှတစ်ဆင့်ပဲဖြစ်ဖြစ် Phone - 09 788 111 333 ကိုပဲ ဖြစ်ဖြစ် လစဥ်ဆက်သွယ်လှူဒါန်းနိုင်သလို တစ်ပေါင်းထဲ နိုင်စွမ်းသမျှ လူနာတင်ယာဥ်ဝန်ဆောင်မှု အဓွန့်ရှည်နိုင်စေရေးပါဝင်ကူညီပေးနိုင်ကြောင်းပြောကြားရင်း ကဗျာတို၊ စာချိုးလေးတစ်ပုဒ်နဲ့ အဆုံးသတ်ချင်ပါတယ်။

" လေဟုန်ကိုလည်း ဆန်ခဲ့ပြီ ...
‌ ရေဆန်ကိုလည်း လှော်ခဲ့ပြီးပြီ ...
ပြည်သူအတွက် EAS ဆက်လက် ရှင်သန်လျက်ရှိပါသည် "

𝗘𝗔𝗦 ... 𝗪𝗲 𝗮𝗿𝗲 𝗿𝗲𝗮𝗱𝘆 𝘁𝗼 𝗵𝗲𝗹𝗽!






ဝါလကင်းလွတ် သီတင်းကျွတ်အခုလို မင်္ဂလာတရား၊ ဂါရဝတရားတို့ ထုံမွှမ်းတဲ့ သီတင်းကျွတ်ကာလမှာ ကျွန်တော်တို့ရဲ့ ချစ်ခင်အပ်ပါတဲ့ ...
08/10/2022

ဝါလကင်းလွတ် သီတင်းကျွတ်

အခုလို မင်္ဂလာတရား၊ ဂါရဝတရားတို့ ထုံမွှမ်းတဲ့ သီတင်းကျွတ်ကာလမှာ ကျွန်တော်တို့ရဲ့ ချစ်ခင်အပ်ပါတဲ့ Customer များအားလုံး ကိုယ်စိတ်ကျန်းမာ ချမ်းသာခြင်းများနဲ့ ပြည့်စုံနိုင်ကြပါစေလို့ EAS Teams မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ခင်ဗျာ။


နှလုံးတိုက်ခိုက်ခံရခြင်းဆိုတာက အသက်အန္တရာယ်ဆုံးရှုံးနိုင်ခြေမြင့်မားလွန်းလှတဲ့ အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ...
29/08/2022

နှလုံးတိုက်ခိုက်ခံရခြင်းဆိုတာက အသက်အန္တရာယ်
ဆုံးရှုံးနိုင်ခြေမြင့်မားလွန်းလှတဲ့ အဖြစ်အပျက်တစ်ခု
ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာဆို (၃၄)စက္ကန့်တိုင်းမှာ
နှလုံးတိုက်ခိုက်ခံရခြင်းကြောင့် လူတစ်ယောက်
သေဆုံးလေ့ရှိတဲ့အထိကို မြင့်မားလှပါတယ်။⚠️

နှလုံးတိုက်ခိုက်ခံရတဲ့အခါ ဘယ်လိုသိနိုင်မလဲ?
—----------------------------------------------------
ရင်ဘတ်အောင့်ခြင်း/နာခြင်း ဟာ နှလုံးတိုက်ခိုက်ခံရခြင်းရဲ့ အထင်ရှားဆုံးလက္ခဏာဖြစ်ပြီး ရင်ဘတ်မှာ
သက်တောင့်သက်သာမရှိဘဲ နာကျင်တာ၊
အောင့်တာမျိုးဖြစ်တာဖြစ်ပါတယ်။
ရင်ဘတ်အထဲမှာ ညှစ်ထားသလိုနာကျင်မှာဖြစ်ပြီး
ပျောက်လိုက် ပြန်ပေါ်လာလိုက်နဲ့ ဒီလက္ခဏာဟာ
လေအောင့်တာလိုလို လှည့်စားတတ်ပါသေးတယ်။😖

