City Kids Zone

City Kids Zone City Kids Zone is designed & configured to create superior value by raising physical, personal develo

မေမေတို့ခေတ်နဲ့ သားသားမီးမီးတို့ခေတ် ဘာတွေကွာခြားသွားတယ်ထင်လဲ❓မေမေတို့ခေတ်တုန်းက အရိပ်အာဝါသကောင်းတဲ့ သစ်ပင်ကြီးတွေအောက်မ...
24/04/2026

မေမေတို့ခေတ်နဲ့ သားသားမီးမီးတို့ခေတ် ဘာတွေကွာခြားသွားတယ်ထင်လဲ❓

မေမေတို့ခေတ်တုန်းက အရိပ်အာဝါသကောင်းတဲ့ သစ်ပင်ကြီးတွေအောက်မှာ သူငယ်ချင်းတွေနဲ့
ကစားနည်းအစုံကိုကစားခဲ့ကြတာလေ။

သားသားမီးမီးတို့ခေတ်မှာတော့ ခေတ်ကာလရေစီးကြောင်းနဲ့ ကစားပုံကစားနည်းတွေပြောင်းလဲလာသလို ကလေးတွေ အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်စွာဆော့ကစားနိုင်တဲ့ City Kids Zone လို ကစားကွင်းကြီးတွေ ရှိလာပြီဆိုတော့ မေမေတို့ခေတ်တုန်းကလိုပဲ သူငယ်ချင်းတွေနဲ့ဆော့ကစားလို့ရတဲ့ Safe Zone လေးရှိလာတာပေါ့။

သားသားမီးမီးတို့အတွက်လည်း Safe Zone ဖြစ်၊ ဖေဖေမေမေတို့အတွက်လည်း စိတ်ချလက်ချထားခဲ့လို့ရတဲ့နေရာလေးဆိုတော့ ဒီခေတ်ကလေးတွေအတွက် City Kids Zone ကအကောင်းဆုံး Paradise လေးပဲပေါ့နော်…🥳

သားသားမီးမီးတို့ ဉာဏ်ဘယ်လောက်ကောင်းလဲ မေးကြည့်မယ်…🤗ဒါလေးက သားသားမီးမီးတို့အကြိုက်ဆုံး နေရာလေးတစ်ခုပါတဲ့ မေမေတို့ရေ…။ ကဲ…...
21/04/2026

သားသားမီးမီးတို့ ဉာဏ်ဘယ်လောက်ကောင်းလဲ မေးကြည့်မယ်…🤗

ဒါလေးက သားသားမီးမီးတို့အကြိုက်ဆုံး နေရာလေးတစ်ခုပါတဲ့ မေမေတို့ရေ…။

ကဲ… ဘာလေးဖြစ်မလဲစဉ်းစားပြီးရင် ကွန်းမန့်မှာ အဖြေပေးခဲ့ဦးနော် 💭

မြန်မာတို့ရဲ့ အထွဋ်အမြတ်ထားရာ မြန်မာ့နှစ်သစ်ကူး အချိန်အခါသမယမှာ ဖေဖေမေမေ၊ သားသားမီးမီးတို့ မိသားစုအားလုံး သာယာပျော်ရွှင်...
16/04/2026

မြန်မာတို့ရဲ့ အထွဋ်အမြတ်ထားရာ မြန်မာ့နှစ်သစ်ကူး အချိန်အခါသမယမှာ ဖေဖေမေမေ၊ သားသားမီးမီးတို့ မိသားစုအားလုံး သာယာပျော်ရွှင်ဖွယ်ရာ
နှစ်သစ်ကူးအခါသမယလေးကို ပိုင်ဆိုင်ကြပါစေကြောင်း City Kids Zone မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 💫

သားသားမီးမီးတို့အတွက် တစ်နေ့တာ Screen time နည်းစေမယ့် အချိန်ဇယားလေးက ဘယ်လိုလေးဖြစ်မလဲ 🤔မနက်ခင်းပိုင်း - မနက်ခင်းပိုင်းက ...
14/04/2026

