ယာဥ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေး - ရန်ကုန်

  • Home
  • Myanmar
  • Yangon
  • ယာဥ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေး - ရန်ကုန်

ယာဥ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေး - ရန်ကုန် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး ယာဉ်/လမ်း စည်းကမ်း လိုက်နာပေး။ “Road Safety Is No Accident”

ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေး, အချက်အလက်များ။

#ယာဉ်မောင်းများအတွက်လမ်းညွှန်ချက်။

ယာဉ်မောင်းကောင်းတစ်ဦးသည် ယာဉ်မောင်းနှင်ခြင်းမပြုမီ အောက်ပါအချက် များကို အမြဲလိုက်နာ ကျင့်သုံးရန်လိုအပ်ပါသည်-

(က) ထမ်းဆောင်ရမည့်တာဝန်။ ယာဉ်ကိုမောင်းနှင်စဉ်တလျှောက်လုံး အန္တရာယ် ကင်းစွာမောင်းနှင်ရန်။

( ခ ) လုပ်ဆောင်ရမည့်ဝတ္တရား။ နေ့စဉ် မိမိမောင်းနှင်ရမည့် ယာဉ်၏ စက်ပိုင်းစနစ်၊ လက်ကိုင်စနစ်၊ မီးစနစ်၊ ဘရိတ်စနစ်များ၊ ယာ

ဉ်ကိုယ် ထည်ကြံ့ခိုင်မှုနှင့် တာယာများကောင်းမွန်မှု ရှိ/မရှိစစ်ဆေးပြီးမှ မောင်းနှင်ရန်။

( ဂ ) စောင့်ထိန်းရမည့်ကျင့်ဝတ်။ မူးယစ်ဆေးဝါးသုံးစွဲခြင်း ရှောင်ကြည် ရန်နှင့်ဆက်ဆံရေး ပြေပြစ်ကောင်းမွန်ပြီး ရိုးသားကြိုးစား မောင်းနှင် သွားရန်။

(ဃ) လိုက်နာရမည့်စည်းကမ်း။ တည်ဆဲမော်တော်ယာဉ်ဥပဒေ ပြဌာန်း ချက်ပါ အချက်အလက်များအတိုင်း စောင့်ထိန်းလိုက်နာသွားရန်။

( င ) ဂရုပြုရမည့်လက်ဆွဲဆောင်ပုဒ်များ။ အရည်အချင်းပြည့်ဝသော ယာဉ်မောင်းတစ်ဦး မွေးထုတ်နိုင်ရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဗဟိုကော်မတီမှ ထုတ်ပြန်ထားရှိသော ယာဉ်မောင်း နှင်ခြင်းဆိုင်ရာ လက်သုံးဆောင်ပုဒ်များသည်လည်း အထူးဂရုပြု အလေးထား လိုက်နာရမည်ဖြစ်ပါကြောင်း အောက်တွင် ဖော်ပြအပ်ပါ သည်-

(၁) “စိတ်ရှည်သည်းခံ လမ်းကြောင်းမှန် မောင်းရန်မော်တော်ကား”

(၂) “Road Safety Is No Accident”

(၃) “ဥပဒေဘောင်အတွင်း မောင်းနှင်ခြင်း ဘေးကင်းရန်ကွာ စိတ်ချမ်းသာ”

(၄) “ယာဉ်အန္တရာယ် ကင်းရှင်းစေရေး ယာဉ်/လမ်း စည်းကမ်း လိုက်နာပေး”

(၅) “Drive Safety (အန္တရာယ်ကင်းစွာမောင်းနှင်ပါ)”

(၆) “မဆင်မခြင် မောင်းနှင်မှုအသက်ပေါင်းများစွာ အန္တရာယ်ပြု”

(၇) “သင့်ကို သင့်မိဘ၊ဇနီး၊ သားသမီးများက ဘေးမသီရန်မခဘဲ အိမ်ပြန်ရောက်ချိန်၊ စောင့် မျှော်နေကြသည်ကို သတိပြုပါ”




#လမ်းညွှန်းလမ်းအမှတ်အသားများ။


၁။ လမ်းအလယ်ရှိ အလျားလိုက်မျဉ်းဖြူအမှတ်အသားများ။

(က) အလယ်မျဉ်းပြတ်

နှစ်လမ်းမောင်းတွင် မျဉ်းပြတ်ကိုဖြတ်ကျော်၍ ကွေ့နိုင်သည်။ ဂ-ကွေ့လည်း ကွေ့နိုင် သည်။ တစ်လမ်းမောင်းလမ်းတွင်မူ မျဉ်းပြတ်ကိုဖြတ်၍ ယာဉ်ကြော ကူးပြောင်းနိုင်သည်။
အန္တရာယ်ကင်းရှင်းလျှင် မျဉ်းပြတ်ကိုဖြတ်၍ ရှေ့ယာဉ်ကိုကျော်တက်နိုင်သည်။
မျဉ်းပြတ်များကို ခွ၍မမောင်းရ။
မျဉ်းပြတ်များပေါ်တွင် လမ်းမလျှောက်ရ ၊ ရပ်မနေရ၊ စက်ဘီးမစီးရ။

(ခ) အလယ်မျဉ်း

ဤမျဉ်းကို ဖြတ်ကျော်၍ မကွေ့ရ။ ဂ-ကွေ့မကွေ့ရ၊ ယာဉ်ကြောလည်း မကူးပြောင်းရ။
ဤမျဉ်းကို ဖြတ်၍ ရှေ့ယာဉ်ကို ကျော်မတက်ရ။
ဤမျဉ်းကို ခွ၍မမောင်းရ။
ဤမျဉ်းများပေါ်တွင် လမ်းမလျှောက်ရ ၊ ရပ်မနေရ၊ စက်ဘီးမစီးရ။