ရင်ဘတ်နာတာနဲ့အတူ လိုက်ပါလာတဲ့ နာကျင်မှုကတော့ မေးရိုး၊ လည်ပင်း၊ ခါး၊ လက်မောင်းနှင့် ပခုံးနာကျင်ကိုက်ခဲခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် ရင်ဘတ်နာတာအပြင် ဒီလိုနေရာတွေပါ ကိုက်ခဲ နာကျင်လာပြီဆိုရင်တော့
နှလုံးတိုက်ခိုက်ခံနေရပြီလို့မှတ်ယူနိုင်ပါတယ်။💔

ခေါင်းမူးတာ၊ အော့အန်တာ၊ခေါင်းထွေတာ၊ ချွေးစီးထွက်တာနဲ့ အသက်ရှူခက်ခဲတာမျိုးကလည်း
နှလုံးတိုက်ခိုက်ခံရခြင်းရဲ့ လက္ခဏာတွေထဲမှာ ပါဝင်နိုင်ပါတယ်။ ဒီလက္ခဏာဟာ ကြုံတွေ့တဲ့အခါ သာမန်ပါပဲဆိုပြီး လျစ်လျူရှုခံရတဲ့ လက္ခဏာတစ်ခုလည်းဖြစ်ပါတယ်။⚠️

နှလုံးတိုက်ခိုက်ခံရတဲ့အခါ ဘာတွေလုပ်မလဲ?
—----------------------------------------------------
နှလုံးတိုက်ခိုက်ခံရပြီလို့ ထင်မြင်တဲ့အခါ ဦးဆုံးလုပ်သင့်တဲ့အချက်နှစ်ချက်ပဲရှိပါတယ်။✌️

(၁)စိတ်ငြိမ်ငြိမ်ထားခြင်းနဲ့💆‍♂️
(၂)အရေးပေါ်လူနာတင်ကားခေါ်ယူခြင်းပါပဲ။🚑

ကုန်ဆုံးသွားတဲ့ စက္ကန့်တိုင်းဟာ အသက်ကိုလောင်းကြေးထပ်နေရတာမို့ အရေးပေါ်လူနာတင်ကားခေါ်ယူသင့်ပြီး
လှုပ်ရှားမှုအများကြီးမလုပ်ဘဲ စိတ်ကို ငြိမ်ငြိမ်
ထားသင့်ပါတယ်။✅
အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေ မည်သည့်ကျန်းမာရေးအခြေအနေမျိုးမဆိုကြုံတွေ့ပါက ချက်ချင်းအကြောင်းကြားပေးခြင်းနဲ့ လူ့အသက်ကိုကယ်ဆယ်
လိုက်ပါ။💁‍♀️💁‍♀️

📞𝐇𝐎𝐓 𝐋𝐈𝐍𝐄 : 𝟏𝟖𝟑𝟎
📞𝟎𝟗𝟒𝟐𝟏𝟎𝟔𝟎𝟗𝟗𝟗
📞𝟎𝟗𝟒𝟐𝟏𝟎𝟔𝟑𝟗𝟗𝟗
📞𝟎𝟗𝟒𝟐𝟏𝟎𝟕𝟐𝟗𝟗𝟗

⚠️အရေးပေါ်မဟုတ်ဘဲ အရေးပေါ်ဟုခေါ်ယူသုံးစွဲပါက တကယ့်အရေးပေါ်အခြားလူနာတစ်ဦးအတွက်ကြီးစွာသော ဆုံးရှုးမှုဖြစ်နိုင်ကြောင်း အထူးသတိပြုစေလိုပါတယ်။⚠️

အမှတ် - ၂၄၉၊ သိမ်ဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။






မြန်မာနိုင်ငံမှာ Accident ဖြစ်၍သော်လည်းကောင်း၊ မီးဖွား၍သော်လည်းကောင်း၊ အခြားအသက်အန္တရာယ်ကြုံတွေ့လာရ၍သော်လည်းကောင်း စသည်ဖ...
21/08/2022

မြန်မာနိုင်ငံမှာ Accident ဖြစ်၍သော်လည်းကောင်း၊ မီးဖွား၍သော်လည်းကောင်း၊ အခြားအသက်အန္တရာယ်ကြုံတွေ့လာရ၍သော်လည်းကောင်း စသည်ဖြင့်
ကြုံတွေ့လာရပြီဆိုရင် အရေးပေါ်လူနာတင်ကားမခေါ်ဘဲ
ရှိတဲ့ကားနဲ့ လူနာကိုတင်မောင်းပြီး ဆေးရုံကိုပြေးကြတာတွေရှိနေတုန်းပါပဲ။🚗🚗

