PPP - People's Pioneer Party - Tharkayta Township

PPP - People's Pioneer Party - Tharkayta Township PPP - People 's Pioneer Party Thaketa

💙ပြည်သူ့ရှေ့ဆောင်ပါတီ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးကော်မတီ၏ ထုတ်ပြန်ကြေငြာချက်💙ယခုအခါ နိုင်ငံရေးအခြေအနေများသည် များစွ...
21/02/2021

💙ပြည်သူ့ရှေ့ဆောင်ပါတီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးကော်မတီ၏ ထုတ်ပြန်ကြေငြာချက်

💙ယခုအခါ နိုင်ငံရေးအခြေအနေများသည် များစွာ ရှုပ်ထွေးလျက်ရှိပါသည်။ ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ဆိုရှယ်မီဒီယာများပေါ်၌ သတင်းမှားများ ဖြန့်ဝေခြင်း၊ တစ်ဘက်နှင့်တစ်ဘက် အမုန်းစကားများဖြန့်ဝေခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ တခြား နိုင်ငံရေး အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအပေါ် ထိခိုက်နစ်နာအောင် ပြောဆိုခြင်းများ ပြုလုပ်ဆောင်ရွက်နေကြသည်ကို တွေ့ရှိရပါသည်။

💙သို့ဖြစ်ပါ၍ ပြည်သူ့ရှေ့ဆောင်ပါတီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးကော်မတီ၏ (၉-၂-၂၀၂၁)နေ့စွဲပါ အစည်းအဝေးဆုံးဖြတ်ချက်အရ ပါတီ၏ ခွင့်ပြုချက်မရရှိပဲ ပါတီ အမည်၊ ပါတီ အမှတ်တံဆိပ်၊ ပါတီ အလံများအား အသုံးပြု၍ ဆိုရှယ်မီဒီယာများပေါ်၌ Page ဖွင့်ထားခြင်း၊ Groupတည်ထောင်ထားခြင်းများ ပြုလုပ်ထားရှိပြီး ပါတီ၏ မူဝါဒဖြင့် ဆန့်ကျင်သော သတင်းမှားများ ဖြန့်ဝေခြင်း၊ ပါတီအပေါ် အထင်အမြင် လွဲမှားစေရန် လုပ်ဆောင်နေခြင်း၊ တစ်ဘက်နှင့်တစ်ဘက် အမုန်းစကားများဖြန့်ဝေခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ တခြား နိုင်ငံရေး အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များ ထိခိုက်နစ်နာအောင် ပြုမူလုပ်ဆောင်နေခြင်းကို ကန့်ကွက်တားမြစ်ပါသည်။ အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ ဖြစ်ပေါ်လာမည့် ကိစ္စအဝဝမှာ ပြည်သူ့ရှေ့ဆောင်ပါတီနှင့် သက်ဆိုင်ခြင်း မရှိပါသောကြောင့် တာဝန်ယူ ဖြေရှင်းပေးလိမ့်မည် မဟုတ်သည့်အပြင်၊ တည်ဆဲဥပဒေများအရ ဆက်လက်ရ်ျ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

08/02/2021
ပြည်သူ့ရှေ့ဆောင်ပါတီ မှ ပါတီဝင် များသို့ မေတ္တာရပ်ခံချက်
01/02/2021

ပြည်သူ့ရှေ့ဆောင်ပါတီ မှ

ပါတီဝင် များသို့ မေတ္တာရပ်ခံချက်

ပြည်ထောင်စုလွှတ်တော်တွင်ဆွေးနွေးခြင်း၁။ လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီး၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်များ...
26/01/2021

ပြည်ထောင်စုလွှတ်တော်တွင်ဆွေးနွေးခြင်း
၁။ လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီး၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်များ၊ ကြွရောက်လာကြတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် များနဲ့ ဧည့်သည်တော်များအားလုံး မင်္ဂလာပါရှင့်။
ကျမကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင် ဖြစ်ပါတယ်။ (၁၈ . ၁၂. ၂၀၁၈)