(ဂ) အလယ်မျဉ်းပြိုင်နှစ်ကြောင်း

မျဉ်းပြိုင်နှစ်ကြောင်းကို အန္တရာယ်ဖြစ်နိုင်သည့် လမ်းကွေ့လမ်းကောက်များ၊ တံတားကျယ်များ၊ မြင်ကွင်းကွယ်နေသော ကုန်းထိပ်များစသည့်နေရာများတွင် အသုံးပြုသည်။
မျဉ်းပြိုင်နှစ်ကြောင်းကို လုံးဝဖြတ်မကျော်ရ။ ဂ-ကွေ့မကွေ့ရ။ ခွမမောင်းရ။
မျဉ်းပြိုင်နှစ်ကြောင်းနေရာတွင် ရှေ့မှယာဉ်ကို လုံးဝကျော်မတက်ရ။
မျဉ်းပြိုင်နှစ်ကြောင်းနေရာတွင် ယာဉ်ရပ်ဆိုင်းခြင်း၊ ရပ်နားခြင်းမပြုရ။
မျဉ်းပြိုင်နှစ်ကြောင်းပေါ်တွင် လမ်းမလျှောက်ရ။ ရပ်မနေရ။ စက်ဘီးမစီးရ။

(ဃ) အလယ်မျဉ်းပြိုင်နှစ်ကြောင်းကို တစ်ဆက်တည်းမျဉ်းနှင့် မျဉ်းပြတ်များဖြင့် ရေးဆွဲထားခြင်း

မျဉ်းပြတ်ရှိသောယာဉ်ကြောများဘက်မှ ယာဉ်သည် မျက်နှာချင်းဆိုင်လာသော ဘက်မှ ယာဉ်အန္တရာယ်ကင်းရှင်းလျှင် အလယ်မျဉ်းပြိုင်နှစ်ကြောင်းကို ဖြတ် ကျော်၍ ကွေ့နိုင်သည်။ သို့ရာတွင် ဂ-ကွေ့ မကွေ့ရ။
မျဉ်းပြတ်ရှိသော ယာဉ်ကြောများဘက်မှယာဉ်သည် အလယ်မျဉ်းနှစ်ကြောင်း ကိုဖြတ်၍ ရှေ့ယာဉ်ကို ကျော်မတက်ရ။ ခွမမောင်းရ။
တစ်ဆက်တည်းရှိသော ယာဉ်ကြောများဘက်မှယာဉ်သည် တစ်ဆက်တည်းမျဉ်းကို လုံးဝ ဖြတ်မကျော်ရ။
မျဉ်းပြိုင်နှစ်ကြောင်းပေါ်တွင် လမ်းမလျှောက်ရ၊ ရပ်မနေရ။ စက်ဘီးမစီးရ။

( င ) ယာဉ်ကြောများကိုသတ်မှတ်သည့် အလျားလိုက်မျဉ်းဖြူအမှတ်အသားများ

လမ်းတစ်လျှောက် ယာဉ်တစ်စီးချင်း ရှေ့နောက်လွယ်ကူစွာနှင့် အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ရန်အတွက် ယာဉ်ကြောများကို တစ်ဆက်တည်းမျဉ်း၊ မျဉ်းပြတ် တို့ဖြင့် သတ်မှတ်သည်။
လမ်းဆုံလမ်းခွတွင် ကန့်လန့်ဖြတ်ရေးဆွဲထားသော ရပ်မျဉ်းသို့မရောက်မီ အနည်းဆုံး မီတာ ၃၀ (ပေ ၁၀ဝ) မှစ၍ ရပ်မျဉ်းအထိ တစ်ဆက်တည်းမျဉ်းဖြင့် ယာဉ်ကြောများကို ခွဲခြားထားသည်။
မျဉ်းပြတ်များဖြင့် ခွဲခြားထားသော ယာဉ်ကြောများတွင် ယာဉ်များသည် ယာဉ်ကြောတစ်ခုမှ တစ်ခုသို့ကူးပြောင်းနိုင်သည်။ ယာဉ်ကြောကူးပြောင်း ရာတွင် အလိုက်သင့်အလျားသင့် တစ်ခုပြီးမှ တစ်ခုကူးပြောင်းရမည်။ နောက်မှ လိုက်လာသောယာဉ်ကို အနှောင့်အယှက် မဖြစ်စေရ။ လမ်းဆုံ လမ်းခွ မရောက်မီ တစ်ဆက်တည်းမျဉ်းနေရာတွင် ယာဉ်ကြောလုံးဝ မကူးပြောင်းရ။
မျဉ်းပြတ်နေရာတွင် ရှေ့ယာဉ်ကို ကျော်တက်နိုင်သည်။ တစ်ဆက်တည်းမျဉ်း နေရာတွင်မူ ကျော်မတက်ရ။

မျဉ်းဝါဖြင့် သတ်မှတ်သော ယာဉ်ကြောသည် ဘတ်စ်ကာများအတွက်သာ ဖြစ်သည်။
သာမန်အားဖြင့် လက်ယာဘက်ယာဉ်ကြောတွင် မောင်းနှင်ရမည်။ လက်ဝဲ ဘက်သို့ ကွေ့လျှင် မျဉ်းပြတ်နေရာများတွင်သာ လက်ဝဲယာဉ်ကြောသို့ ကူးပြောင်းပြီးမှ ကွေ့ရမည်။
ရှေ့ယာဉ်ကို ကျော်တက်လိုလျှင် မျဉ်းပြတ်နေရာများတွင်သာ ကျော်တက် ရမည်။

