
  • Home
  • Myanmar
  • Yangon

အိမ်တော်ထိန်း အိမ်အကူဝန်ဆောင်မှုလုပ်ငန်း A Business that pays more attention to Accountability, Responsibility & Reliability.

21/08/2026

ရက်စွဲ - ၂၁ ရက်၊ သြဂုတ်လ၊ ၂၀၂၆ ခုနှစ်

မင်္ဂလာပါခင်ဗျာ

မိမိတို့အိမ်တော်ထိန်းသို့ အောက်ပါဝန်ထမ်းများအသင့်ရောက်ရှိကြပါပြီခင်ဗျာ။

(၁) နေစားငြိမ်း/စားရိတ်ငြိမ်း အိမ်အကူအမျိုးသမီးဝန်ထမ်း

အသက်ငါးဆယ်အရွယ်ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ပြီး အိမ်မှုကိစ္စ ( ချက်ပြုတ်+လျှော်ဖွပ်+မီးပူတိုက်+သန့်ရှင်းရေး) အားလုံး သေချာလုပ်ဆောင်ပေးနိုင်ပါသည်။ လုပ်ခလစာသုံးသိန်းခွဲကျပ်ဖြင့်အလုပ်ဝင်ရန်အသင့်ရှိနေပါသည်။ မိသားစုဦးရေနည်းပြီး workload သင့်တင့်သောအိမ်ရှင်များထံတွင်လုပ်ကိုင်နိုင်ပါသည်။

(၂) နေစားငြိမ်း/စားရိတ်ငြိမ်း အိမ်အကူအမျိုးသမီးဝန်ထမ်း

အသက်ငါးဆယ့်ကိုးနှစ်အရွယ် ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ပြီး အိမ်မှုကိစ္စ ( ချက်ပြုတ်+လျှော်ဖွပ်+မီးပူတိုက်+သန့်ရှင်းရေး) အားလုံးသေချာလုပ်ဆောင်ပေးနိုင်ပါသည်။ အိမ်အကူအတွေ့အကြုံနှစ်နှစ်ကျော်ရှိခဲ့ပါသည်။ လုပ်ခလစာသုံးသိန်းခွဲကျပ်ဖြင့်အလုပ်ဝင်ရန်အသင့်ရှိပါမည်။ မိသားစုဦးရေနည်းပြီး workload သင့်တင့်သောအိမ်ရှင်များထံတွင်လုပ်ကိုင်နိုင်ပါသည်။
(၃) နေစားငြိမ်း/စားရိတ်ငြိမ်း လူကြီးလူမမာပြုစုရန်အမျိုးသမီးဝန်ထမ်း

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ဇာတိမှအသက်သုံးဆယ့်ရှစ်ၤနှစ်အရွယ်အမျိုးသမီးဖြစ်ပြီး လူကြီးလူမမာပြုစုခြင်းအတွေ့အကြုံဆယ်နှစ်ကျော်ရှိခဲ့ပါသည်။ လူကြီးလူမမာအသက်ရွယ်အလိုက်၊ ကျန်းမာရေးလိုအပ်ချက်အခြေအနေများအလိုက် လိုအပ်ပါက ဆေးရုံစောင့်ပေးခြင်းများလည်းလုပ်ဆောင်ပေးနိုင်ပါသည်။ နေ့စဉ်လုပ်ဆောင်ပြုစုပေးရမည့် ဆေး/အစာပုံမှန် ကျွေးပေးခြင်း၊ တကိုယ်ရည်သန့်ရှင်းရေးကိစ္စများလုပ်ဆောင်ပေးခြင်း၊ ဆီးပိုက် အစာပိုက် သွေးတိုး ဆီးချို လေဖြတ်လူမမာစသဖြင့် ရောဂါလိုအပ်ချက်များအလိုက်သေချာဂရုစိုက်ကြည့်ရှုပြုစုပေးနိုင်ပါသည်။ လုပ်ခလစာ ခုနှစ်သိန်းကျပ်ဖြင့်အလုပ်ဝင်ရန်အသင့်ရှိနေပါသည်။

(၄) နေစားငြိမ်း/စားရိတ်ငြိမ်း လူကြီးလူမမာပြုစုရန် အမျိုးသမီးဝန်ထမ်း

မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်မှဖြစ်ပြီး အသက်နှစ်ဆယ့်တနှစ်အရွယ် လူကြီးလူမမာပြုစုပေးနိုင်သော အမျိုးသမီးဝန်ထမ်းဖြစ်ပါသည်။ လူကြီးလူမမာပြုစုခြင်းအတွေ့အကြုံသုံးနှစ်ခန့်ရှိခဲ့ပြီး လူကြီးလူမမာအသက်ရွယ်အလိုက်၊ ကျန်းမာရေးလိုအပ်ချက်အခြေအနေများအလိုက် လိုအပ်ပါက ဆေးရုံစောင့်ပေးခြင်းများလည်းလုပ်ဆောင်ပေးနိုင်ပါသည်။ နေ့စဉ်လုပ်ဆောင်ပြုစုပေးရမည့် ဆေး/အစာပုံမှန် ကျွေးပေးခြင်း၊ တကိုယ်ရည်သန့်ရှင်းရေးကိစ္စများလုပ်ဆောင်ပေးခြင်း၊ ဆီးပိုက် အစာပိုက် သွေးတိုး ဆီးချို လေဖြတ်လူမမာစသဖြင့် ရောဂါလိုအပ်ချက်များအလိုက်သေချာဂရုစိုက်ကြည့်ရှုပြုစုပေးနိုင်ပါသည်။ လုပ်ခလစာ ခြောက်သိန်းခွဲကျပ်ဖြင့်အလုပ်ဝင်ရန်အသင့်ရှိနေပါသည်။

(၅) နေစားငြိမ်း/စားရိတ်ငြိမ်း အိမ်အကူအမျိုးသမီးဝန်ထမ်း

အသက်ငါးဆယ့်နှစ်နှစ်အရွယ် ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ပြီး အိမ်မှုကိစ္စ ( ချက်ပြုတ်+လျှော်ဖွပ်+မီးပူတိုက်+သန့်ရှင်းရေး) အားလုံးသေချာလုပ်ဆောင်ပေးနိုင်ပါသည်။ အိမ်အကူအတွေ့အကြုံနှစ်နှစ်ကျော်ရှိခဲ့ပါသည်။ လုပ်ခလစာလေးသိန်းကျပ်ဖြင့်အလုပ်ဝင်ရန်အသင့်ရှိပါမည်။ မိသားစုဦးရေနည်းပြီး workload သင့်တင့်သောအိမ်ရှင်များထံတွင်လုပ်ကိုင်နိုင်ပါသည်။