၂။ နာယကကြီးရှင့် ကျမအနေနဲ့ ၂၀၁၇-၂၀၁၈၊ ဘဏ္ဍာနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ နဲ့ပတ်သက်လို့ ရေရှည်အမြင်နဲ့ မူဝါဒအတိအကျချမှတ်ပြီး သတိရှိရှိ ဆောင်ရွက်နိုင်ဖို့ နဲ့ ကြွေးမြီဆုံးရှုံးနိုင်ချေ တွက်ချက်ရာမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်များကို အကြံပြုဆွေးနွေးသွားမှာဖြစ်ပါတယ်။ ၎င်းအစီအရင်ခံစာအရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနမှ အစိုးရရဲ့ဘဏ္ဍာငွေဖြည့်ဆည်းမှု လိုအပ်ချက်များနဲ့ ၄င်းတို့ရဲ့ ကာလတို၊ ကာလရှည်ပေးရန် တာဝန်များကို ဆုံးရှုံးနိုင်ခြေအနည်းဆုံး နဲ့ ကုန်ကျစရိတ်အနည်းဆုံး ဖြစ်စေဘို့ ကာလလတ် ကြွေးမြီ စီမံခန့်ခွဲမှုမဟာဗျူဟာကို ချမှတ်အကောင်အထည်ဖော်လျက်ရှိရာမှာ ပြည်တွင်း၊ ပြည်ပ ကြွေးမြီနဲ့ GDP အချိုးကို လျာထားချက် (၄၀%)ထက် မကျော်လွန်စေဘဲ (၃၈.၄%)မှာ ထိန်းညှိထားနိုင်ခဲ့ကြောင်း၊ ကြွေးမြီဝန်ထုတ်ဝန်ပိုး မကြီးမားဘို့ ဘတ်ဂျက်လိုငွေအား GDP ရဲ့ (၅%)အတွင်းမှာ ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ကြောင်း နဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ ငွေချေးယူခြင်း အားလျော့ချနိုင်ရန် လျာထားချက်အတိုင်း အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။
၃။ နာယကကြီးရှင့် ပထမအချက်အနေနဲ့ ပြည်ပချေးငွေတွေဟာ အတိုးနှုန်းသက်သာသော်လည်း နှစ်ရှည် ချေးငွေတွေဖြစ်လို့ ချေးယူတဲ့အစိုးရက မိမိကိုယ်တိုင် ပြန်လည်ပေးဆပ်ရတာမျိုး မဟုတ်ဘဲ နောင်လာမည့် အစိုးရအဆက်ဆက်က ပေးဆပ်ရတာဖြစ်လို့ မိမိကိုယ်တိုင်ဆပ်ရမည့် အကြွေး ယူတာမျိုးနဲ့ မတူပဲ အလွယ်တကူချေးယူမိဘို့ တွန်းအားကပိုမို များပြားနေပါတယ်။ ဒါ့အပြင် ပြည်ပကြွေးမြီများဟာ သက်တမ်းရှည်လျားကြတာကြောင့် ရေရှည်မှာ နိုင်ငံခြားငွေ လဲလှယ်နှုန်း ပြောင်းလဲမှုကြောင့် ဆုံးရှုံးနိုင်ခြေများ မြှင့်တက်လာနိုင်ပြီး တိုးရင်းပေါင်းပေးခြေရတဲ့ ပမာဏများ လာနိုင်လို့ တစ်ချိန်မှာ အခွန်ပိုမို ကောက်ခံလာရတာမျိုး၊ ဘတ်ဂျက်သုံးစွဲမှု လျော့ချလာရတာမျိုး၊ ပြည်တွင်းချေးငွေနဲ့ ပြည်ပကြွေးမြီများကို ပြန်လည်ပေးဆပ် နေရတာမျိုးကြောင့် ချေးငွေချေးယူခြင်းမူဝါဒကို အတိအကျချမှတ်ကျင့်သုံးဖို့ လိုအပ်နေကြောင်း အထုးပြုပြောကြား လိုပါတယ်ရှင့်။ နာယကကြီးရှင့် ကျမတို့အနေနဲ့ ဘဏ္ဍာရေးအရ ရေရှည်တည်တန့်ခိုင်မြဲမှု (Fiscal Sustainability) ဆိုတဲ့မူကို နှလုံးသွင်းပြီး ကြွေးမြီရယူခြင်းကို သတိကြီးစွာဆုံးဖြတ်ဆောင်ရွက်သင့်ပါတယ်ရှင်။ ဘဏ္ဍာရေးအရ ရေရှည်တည်တန့်ခိုင်မြဲမှု ဆိုတာကတော့ ယနေ့ဘဏ္ဍာရေးအရ ဆုံးဖြတ်ချက်များဟာ နောင်လာနောက်သားများရဲ့ လူနေမှု အဆင့်အတန်းကိုတိုးတက်စေနိုင်တဲ့ (သို့မဟုတ်) နောင်လာနောက်သားများရဲ့ လူနေမှုအဆင့် အတန်းကို လက်ရှိအခြေအနေထက် မလျော့ကျစေနိုင်တဲ့ ဆုံးဖြတ်လုပ်ဆောင်ချက်များ ကိုဆိုလိုပါတယ်ရှင်။ တကယ်လို့ ယခုလက်ရှိဆောင်ရွက် နေတဲ့ ဘဏ္ဍာရေးအရ ဆုံးဖြတ်လုပ် ဆောင်ချက်များဟာ နောင်လာနောင်သားများရဲ့ လူနေမှုအဆင့်အတန်းကို ယခုလက်ရှိ အခြေအနေအောက် ကျရောက်သွားစေနိုင်တယ်ဆိုရင် ဒါဟာဘဏ္ဍာရေးအရ ရေရှည်တည်တန့် စေနိုင်တဲ့ မူနဲ့ စံချိန်စံညွန်းများကို ချိုးဖောက်ရာ ရောက်ပါတယ်။