( ၈ ) အလယ်မျဉ်းပြတ်ရှိသော နေရာများတွင်သာ “ဂ”ကွေ့ ကွေ့နိုင်သည်။


(စ) ခြေကျင်လျှောက်သူများအတွက် မျဉ်းဝါအမှတ်အသားများ





ခြေကျင်လျှောက်သူများ အန္တရာယ်ကင်းရှင်းစွာလမ်းကိုဖြတ်ကူးနိုင်ရန်နေရာ သတ်မှတ်ချက်ကို မျဉ်းကျားအဝါဖြင့်ဖော်ပြ၍ လူနှင့်ယာဉ်အသွားအလာများသော နေရာများတွင်အသုံးပြုသည်။




ယာဉ်ထိန်းအချက်ပြမီး (သို့မဟုတ်) ကြီးကြပ်ထိန်းသိမ်းရန် တာဝန်ရှိသူ၊ ထိန်းသိမ်းသော လမ်းဆုံ လမ်းခွတွင် လူဖြတ်ကူးရန်အတွက် မျဉ်းဝါနှစ်ကြောင်းကို ရပ်မျဉ်း၏ရှေ့တွင်ရေးဆွဲသည်။




လူကူးမျဉ်းဝါပြတ်များကို ယာဉ်အသွားအလာများသော ကျောင်းရှေ့၊ ဆေးရုံရှေ့ ၊ ဘတ်စ်ကားမှတ်တိုင်အနီး စသည့်နေရာများ၌ အသုံးပြုသည်။

(ဆ) လူကူးမျဉ်းဝါနေရာများတွင် ယာဉ်မောင်းသူများလိုက်နာရမည့်အချက်များ

လူကူးမျဉ်းကျား၊ သို့မဟုတ် မျဉ်းဝါပြတ်နေရာသို့ မရောက်မီ အနည်းဆုံး မီတာ ၅၀(၁၆၅ ပေ) အကွာအဝေးမှ အရှိန်လျှော့၍ သတိဖြင့်မောင်းနှင့် ချဉ်းကပ်ရ မည်။ ဖြတ်ကူးသူများရှိ နေလျှင် မျဉ်းကျား၊ သို့မဟုတ် မျဉ်းဝါပြတ်မှ အနည်းဆုံး ၅ မီတာ (၁၆ ပေ၊ ၆ လက်မ) အကွာအဝေးတွင် ယာဉ်ကိုရပ်ပြီး လမ်းဖြတ်ကူး သူများရှင်းမှ ဆက်မောင်းရမည်။
လူကူးမျဉ်းကျား၊ သို့မဟုတ် မျဉ်းဝါပြတ်ပေါ်တွင် မည်သည့်အကြောင်းကြောင်း နှင့်မျှ ယာဉ် လုံးဝမရပ်ရ။ ထိုမျဉ်းများပေါ်တွင် ယာဉ်ပျက်စီးချို့ယွင်း၍ ရပ်သွား ပါက ထိုမျဉ်းများနှင့် လွတ်ကင်းသည့် လမ်းဘေးနေရာသို့ အမြန်ဆုံးရွှေ့ရမည်။
လူကူးမျဉ်းကျား၊ သို့မဟုတ် မျဉ်းဝါပြတ်နေရာ၌ ရပ်ထားသော ယာဉ်ကို ကျော် မတက်ရ။ သွားနေသော ရှေ့ယာဉ်ကိုလည်း ကျော်မတက်ရ။
လူကူးမျဉ်းကျား၊ သို့မဟုတ် မျဉ်းဝါပြတ်နေရာ၌ ယာဉ်ထိန်းရဲ၊ သို့မဟုတ် တာဝန် ပေးအပ်ခံရသူက ကြီးကြပ်ထိန်းသိမ်းနေလျှင် ၄င်း၏ညွှန်ပြချက်အတိုင်း လိုက်နာ ရမည်။
လမ်းဆုံလမ်းခွတွင် ရပ်မျဉ်းနောက်၌သာ ယာဉ်ကိုရပ်ရမည်။ လူကူးမျဉ်းဝါပေါ် တွင် ယာဉ်မရပ်ရ။
လမ်းဆုံလမ်းခွ၌ ယာဉ်ကွေ့လျှင် ကွေ့မည့်လမ်းပေါ်တွင် ဖြတ်ကူးသူများကို အထူး ဂရုစိုက်ရမည်။
လမ်းပေါ်မျဉ်းဝါကျွန်း အမှတ်အသားများ

(ဇ) လမ်းပေါ်မျဉ်းဝါကျွန်း အမှတ်အသားများ

ယာဉ်များဖြတ်ကျော်ခြင်းမပြုစေလိုသည့် လမ်းပေါ်ကျွန်း အမှတ်အသားများကို မျဉ်းအဝါ များဖြင့် ရေးဆွဲသတ်မှတ်ရမည်။
ကျွန်းပေါ်တွင် ယာဉ်များရပ်ခြင်း၊ ဖြတ်ကျော်ခြင်းမပြုရ။
ကျွန်းရှိသောလမ်းကို ဖြတ်ကူးသူသည် ကျွန်းပေါ်တွင် တစ်ထောက်နားပြီး ယာဉ်သွားလာမှု ရှင်းမှ ဆက်လက်ဖြတ်ကူးနိုင်သည်။ ကျွန်းအတွင်း လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီး ခြင်းမပြုရ။
မျဉ်းဝါပြတ် ဘတ်စ်ကားမှတ်တိုင်နေရာအမှတ်အသားများ