(၆) ရန်ကုန်မြို့တွင်း မနက်သွား/ညပြန် အိမ်အကူ/သန့်ရှင်းရေး အမျိုးသမီးဝန်ထမ်း

အသက်လေးဆယ့်လေးနှစ်အရွယ် အိမ်မှုကိစ္စ သန့်ရှင်းရေး နိုင်နင်းသူ ရခိုင်တိုင်းရင်းသူအစ်မတဦး
ရန်ကုန်မြို့တွင်း ရွှေပြည်သာမှ ဘတ်စ်ကားလမ်းကြောင်းသင့်သော မြို့နယ်များသို မနက်သွား/ညပြန် လစာဖြင့်အလုပ်ဝင်ရန်အသင့်ရှိနေပါသည်။ လုပ်ခလစာငါးသိန်းကျပ်ဖြင့်အလုပ်စတင်နိုင်ပါသည်။ အလုပ်အတွေ့အကြုံရှိပြီး လုပ်တတ်ကိုင်တတ်ထဲမှဖြစ်ပါသည်။

(၇) ရန်ကုန်မြို့တွင် းမနက်သွား/ညပြန် ကလေးထိန်းအမျိုးသမီးဝန်ထမ်း

မြောင်းမြဇာတိ အသက်နှစ်ဆယ့်လေးနှစ်အရွယ် ကရင်ညီမငယ်လေးဖြစ်ပါသည်။ ကလေးအရွယ်လသားမှ နှစ်သားများထိ သေချာထိန်းပေးနိုင်ပါသည်။ လူရည်သန့်ထဲမှဖြစ်ပြီး တာမွေ၊ ကျောက်မြောင်း၊ မင်္ဂလာတောင်ညွှန့်ဝန်းကျင်တွင် မနက်သွား/ညပြန် ကလေးထိန်းတာဝန်လုပ်ကိုင်နိုင်ပါသည်။ လုပ်ခလစာငါးသိန်းခွဲကျပ်ဖြင့်အလုပ်ဝင်ရန်အသင့်ရှိနေပါသည်။

အသေးစိတ်အချက်လက်များကို အိမ်တော်ထိန်း ဗိုင်ဘာနံပါတ် ၀၉ ၄၂ ၁၁ ၂၂ ၀၄၁ သို့တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အိမ်တော်ထိန်း အိမ်အကူဝန်ဆောင်မှုလုပ်ငန်း

17/08/2026

ရက်စွဲ - ၁၈ ရက်၊ သြဂုတ်လ၊ ၂၀၂၆ ခုနှစ်

မင်္ဂလာပါခင်ဗျာ

မိမိတို့အိမ်တော်ထိန်းသို့ အောက်ပါဝန်ထမ်းများ အသင့်ရောက်ရှိလာပြီဖြစ်ကြောင်း အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

(၁) နေစားငြိမ်း/စားရိတ်ငြိမ်း အိမ်အကူအမျိုးသမီးဝန်ထမ်း

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သတမြို့နယ်မှ ရောက်ရှိလာသောအသက်လေးဆယ့်ရှစ်နှစ်အရွယ် အိမ်မှုကိစ္စ
( ချက်ပြုတ်+လျှော်ဖွပ်+မီးပူတိုက်+သန့်ရှင်းရေး) အားလုံးလုပ်ဆောင်နိုင်သူအမျိုးသမီးဝန်ထမ်းတဦးအသင့်ရှိပါမယ်။ အဆင်ပြေယင်ရေရှည်လုပ်ဆောင်သွားလိုပါတယ်။ လုပ်ခလစာလေးသိန်းခွဲကျပ်ဖြင့်အလုပ်ဝင်ဖို့အသင့်ရှိပါတယ်။ မိသားစုခက်ခဲမှုအခြေအနေများကြောင့် ကြိုငွေကိစ္စလေးတောင်းခံထားတာရှိပါမယ်။

(၂) နေစားငြျိမ်း/စားရိတ်ငြိမ်း အိမ်အကူအမျိုးသမီးဝန်ထမ်း

ရန်ကုန်တိုင်းဒေသကြီးမှ အသက်ငါးဆယ်အရွယ် အိမ်မှုကိစ္စ
( ချက်ပြုတ်+လျှော်ဖွပ်+မီးပူတိုက်+သန့်ရှင်းရေး) အားလုံးလုပ်ဆောင်နိုင်သူအမျိုးသမီးဝန်ထမ်းတဦးအသင့်ရှိပါမယ်။ အဆင်ပြေယင်ရေရှည်လုပ်ဆောင်သွားလိုပါတယ်။ လုပ်ခလစာလေးသိန်းခွဲကျပ်ဖြင့်အလုပ်ဝင်ဖို့အသင့်ရှိပါတယ်။ မိသားစုခက်ခဲမှုအခြေအနေများကြောင့် ကြိုငွေကိစ္စလေးတောင်းခံထားတာရှိပါမယ်။
(၃) နေစားငြျိမ်း/စားရိတ်ငြိမ်း အိမ်အကူအမျိုးသမီးဝန်ထမ်း

မြဝတီမြို့နယ်မှ ရောက်ရှိလာသော အသက်လေးဆယ့်ငါးနှစ်အရွယ် အိမ်မှုကိစ္စ
( ချက်ပြုတ်+လျှော်ဖွပ်+မီးပူတိုက်+သန့်ရှင်းရေး) အားလုံးလုပ်ဆောင်နိုင်သူအမျိုးသမီးဝန်ထမ်းတဦးအသင့်ရှိပါမယ်။ အဆင်ပြေယင်ရေရှည်လုပ်ဆောင်သွားလိုပါတယ်။ လုပ်ခလစာလေးသိန်းခွဲကျပ်ဖြင့်အလုပ်ဝင်ဖို့အသင့်ရှိပါတယ်။

(၄) နေစားငြိမ်း/စားရိတ်ငြိမ်း လူကြီးလူမမာပြုစုရန် ကျွမ်းကျင်အမျိုးသမီးဝန်ထမ်း

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှ ရောက်ရှိလာသော အသက်သုံးဆယ့်ရှစ်နှစ်အရွယ်၊ အသက်သုံးဆယ့်ရှစ်နှစ်အရွယ်ချင်းအမျိုးသမီး လူကြီးပြုစုကြည့်ရှုခြင်းအတွေ့အကြုံဆယ်နှစ်ကျော်ရှိခဲ့သူဖြစ်ပါသည်။ အသက်အရွယ်၊ ရောဂါလိုအပ်ချက်အခြေအနေများပေါ်မူတည်ကာ လိုအပ်သောဂရုစိုက်စောင့်ရှောက်မှုများအားလုပ်ဆောင်ပေးနိုင်ပါသည်။ လုပ်သက်အတွေ့အကြုံကောင်းမွန်စွာ ရှိထားသူ၊ အကျင့်စာရိတ္တပိုင်းလည်းကောင်းမွန်စိတ်ချရသူဖြစ်ပြီး လုပ်ခလစာခုနှစ်သိန်းကျပ်ဖြင့်အလုပ်ဝင်ရန်အသင့်ရှိနေပါသည်။

(၅)ရန်ကုန်မြို့တွင်း မနက်သွား/ညပြန် အိမ်အကူသန့်ရှင်းရေး အမျိုးသမီးဝန်ထမ်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ဇာတိမှ ဖြစ်ပြီး အသက်လေးဆယ့်လေးနှစ်အရွယ် တိုင်းရင်းသူဖြစ်ပါသည်။ ရန်ကုန်မြို့တွင်း မနက်သွား/ညပြန် အိမ်မှုကိစ္စများ၊ သန့်ရှင်းရေး မီးပူတိုက်ကိစ္စများအားလုံးလုပ်ဆောင်ပေးနိုင်ပါသည်။ အလုပ်အတွေ့အကြုံလေးနှစ်ကျော်ရှိခဲ့ပြီး လုပ်ခလစာငါးသိန်းကျပ်ဖြင့်အလုပ်ဝင်ရန်အသင့်ရှိနေပါသည်။