၎။ နိုင်ငံတော်စီမံကိန်းများဆောင်ရွက်ဖို့ ချေးငွေရယူခြင်းကို တိုင်းပြည်ဖွံ့ဖြိုးမှုရလဒ် ဘယ်လောက် ရမလဲ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေအကြား ဖွံ့ဖြိုးတိုးတက်ခြင်းကွာဟမှု ဘယ်လောက်နည်း လာနိုင်သလဲ၊ မြန်မာ့ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအစီအစဉ် (Myanmar Sustainable Development Plan) နဲ့ ဘယ်လောက်ကိုက်ညီမှုရှိသလဲ၊ စသည်ဖြင့် မူဝါဒ အတိအကျ ချမှတ်သင့်ပါတယ်ရှင်။ ဒါ့အပြင် ချေးငွေချေးယူခြင်း ဆုံးဖြတ်ချက်များ ချမှတ်ရာမှာ ချေးငွေချေးယူပြီး ဆောင်ရွက်တဲ့စီမံကိန်းတိုင်းကို နိုင်ငံနဲ့နိုင်ငံသူ၊ နိုင်ငံသား များအတွက် တကယ်လိုအပ်တဲ့ ရင်းနှီးမြုပ်နှံမှု ဟုတ်မဟုတ်၊ ဟုတ်ခဲ့ရင်လည်း စီမံကိန်းအကောင် အထည်ဖော် မှုအစီအစဉ် အသေးစိတ်ဦးစွာရေးဆွဲပြီးမှ ငွေချေးရန်လိုမလို၊ ငွေချေးရန်လိုခဲ့လျင်လည်း နိုင်ငံခြား ချေးငွေယူဘို့ လိုမလိုဆိုတဲ့ လေ့လာစမ်းစစ်မှုများ အဆင့်ဆင့်ပြုလုပ်ဘို့ လုပ်ငန်းစဉ်တိတိကျကျ ချမှတ်သင့်ပါတယ်ရှင့်။
၅။ နာယကကြီးရှင့် ဒုတိယအချက်အနေနဲ့ ဆုံးရှုံးနိုင်ခြေအနည်းဆုံးဖြစ်အောင် စီမံခန့်ခွဲရာမှာ (Operational Risk) လို့ခေါ်တဲ့ သဘာဝဘေးအန္တရယ်ကြောင့် ဆုံးရှုံးနိုင်ခြေများ အပါအဝင် အကောင်အထည်ဖော်မှု တလျှောက်မှာ ဖြစ်ပေါ်နိုင်တဲ့ ဆုံးရှုံးနိုင်ခြေများ၊ ထည်သွင်းတွက်ချက် ထားတာ မတွေ့ရတဲ့အပြင် ပြည်တွင်းပြည်ပကြွေးမြီများနဲ့ အကောင်အထည်ဖော်တဲ့ လုပ်ငန်းများ ကို အများပြည်သူသိအောင် ချပြအစီရင်ခံမှု အားနည်းနေသေးကြောင်း တွေ့ရှိရပါတယ်။ ဥပမာ အားဖြင့် အစိုးရကငွေထုတ်ချေးခြင်းနဲ့ ထပ်ဆင့်ငွေထုတ်ချေးခြင်းများဖြစ်တဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဦးစီးအကောင်အထည်ဖော်တဲ့ မြန်မာနိုင်ငံငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဦးစီးအကောင်အထည်ဖော်တဲ့ စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးမှုလုပ်ငန်းများ အတွက် အဆင့်(၂)ဆင့် ချေးငွေစီမံကိန်း၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီက တာဝန်ယူအကောင်အထည်ဖော်တဲ့ အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုစီမံကိန်းတို့ ဖြစ်ပါတယ်ရှင့်။ ပြည်ပချေးငွေ ထုတ်ချေးခြင်း ဆုံးဖြတ်ချက်များအတွက် နိုင်ငံအတွက်အမှန်တကယ်မလိုပဲ ချေးမဲ့အဖွဲ့အစည်းက ကမ်းလှမ်းလာလို့၊ သက်သာသောချေးငွေမို့ ချေးလိုက်တာမျိုး၊ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ထပ်ဆင့်ငွေထုတ်ချေးရာမှာလည်း မူဝါဒအပေါ်အခြေခံ ဆုံးဖြတ်ခြင်းမျိုးမဟုတ်ပဲ ငိုတတ်တဲ့ ကလေး နို့ပိုစို့ရတဲ့ အခြေအနေမျိုးမဖြစ်ဘို့ အထူးသတိပြုဆောင်ရွက်သင့်ပါတယ်။
၆။ နာယကကြီးရှင့် နိဂုံးချုပ်အားဖြင့်ပြောရလျင် အနာဂတ်ကာလမှာ တိုင်းပြည်ရဲ့ဘဏ္ဍာငွေ လိုအပ်မှုအခြေအနေကို ခန့်မှန်းဘို့ခက်ခဲပြီး မမျှော်မှန်းနိုင်တဲ့တချိန်မှာ မဖြစ်မနေလိုအပ်လို့ ပြည်ပကြွေးမြီယူခဲ့ရရင် Sovereign Risk Premium လို့ခေါ်တဲ့ နိုင်ငံရဲ့အခြေအနေအရ ဆုံးရှုံးနိုင်ခြေထည့်ပေါင်းလို့ အတိုးဈေးကြီးကြီးနဲ့ မလွှဲသာမရှောင်သာ ချေးလိုက်ရတာတွေ ပေါ်ပေါက်လာနိုင်တဲ့အတွက် လက်ရှိကောင်းနေတဲ့ ကြွေးမြီခံနိုင်ရည်ရှိမှု အခြေအနေကို ဆက်လက်ထိန်းထားပြီး ချေးငွေရယူခြင်းနဲ့ဆိုင်တဲ့ မူဝါဒအတိအကျချမှတ်ကျင့်သုံးဘို့နဲ့ အကောင် အထည်ဖော်ခြင်းဖြစ်မြောက်မှုကို အဓိကစဉ်းစားဘို့လိုအပ်နေကြောင်း အထူးပြောကြားရင်း နိဂုံး ချုပ်အပ်ပါတယ်ရှင်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီPeople's Pioneer Party (PPP)-------------------------------------- ပြည်သူ့​ရှေ့​ဆောင်ပါတီ မှ ယနေ့ကျေ...
15/01/2021