သင့်အနေနဲ့ ကားမောင်းတတ်ရုံနဲ့ လူနာကို ဆေးရုံမောင်းပို့ပေးဖို့မလုံလောက်ပါဘူး။ လူနာဟာအသက်အန္တရာယ်ကြုံတွေ့နေရတယ်လို့ထင်ရင် အရေးပေါ်လူနာတင်ကား (Emergency Ambulance)ခေါ်လိုက်တာက အသင့်တော်ဆုံးလုပ်ရပ်ပါပဲ။🚑👍

ဘာကြောင့် အရေးပေါ်လူနာတင်ကားကို ဦးစားပေးပြီးခေါ်သင့်လဲဆိုတော့_

(၁)သင့်ကားမှာ အောက်ဆီဂျင်ပေးစက်၊
ကျွမ်းကျင်ဆရာဝန်၊ Patient Monitor လိုမျိုးပစ္စည်းတွေ
မပါဝင်ပါဘူး။ ဒီလိုမျိုး အသက်ကယ်ပစ္စည်းကိရိယာအစုံအလင်နဲ့ ကျွမ်းကျင်ဆရာဝန်တွေမပါဝင်တဲ့အတွက်
လူနာရဲ့ အသက်အန္တရာယ်ဟာပိုမိုစိုးရိမ်ရဖွယ်ရှိပါတယ်။⚠️

(၂)သင့်ကားဟာ မီးနီဖြတ်မောင်းခွင့်မရှိပါ။
လူနာဟာ အသက်လုနေရတာဖြစ်တဲ့အတွက်
သင်မီးနီဖြတ်မောင်းလို့ ယာဉ်ထိန်းရဲက တားပြီဆိုရင်
မိနစ်ပိုင်းလောက်ပဲဆိုစေကာမူ လူနာရဲ့
အသက်တစ်ချောင်းဟာ အပြောင်းအလဲ
အများကြီးဖြစ်သွားနိုင်ပါတယ်။ အရေးပေါ်လူနာတင်ကားတွေဟာ မီးနီဖြတ်မောင်းခွင့်လည်းရှိသလို
လမ်းသွားလမ်းလာကားတွေက ဖယ်ရှားပေးတဲ့အတွက် ဆေးရုံကို အချိန်မီရောက်စေမှာပါ။✅

(၃)သင်ကားပဲမောင်းလို့ရမှာပါ။
လူနာကို သင်ကားပေါ်တင်လာပေမဲ့ သင်လုပ်လို့ရတဲ့
တစ်ခုတည်းသောအလုပ်က ကားမောင်းတာပါပဲ။
လူနာကို သင်ကိုယ်တိုင် ပြုစုပေးနိုင်မှာ မဟုတ်ပါဘူး။🙅‍♀️

ဒါ့ကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့ လူနာလို့
ထင်မြင်တာနဲ့ အရေးပေါ်ကားခေါ်ဆောင်တာက အသင့်တော်ဆုံးလုပ်ရပ်တစ်ခုဖြစ်ပါတယ်။ 👍👍

အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမျိုးကြုံတွေ့ပါက ချက်ချင်းအကြောင်းကြားပေးခြင်းနဲ့ လူ့အသက်ကိုကယ်ဆယ်နိုင်ပါတယ်။💁‍♀️💁‍♀️

📞𝐇𝐎𝐓 𝐋𝐈𝐍𝐄 : 𝟏𝟖𝟑𝟎
📞𝟎𝟗𝟒𝟐𝟏𝟎𝟔𝟎𝟗𝟗𝟗
📞𝟎𝟗𝟒𝟐𝟏𝟎𝟔𝟑𝟗𝟗𝟗
📞𝟎𝟗𝟒𝟐𝟏𝟎𝟕𝟐𝟗𝟗𝟗

⚠️အရေးပေါ်မဟုတ်ဘဲ အရေးပေါ်ဟုခေါ်ယူသုံးစွဲပါက တကယ့်အရေးပေါ်အခြားလူနာတစ်ဦးအတွက်ကြီးစွာသော ဆုံးရှုးမှုဖြစ်နိုင်ကြောင်း အထူးသတိပြုစေလိုပါတယ်။⚠️

အမှတ် - ၂၄၉၊ သိမ်ဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။





EAS မှ uniteam training center သန်လျှင်တွင် ပြုလုပ်သော advance trainingများအတွက် medical cover standby service စီစဉ်ပေးခ...
19/08/2022

EAS မှ uniteam training center သန်လျှင်တွင် ပြုလုပ်သော advance trainingများအတွက် medical cover standby service စီစဉ်ပေးခြင်းဖြစ်ပါသည်.