သားသားမီးမီးတို့အတွက် တစ်နေ့တာ Screen time နည်းစေမယ့် အချိန်ဇယားလေးက ဘယ်လိုလေးဖြစ်မလဲ 🤔

မနက်ခင်းပိုင်း - မနက်ခင်းပိုင်းက ဦးနှောက်ကို လန်းဆန်းစေတဲ့အချိန်မို့ Creativity ကောင်းတဲ့
ပုံဆွဲခိုင်းတာမျိုး၊ အရုပ်ဆက်ခိုင်းတာမျိုးတွေ လုပ်သင့်ပါတယ်။

နေ့လည်ပိုင်း - နေ့လည်ပိုင်းဆိုတာ ထမင်းစားပြီး Screen time အများဆုံးသုံးတဲ့အချိန်
ဖြစ်တာကြောင့် ဒီအချိန်မှာ ကလေးကိုတရေးတမောအိပ်ခိုင်းတာမျိုး၊ ဆော့ကစားခိုင်းတာမျိုး လုပ်သင့်ပါတယ်။

ညနေခင်းပိုင်း - ညနေခင်းပိုင်းတွေဆို စာဖတ်ခိုင်းတာဖြစ်ဖြစ်၊ Puzzle ဂိမ်းကစားခိုင်းတာမျိုးဖြစ်ဖြစ် စိတ်ငြိမ်စေမယ့်ကစားနည်းမျိုး လုပ်ခိုင်းသင့်ပါတယ်။

ညပိုင်း - ညပိုင်းမှာဆိုရင် ကလေးတွေစိတ်ဝင်စားတဲ့ ကစားနည်းတစ်မျိုးမျိုးကို လူကြီးတွေအနေနဲ့ အချိန်ပေးပြီးအတူတူဆော့ပေးသင့်ပါတယ်။

ဒီအချက်တွေကို ဂရုတစိုက်လုပ်ပေးဖြစ်တယ်ဆိုရင်တော့ သားသားမီးမီးတို့ရဲ့ Screen Time က
သိသိသာသာလျော့နည်းလာစေမှာအသေအချာပါပဲနော်။

✨ ဘေဘီလေးပြုံးပျော်နေတာ မြင်နေရရင်ကို ပီတိဖြာနေတတ်တာ မေမေတို့ရဲ့ သဘာဝပဲလေနော်။🔫 ဒီသင်္ကြန်ပိတ်ရက်မှာလည်း ဘေဘီလေးတစ်ယောက်...
10/04/2026

✨ ဘေဘီလေးပြုံးပျော်နေတာ မြင်နေရရင်ကို
ပီတိဖြာနေတတ်တာ မေမေတို့ရဲ့ သဘာဝပဲလေနော်။

🔫 ဒီသင်္ကြန်ပိတ်ရက်မှာလည်း ဘေဘီလေး
တစ်ယောက် ပျော်ရွှင်ပြုံးပျော်ပြီး မမေ့နိုင်စရာ အမှတ်တရတွေ ဖန်တီးနိုင်စေဖို့ဆိုရင်တော့…

ကစားစရာတွေအစုံ၊ ကစားနည်းတွေ အစုံရှိပြီး ကလေးတိုင်းပျော်ကြတဲ့ City Kids Zone ကိုသာ
ပို့ထားလိုက်တော့နော် 🥳

မင်္ဂလာပါရှင့်။ April 11 ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသော Pre Thingyan Dance Competitionမှာအ မျိုးမျိုးသော အခက်အခဲများကြ...
10/04/2026

မင်္ဂလာပါရှင့်။
April 11 ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသော Pre Thingyan Dance Competitionမှာအ မျိုးမျိုးသော အခက်အခဲများကြောင့် ပြိုင်ပွဲအစီအစဉ်အား ဆက်လက်မကျင်းပနိုင်တော့ကြောင်း အသိပေးအပ်ပါသည်။
ပြိုင်ပွဲတွင် ပါဝင်ရန် စီစဉ်ထားသူများနှင့် စိတ်ဝင်စားအားပေးခဲ့ကြသောသူများအား အထူးတလည် တောင်းပန်အပ်ပါသည်။
သို့ရာတွင် April 11 ရက်နေ့တွင် အစီအစဉ်အရ Entertainment အစီအစဉ်များနှင့် စတုဒိသာ ကျွေးမွေးခြင်း အစီအစဉ်များကို ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။
ပိုမိုကောင်းမွန်သော အစီအစဉ်များဖြင့် ပြန်လည်ကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုအခြေအနေအပေါ် နားလည်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။
ကျေးဇူးတင်ရှိပါသည်။