မျဉ်းဝါပြတ် ဘတ်စ်ကားမှတ်တိုင်နေရာအမှတ်အသားများ

လမ်းဘေးယာဉ်ကြောမှခွဲ၍ သီးခြားသတ်မှတ်ထားသော ဘတ်စ်ကားမှတ်တိုင်နေရာများ
လမ်းဘေးယာဉ်ကြောအတွင်း သတ်မှတ်ထားသော ဘတ်စ်ကားမှတ်တိုင်နေရာများ
(ဈ) လမ်းဘေးကပ်တုံးအမှတ်အသားများ

(၁) အဖြူ/အနီ လမ်းဘေးကပ်တုံးရှိသော လမ်းတစ်လျှောက်တွင် ယာဉ်များလုံးဝ ရပ်ဆိုင်းခြင်း၊ ရပ်နားခြင်း မပြုရ။ ၄င်းအမှတ်အသားကို အဝိုင်းပတ်များ၊ လမ်းခွဲ ကျွန်းများ၊ အန္တရာယ်ရှိသော လမ်းကွေ့များ၊ လမ်းဆုံလမ်းခွများ စသည့် နေရာ များတွင် အသုံးပြုသည်။

(၂) အဝါ/အနက် လမ်းဘေးကပ်တုံးရှိသော လမ်းတစ်လျှောက်တွင် ယာဉ်ကို ခေတ္တ ခဏသာ ရပ်ဆိုင်းနိုင်သော်လည်း လုံးဝရပ်မထားရ။ ၄င်းအမှတ်အသားကို လမ်းပိတ်ဆို့စေနိုင် သည့် ဈေး၊ ကျောင်း၊ ဆေးရုံ၊ လူအဝင်အထွက်များသော ရုံးစသည့်နေရာများတွင် အသုံးပြုသည်။

(ည) အဖြူ/အနီကျားလမ်းဘေးတိုင်များ

၄င်းတိုင်များကို ချောက်ကမ်းပါးရှိသော လမ်းဘေးအန္တရာယ်ဖြစ်ပေါ်နိုင်သော လမ်းကွေ့၊ လမ်းကောက် စသည့်နေရာများတွင် စိုက်ထူထားရမည်။
၄င်းတိုင်များရှိသော လမ်းဘေးတစ်လျှောက်တွင် ယာဉ်များ လုံးဝရပ်ဆိုင်းခြင်း၊ ရပ်နားခြင်း မပြုရသည့်အပြင် ယာဉ်အချင်းချင်း ကျော်မတက်ရ။ ၄င်းတိုင်များ ကိုတွေ့လျှင် ယာဉ်အရှိန် လျှော့၍ သတိဖြင့်မောင်းနှင်ရမည်။


ယခု Page သည် ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးကော်မတီ ၏ "ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန" တရားဝင်စာမျက်နှာဖြစ်ပါသည်။

This page is the official page of the "Public Relations and Information Department" of the Traffic Enforcement Committee.

ကြည့်မြင်တိုင်မြို့နယ်ရှိ လမ်းဘေးစား သောက်ဆိုင်များအား ကျန်းမာရေးအထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ရန်ကုန် ဇွန် ၂၀ရန်ကုန...
20/06/2024

ကြည့်မြင်တိုင်မြို့နယ်ရှိ လမ်းဘေးစား သောက်ဆိုင်များအား ကျန်းမာရေးအထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန် ဇွန် ၂၀

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနသည် ယမန်နေ့နံနက်ပိုင်းက ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက်၊ တော်ဝင်လမ်းရှိ လမ်းဘေးစားသောက်ဆိုင်များအား ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ ရောင်းချစေနိုင်ရေး အသိ ပညာပေးခြင်း၊ ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သွင်မောင်မောင်

စမ်းချောင်းမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရန်ကုန် ဇွန် ၂၀စမ်းချောင်းမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေ‌ရေးအတ...
20/06/2024

စမ်းချောင်းမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်

ရန်ကုန် ဇွန် ၂၀

စမ်းချောင်းမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေ‌ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)တို့မှ ဝန်ထမ်းများ ပူးပေါင်းအင်အား (၇)ဦးဖြင့် ကျွန်းတော(မြောက်)ရပ်ကွက်၊ ဟင်္သာတလမ်း၊ ကျွန်းတောလမ်းဝဲဘက်ခြမ်းနှင့် ပြည်တော်အေးလမ်းအကြား ရေမြောင်းအတွင်း အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ ဖြတ်မြောင်းများအတွင်း အမှိုက်၊ သဲ၊ ခဲများ ရှင်းလင်းခြင်း၊ လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ခြင်း၊ ထွက်ရှိအမှိုက်များကို မော်တော်ယာဥ်ဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သွင်မောင်မောင်

အလုံမြို့နယ်၊ အလုံဈေးအတွင်း ကျန်းမာရေးအထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ရန်ကုန် ဇွန် ၂၀ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်...
20/06/2024

အလုံမြို့နယ်၊ အလုံဈေးအတွင်း ကျန်းမာရေးအထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန် ဇွန် ၂၀

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနသည် ယမန်နေ့နံနက်ပိုင်းက ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ သစ်တောလမ်းနှင့် ငုဝါလမ်းထောင့်ရှိ အလုံဈေးအတွင်း ကျန်းမာရေးနှင့် ညီညွတ်သောအစားအသောက်များ ရောင်းချစေရေးအတွက် စစ်ဆေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်း၊ စားသောက်ကုန်များတွင် ဖော်မလင်ပါဝင်မှု ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သွင်မောင်မောင်