(၆) နေစားငြိမ်း/စားရိတ်ငြိမ်း အိမ်အကူအမျိုးသမီးဝန်ထမ်း

အသက်ကြီးပိုင်းမှ ခေါ်ယူခန့်ထားလိုသောအိမ်ရှင်များအတွက် ရန်ကုန်တိုင်းဒေသကြီးမှ အသက်ငါးဆယ့်ကိုးနှစ်အရွယ် အိမ်မှုကိစ္စ ( ချက်ပြုတ်+လျှော်ဖွပ်+မီးပူတိုက်+သန့်ရှင်းရေး) သေချာလုပ်ဆောင်နိုင်သူ အမျိုးသမီးတဦးရှိပါမယ်။ လုပ်ခလစာလေးသိန်းကျပ်ဖြင့်အလုပ်ဝင်ရန်အသင့်ရှိပါမယ်။

အသေးစိတ်အချက်လက်များကို ဗိုင်ဘာနံပါတ် ၀၉ ၄၂ ၁၁ ၂၂ ၀၄၁ သို့တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အိမ်တော်ထိန်း အိမ်အကူဝန်ဆောင်မှုလုပ်ငန်း

12/08/2026

ရက်စွဲ - ၁၂ ရက်၊ သြဂုတ်လ၊ ၂၀၂၆ ခုနှစ်

မင်္ဂလာလာပါခင်ဗျာ

ခုရက်ပိုင်း မနက်သွား/ညပြန် ( နေ့ချင်းပြန်) အိမ်အကူ/သန့်ရှင်းရေးဝန်ထမ်းတွေ၊ ကလေးထိန်းတွေ၊ နေစားငြိမ်း ချက်ပြုတ်ရေးတာဝန်ခံတွေ၊ နေစားငြိမ်း ကလေးထိန်းညီမငယ်လေးတွေ အသင့်ရောက်ကြပါပြီ။

(၁) ရန်ကုန်မြို့တွင်း မနက်သွား/ညပြန် အိမ်အကူ/သန့်ရှင်းရေး အမျိုးသမီးဝန်ထမ်း

အိမ်အကူ/သန့်ရှင်းရေး အလုပ်အတွေ့အကြုံ လေးနှစ်ကျော်ရှိပြီး အိမ်မှုကိစ္စ ( ချက်ပြုတ်+လျှော်ဖွပ်+သန့်ရှင်းရေး+မီးပူတိုက်) တာဝန်များအားလုံး ပိုင်ပိုင်နိုင်နိုင်လုပ်ဆောင်ပေးနိုင်ပါသည်။ အိမ်တော်ထိန်း၏ စိတ်ချရသော ဝန်ထမ်းဟောင်းထဲမှလည်းဖြစ်ပါသည်။ အသက်လေးဆယ့်လေးနှစ်ဖြစ်ပြီး ရွှေပြည်သာမြို့နယ်မှ ဘတ်စ်ကားလမ်းကြောင်းသင့်သော မြို့နယ်များသို့ သွားလာလုပ်ကိုင်ပေးနိုင်ပါသည်။ လုပ်ခလစာငါးသိန်းကျပ်ဖြင့်အလုပ်ဝင်ရန်အသင့်ရှိနေပါသည်။

(၂) ရန်ကုန်မြို့တွင်း မနက်သွား/ညပြန် အိမ်အကူ/သန့်ရှင်းရေး အမျိုးသမီးဝန်ထမ်း

အိမ်အကူ/သန့်ရှင်းရေး အလုပ်အတွေ့အကြုံ ၂ှ နှစ်ကျော်ရှိပြီး အိမ်မှုကိစ္စ ( ချက်ပြုတ်+လျှော်ဖွပ်+သန့်ရှင်းရေး+မီးပူတိုက်) တာဝန်များအားလုံး ပိုင်ပိုင်နိုင်နိုင်လုပ်ဆောင်ပေးနိုင်ပါသည်။ အသက်သုံးဆယ့်လေးနှစ်အရွယ်ဖြစ်ပြီး လှိုင်သာယာဖက်မှ ဘတ်စ်ကားလမ်းကြောင်းသင့်သော မြို့နယ်များသို့ သွားလာလုပ်ကိုင်ပေးနိုင်ပါသည်။ လုပ်ခလစာလေးသိန်းခွဲကျပ်ဖြင့် အလုပ်ဝင်ရန်အသင့်ရှိနေပါသည်။

(၃) ရန်ကုန်မြို့တွင်း မနက်သွား/ညပြန် အိမ်အကူ/သန့်ရှင်းရေး အမျိုးသမီးဝန်ထမ်း

အိမ်အကူ/သန့်ရှင်းရေး အလုပ်အတွေ့အကြုံ ၂ှ နှစ်ကျော်ရှိပြီး အိမ်မှုကိစ္စ ( ချက်ပြုတ်+လျှော်ဖွပ်+သန့်ရှင်းရေး+မီးပူတိုက်) တာဝန်များအားလုံး ပိုင်ပိုင်နိုင်နိုင်လုပ်ဆောင်ပေးနိုင်ပါသည်။ အသက်လေးဆယ့်လေးနှစ်အရွယ်ဖြစ်ပြီး လှိုင်သာယာဖက်မှ ဘတ်စ်ကားလမ်းကြောင်းသင့်သော မြို့နယ်များသို့ သွားလာလုပ်ကိုင်ပေးနိုင်ပါသည်။ လုပ်ခလစာလေးသိန်းခွဲကျပ်ဖြင့် အလုပ်ဝင်ရန်အသင့်ရှိနေပါသည်။

(၄) ရန်ကုန်မြို့တွင်းလုပ်ကိုင်ရန် နေစားငြိမ်း/စားရိတ်ငြိမ်း လူကြီးလူမမာပြုစုအမျိုးသမီးဝန်ထမ်း

လူကြီးလူမမာပြုစုခြင်းအလုပ်အတွေ့အကြုံဆယ်နှစ်ကျော်ရှိသော၊ စိတ်ချရသော လူကြီးလူမမာပြုစုရန် ချင်းအမျိုးသမီးအသက်သုံးဆယ့်ရှစ်နှစ်အရွယ်တဦးအသင့်ရှိပါမည်။ အသက်အရွယ်အလိုက်၊ ရောဂါအခြေအနေများအလိုက်၊ လိုအပ်ချက်များအလိုက် လူကြီးလူမမာများကို သေချာပြုစုကြည့်ရှုပေးနိုင်ပါသည်။ တကိုယ်ရည်သန့်ရှင်းရေးကိစ္စများ၊ သေးအီးကိစ္စများ၊ ရေချိုးပေးခြင်း၊ လမ်းအတူလျှောက်ပေးခြင်း၊ အဖော်ပြုပေးခြင်း၊ ကျန်းမာရေးအခြေအနေအလိုက်အချိန်အလိုက်တိုက်ပေးရမည့်ဆေးဝါးများ၊ ဆေးစစ်မှုများ၊ လိုအပ်ပါက ဆေးရုံသို့လိုက်ပါစောင့်ရှောက်ပေးခြင်းများ စသည့်လုပ်ဆောင်ရမည့်တာဝန်များကို စိတ်ရှည်စွာလုပ်ဆောင်ပေးနိုင်ပါသည်။ လုပ်ခလစာခုနှစ်သိန်းကျပ်ဖြင့်အလုပ်ဝင်ရန်အသင့်ရှိနေပါသည်။