ပြည်သူ့ရှေ့ဆောင်ပါတီ
People's Pioneer Party (PPP)
--------------------------------------
ပြည်သူ့​ရှေ့​ဆောင်ပါတီ မှ ယနေ့ကျရောက်သော ၆၉ နှစ်မြောက် ကယားပြည်နယ်​နေ့အား လှိုက်လှဲ ဝမ်း​မြောက်စွာ ကြိုဆို ဂုဏ်ပြုအပ်ပါသည်။

ကရင်နီပြည်လူငယ်ထုအားလုံး ငြိမ်းချမ်းသာယာသောအနာဂတ်ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။

ကရင်နီပြည်လူငယ် များနဲ့ အနှစ်သာရပြည့်ဝသော အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို လက်တွဲပုံဖော်နိုင်ပါစေကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ လူငယ်ကော်မတီမှ တောင်းဆုပြည့်အပ်ပါသည်။

ပြည်သူ့ရှေ့ဆောင်ပါတီPEOPLE’S PIONEER PARTY (PPP)ပြည်သူ့ရှေ့ဆောင်ပါတီ၏ သဘောထားထုတ်ပြန်ခြင်းကြေညာချက်အမှတ် (၁/၂၀၂၁)
14/01/2021

ပြည်သူ့ရှေ့ဆောင်ပါတီ
PEOPLE’S PIONEER PARTY (PPP)
ပြည်သူ့ရှေ့ဆောင်ပါတီ၏ သဘောထားထုတ်ပြန်ခြင်း
ကြေညာချက်အမှတ် (၁/၂၀၂၁)

၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုသူများ၏ အမှတ်စာရင်းကို Website တွင် အခမဲ့ကြည့်ရှုနိုင်မည့်အစီအစဉ် အသိပေြးေ...
13/01/2021

၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုသူများ၏ အမှတ်စာရင်းကို Website တွင် အခမဲ့ကြည့်ရှုနိုင်မည့်အစီအစဉ် အသိပေးကြေညာ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

ဇန်နဝါရီ (၁၂)