ကမာရွတ်မြို့နယ်အတွင်း လမ်းဘေးစားသောက်ဆိုင် များအား ကျန်းမာရေးအထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ရန်ကုန် ဇွန် ၂၀ရန်ကုန်မြိ...
20/06/2024

ကမာရွတ်မြို့နယ်အတွင်း လမ်းဘေးစားသောက်ဆိုင် များအား ကျန်းမာရေးအထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန် ဇွန် ၂၀

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနသည် ယမန်နေ့နံနက်ပိုင်းက ကမာရွတ်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ လှည်းတန်းလမ်းရှိ လမ်းဘေးစားသောက်ဆိုင်များ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ ရောင်းချနိုင်ရေး အသိပညာပေးခြင်း၊ ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သွင်မောင်မောင်

တာမွေမြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ ရန်ကုန် ဇွန် ၁၉တာမွေမြို့နယ်အတွင်း ကျောင်း သား၊...
20/06/2024

တာမွေမြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
ရန်ကုန် ဇွန် ၁၉
တာမွေမြို့နယ်အတွင်း ကျောင်း သား၊ ကျောင်းသူလူငယ်လူရွယ်လေးများ အနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကိုကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး ယာဉ်လမ်းအန္တရာယ်ကင်းရှင်း စွာသွားလာတတ်စေရန် ဇွန် ၁၇ရက် ကယာဉ်ထိန်းတပ်ဖွဲ့စု(၂၅)မှ ဒုရဲမှူး အေးသန်း၏ ဦးဆောင်မှုဖြင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်မြို့နယ် ပညာရေးဌာနတို့ ပူးပေါင်းပြီး ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို တာမွေ မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ပင်လုံခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမူက အဖွင့်အမှာစကား ပြောကြားပြီး ယာဉ်ထိန်းတပ်ဖွဲ့စု(၂၅)မှ ဒုရဲမှူးအေးသန်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများနှင့်ပတ် သက်၍ အကျယ်တဝင့် အသိပညာပေး အသေးစိတ်ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ တက်ရောက်လာ ကြသောကျောင်းသား၊ ကျောင်းသူ လေး များက ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းဆိုင်ရာများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန် လည် ဖြေကြားသည်။
ထို့နောက် သက်ဆိုင်ရာ တာဝန် ရှိသူများက တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင် များကို အခမဲ့ဖြန့်‌ဝေပေးခဲ့ကြကြောင်းနှင့်ဟောပြောပွဲအခမ်းအနားသို့ တာမွေ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့စု(၂၅)မှ ဒုရဲမှူးအေးသန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ ဆရာမများနှင့်ကျောင်းသား၊ ကျောင်း သူများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ကြသည်။
ယနေ့ကမ္ဘာပေါ်တွင် ယာဉ်တိုက်မှု ကြောင့် တစ်နှစ်လျှင်လူဦးရေ ၁ဒသမ ၃၅သန်းကျော် သေဆုံးနေပြီးတစ်ရက် လျှင် သေဆုံးနှုန်းပျမ်းမျှ ၃၇၀၀ဦး ခန့်ရှိသဖြင့် တာမွေမြို့နယ်အတွင်း ယာဉ်လမ်းအန္တရာယ်ကင်းဝေးစေရေး အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲများကိုအရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိသည်။
နိုင်လင်းအောင်(ပြန်/ဆက်)

ရွှေပြည်သာမြို့နယ်အတွင်း ကျန်းမာရေး အ ထောက်အကူပြုလုပ်ငန်းများဆောင်ရွက်ရန်ကုန် ဇွန် ၁၉ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတ...
19/06/2024

ရွှေပြည်သာမြို့နယ်အတွင်း ကျန်းမာရေး အ ထောက်အကူပြုလုပ်ငန်းများဆောင်ရွက်

ရန်ကုန် ဇွန် ၁၉

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ ပြည်သူ့ကျန်းမာရေးဌာနသည် အများပြည်သူနေရာများတွင် ကျန်းမာရေးအထောက်အ ကူပြုလုပ်ငန်းများကို စဥ်ဆက်မပြတ်ဆောင် ရွက်လျက်ရှိရာယနေ့ နံနက်ပိုင်းက ရွှေပြည်သာမြို့နယ်၊ အမှတ်၉ရပ်ကွက်၊ ငမောက်စျေးအတွင်းစျေးများနှင့်ကုန်စည်ပွဲရုံများဌာနမှဝန်ထမ်းနှင့်ပူးပေါင်း၍ ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများရောင်းချနိုင်ရေးအတွက် ကျန်းမာရေးအသိ ပညာပေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်များပေးဝေခြင်းနှင့် စားသောက်ကုန်များတွင် ခွင့်မပြုဆိုးဆေးနှင့် ဖော်မလင်များ သုံးစွဲရောင်းချမှု မရှိစေရေး ပညာပေး လက်ကမ်းစာစောင်များ နံရံကပ်စာစောင်များဝေငှခြင်းတို့ကိုဆောင် ရွက်ခဲ့ကြောင်းသိရသည်။
မလတ်

ရန်ကုန်စီးတီးတက္ကစီအသင်း ပထမအကြိမ် နှစ်ပတ်လည်အထွေထွေအစည်းအဝေး ကျင်းပ ရန်ကုန် မေ ၃၁ရန်ကုန်စီးတီးတက္ကစီအသင်း၏ ပထမအကြိမ် နှ...
02/06/2024