လိုအပ်သော training များ အန္တာရယ်ကင်းစွာ ဘေးကင်းလုံခြုံစိတ်ချစွာဆောင်ရွက်နိုင်ရန် ယုံကြည်စိတ်ချရသော ကျွမ်းကျင် paramedics များ . Drivers များ
ပေါင်းစပ်ထားတဲ့ EAS ကိုသတိရလိုက်ပါ

contact for rental 09788111333

🚑𝐄𝐀𝐒 (𝐄𝐦𝐞𝐫𝐠𝐞𝐧𝐜𝐲 𝐀𝐦𝐛𝐮𝐥𝐚𝐧𝐜𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞) မှာ အရေးပေါ်ကား အငှားဝန်ဆောင်မှုရရှိနေပါပြီ။𝐄𝐀𝐒 ရဲ့ 𝐁𝐚𝐬𝐢𝐜 𝐋𝐢𝐟𝐞 𝐒𝐮𝐩𝐩𝐨𝐫𝐭 𝐀𝐦𝐛𝐮𝐥𝐚𝐧𝐜𝐞 (𝐁𝐋𝐒...
13/08/2022

🚑𝐄𝐀𝐒 (𝐄𝐦𝐞𝐫𝐠𝐞𝐧𝐜𝐲 𝐀𝐦𝐛𝐮𝐥𝐚𝐧𝐜𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞) မှာ
အရေးပေါ်ကား အငှားဝန်ဆောင်မှုရရှိနေပါပြီ။

𝐄𝐀𝐒 ရဲ့ 𝐁𝐚𝐬𝐢𝐜 𝐋𝐢𝐟𝐞 𝐒𝐮𝐩𝐩𝐨𝐫𝐭 𝐀𝐦𝐛𝐮𝐥𝐚𝐧𝐜𝐞 (𝐁𝐋𝐒 𝐀𝐦𝐛𝐮𝐥𝐚𝐧𝐜𝐞) နှင့် 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐋𝐢𝐟𝐞 𝐒𝐮𝐩𝐩𝐨𝐫𝐭 𝐀𝐦𝐛𝐮𝐥𝐚𝐧𝐜𝐞 (𝐀𝐋𝐒 𝐀𝐦𝐛𝐮𝐥𝐚𝐧𝐜𝐞) များကို ရက်ရှည် (သို့) ရက်တိုအစီအစဉ်နဲ့ ဈေးသက်သာစွာ ငှားရမ်းနိုင်ပြီဖြစ်ကြောင်း
သတင်းကောင်းလေး ပါးအပ်လိုက်ပါတယ်။💁‍♀️

𝐁𝐋𝐒 𝐀𝐦𝐛𝐮𝐥𝐚𝐧𝐜𝐞 မှာပါဝင်တဲ့ Service တွေကတော့
🔵အောက်ဆီဂျင်ပေးစက်နှစ်လုံး
(𝐎𝐱𝐲𝐠𝐞𝐧 𝐒𝐮𝐩𝐩𝐥𝐲 𝟐 𝐮𝐧𝐢𝐭𝐬)
🔵လူနာတင်ထမ်းစင် (𝐒𝐭𝐫𝐞𝐭𝐜𝐡𝐞𝐫𝐬)
🔵𝐏𝐚𝐭𝐢𝐞𝐧𝐭 𝐌𝐨𝐧𝐢𝐭𝐨𝐫
🔵ချွဲစုပ်စက် (𝐒𝐮𝐜𝐭𝐢𝐨𝐧 𝐌𝐚𝐜𝐡𝐢𝐧𝐞)
🔵အသက်ရှူချောင်အားပေးစက် (𝐍𝐞𝐛𝐮𝐥𝐢𝐬𝐞𝐫) စတာတွေပဲဖြစ်ပါတယ်။