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်နိုင်ရေး သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုသူများ၏ အမှတ်စာရင်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက် နံနက် (၆) နာရီမှစတင်၍ Website တွင် အခမဲ့ ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းအား အသိပေးကြေညာ အပ်ပါသည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် https://mmexamscore.org တွင် ဝင်ရောက်ပြီး မိမိ၏ခုံအမှတ် နှင့် မွေးသက္ကရာဇ် (ရက်၊ လ၊ ခုနှစ်) တို့ကို ပြည့်စုံ မှန်ကန်စွာ ဖြည့်စွက်၍ မိမိတို့၏ အမှတ်စာရင်းများကို ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ ရုံးများသို့ လာရောက်လျှောက်ထားခြင်း မပြုရန် မေတ္တာရပ်ခံပါကြောင်းနှင့် အမှတ်စာရင်းထုတ်ပေးမည် မဟုတ်ပါကြောင်း၊ Covid-19 ကာကွယ် ထိန်းချုပ် တားဆီးနိုင်မှု အခြေအနေအရ အမှတ်စာရင်းများကို ထုတ်ပေးမည့်အစီအစဉ်အား ကြိုတင်အသိပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

အမှတ်စာရင်းကြည့်ရှုနည်း လမ်းညွှန် ရုပ်သံဖိုင်ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website နှင့် page ဖြစ်သော https://mmexamscore.org နှင့် https://www.facebook.com/exams.mm တို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်နေ့မှစ၍ ကြည့်ရှုနိုင်ပါကြောင်း အသိပေးကြေညာထားသည်။

MRTV
Myanmar Digital News

၂၀၂၀ ပြည့်နှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်စာရင်းကို Online မှကြည့်ရှုခြင်း။

၁။ လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနဲ့ အားလုံးမင်္ဂလာပါရှင့်။ ကျမကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမဲဆန္ဒနယ်မှ ပြည...
12/01/2021

၁။ လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနဲ့ အားလုံးမင်္ဂလာပါရှင့်။ ကျမကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင် ဖြစ်ပါတယ်။ ကျမအနေနဲ့ နိုင်ငံတော်သမ္မတထံမှ ၈/၅/၂၀၁၉ ရက်စွဲ နဲ့ ပြည်ထောင်စုလွှတ်တော်ကို ပေးပို့လာတဲ့ "အာဆီယံ ဝန်ဆောင်မှုကုန်သွယ်ရေး သဘောတူ စာချုပ် (ASEAN Trade in Services Agreement, ATISA)”တွင် မြန်မာနိုင်ငံမှ ပါဝင်လက် မှတ်ထိုးနိုင်ရေး ထောက်ခံရင်းနဲ့ စာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်ရခြင်းရဲ့ အကျိုးကျေးဇူးတွေကို ထိထိ ရောက်ရောက် ခံစားနိုင်ဘို့ အကောင်အထည်ဖော်ခြင်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်အချို့ ကို ထည့်သွင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ (၂၃/၅/၂၀၁၉)