👩‍🍳🍳 Little Chef @ Home 🍓✨သားသားမီးမီးတို့ရဲ့ Cooking Talent ကို ပြသဖို့ အခွင့်အရေးလာပါပြီ! 🎉သင်္ကြန်အတွင်း အိမ်မှာနေရင်...
10/04/2026

👩‍🍳🍳 Little Chef @ Home 🍓✨

သားသားမီးမီးတို့ရဲ့ Cooking Talent ကို ပြသဖို့ အခွင့်အရေးလာပါပြီ! 🎉
သင်္ကြန်အတွင်း အိမ်မှာနေရင်းပဲ ပျော်ပျော်ရွှင်ရွှင် ပါဝင်နိုင်မယ့် Fun Cooking Challenge လေး 👨‍👩‍👧‍👦💛

📅 10th to 24th April
🎥 Video ရိုက်ပြီး တင်ရုံနဲ့ Join လို့ရပါပြီ!

📌 ဘယ်လိုပါဝင်ရမလဲ

အသက် 6–11 နှစ် ကလေးများသာ ပါဝင်နိုင်သည်။
မီးအသုံးပြုရန်မလိုသော Menu တစ်ခု ပြုလုပ်ရမည်။
ယဉ်ပြိုင်သူ၏အမည်၊ ချက်ပြုတ်ပုံ၊ နောက်ဆုံးပြင်ဆင်ပုံပါသောသည့် ၁မိနစ်မှ ၃မိနစ်အတွင်း ရိုက်ထားသောVideo ကို City Kids Zone pageတွင်Comment မန့်ပေးရပါမည်။
🛑 စည်းကမ်းချက်များ
• မိဘ/အုပ်ထိန်းသူ၏ ကြီးကြပ်မှု မဖြစ်မနေလိုအပ်ပါသည်။
• မီးနှင့် အန္တရာယ်ရှိသော ကိရိယာများကို မသုံးစွဲရပါ။
• တင်သွင်းမည့် Video သည် မူရင်း (Original) ဖြစ်ရပါမည်။
• စည်းကမ်းချက်များနှင့် မကိုက်ညီသော Video များကို ပယ်ဖျက် (Disqualify) ပြုလုပ်သွားမည်ဖြစ်ပါသည်။
• ဧပြီလ (၂၄) ရက်နေ့ ည (၁၂) နာရီကျော်လွန်၍ တင်သွင်းလာသော Video များကို လက်ခံစဉ်းစားမည် မဟုတ်ပါ။
• Online မှ ပါဝင်ယှဉ်ပြိုင်သူများအနက်မှ နောက်ဆုံးရွေးချယ်ခံရသူ (၂၀) ဦးကို ရွေးချယ်သွားမည်ဖြစ်ပြီး Final Round ကို City Mall St. John ၏ Promotion Area တွင် ကျင်းပသွားမည်ဖြစ်ပါသည်။
• Finalist (၂၀) ဦးအနက်မှ အနိုင်ရရှိသူကို နောက်ဆုံးရွေးချယ်သတ်မှတ်သွားမည်ဖြစ်ပါသည်။

အမှတ်ပေးစည်းမျဉ်းများ
• တီထွင်ဖန်တီးနှိုင်မှု – 40%
• တင်ဆက်ပြသမှု – 40%
• likes/comments ရရှိမှု – 20%

🏆 Prizes

🥇 1st Prize – 200,000 MMK Gift Voucher + More
🥈 2nd Prize – 100,000 MMK Gift Voucher + More
🥉 3rd Prize – 50,000 MMK Gift Voucher + More