(၅) +(၆) တနေရာထဲတွင် နေစားငြိမ်း/စားရိတ်ငြိမ်းလုပ်ဆောင်လိုသော အိမ်အကူ/ခြံစောင့်လူငယ်လင်မယားစုံတွဲ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်မှ အသက်ဆယ့်ကိုးနှစ်အရွယ်ကရင်ညီငယ်အမျိုးသားနှင့် အသက်နှစ်ဆယ့်ငါးနှစ်အရွယ် ဗမာညီမငယ်လူငယ်လင်မယားစုံတွဲဖြစ်ပါသည်။ ခြံစောင့်၊ ခြံသန့်ရှင်းရေး၊ အိမ်မွေးတိများကြည့်ရှုပေးခြင်း၊ လက်တိုလက်တောင်းကိစ္စများနှင့် အမျိုးသမီးဖြစ်သူအနေဖြင့် အိမ်မှုကိစ္စများ( ချက်ပြုတ်+လျှော်ဖွပ်+မီးပူတိုက်+သန့်ရှင်းရေး) အားလုံးလုပ်ဆောင်ပေးနိုင်ပါသည်။ လုပ်ခလစာတဦးလျှင် သုံးသိန်းခွဲကျပ်ဖြင့်အလုပ်ဝင်ရန်အသင့်ရှိနေပါသည်။

(၇) နေစားငြိမ်း/စားရိတ်ငြိမ်း အိမ်အကူ/သန့်ရှင်းရေး အမျိုးသမီးဝန်ထမ်း

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်မှ ရောက်ရှိလာသောအသက်နှစ်ဆယ့်ခြောက်နှစ်အရွယ် ကရင်ညီမငယ် အိမ်အကူ/သန့်ရှင်းရေး အမျိုးသမီးဝန်ထမ်းဖြစ်ပါသည်။
အိမ်သားဦးရေအများဆုံးသုံးဦးခန့်သာရှိသော ( အိမ်မွေးတိမရှိသော) နေအိမ်တွင်လုပ်ကိုင်လိုပါသည်။ လုပ်ခလစာလေးသိန်းကျပ်ဖြင့်အလုပ်ဝင်ရန်အသင့်ရှိပါသည်။ ယခင်အချိန်များတွင် ခက်ခဲမှုရှိသောအိမ်ရှင်များနှင့် တွေ့ကြုံခဲ့သောကြောင့် အလုပ်မဝင်ခင် နှစ်ဦးနှစ်ဖက် သေချာအင်တာဗျူးစကားပြောဆိုရန် ခွင့်တောင်းလိုပါသည်။

(၈) နေစားငြိမ်း/စားရိတ်ငြိမ်း ချက်ပြုတ်တာဝန်ခံအမျိုးသမီးဝန်ထမ်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ဖက်မှအသက်ငါးဆယ့်နှစ်နှစ်အရွယ် ချက်ပြုတ်တာဝန်ခံအမျိုးသမီးဝန်ထမ်းဖြစ်ပါသည်။ ချက်ပြုတ်တာဝန်ခံအနေဖြင့် နှစ်နှစ်ခွဲခန့်လုပ်ကိုင်ခဲ့ဖူးပြီး မီးဖိုချောင်ကိစ္စ၊ ချက်ပြုတ်ကိစ္စအားလုံးသေချာလုပ်ဆောင်ပေးနိုင်ပါသည်။ မြန်မာအစားအစာကောင်းမွန်စွာပြင်ဆင်ချက်ပြုတ်ပေးနိုင်ပါသည်။ လုပ်ခလစာငါးသိန်းကျပ်ဖြင့်အလုပ်ဝင်ရန်အသင့်ရှိနေပါသည်။

(၉) နေစားငြိမ်း/စားရိတ်ငြိမ်း ဈေးရောင်း/စားသောက်ဆိုင်အကူအမျိုးသမီးဝန်ထမ်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်မှ ရောက်ရှိလာသော၊ ရန်ကုန်မြို့တွင်းလုပ်ကိုင်ရန် အသက်နှစ်ဆယ်အရွယ် ဆိုင်အကူ/ဈေးရောင်းအကူအမျိုးသမီးဝန်ထမ်းဖြစ်ပါသည်။ လုပ်ခလစာသုံးသိန်းခွဲကျပ်ဖြင့်အလုပ်ဝင်ရန်အသင့်ရှိနေပါသည်။

(၁၀) နေစားငြိမ်း/စားရိတ်ငြိမ်းကလေးထိန်းအမျိုးသမီးဝန်ထမ်း

မကွေးတိုင်းဒေသကြီးမှ ရောက်ရှိလာသောအသက်ဆယ့်ရှစ်နှစ်အရွယ် ကလေးထိန်းအမျိုးသမီးဝန်ထမ်းဖြစ်ပါသည်။ ကလေးအရွယ်တနှစ်ကျော်မှ ငါးနှစ်ကျော်အရွယ်များထိ သေချာထိန်းပေးနိုင်ပါသည်။ ကလေးသေးအီးကိစ္စများ၊ တကိုယ်ရည်သန့်ရှင်းရေးကိစ္စများ၊ အချိန်မှန်အစာကျွေးပေးခြင်း၊ အတူဆော့ကစားပေးခြင်းများ၊ နားထောင်ပေးခြင်း၊ အဖော်ပြုပေးခြင်း စသော တရက်တာလုပ်ဆောင်ပေးရမည့်တာဝန်များအားလုံးကို စိတ်ရှည်စွာလုပ်ဆောင်ပေးနိုင်ပါသည်။ လူရည်သန့်ထဲမှဖြစ်ပြီး လုပ်ခလစာလေးသိန်းခွဲကျပ်ဖြင့်အလုပ်ဝင်ရန်အသင့်ရှိနေပါသည်။

အသေးစိတ်အချက်လက်များကို အိမ်တော်ထိန်း ဗိုင်ဘာနံပါတ် ၀၉ ၄၂ ၁၁ ၂၂ ၀၄၁ သို့တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အိမ်တော်ထိန်း အိမ်အကူနှင့် ကလေးထိန်းဝန်ဆောင်မှုလုပ်ငန်း