၂။ နာယကကြီးရှင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ပထမ (၆) လပတ်စာရင်းအင်းများအရ မြန်မာနိုင်ငံ ဂျီဒီပီရဲ့ ၂၂.၇% ဟာ လယ်ယာကဏ္ဍကြီးကဖြစ်ပြီး၊ ၃၈.၁% က စက်မှုကဏ္ဍကြီး၊ ၃၉.၂% က ဝန်ဆောင်မှုကဏ္ဍကြီးကဖြစ်လို့၊ ဝန်ဆောင်မှုကဏ္ဍကြီးဟာ တိုးတက်မှု အမြန်ဆုံးကဏ္ဍ တခု ဖြစ်လာနေပါတယ်။ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများမှာလဲ ဝန်ဆောင်မှုကဏ္ဍ ကြီးဟာ အာဆီယံဂျီဒီပီရဲ့ ၄၀-၇၀% အထိပါဝင်ပြီး ပျှမ်းမျှ ၅၀% အထက်မှာရှိပါတယ်။ အာဆီယံရဲ့ ဝန်ဆောင်မှုကုန်သွယ်ခြင်း ပမာဏဟာ ၂၀၀၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ (၂၅၄) ဘီလီယံရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်မှာ (၅၉၀) ဘီလီယံနဲ့ ၂၀၁၇ ခုနှစ်မှာ (၇၀၀) ဘီလီယံ အထိ အလျင်အမြန် တိုးတက်နေတာကို တွေ့ရပါတယ်။
၃။ ဝန်ဆောင်မှုကဏ္ဍကြီးရဲ့ အရည်အသွေးနဲ့ စွမ်းဆောင်ရည်မြင့်မားခြင်းဟာ အခြေခံ အဆောက်အအုံ တည်ဆောက်ခြင်း၊ ကုန်သွယ်မှု လွယ်ကူလျင်မြန်စေခြင်း တို့ကနေတဆင့် တိုင်းပြည်စီးပွားရေး အဆောက်အအုံတခုလုံးရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို အဓိကပြဋ္ဌာန်းပြီး ကျန်းမာရေး၊ ပညာရေး တို့ကဲ့သို့သော အချို့သော ဝန်ဆောင်မှု ရရှိနိုင်မှုနဲ့ အရည်အသွေး တွေဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တဲ့ အလုပ်အကိုင်ရရှိရေး၊ ဆင်းရဲမွဲတေမှု လျှော့ချ ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး၊ ကျားမ တန်းတူညီမျှရေးဆိုတဲ့ လူမှုရေး ဆိုင်ရာ ကောင်းကျိုးတွေ ဆောင်ကျဉ်းလာနိုင်တဲ့အတွက် ထောက်ခံဆွေးနွေးရခြင်းဖြစ် ပါတယ်။
၎။ ATISA ဟာ ၁၉၉၅ ဒီဇင်ဘာ (၁၅) ရက်နေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အာဆီယံ ဝန်ဆာင်မှုဆိုင်ရာ မူဘောင်သဘောတူညီမှု (ASEAN Framework Agreement on Services) AFAS ကိုအကောင်အထည်ဖော်ဘို့ ဆက်စပ်သဘောတူစာချုပ်တခုဖြစ်ပြီး ၎င်းကို လက်မှတ်ထိုးခြင်းအားဖြင့် ဝန်ဆောင်မှုကဏ္ဍတွေအတွက် ပိုမိုတည်ငြိမ်ပြီး ကြိုတင်ခန့်မှန်း နိုင်တဲ့ စီးပွားရေးဝန်းကျင်ကောင်းတခု ဖော်ဆောင်တာဖြစ်လို့ ဝန်ဆောင်မှုကဏ္ဍမှာ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ပိုမိုဝင်ရောက်လာနိုင်ပြီး ဝန်ဆောင်မှုရယူတဲ့သူတွေလည်း ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင် မှုများကို ပိုမိုသက်သာတဲ့ဈေးနှုန်းနဲ့ သုံးစွဲလာနိုင်မှာ ဖြစ်ပါတယ်။
၅။ နိုင်ငံတကာကုန်သွယ်ရေးမှာ ကုန်ပစ္စည်းများကုန်သွယ်ခြင်းဟာ ကုန်သွယ်မဲ့ကုန်ပစ္စည်းကို နယ်စပ်ဖြတ်ကျော် တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်းဖြစ်လို့ ရိုးရှင်းပေမဲ့လဲ ဝန်ဆောင်မှု ကုန်သွယ်ခြင်း ကတော့ အမျိုးအစားနဲ့ သဘောသဘာဝ အရ ကျယ်ပြန့်လို့ နိုင်ငံတကာမှာ ဝန်ဆောင်မှုပေးခြင်းပုံစံ (၄) မျိုးကို အတိအလင်း ခွဲခြားပြဌာန်း ထားပါတယ်။ ဝန်ဆောင်မှု ပေးခြင်း ပုံစံ(၁) ကတော့ ဝန်ဆောင်မှုတခုခုကို နယ်စပ်ဖြတ်ကျော်ပြီး ပေးခြင်း (Cross-
Border Supply) ဖြစ်ပါတယ်။ မြင်သာတဲ့ဥပမာအားဖြင့် နိုင်ငံတကာလေကြောင်းနဲ့ ရေကြောင်း ဝန်ဆောင်မှုမျိုး ဖြစ်ပါတယ်။ ဝန်ဆောင်မှုပေးခြင်း ပုံစံ(၂) ကတော့ ဝန်ဆောင်မှု ရယူမဲ့သူက နယ်စပ်ဖြတ်ကျော်ပြီး ဝန်ဆောင်မှုကိုသုံးစွဲခြင်း (Consumption Abroad) ဖြစ် ပါတယ်။ ဥပမာအားဖြင့် နိုင်ငံရပ်ခြားမှာ ပညာသင်ယူခြင်း၊ ဆေးကုသမှု ခံယူခြင်းမျိုး ဖြစ်ပါ တယ်။ ဝန်ဆောင်မှုပေးခြင်း ပုံစံ(၃) ကတော့ ဝန်ဆောင်မှုပေးမဲ့သူက နယ်စပ်ဖြတ်ကျော်ပြီး
