29/01/2021
မြောက်ဥက္ကလာပမြို့နယ် ကျန်းမာရေးဌာန ဝန်ထမ်းများအတွက် Otsuka Myanmar Co.,Ltd က လှူဒါန်းထားသော Pocari Sweat ကို CCCNမှ သွားရောက်လှူဒါန်း
မြောက်ဥက္ကလာပမြို့နယ် ကျန်းမာရေးဌာန တာဝန်ထမ်းဆောင်နေသည့် ဆရာ ဆရာမများ အတွက် သောက်သုံးရန် Otsuka Myanmar Co.,Ltd မှလှူဒါန်းထားသည့် Pocari Sweat (၂၄)ဗူးပါ ၂၄ ဖာကို COVID-19 Community Centre North Okkalapa (CCCN) မှ တာဝန်ရှိသူများက ဇန်နဝါရီလ ၂၈ ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါသည်။
အလှူရှင်များ၏ လှူဒါန်းမှုအားလုံးသည် မြို့နယ်အတွင်း COVID-19 နှင့် ပတ်သက်သည့် လိုအပ်နေသည့် နေရာများသို့ လှူဒါန်းမှုအားလုံးကို ပြန်လှူဒါန်းပေးနေခြင်းဖြစ်ကြောင်း အသိပေးအပ်ပါသည်။
CCCN တွင် ပါဝင်လုပ်ကိုင်ဆောင်ရွက် နေသူများအတွက် အလှူရှင်များ၏ လှူဒါန်းမှုများကို လုံးဝ (လုံးဝ) သုံးစွဲခြင်း မရှိပါ။ ပါဝင်လုပ်ကိုင်ဆောင်ရွက်နေသူများအားလုံးသည် စေတနာအပြည့်ဖြင့်သာ ပါဝင်ကူညီဆောင် ရွက်နေခြင်းဖြစ်ကြောင်း အသိပေးပါသည်။
ဆက်သွယ်ရန်ဖုန်း - 09799468112
COVID-19 Community Centre North Okkalapa (CCCN)