𝐀𝐋𝐒 𝐀𝐦𝐛𝐮𝐥𝐚𝐧𝐜𝐞 မှာတော့ Advance ဖြစ်တာကြောင့်
🔵အောက်ဆီဂျင်ပေးစက်နှစ်လုံး (𝐎𝐱𝐲𝐠𝐞𝐧 𝐒𝐮𝐩𝐩𝐥𝐲 𝟐 𝐮𝐧𝐢𝐭𝐬)
🔵လူနာတင်ထမ်းစင် (𝐒𝐭𝐫𝐞𝐭𝐜𝐡𝐞𝐫𝐬)
🔵𝐇𝐢𝐠𝐡 𝐋𝐞𝐯𝐞𝐥 𝐏𝐚𝐭𝐢𝐞𝐧𝐭 𝐌𝐨𝐧𝐢𝐭𝐨𝐫
🔵ချွဲစုပ်စက် (𝐒𝐮𝐜𝐭𝐢𝐨𝐧 𝐌𝐚𝐜𝐡𝐢𝐧𝐞)
🔵အသက်ရှူချောင်အားပေးစက် (𝐍𝐞𝐛𝐮𝐥𝐢𝐬𝐞𝐫)
🔵ဆရာဝန် (𝐃𝐨𝐜𝐭𝐨𝐫 𝐈𝐧𝐜𝐥𝐮𝐝𝐞𝐝)
🔵အကြောဆေးပုံမှန်သွင်းပေးစက် (𝐒𝐲𝐫𝐢𝐧𝐠𝐞 𝐏𝐮𝐦𝐩)
🔵ဆေးရည်ပုံမှန်အစက်ချပေးစက် (𝐈𝐧𝐟𝐮𝐬𝐢𝐨𝐧 𝐏𝐮𝐦𝐩)
🔵𝐀𝐄𝐃 𝐌𝐚𝐜𝐡𝐢𝐧𝐞 စတာတွေ စုံလင်စွာပါဝင်မှာပဲဖြစ်ပါတယ်။

လူကြီးမင်းတို့ရဲ့ ဆေးရုံဆေးခန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ ကမ္ဘာ့အဆင့်မီ Projects များနဲ့ Hotel များအတွက် အောက်က👇 ဖုန်းနံပါတ်များ အခုပဲဆက်သွယ်လိုက်ပါ။

📞𝐇𝐎𝐓 𝐋𝐈𝐍𝐄 : 𝟏𝟖𝟑𝟎
📞𝟎𝟗𝟒𝟐𝟏𝟎𝟔𝟎𝟗𝟗𝟗
📞𝟎𝟗𝟒𝟐𝟏𝟎𝟔𝟑𝟗𝟗𝟗
📞𝟎𝟗𝟒𝟐𝟏𝟎𝟕𝟐𝟗𝟗𝟗





*အရွယ်ရောက်လူနာများအတွက် 𝐂𝐏𝐑‌ ဆောင်ရွက်ခြင်း*နှလုံးနဲ့အဆုတ် ပြန်လည်နိုးထအလုပ်လုပ်စေရန် အရေးပေါ်နှိုးဆွအားကူပေးခြင်းလုပ်င...
29/07/2022

*အရွယ်ရောက်လူနာများအတွက် 𝐂𝐏𝐑‌ ဆောင်ရွက်ခြင်း*

နှလုံးနဲ့အဆုတ် ပြန်လည်နိုးထအလုပ်လုပ်စေရန် အရေးပေါ်နှိုးဆွအားကူပေးခြင်းလုပ်ငန်းမှာ အခြေအနေတွက်ဆခြင်း၊ နှိုင်းယှဥ်သုံးသပ်ခြင်းနဲ့ အရေးပေါ်ဆောင်ရွက်ပေးခြင်းလုပ်ငန်းများ ပါဝင်ပါတယ်။ နှလုံးပြင်းထန်စွာ တိုက်ခိုက်ခံရပြီး ရပ်သွားတာနဲ့တစ်ပြိုင်နက် သွေးလှည့်ပတ်စီးဆင်းခြင်းပါ ရပ်သွားပါတယ်။ သွေးလှည့်ပတ်ဖို့ အမြန်မလုပ်ပေးနိုင်ခဲ့ရင် ကိုယ်တွင်း အင်္ဂါရပ်တွေ ပျက်စီးမယ်၊ သေဆုံးခြင်းတွေပါ ဖြစ်လာပါမယ်။