ဝန်ဆောင်မှုပေးခြင်း (Commercial Presence) ဖြစ်ပါတယ်။ ဥပမာအားဖြင့် နိုင်ငံခြားဘဏ် များ၊ အာမခံကုမ္ပဏီများ၊ ဆက်သွယ်ရေးကုမ္ပဏီကြီးများ ဖွင့်လှစ်ခြင်းတို့ဖြစ်ပါတယ်။ ဝန်ဆောင်မှုပေးခြင်း ပုံစံ(၄) ကတော့ ဝန်ဆောင်မှုပေးမဲ့သူက ခေတ္တခဏ နိုင်ငံဖြတ်ကျော်ပြီး ဝန်ဆောင်မှုပေးခြင်း (Movement of Natural Person) ဖြစ်ပါတယ်၊ ဥပမာအားဖြင့် နိုင်ငံတကာမှ ဆရာဝန်ကြီးများ ကမ္ဘာလှည့် ဆေးကုခြင်း၊ နိုင်ငံခြားတက္ကသိုလ်မှ ပါမောက္ခကြီးများ သင်တန်းလာရောက်ပို့ချခြင်း၊ ကမ္ဘာ ကျော် အနုပညာရှင်က နိုင်ငံတကာမှာ လိုက်လံဖျော်ဖြေခြင်း တို့ဖြစ်ပါတယ်။
၆။ နာယကကြီးရှင့် ဝန်ဆောင်မှုကုန်သွယ်ခြင်း ဖြေလျှော့ရာမှာ ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့ကြီး WTO ရဲ့ အထွေထွေဝန်ဆောင်မှုဆိုင်ရာ သဘောတူညီချက် (GATS) အခြေခံမူများဖြစ်တဲ့ ပွင့်လင်းမြင်သာခြင်း (Transparency)၊ အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း အမြင့်ဆုံးအခွင့်အရေး ပေးခြင်း (Most-favoured-Nation, MFN)၊ အဖွဲ့ဝင်နိုင်ငံ အချင်းချင်း အခွင့်အရေးတန်းတူ ပေးခြင်း (Non-Discrimination)၊ ဝန်ဆောင်မှုကုန်သွယ်ခြင်းကို အဖွဲ့ဝင်နိုင်ငံများအကြား စာချုပ်ပါ ကတိကဝတ်အတိုင်း ဈေးကွက်ဝင်ရောက်ခွင့်ပေးခြင်း (Market Access) နဲ့ မိမိတို့ပြည်တွင်း လုပ်ငန်းများနဲ့ တန်းတူအခွင့်အရေးပေးခြင်း (National Treatment) နဲ့ စာချုပ်အဖွဲ့ဝင်နိုင်ငံများ အကြား ဝန်ဆောင်မှုကုန်သွယ်ခြင်းကို တိုး၍ တိုး၍ ဖြေလျှော့ခြင်း (Progressive Liberalisation) တို့ကိုလိုက်နာရမှာဖြစ်ပါတယ်။
၇။ ATISA ကိုလက်မှတ်ထိုးလိုက်တဲ့ အဖွဲ့ဝင်နိုင်ငံများက Negative list approach နဲ့ ဝန်ဆောင်မှုကဏ္ဍစာရင်းကို ဖော်ပြဘို့လိုအပ်မှာဖြစ်ပါတယ်။ Negative list approach ဆိုတာကတော့ ဟန့်တားမဲ့ သို့မဟုတ် ဖြေလျှော့မှုမှာ မထည့်သွင်းမဲ့ ဝန်ဆောင်မှုကဏ္ဍတွေကို ဖော်ပြပြီး ၎င်းစာရင်းမှာ မပါဝင်တဲ့ ကျန်တဲ့ ဝန်ဆောင်မှုကဏ္ဍတွေ အားလုံးကို ဖွင့်လှစ် ဖြေလျှော့ပေးရမှာ ဖြစ်ပါတယ်။
၈။ နာယကကြီးရှင့် အချုပ်အားဖြင့်ပြောရရင် စာချုပ်အဖွဲ့ဝင်နိုင်ငံတခုစီက ဝန်ဆောင်မှု ကုန်သွယ်ခြင်း ကတိကဝတ်များကို စာရင်းပြုစုပြီး အတိအကျ ထုတ်ပြန်ကြေငြာရမှာဖြစ်လို့ ဘယ်ဝန်ဆောင်မှုမျိုးကို ဘယ်လောက် အတိုင်းအတာအထိ ဖြေလျှော့မယ်၊ မိမိတို့နိုင်ငံရဲ့ ဝန်ဆောင်မှုကဏ္ဍ ပြုပြင်ပြောင်းလဲရေးမှာ ဘယ်ကဏ္ဍတွေကို ဘယ်လိုဦးစားပေးစနစ်နဲ့ ပြုပြင် ပြောင်းလဲမယ်ဆိုတဲ့ မူဝါဒမူဘောင်နဲ့ စာချုပ်ပါအချက်အလက်များ ဘယ်လို အကောင် အထည်ဖော်မယ်၊ ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်း၊ ယန္တရားများ ဘယ်လို တည်ထောင်မယ် ဆိုတဲ့ အသေးစိတ်အစီအစဉ်ကို စီမံချက်ရေးဆွဲ အကောင်အထည်ဖော်မှသာ စာချုပ်အဖွဲ့ဝင် နိုင်ငံ ဖြစ်ရခြင်းရဲ့ အကျိုးကျေးဇူးတွေကို ထိထိရောက်ရောက် ခံစားနိုင်မှာဖြစ်ပါကြောင်း တိုက်တွန်းရင်း နိဂုံးချုပ် လိုက်ရပါတယ်ရှင့်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ဖက်ဒရယ်ဟူသောစကားရပ်သည် “Foedus” နှင့်”Fedes” ဟူသောစကားလုံးနှစ်လုံးကို ပေါင်းစပ်ပြီး ဆင်းသက်လာတာဖြစ်ပါတယ်။ ဖက်ဒရယ်ရဲ့ အဓိ...
11/01/2021