ရန်ကုန်စီးတီးတက္ကစီအသင်း ပထမအကြိမ် နှစ်ပတ်လည်အထွေထွေအစည်းအဝေး ကျင်းပ
ရန်ကုန် မေ ၃၁
ရန်ကုန်စီးတီးတက္ကစီအသင်း၏ ပထမအကြိမ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ယမန်နေ့က ရန်ကုန်မြို့ရှိ သုမင်္ဂလာ ရာမ လယ်တီဝိပဿနာကျောင်းတိုက်၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ဒုတိယဥက္ကဌ ဦးချစ်ကိုကိုက အဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေး သဘာပတိ ရန်ကုန်စီးတီးတက္ကစီအသင်း ဥက္ကဋ္ဌ ဦးငြိမ်းချမ်းက နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက်အသင်း၏ အမှုဆောင်အဖွဲ့ အစီရင်ခံစာနှင့် ဘဏ္ဍာရေး ရှင်းတမ်းတို့ကို ဒုတိယဥက္ကဋ္ဌ-၁ ဦးအောင်ဇော်မိုးနှင့် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွက် ပြင်ပစာရင်းစစ် အစီရင်ခံစာကို ဦးဝင်းမြင့် (Win Myint Audit Firm) ပြင်ပစာရင်းစစ်အဖွဲ့က ဖတ်ကြားတင်ပြသည်။
ယင်းနောက် အမှုဆောင်အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းနှင့် ပြင်ပစာရင်းစစ် အစီရင်ခံစာအရ ဘဏ္ဍာရေးရှင်းတမ်းများကို အခမ်းအနားသို့ တက်ရောက်လာကြသူများက အတည်ပြုကြပြီး ပထမအကြိမ် နှစ်ပတ်လည်အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အောင်မြင့်ဌေး (မြို့တော်သတင်း)

ခရီးသည်များသွားလာမှုလွယ်ကူစေရန် YBS ခရီးစဉ်လမ်းကြောင်းပြမြေပုံများ တပ်ဆင် ရန်ကုန် မေ ၂၄ရန်ကုန်တိုင်းဒေသကြီး YBS ယာဉ်များ...
26/05/2024

ခရီးသည်များသွားလာမှုလွယ်ကူစေရန် YBS ခရီးစဉ်လမ်းကြောင်းပြမြေပုံများ တပ်ဆင်
ရန်ကုန် မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး YBS ယာဉ်များတွင် ခရီးစဉ်အလိုက် လမ်းကြောင်းပြ လမ်းညွှန်မြေပုံများကို မေလမှစတင်၍ တပ်ဆင် လျက်ရှိကြောင်း သိရသည်။
အဆိုပါ လမ်းညွှန်မြေပုံများကို ယာဉ်လိုင်းအားလုံးတွင် တပ်ဆင်မည်ဖြစ်ပြီး လက်ရှိတွင် YUPT ကုမ္ပဏီ ယာဉ်လိုင်း ၂၄ လိုင်း၊ YBPC ကုမ္ပဏီ ယာဉ်လိုင်း ၁၄ လိုင်း၊ ဗန္ဓုလကုမ္ပဏီ ယာဉ် လိုင်းကိုးလိုင်းနှင့် လူထုမိတ်ဆွေ ကုမ္ပဏီ ယာဉ်လိုင်းခြောက်လိုင်း တို့၌ တပ်ဆင်လျက်ရှိသည်။
YBS ခရီးစဉ် လမ်းကြောင်းပြလမ်းညွှန်မြေပုံကို App ဖြင့်လည်း အလွယ်တကူကြည့်ရှုနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
လက်ရှိတွင်ရွှေတောင်ကုမ္ပဏီက ယာဉ်လိုင်း ခြောက်လိုင်း၊ ကုန်းဘောင် ရန်ကုန်ကုမ္ပဏီ ယာဉ်လိုင်းနှစ်လိုင်းနှင့် ပြည်စံသူ ကုမ္ပဏီ ယာဉ်လိုင်း ၁၀ လိုင်းတွင် လမ်းညွှန်မြေပုံများကို ဆက်လက် တပ်ဆင်သွားမည်ဖြစ်သည်။
အောင်မြင့်ဌေး(မြို့တော်သတင်း)

အမြန်လမ်းသွား အဝေးပြေးခရီးသည်တင်ယာဉ်ကြီးများ တယ်လီမက်တစ်စနစ် တပ်ဆင်ရန်ပျက်ကွက်ပါက အရေးယူမည် ရန်ကုန်  မေ ၃ရန်ကုန်-မန္တလေး...
03/05/2024