အရေးအကြီးဆုံးအင်္ဂါရပ်မှာ ဦးနှောက်ဖြစ်ပြီး (၄ မိနစ်မှ ၆မိနစ်အတွင်း) သွေးမရရှိပါက ပြန်လည်ပြုပြင်လို့မရတော့တဲ့ ဦးနှောက်သေဆုံးခြင်းများ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် 𝐂𝐏𝐑 မှန်မှန်နဲ့မြန်မြန် လုပ်ဆောင်နိုင်ဖို့က အလွန်အရေးကြီးပါတယ်။

(က) အဆင့် (၁) အန္တရာယ်ရှိ/ မရှိ တွက်ဆကြည့်ခြင်း
* မလုံခြုံတဲ့ ပတ်ဝန်းကျင်
* စိတ်ချရပြီး မြင်ကွင်းလုံလောက်မှုရှိ/ မရှိ
* ထိုက်သင့်တဲ့လုံခြုံမှုရှိတဲ့နေရာမှာ လုပ်ပါ။

(ခ) အဆင့် (၂) လူနာရဲ့ တုန့်ပြန်နိုင်ခြေကို အလျင်အမြန်စစ်ဆေးပါ
* လူနာရဲ့ပခုံးတွေကိုတို့ပြီး (သို့) ဖြေးညှင်းစွာ လှုပ်ပေးပါ။
* ဦးခေါင်း၊ လည်ပင်းနဲ့ ကျောရိုးတို့မှာ ဒဏ်ရာရှိခဲ့ရင် မလိုအပ်ဘဲ နေရာပြောင်းရွေ့ချထားတာတွေ မလုပ်ပါနဲ့။
* လူနာမှတုန့်ပြန်မှုမရှိခဲ့ရင် သတိမရဟုမှတ်ယူပြီး အောက်ကအကြောင်းတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။
(အသက်ရှုလမ်းကြောင်းမှာ အရည်/ အစာ/ လျာခေါက် ပိတ်ဆို့ခြင်း၊ အခြေအနေတစ်ခုခုကြောင့် အသက်ရှုရပ်ခြင်း၊ နှလုံးတိုက်ခိုက်ခံရခြင်း)

(ဂ) အဆင့် (၃) သတင်းပို့ခြင်း
မေ့နေတဲ့လူနာဖြစ်ရင် ပတ်ဝန်းကျင်ကို အကူအညီခေါ်ခြင်း၊ အရေးပေါ် လူနာတင်ယာဥ်ဌာနကို အကူအညီတောင်းခံခြင်းများလုပ်ရပါမယ်။ မိမိကိုယ်တိုင် (သို့) အနီးအနား အကူအညီပေးတဲ့သူကနေတစ်ဆင့် ခေါ်ူရာမှာ အောက်ပါအချက်တွေကို ပြည့်စုံစွာ သတင်းပို့ပေးရပါမယ်။
(အခင်းဖြစ်ပွားတဲ့နေရာ၊ အသုံးပြုနေတဲ့ဖုန်းနံပါတ်၊ ဘာဖြစ်နေတာလဲ၊ လူနာဦးရေ ပြည့်စုံအောင်ပြောပြီးမှ ဖုန်းချပါ။)

(ဃ) အဆင့် (၄) 𝐂𝐏𝐑 လုပ်ဆောင်နိုင်ရန်အတွက် လူနာကို တောင့်တင်းခိုင်မာပြီး ပြားချပ်တဲ့ပြင်ညီပေါ်မှာ လဲလျှောင်းထားပါ၊ မှောက်လျက် (သို့) စောင်းလျက်ဖြစ်နေပါက ပက်လက်အနေအထားကို ပြောင်းလဲပေးရပါမယ်။