03/08/2026

၃ ရက်၊ သြဂုတ်လ၊၂၀၂၆ ခုနှစ်

မင်္ဂလာပါခင်ဗျာ

မြန်မာအစားအစာ မိသားစုတစုစာ သို့မဟုတ် ရုံးဝန်ထမ်းများအတွက် ချက်ပြုတ်သီးသန့်ခေါ်ယူလိုတဲ့အိမ်ရှင်များအတွက် အသက်ငါးဆယ့်နှစ်နှစ်အရွယ် ချက်ပြုတ်တာဝန်ခံအမျိုးသမီးတဦးအသင့်ရောက်ရှိပါပြီ။ ချက်ပြုတ်ဆောင်နှင့်ပတ်သက်သော ကိစ္စများအားလုံး၊ မီးဖိုချောင်သန့်ရှင်းရေးကိစ္စများပါအားလုံး တာဝန်ယူလုပ်ဆောင်ပေးသွားပါမည်။ လုပ်ခလစာငါးသိန်းကျပ်ဖြင့်အလုပ်ဝင်ရန်အသင့်ရှိနေပါသည်။
အသေးစိတ်အချက်လက်များကို ဗိုင်ဘာနံပါတ် ၀၉ ၄၂ ၁၁ ၂၂ ၀၄၁ သို့တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အိမ်တော်ထိန်း အိမ်အကူဝန်ဆောင်မှုလုပ်ငန်း

02/08/2026

၂ ရက်၊ သြဂုတ်လ၊ ၂၀၂၆ ခုနှစ်

မင်္ဂလာပါခင်ဗျာ

ယခုလအတွက် မိမိတို့ အိမ်တော်ထိန်းမှာ စိတ်ချရတဲ့၊ တော်တဲ့ အချိန်ပိုင်းသန့်ရှင်းရေးဝန်ထမ်း အစ်မနှစ်ဦး
ထပ်ရောက်ပါပြီခင်ဗျာ။ ထုံးစံအတိုင်း ၁ ရက်ကြိုဘွတ်ကင်ယူပြီး အချိန်ပိုင်းသန့်ရှင်းရေးဝန်ဆောင်မှု ရယူနိုင်ကြပါပြီ။

ဈေးနှုန်းလေးတွေ အရင်အတိုင်းမပြောင်းလဲပါ။

မနက် ၉ မှ ၁၂ ထိ = ၂၅၀၀၀ ကျပ် ( ဝန်ထမ်း ၁ ဦး)
နေ့လယ် ၁ မှ ၄ နာရီထိ = ၂၅၀၀၀ ကျပ် ( ဝန်ထမ်း ၁ ဦး)
၁ ရက်ကြိုဘွတ်ကင်အတွက် ဗိုင်ဘာနံပါတ် ၀၉ ၄၂ ၁၁ ၂၂ ၀၄၁ ဖြစ်ပါတယ်။

အိမ်တော်ထိန်း အချိန်ပိုင်းသန့်ရှင်းရေးဝန်ဆောင်မှု

31/07/2026

ရက်စွဲ 31.7.2026

လုပ်နိုင်ကိုင်နိုင်သော အိမ်အကူဝန်ထမ်းတဦးခေါ်ယူခြင်း။

ရန်ကုန်မြို့တောင်ဥက္ကလာတွင် လုပ်ကိုင်ရန် အိမ်အကူဝန်ထမ်းတဦးခေါ်ယူလိုပါသည်။
အသက် ၂၀ ကျော်မှ ၄၀ နှစ် ဝန်းကျင် လုပ်နိုင်ကိုင်နိုင်သူများလျှောက်ထားနိုင်ပါသည်။
မိသားစုဦးရေစုစုပေါင်းငါးဦးမှ ရှစ်ဦးခန့်အများဆုံးဖြစ်ပါသည်။ အဓိက အိမ်အလုပ်လုပ်ဆောင်ရပါမည်။
တိုက်ခန်းခြောက်လွှာအတက်/ဆင်းရှိပါမည်။
လျှပ်စစ်မီးအခြေအနေများကြောင့် အဝတ်ကို လက်ဖြင့်လျှော်ဖွပ်နိုင်ရပါမည်။ မီးပူတိုက် သန့်ရှင်းရေးများလုပ်ဆောင်နိုင်ရပါမည်။ ဘုရားပန်း၊ ဘုရားဆွမ်းကပ်၊ သောက်တော်ရေ စသည့်ကိစ္စများသေချာလုပ်ဆောင်ပေးရပါမည်။
အလု ပ်ရှင်မှာအလုပ်တာဝန်ကြောင့် ညနက်တတ်သဖြင့် ညဆယ့်နှစ် - ၁ နာရီ ထိ အသင့်စောင့်ဆိုင်းပေးနိုင်ရမည်ဖြစ်ပြီး နံနက် ၅ ခွဲ ခန့်ထကာ နေ့စဉ်တာဝန်များလုပ်ဆောင်ရပါမည်။ နေ့လယ် အလုပ်များပြီးမြောက်ပါက နားနိုင်ပါသည်။
လုပ်ဆောင်နိုင်မှုပေါ်မူတည်ကာ သင့်တော်သောလုပ်ခလစာပေးပါမည်။

မှတ်ပုံတင်မူရင်း+ရပ်ကွက်ထောက်ခံစာ+သန်းခေါင်စာရင်းမိတ်တူတို့ဖြင့် လျှောက်ထားနိုင်ပါသည်။
လျှောက်ထားလိုပါက ၀၉ ၄၂ ၁၁ ၂၂ ၀၄၁ ဗိုင်ဘာသို့ တိုက်ရိုက်ဆက်သွယ်လာနိုင်ပါသည်။ သင့်တော်သူ လုပ်နိုင်သူဖြစ်ပါက မြန်မြန်ခန့်ပေးပါမည်။

22/07/2026

၂၂ ရက်၊ ဇူလိုင်လ၊ ၂၀၂၆ ခုနှစ်
မင်္ဂလာပါခင်ဗျာ

မိမိတို့အိမ်တော်ထိန်းသို့ အောက်ပါဝန်ထမ်းများအသင့်ရောက်ကြပါပြီခင်ဗျာ။ ယနေ့အလုပ်ဝင်ရန်အသင့်ရှိသောဝန်ထမ်းများဖြစ်ပါသည်။

(၁) နေစားငြိမ်း/စားရိတ်ငြိမ်း အိမ်အကူအမျိုးသမီးဝန်ထမ်း

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့မှ ရောက်ရှိလာသောအသက်ငါးဆယ့်ငါးနှစ်အရွယ် အမျိုးသမီးဖြစ်ပါသည်။ ချက်ပြုတ်အသင့်တင့်၊ လျှော်ဖွပ်+မီးပူတိုက်+သန့်ရှင်းရေး အားလုံးလုပ်ဆောင်ပေးနိုင်ပါသည်။ လုပ်ခလစာ သုံးသိန်းခွဲကျပ်ဖြင့်အလုပ်ဝင်ရန်အသင့်ရှိနေပါသည်။ လူဦးရေနည်းသောမိသားစုများနှင့်သင့်တော်ပါသည်။
(၂) နေစားငြိမ်း/စားရိတ်ငြိမ်း အိမ်အကူအမျိုးသမီးဝန်ထမ်း