ဖက်ဒရယ်ဟူသောစကားရပ်သည် “Foedus” နှင့်”Fedes” ဟူသောစကားလုံးနှစ်လုံးကို ပေါင်းစပ်ပြီး ဆင်းသက်လာတာဖြစ်ပါတယ်။ ဖက်ဒရယ်ရဲ့ အဓိပ္ပါယ်ကတော့ သဘောတူစာချုပ်ချုပ်ဆိုခြင်း (ဝါ) ပဋိညာဉ် ပြုလုပ်ခြင်း ဖြစ်ပါတယ်။
ပြည်ထောင်စုစနစ်မှာတော့ ဗဟိုအစိုးရ(ပြည်ထောင်စုအစိုးရ) ရဲ့ အာဏာနဲ့ ပြည်ထောင်စုအဖွဲ့ဝင် ဒေသန္တရ (ပြည်နယ်/ ဒေသ) အစိုးရတွေရဲ့ အာဏာတွဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ ဆင်းသက် လာ တာဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုမှာ ပါဝင်တဲ့ ပြည်နယ်/ဒေသ တစ်ခုနဲ့ တစ်ခုကြားက အာဏာ ခွဲဝေမှု၊ ပြည်နယ်တွေနဲ့ ဗဟို(ပြည်ထောင်စု) အစိုးရကြားက အာဏာခွဲဝေမှုတွေကို အခြေခံဥပဒေအရ ရေးဆွဲပြဌာန်းထား ကြပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုဝင် ပြည်နယ်/ ဒေသတွေရဲ့ ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ခွင့်တွေနဲ့ အတိုင်းတာ ကိုလည်း အခြေခံဥပဒေထဲမှာ ထည့်သွင်းပြီး ရေးဆွဲပြဌာန်းထားကြပါတယ်။
ဖက်ဒရယ်စနစ်ဆိုတာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Self-Rule) နဲ့ စုပေါင်းမျှဝေအုပ်ချုပ်ခွင့်(Shared-Rule) တွေ ကို အတူပူးပေါင်းပြီး ကျင့်သုံးတဲ့ စနစ်မျိုးပဲဖြစ်ပါတယ်။ Credit : KEM

ပြည်သူ့ရှေ့ဆောင်ပါတီPeople's Pioneer Party (PPP)-----------------------------------(၇၃)နှစ်မြောက် ကချင်ပြည်နယ်နေ့ကို ပြည...
10/01/2021

ပြည်သူ့ရှေ့ဆောင်ပါတီ
People's Pioneer Party (PPP)
-----------------------------------
(၇၃)နှစ်မြောက် ကချင်ပြည်နယ်နေ့ကို ပြည်သူ့ရှေ့ဆောင်ပါတီ မှ ပေးပို့သည့်သဝဏ်လွှာ

ပါတီဝင်များအတွက် Smart card တွေ ပြုလုပ်ပေးနေပါပြီ။
05/01/2021

ပါတီဝင်များအတွက် Smart card တွေ ပြုလုပ်ပေးနေပါပြီ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when PPP - People's Pioneer Party - Tharkayta Township posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share