(င) အဆင့် (၅) အသက်ရှုလမ်းကြောင်း ပွင့်ပါစေ

(စ) အဆင့် (၆) သဘာဝအတိုင်း အသက်ရှုနိုင်ခြင်း ရှိ/ မရှိ စစ်ဆေးပါ

(ဆ) အဆင့် (၇) သွေးခုန်နှုန်းစစ်ဆေးခြင်း (𝐅𝐈𝐑𝐒𝐓 - 𝐑𝐄𝐒𝐏𝐎𝐍𝐃𝐄𝐑 များအတွက်သာ)

(ဇ) အဆင့် (၈) ရင်ညွန့်ဖိပြီး နှလုံးဆွပေးခြင်း၊ လက်များနေရာချထားခြင်း
* ရင်ညွန့်ရိုးအောက်ပိုင်း ဖိနှိပ်ပေးခြင်းအား အဆက်မပြတ် ပုံစံတကျ ဆောင်ရွက်နိုင်ရေးအတွက် လက်တွေကို စနစ်တကျထားရှိဖို့ အလွန်အရေးကြီးပါတယ်။

(ဈ) အဆင့် (၉/ က) ရင်ညွန့်ဖိခြင်းစတင်ပါ
အဆင့် (၉/ ခ) နှုတ်ခမ်းချင်းဆက် အသက်ရှုအားကူပေးခြင်း (𝐌𝐨𝐮𝐭𝐡 𝐭𝐨 𝐌𝐨𝐮𝐭𝐡/ 𝐄𝐱𝐩𝐢𝐫𝐞𝐝 𝐀𝐢𝐫 𝐕𝐞𝐧𝐭𝐢𝐥𝐚𝐭𝐢𝐨𝐧)

(ည) အဆင့် (၁၀) 𝐅𝐢𝐫𝐬𝐭 𝐑𝐞𝐬𝐩𝐨𝐧𝐝𝐞𝐫/ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐏𝐞𝐫𝐬𝐨𝐧 များအတွက်သာ
* 𝐂𝐏𝐑 ၃၀း၂ ပြီးတိုင်း သွေးခုန်/ အသက်ရှုစစ်ဆေးပါ။ မအောင်မြင်ရင် ပြန်စပါ။
* အောင်မြင်လာရင် ပြန်လည်သတိရလာတဲ့အနေအထား (𝐑𝐞𝐜𝐨𝐯𝐞𝐫𝐲 𝐏𝐨𝐬𝐢𝐭𝐢𝐨𝐧) မှာထားပါ။ (အချိန်မရွေးပြန်ဖောက်နိုင်လို့ ဆက်တိုက်စစ်ဆေးနေပါ)

(လူနာကို စနစ်တကျသယ်ဆောင်ဖို့က အလွန်အရေးကြီးပါတယ်။)

ထိခိုက်ဒဏ်ရာရရှိတဲ့ ယာဥ်တိုက်မှုတွေ့ရှိပါက ချက်ချင်းအကြောင်းကြားပေးခြင်းနဲ့ လူ့အသက်ကိုကယ်ဆယ်နိုင်ပါတယ်။
𝐇𝐎𝐓 𝐋𝐈𝐍𝐄 : 𝟏𝟖𝟑𝟎/ 𝟎𝟗𝟒𝟐𝟏𝟎𝟔𝟎𝟗𝟗𝟗/ 𝟎𝟗𝟒𝟐𝟏𝟎𝟔𝟑𝟗𝟗𝟗/ 𝟎𝟗𝟒𝟐𝟏𝟎𝟕𝟐𝟗𝟗𝟗

***စေတနာအလျောက်လှူဒါန်းခြင်းတွေကို စနစ်တကျလက်ခံပေးလျက်ရှိပါတယ်။***

အရေးပေါ်မဟုတ်ဘဲ အရေးပေါ်ဟုခေါ်ယူသုံးစွဲပါက တကယ့်အရေးပေါ်အခြားလူနာတစ်ဦးအတွက်ကြီးစွာသော ဆုံးရှုးမှုဖြစ်နိုင်ကြောင်း အထူးသတိပြုစေလိုပါတယ်။

အမှတ် - ၂၄၉၊ သိမ်ဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့

Address

No 249, Thein Phyu Road, Mingalar Taung Nyunt Township
Yangon

Telephone

+959421060999

Website

Alerts

Be the first to know and let us send you an email when Emergency Ambulance Services -EAS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share