ရန်ကုန်တိုင်းဒေသကြီးမှ အသက်ငါးဆယ့်ခြောက်နှစ်အရွယ် အိမ်အကူအမျိုးသမီးဝန်ထမ်းဖြစ်ပါသည်။ ချက်ပြုတ်+လျှော်ဖွပ်+မီးပူတိုက်+သန့်ရှင်းရေး အားလုံးသေချာလုပ်ဆောင်ပေးနိုင်ပါသည်။ လုပ်ခလစာသုံးသိန်းခွဲကျပ်ဖြင့်အလုပ်ဝင်ရန်အသင့်ရှိနေပါသည်။ လူဦးရေနည်းသောမိသားစုများနှင့်သင့်တော်ပါသည်။

(၃) နေစားငြိမ်း/စားရိတ်ငြိမ်းအိမ်အကူအမျိုးသမီးဝန်ထမ်း

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်မှ ရောက်ရှိလာသော အသက်ငါးဆယ်နှစ်အရွယ်၊ အိမ်အကူအတွေ့အကြုံရှစ်နှစ်ကျော်ရှိခဲ့သူဖြစ်ပါသည်။ မြန်မာအစားအစာကောင်းမွန်စွာပြင်ဆင်ချက်ပြုတ်ပေးနိုင်ပါသည်။ အိမ်မှုကိစ္စများအားလုံးလုပ်ဆောင်ပေးနိုင်ပါသည်။ လုပ်ခလစာငါးသိန်းကျပ်ဖြင့်အလုပ်ဝင်ရန်အသင့်ရှိနေပါသည်။

(၄) နေစားငြိမ်း/စားရိတ်ငြိမ်းအိမ်အကူအမျိုးသမီးဝန်ထမ်း

ရှမ်းပြည်နယ်၊ လားရှိုးမြို့မှ ရောက်ရှိလာသော အသက်ငါးဆယ့်တနှစ်အရွယ် အိမ်အကူအမျိုးသမီးဝန်ထမ်းဖြစ်ပါသည်။ အိမ်အကူအတွေ့အကြုံ နှစ်နှစ်ကျော်ခန့်ရှိပြီး ချက်ပြုတ်+လျှော်ဖွပ်+မီးပူတိုက်+သန့်ရှင်းရေးအားလုံးလုပ်ဆောင်ပေးနိုင်ပါသည်။ လုပ်ခလစာလေးသိန်းခွဲကျပ်ဖြင့်အလုပ်ဝင်ရန်အသင့်ရှိနေပါသည်။

(၅) နေစားငြိမ်း/စားရိတ်ငြိမ်း အိမ်အကူအမျိုးသမီးဝန်ထမ်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်မှ ရောက်ရှိလာသော အသက်သုံးဆယ့်တနှစ်အရွယ် အိမ်အကူအမျိုးသမီးဝန်ထမ်းဖြစ်ပါသည်။ အိမ်မှုကိစ္စ ( ချက်ပြုတ်+လျှော်ဖွပ်+မီးပူတိုက်+သန့်ရှင်းရေး) အားလုံးသေချာလုပ်ဆောင်ပေးနိုင်ပါသည်။ လုပ်ခလစာလေးသိန်းကျပ်ဖြင့်အလုပ်ဝင်ရန်အသင့်ရှိနေပါသည်။

မှတ်ချက် - အသက်လေးနှစ်ကျော်အရွယ်သမီးအရွယ်ပါလာမည်ဖြစ်ပါသည်။

(၆) နေစားငြိမ်း/စားရိတ်ငြိမ်း လူကြီးလူမမာပြုစုရန်အမျိုးသမီးဝန်ထမ်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်မှရောက်ရှိလာသော အသက်နှစ်ဆယ်အရွယ် လူကြီးလူမမာပြုစုရန်အမျိုးသမီးဝန်ထမ်းဖြစ်ပါသည်။ အသက်ရွယ်အလိုက် လိုအပ်သောတနေ့တာလုပ်ဆောင်ပေးရမည့်တာဝန်များအားလုံးလုပ်ဆောင်ပေးနိုင်ပါသည်။ တကိုယ်ရည်သန့်ရှင်းရေးကိစ္စများ၊ သေးအီးကိစ္စများ၊ သွေးပေါင်ချိန်ပေးခြင်း၊ လိုအပ်ပါက ဆေးခန်းသု့ိပို့ဆောင်ပေးခြင်း၊ စောင့်ဆိုင်းပေးခြင်း၊ နှိပ်နယ်ပေးခြင်း၊ အချိန်မှန်ဆေးတိုက်ပေးခြင်း စသော လိုအပ်သည့်စောင့်ရှောက်မှုများအားလုံးလုပ်ဆောင်ပေးနိုင်ပါသည်။ လုပ်ခလစာငါးသိန်းခွဲကျပ်ဖြင့်အလုပ်ဝင်ရန်အသင့်ရှိနေပါသည်။

အသေးစိတ်အချက်လက်များကို အိမ်တော်ထိန်းဗိုင်ဘာနံပါတ် ၀၉ ၄၂ ၁၁ ၂၂ ၀၄၁ သို့တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အိမ်တော်ထိန်း အိမ်အကူဝန်ဆောင်မှုလုပ်ငန်း

24/06/2026
ရက်စွဲ - ၂၄ ရက်၊ ဇွန်လ၊ ၂၀၂၆ ခုနှစ်မင်္ဂလာပါခင်ဗျာမိမိတို့အိမ်တော်ထိန်းသို့ အောက်ပါဝန်ထမ်းများအသင့်ရောက်ရှိလာကြပါပြီခင်ဗ...
24/06/2026

ရက်စွဲ - ၂၄ ရက်၊ ဇွန်လ၊ ၂၀၂၆ ခုနှစ်
မင်္ဂလာပါခင်ဗျာ

မိမိတို့အိမ်တော်ထိန်းသို့ အောက်ပါဝန်ထမ်းများအသင့်ရောက်ရှိလာကြပါပြီခင်ဗျာ။

(၁) နေစားငြိမ်း/စားရိတ်ငြိမ်း လူကြီးလူမမာပြုစုရန် သို့မဟုတ် ကလေးထိန်း အမျိုးသမီးဝန်ထမ်း

တန့်ဆည်မြို့နယ်မှ ရောက်ရှိလာသောအသက်နှစ်ဆယ့်လေးနှစ်အရွယ် လူကြီးလူမမာပြုစုခြင်းအတွေ့အကြုံသုံးနှစ်ကျော်ရှိသူ အမျိုးသမီးဝန်ထမ်းတဦးအသင့်ရှိပါတယ်။ အသက်ရွယ်အလိုက်၊ ရောဂါအခြေအနေများအလိုက်၊ လိုအပ်ချက်များအလိုက် စိတ်ရှည်စွာလုပ်ဆောင်ပေးနိုင်ပါသည်။ လူရည်သန့်ထဲမှဖြစ်ပြီး အကျင့်စာရိတ္တကောင်းမွန်စိတ်ချရသော အိမ်တော်ထိန်း၏ ဝန်ထမ်းဟောင်းလည်းဖြစ်ပါသည်။ လုပ်ခလစာ၆ သိန်ကျးပ်ဖြင့်အလုပ်ဝင်ရန်အသင့်ရှိနေပါသည်။
သို့မဟုတ်
ကလေးထိန်းတာဝန်လည်း လုပ်ဆောင်ပေးနိုင်ပါသည်။ ကလေးအရွယ် ၁ နှစ်ကျော်မှ ၅ နှစ်ကျော် ကျောင်းနေအရွယ်များလည်း ထိန်းပေးနိုင်ပါသည်။ ကလေးသေးအီးကိစ္စများ၊ တကိုယ်ရည်သန့်ရှင်းရေးကိစ္စများ၊ အတူဆော့ကစားပေးခြင်း၊ နားထောင်ပေးခြင်းများ၊ ကလေးနှင့်ပတ်သက်သော ကိစ္စများအားလုံး စိတ်ရှည်စွာလုပ်ဆောင်ပေးနိုင်ပါသည်။