အမြန်လမ်းသွား အဝေးပြေးခရီးသည်တင်ယာဉ်ကြီးများ တယ်လီမက်တစ်စနစ် တပ်ဆင်ရန်ပျက်ကွက်ပါက အရေးယူမည်
ရန်ကုန် မေ ၃
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် သွားလာနေကြသည့် အဝေးပြေးခရီးသည်တင် ယာဉ်ကြီးများအားလုံး တယ်လီမက်တစ် စနစ် မှတ်ပုံတင်တပ်ဆင်အသုံးပြုရမည်ဖြစ်ပြီး စနစ်တပ်ဆင်ရန် ပျက်ကွက်ခဲ့ပါက မေလမှစတင်ကာ ခရီးသည်တင်ယာဉ်လိုင်း များကို သတိပေးခြင်း၊ တားမြစ်ခြင်းနှင့် အရေးယူခြင်းများကိုပါ အဆင့်ဆင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တယ်လီမက်တစ်စနစ်ကို အဝေးပြေးခရီးသည်တင်ယာဉ် ကြီးများအားလုံးတွင် တပ်ဆင်မှုကို Myanmar Millennium Group က တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး မေ ၁ ရက် အပြီး မဖြစ်မနေတပ်ဆင် အသုံးပြုကြရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစနစ်ကို ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် အမှတ် (၀) မိုင်မှ (၃၃၆) မိုင်အတွင်း ဖြတ်သန်းသွားလာနေကြသည့် အဝေးပြေးခရီးသည်တင် ယာဉ်ကြီးများတွင် တပ်ဆင်အသုံးပြုရမည် ဖြစ်ပြီး ၎င်းယာဉ်ကြီးများ သွားလာနေမှုကို Command & Control Center မှ ၂၄ နာရီစောင့်ကြည့်နေမည်ဖြစ်ကာ သတ်မှတ် လမ်းကြောင်း၊ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်သွားလာမှု ရှိမရှိ စောင့်ကြည့်ခြင်းနှင့် ယာဉ်ကြီးများ အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါကလည်း စောင့်ကြည့်အကူအညီပေးမှုများ ပြုလုပ်နိုင်သည့်အတွက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း စေရန် အထောက်အကူပြုစေမည်ဖြစ်သည်။
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ယခင်သွားလာနေသည့်၊ တယ်လီမက်တစ်စနစ်တပ်ဆင်ကုန်တင်ယာဉ်နှင့် အဝေးပြေး ခရီးသည်တင်ယာဉ်အစီးရေ ၆၀၀၀ ကျော်ရှိခဲ့သော်လည်း ယခုနှစ် ဧပြီလ တတိယပတ်အထိ အစီးရေ ၃၈၀၀ ကျော်သာရှိပြီး တယ်လီမက်တစ်စနစ် တပ်ဆင်သော ယာဉ်လျော့နည်းလာ ကြောင်း သိရသည်။
အောင်မြင့်ဌေး (မြို့တော်သတင်း)

ယာဉ်မောင်းနေစဉ် ဆေးလိပ်သောက်ခြင်းနှင့် ဖုန်းပြောခြင်းပြုလုပ်သည့် YBS ယာဉ်မောင်းများအား တိုင်ကြားနိုင် ရန်ကုန်၊ ဧပြီ ၂၉ယာ...
29/04/2024

ယာဉ်မောင်းနေစဉ် ဆေးလိပ်သောက်ခြင်းနှင့် ဖုန်းပြောခြင်းပြုလုပ်သည့် YBS ယာဉ်မောင်းများအား တိုင်ကြားနိုင်
ရန်ကုန်၊ ဧပြီ ၂၉
ယာဉ်မောင်းနေစဉ် ဆေးလိပ်သောက်ခြင်းနှင့် ဖုန်းပြောခြင်းများ ပြုလုပ်သည့် YBS ယာဉ်မောင်းများအား တိုင်ကြားနိုင်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှသိရသည်။
ဆေးလိပ်သောက်ခြင်းသည် ‌ကိုယ်တိုင်သာမက တစ်ဆင့်ခံရှူရှိုက် သူအထိပါ ကျန်းမာရေးထိခိုက်စေနိုင်သည့်အပြင် ယာဉ်မောင်းနေစဉ် ဖုန်းပြောခြင်းသည်လည်း အန္တရာယ်ဖြစ်လာနိုင်သည့်အတွက် ခရီးသည် များအနေဖြင့် ယင်းကိုတွေ့ရှိပါက ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။
YBS ယာဉ်မောင်းများကို ယာဉ်ပေါ်တွင် ဆေးလိပ်မသောက်ရန် ညွှန်ကြားထားပြီးဖြစ်ရာ ယင်းတို့အနေဖြင့် ဆေးလိပ်သောက်ခြင်း၊ ဖုန်းပြောခြင်းများ တိုင်ကြားခံရပါက သတ်မှတ်ဥပဒေအတိုင်းဒဏ်ကြေး ငွေသုံးသောင်းအထိ ဒဏ်ရိုက်ပေးဆောင်စေမည်ဖြစ်ကြောင်း သိရ သည်။
ဆက်သွယ်တိုင်ကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) call centre 09-448147149 , 09-448147153 စသည့် Viber နံပါတ်များမှတစ်ဆင့် ဓာတ်ပုံနှင့်တကွ တိုင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။
(008)

အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေးသဘာဝဓာတ်ငွေ့သုံး CNG မော်တော်ယာဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်...
25/01/2024

အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေးသဘာဝဓာတ်ငွေ့သုံး CNG မော်တော်ယာဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
ရန်ကုန် ဇန်နဝါရီ ၂၄
အများပြည်သူ သယ်ယူ ပို့ဆောင်ရေးကဏ္ဍ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ပိုမိုအဆင်ပြေ ချောမွေ့စေရေးအတွက် သဘာဝ ဓာတ်ငွေ့သုံး CNG မော်တော် ယာဉ်များနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယမန် နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီက တာဝန် ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးက စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်၏ စက်သုံး ဆီလိုအပ်ချက်ကို အတတ်နိုင် ဆုံး ဖြည့်ဆည်းပေးနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက် နေပြီး သဘာဝဓာတ်ငွေ့သုံး CNG မော်တော်ယာဉ်များအတွက် သဘာဝဓာတ်ငွေ့ ပိုမိုဖြည့်ဆည်း ပေးနိုင်ရန် ကုန်းတွင်း သဘာဝ ဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရေး စီမံချက်များ ချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကုန်းတွင်း သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ် နိုင်လာသည်နှင့်အမျှ သယ်ယူ ပို့ဆောင်ရေးကဏ္ဍတွင် CNG ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲ နိုင်ရန် စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းသို့ စီမံ ဆောင်ရွက်ရာတွင် ခရီးသည် များ ဘေးကင်းလုံခြုံမှုရှိစေရေး၊ CNG ကို သက်သာသောဈေးနှုန်း ဖြင့် နိုင်ငံတော်က စီမံဆောင်ရွက် ပေးထားမှုများအပေါ်တွင် ပြည်သူ များ အကျိုးခံစားမှုရှိစေရေး၊ CNG ဝယ်ယူရာတွင် တန်းစီ စောင့်ဆိုင်းဝယ်ယူရမှု လျော့ကျ သွားစေရေး၊ CNG သည် စက်သုံး ဆီများနှင့်နှိုင်းယှဉ်ပါက သန့်ရှင်း သော စွမ်းအင်ဖြစ်ပြီး ပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်းမှုကို လျှော့ချ နိုင်ရေးအတွက် နိုင်ငံတကာတွင် ကျယ်ပြန့်စွာ အသုံးပြုနေကြ သကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း တိုးမြှင့်သုံးစွဲနိုင်ရေး၊ ယင်းရည်ရွယ် ချက်များကို အကောင်အထည် ဖော်ရာတွင် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ဆောင်ရွက်နေမှုများ နှင့် သက်ဆိုင်ရာအဖွဲ့အစည်း များနှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ကြစေရန် လိုပါ ကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က သဘာဝ ဓာတ်ငွေ့ ထပ်မံဖြည့်ဆည်းပေး နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ အတိုင်း စနစ်တကျ လိုက်နာ ဆောင်ရွက်ရန် ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ တာဝန်ရှိသူများက အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ ပိုမိုအဆင်ပြေ ချောမွေ့စေရေး အတွက် သဘာဝဓာတ်ငွေ့သုံး CNG မော်တော်ယာဉ်များ နှင့်ပတ်သက်၍ တင်ပြ ဆွေးနွေးကြရာ ပြည်ထောင်စု ဝန်ကြီးက စနစ်တကျ အကောင် အထည်ဖော်နိုင်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများ ရေးဆွဲ ဆောင်ရွက်သွားကြရန်လိုကြောင်း နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်ပေးသည်။
သဘာဝဓာတ်ငွေ့သုံး CNG မော်တော်ယာဉ်များကို သယ်ယူ ပို့ဆောင်ရေးကဏ္ဍတွင် စနစ်ကျ စွာ အသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီး တို့ စဉ်ဆက်မပြတ် ထိတွေ့ကာ အောင်မြင်စွာ အကောင်အထည် ဖော် ဆောင်ရွက်မည့် အစီအမံ နှင့် အချိန်ဇယား ရေးဆွဲသွား မည်ဖြစ်သည်။
ဆန်းကျော်ဦး (ပြန်/ဆက်)

YBS ယာဉ် ညအိပ်ရပ်နားကွင်း ၁၅ ကွင်း တည်ဆောက်သွားမည် ရန်ကုန် ဇန်နဝါရီ ၂၁ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသည့် YBS ခရီးသည်တင...
22/01/2024

YBS ယာဉ် ညအိပ်ရပ်နားကွင်း ၁၅ ကွင်း တည်ဆောက်သွားမည်
ရန်ကုန် ဇန်နဝါရီ ၂၁
ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသည့် YBS ခရီးသည်တင်ယာဉ် များ ညအိပ်ရပ်နားနိုင်ရန် ယာဉ်ရပ်ကွင်း ၁၅ ကွင်းကို ၂၀၂၄ ခုနှစ် အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်သည်။
အဆိုပါ YBS ယာဉ် ညအိပ်ရပ်နားကွင်းများကို ၂၀၂၃ ခုနှစ်က မြို့နယ်ရှစ်ခုတွင် စတင်အကောင်အထည်ဖော်ဆောင်ခဲ့ပြီး လက်ရှိ တွင် ကျန်ရှိနေသော ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အိုးအိမ်ဦးစီး ဌာနက ခွင့်ပြုချပေးထားသည့် သုခဒဂုံအိမ်ရာဝင်းရှိ ငါးဧက အကျယ်ရှိသော မြေပေါ်တွင်ဆောက်လုပ်လျက်ရှိသည်။
အဆိုပါ ယာဉ်ရပ်နားကွင်းများကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း) ၊ သာကေတ ၊ မြောက်ဥက္ကလာ၊ ရွှေပေါက်ကံ မြို့သစ် ၊ မင်္ဂလာဒုံ ၊ ထောက်ကြန့်နှင့်လှိုင်သာယာမြို့နယ်များတွင် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
YBS ကားတွေ ညအိပ်ရပ်နားသည့်အခါ မြို့နယ်အလိုက်ပြေး ဆွဲလျက်ရှိသည့် ဂိတ်ရင်း၊ ဂိတ်ဖျားများရှိသည့် လမ်းပေါ်တွင် ညအိပ်ရပ်နားရသည့်အခါ ကားပစ္စည်းများ ဖြုတ်ခိုးခံရခြင်း ၊လမ်းပိတ် ခြင်းများရှိသည့်အတွက် YBS ယာဉ်များ ရပ်နားရန် ကားကွင်းတည် ဆောက်ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီက သိရသည်။
အောင်မြင့်ဌေး(မြို့တော်သတင်း)

Address

မြို့တော်ခန်းမ၊ အမှတ်( ၄၂၀/၄၅၀ )၊ မဟာဗန္ဓုလလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
Yangon

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 09:00 - 16:00
Sunday 09:00 - 16:00

Telephone

+9518252023

Alerts

Be the first to know and let us send you an email when ယာဥ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေး - ရန်ကုန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share