(၂)တနေရာထဲတွင် အလုပ်အတူဝင်လိုသော နေစားငြိမ်အိး/စားရိတ်မ်ငြိမ်းအိမ်အကူအမျိုးသမီး ( သားအမိ) ဝန်ထမ်း ၂ ဦး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှ ရောက်ရှိလာသော အသက်လေးဆယ့်ခုနှစ်နှစ်အရွယ် မိခင်အမျိုးသမီးနှင့် အသက်ဆယ့်ခြောက်နှစ်အရွယ် သမီး အိမ်မှုကိစ္စ ( ချက်ပြုတ်+လျှော်ဖွပ်+မီးပူတိုက်+သန့်ရှင်းရေး) တာဝန်များလုပ်ဆောင်ရန်အသင့်ရောက်ရှိပါသည်။ တဦးလျှင်လုပ်ခလစာသုံးသိန်းခွဲကျပ်ဖြင့်အလုပ်ဝင်ရန်အသင့်ရှိနေပါသည်။

(၃) နေစားငြိမ်း/စားရိတ်ငြိမ်း ကလေးထိန်းအမျိုးသမီးဝန်ထမ်း

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်မှ ရောက်ရှိလာသောအသက်နှစ်ဆယ့်သုံးနှစ်အရွယ် ကလေးထိန်းညီမဖြစ်ပါသည်။ ကလေးအရွယ်၁နှစ်ကျော်မှငါးနှစ်ကျော်အရွယ်များထိ သေချာထိန်းပေးနိုင်ပါသည်။ စာအတူလုပ်ပေးခြင်း၊ အတူဆော့ကစားပေးခြင်း၊ ကျောင်းပို့/ကြိုကိစ္စများလုပ်ဆောင်ပေးခြင်း၊ ကလေးသေးအီးကိစ္စများ၊ တကိုယ်ရည်သန့်ရှင်းရေးကိစ္စများ အားလုံး စိတ်ရှည်စွာလုပ်ဆောင်ပေးနိုင်ပါသည်။ ကလေးထိန်းအတွေ့အကြုံ၁နှစ်ခွဲခန့်ရှိခဲ့သူဖြစ်ပြီး လုပ်ခလစာငါးသိန်းကျပ်ဖြင့်အလုပ်ဝင်ရန်အသင့်ရှိနေပါသည်။ အကျင့်စာရိတ္တကောင်းမွန်စိတ်ချရပြီး အိမ်တော်ထိန်း၏ စိတ်ချရသော ဝန်ထမ်းဟောင်းထဲမှလည်းဖြစ်ပါသည်။

(၄) နေစားငြိမ်း/စားရိတ်ငြိမ်း ကလေးထိန်းအမျိုးသမီးဝန်ထမ်း

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်မှ ရောက်ရှိလာသောအသက်နှစ်ဆယ်အရွယ် လူရည်သန့်ထဲမှ ကရင်ညီမ ကလေးထိန်းဝန်ထမ်းဖြစ်ပါသည်။ မူကြိုဆရာမအတွေ့အကြုံနှစ်နှစ်ကျော် ရှိခဲ့ပြီး ကလေးအရွယ် ၁ နှစ်မှ ကျောင်းနေအရွယ် ငါးနှစ်ကျော်များထိ သေချာထိန်းပေးနိုင်ပါသည်။ ကလေးတကိုယ်ရည်သန့်ရှင်းရေးကိစ္စများ၊ သေးအီးကိစ္စများ၊ အတူဆော့ကစားပေးခြင်း၊ သိပ်ပေးခြင်း၊ နားထောင်ပေးခြင်း၊ အဖော်ပြုပေးခြင်း၊ ကျောင်းနေအရွယ်ဖြစ်ပါက ကျောင်းပို့/ကြိုကိစ္စများအားလုံး စိတ်ရှည်စွာလုပ်ဆောင်ပေးနိုင်ပါသည်။ ကလေးနှင့်ပတ်သက်သောကိစ္စများအားလုံး လုပ်ဆောင်ပေးနိုင်ပါသည်။ လုပ်ခလစာငါးသိန်းကျပ်ဖြင့် အလုပ်ဝင်ရန်အသင့်ရှိနေပါသည်။

(၅) နေစားငြိမ်း/စားရိတ်ငြိမ်း ကလေးထိန်းအမျိုးသမီးဝန်ထမ်း

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်မှ ရောက်ရှိလာသောအသက်နှစ်ဆယ့်တနှစ်အရွယ် အစ္စလာမ်ညီမငယ်လေးဖြစ်ပါသည်။ ကလေးအရွယ် အသက်၁နှစ်မှ ငါးနှစ်ကျော်အရွယ်များထိ သေချာထိန်းပေးနိုင်ပါသည်။ ကလေးသေးအီးကိစ္စများ၊ တကိုယ်ရည်သန့်ရှင်းရေးကိစ္စများ၊ အတူဆော့ကစားပေးခြင်း၊ နားထောင်ပေးခြင်း၊ ကျောင်းနေအရွယ်ဖြစ်ပါက ကျောင်းပို့/ကြိုကိစ္စများ၊ အတူစာကျက်ပေးခြင်း စသဖြင့်လုပ်ဆောင်ပေးနိုင်ပါသည်။ လုပ်ခလစာငါးသိန်းကျပ်ဖြင့်အလုပ်ဝင်ရန်အသင့်ရှိနေပါသည်။

(၆) နေစားငြိမ်း/စားရိတ်ငြိမ်း ကလေးထိန်းအမျိုးသမီးဝန်ထမ်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ရောက်ရှိလာသော အသက်ဆယ့်ရှစ်နှစ်အရွယ် ကလေးထိန်းညီမဖြစ်ပါသည်။ ကလေးအရွယ်အသက်တနှစ်မှငါးနှစ်ကျော်ကျောင်းနေအရွယ်များထိန်းပေးနိုင်ပါသည်။ ကလေးသေးအီးကိစ္စများ၊ အတူဆော့ကစားပေးခြင်း၊ စာအတူကျက်ပေးခြင်း၊ ကျောင်းပို့/ကြိုကိစ္စများလုပ်ဆောင်ပေးခြင်း၊ နားထောင်ပေးခြင်း၊ အဖော်ပြုပေးခြင်းများလုပ်ဆောင်ပေးနိုင်ပါသည်။ ကလေးနှင့်ပတ်သက်သောကိစ္စများအားလုံးသေချာလုပ်ဆောင်ပေးနိုင်ပါသည်။ လူရည်သန့်ထဲမှဖြစ်ပြီး လုပ်ခလစာငါးသိန်းကျပ်ဖြင့်အလုပ်ဝင်ရန်အသင့်ရှိနေပါသည်။

(၇) နေစားငြိမ်း/စားရိတ်ငြိမ်း အထွေထွေအမျိုးသားဝန်ထမ်း

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှ ရောက်ရှိလာသောအသက်သုံးဆယ့်တနှစ်အရွယ် အမျိုးသားဝန်ထမ်းဖြစ်ပါသည်။ အိမ်ထောင်မရှိလူပျိုဖြစ်ပြီး အထွေထွေတာဝန်များ၊ လက်တိုက်လက်တောင်းကိစ္စများ၊ ဆိုင်အကူ စသဖြင့် လုပ်ဆောင်ပေးနိုင်ပါသည်။ အိမ်တော်ထိန်း၏ စိတ်ချရသော ဝန်ထမ်းဟောင်းဖြစ်ပြီး အကျင့်စာရိတ္တလည်း စိတ်ချရပါသည်။ လုပ်ခလစာသုံးသိန်းကျပ်ဖြင့်အလုပ်ဝင်ရန်အသင့်ရှိနေပါသည်။

အသေးစိတ်အချက်လက်များကို အိမ်တော်ထိန်း ဗိုင်ဘာနံပါတ် ၀၉ ၄၂ ၁၁ ၂၂ ၀၄၁ သို့တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အိမ်တော်ထိန်း ကလေးထိန်းနှင့် အိမ်အကူဝန်ဆောင်မှုလုပ်ငန်း

20/06/2026

အရှေ့ဒဂုံအိမ်တော်ထိန်း Business Hub မှာရုံးဝန်ထမ်းခေါ်ယူနေပါတယ်။

(1)Junior Operation Staff (1) ( M or F )

ပညာအရည်အချင်း - ၁၀ တန်းအောင် (သို့) ဘွဲ့ရ ( သို့) ဘွဲ့ကြို
ကွန်ပျူတာ + အင်္ဂလိပ်+လူမှုကွန်ယက် တစ်တော့+ဖေ့ဘုတ် သုံးတတ်သူ
အမျိုးသမီး အသက်အရွယ် - ၂၀ နှစ်မှ ၃၀ နှစ်အတွင်း

လုပ်ဆောင်ရန်တာဝန်များ

-နေ့စဉ်ဝန်ထမ်းအင်တာဗျူးကိစ္စများ၊ စာချုပ်ချုပ်ဆိုရန်သွားရောက်ခြင်း၊ လူမှုကွန်ယက်မှ ကြေငြာပို့စ်များရေးသားခြင်း/တင်ခြင်း နှင့် အခြားရုံးပိုင်းဆိုင်ရာကိစ္စများ

အခြေခံလစာ +ဖုန်းဘေ်+နေ့လယ်စာ+လိုင်းကားခ+ကော်ဖီbreak + performance bonus

(2)Freelance English Language Trainer ( 4 skills) ( M or F )
4 skills train နိုင်သူ အင်္ဂလိပ်စာနည်းပြများအလိုရှိပါသည်။ သင်ကြားရေးအတွေ့အကြုံအနည်းဆုံး (၂) နှစ်အထက်ရှိသူများလျှောပက်ထားနိုင်ပါသည်။

Teaching fees can be negotiated!

(3)Junior Digital Marketing (2) Post ( M or F )

Canva/Capcut အသုံးပြုနိုင်သူ / မိမိတင်မည့်ဗီဒီယိုများကို မိမိအစီစဉ်ဖြင့်သေချာရိုက်ကူးတည်းဖြတ်နိုင်သူအလိုရှိပါသည်။ Salary Negotiate!

(4) Junior Account ( 1 ) ( F )

LCCI Level 1,2 အနည်းဆုံးတတ်မြောက်ထားပြီးသူကွန်ပျူတာ Excel သေချာအသုံးပြုနိုင်သူ Junior Account အလိုရှိပါသည်။ နေ့စဉ်ဝင်ငွေ/ထွက်ငွေစာရင်း၊ အသုံးစရိတ်စာရင်း၊ ဝန်ထမ်း ဝင်/ ထွက်ဦးရေ စာရင်းများ သေချာလုပ်ဆောင်ပေးနိုင်ရပါမည်။

လစာ - ၄ သိန်းကျပ် + ဖုန်းဘေလ်+ နေ့လယ်စာ+ကော်ဖီ + လိုင်းကားခ

(5) Cleaning Trainer (1)

သန့်ရှင်းရေးပစ္စည်းအသုံးပြုပုံများ၊ သန့်ရှင်းရေး chemicals ပစ္စည်းများ အချိုးကျရောစပ်အသုံးပြုပုံများ၊ မီးပူစနစ်တကျတိုက်နည်းများ၊ ရေချိုးခန်း - အိမ်သာစနစ်တကျသန့်ရှင်းရေး ထားသိုပုံများ၊ ချက်ပြုတ်ဆောင်၊ ရေခဲသေတ္တာစနစ်တကျသန့်ရှင်းရေးလုပ်ဆောင်နည်းများ၊ အိပ်ခန်းသန့်ရှင်းရေးလုပ်ဆောင်ပုံများ စသည်တို့ကို စနစ်တကျ လေ့ကျင့်ပေးနိုင်သူ၊ သန့်ရှင်းရေးကုမ္ပဏီများတွင် အနည်းဆုံးလုပ်သက် သုံးနှစ်အထက်ရှိသူများ လျှောက်ထားနိုင်ပါသည်။ လုပ်ဆောင်နိုင်မှုအလိုက်၊ ကျွမ်းကျင်မှုအလိုက် လစာညှိနှိုင်းပေးပါမည်။

အလုပ်တည်နေရာ - အမှတ် ( ၇၇ ၃)၊ ဗိုလ်ဖိုးဝင်း (၃) လမ်း၊ (၃) ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ်။ ရန်ကုန်မြို့။

ကားမှတ်တိုင်အမည် - ဗထူးလမ်းဖက်မှဆိုပါက ဈေးလေးမှတ်တိုင်တွင်ဆင်းရန်၊ ပြည်ထောင်စုလမ်းဖက်မှ ဆိုပါက အအေးဆိုင်မှတ်တိုင်တွင်ဆင်းပါရန်။

ဖုန်း - ၀၉ ၇၉ ၆၄ ၁၃ ၉၉၅ ( ဗိုင်ဘာသုံးပါသည်)

E-mail - [email protected]

မှတ်ချက် - အလုပ်ဝင်ရမည့်ရုံးမှာ အရှေ့ဒဂုံတွင်ဖြစ်သဖြင့် အရှေ့ဒဂုံ + မြောက်ဒဂုံ မှ လာမည့်သူများအတွက် ပိုသင့်တော်နိုင်ပါသည်။

Address

No. 773 , No Phoe Win 3rd Street, East Dagon
Yangon
11451

Alerts

Be the first to know and let us send you an email when အိမ်တော်ထိန်း အိမ်အကူဝန်ဆောင်မှုလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to အိမ်တော်ထိန်း အိမ်အကူဝန်ဆောင်မှုလုပ်ငန်း:

Shortcuts

Share