👉 ဒီသင်္ကြန်မှာ သားသားမီးမီးတို့ကို Little Chef ဖြစ်အောင် လှုပ်ရှားကြမယ်နော်! 💦✨

Something Fun Is Coming…   သားသားမီးမီးတို့ရဲ့ talent လေးတွေကို မြင်တွေ့ရမယ့် အချိန်ရောက်လာပါပြီ… 💛သားသားမီးမီးတို့အတွက်...
07/04/2026

Something Fun Is Coming…
သားသားမီးမီးတို့ရဲ့ talent လေးတွေကို
မြင်တွေ့ရမယ့် အချိန်ရောက်လာပါပြီ… 💛
သားသားမီးမီးတို့အတွက်
အိမ်မှာနေရင်းပဲ ပျော်ပျော်ရွှင်ရွှင် ပါဝင်လို့ရမယ့်
FUN Campaign လေးတစ်ခု ပြင်ဆင်ထားပါတယ် 👩‍🍳👨‍🍳
👀 “Little Chef” ဆိုတဲ့ exciting activity တစ်ခု
မကြာခင်မှာ ရောက်ရှိလာတော့မယ်နော်!
-ချက်ပြုတ်တာကိုချစ်တဲ့ ကလေးလေးတွေ
-Creativity အပြည့်နဲ့ fun လုပ်ချင်တဲ့ kids တွေ
-မိဘတွေနဲ့အတူ quality time ဖြတ်သန်းချင်သူတွေအတွက်ဒီအစီအစဉ်က မလွတ်သင့်တဲ့ အခွင့်အရေးတစ်ခုပါ!
အိမ်ထဲကနေပါ ပါဝင်နိုင်မယ့် activity လေးမလို့Ready လုပ်ထားနော်…
Stay tuned for more details! 🔔

မေမေတို့ရဲ့ သားသားမီးမီးတို့ အကြိုက်ဆုံးကစားနည်းက ဘယ်တစ်ခုဖြစ်မလဲ? ခုန်ပေါက်လို့ကောင်းတဲ့ Trampoline ပျော်စရာကောင်းတဲ့ လ...
04/04/2026

မေမေတို့ရဲ့ သားသားမီးမီးတို့ အကြိုက်ဆုံးကစားနည်းက ဘယ်တစ်ခုဖြစ်မလဲ?

ခုန်ပေါက်လို့ကောင်းတဲ့ Trampoline
ပျော်စရာကောင်းတဲ့ လျှောစင်ကြီး

သားသားမီးမီးတို့ရဲ့ အကြိုက်ဆုံးကစားနည်းကို ကွန်းမန့်မှာ မျှဝေပေးသွားဦးနော် 😍

🛝 ဘယ်ကစားကွင်းပဲရောက်ရောက် လျှောရှိတဲ့နေရာကိုပဲ အရင်ဆုံး အပြေးလေးသွားတတ်တဲ့ သားသား၊ မီးမီးတို့အတွက်…City Kids Zone မှာဆိ...
02/04/2026

🛝 ဘယ်ကစားကွင်းပဲရောက်ရောက် လျှောရှိတဲ့နေရာကိုပဲ အရင်ဆုံး အပြေးလေးသွားတတ်တဲ့ သားသား၊ မီးမီးတို့အတွက်…

City Kids Zone မှာဆို Slide မျိုးစုံရှိတာဆိုတော့ ကြိုက်ရာရွေးရုံပဲနော် 🥳

👯‍♂️ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ကြီး စီးလို့ရမယ့် Triple Slide

🏠 အိမ်လေးထဲဝင်ပြီး လျှောလေးကနေတဆင့် ဆင်းလို့ရမယ့် Playhouse with Slide

🛝 ရိုးရိုးလျှောတွေနဲ့မတူဘဲ လှိုဏ်ဂူလေးထဲ ရောက်သွားသလို ခံစားရစေမယ့် Tube Slide

စသဖြင့် လျှောအမျိုးအစားတွေ အများကြီးရှိတာဆိုတော့ မျိုးစုံကြိုးခုန် ဆော့လို့ရပြီပေါ့။

ဒါဆို လျှောကြိုက်တတ်တဲ့ အိမ်က ဆည်းလည်းလေးတွေအတွက် ပျော်ရွှင်မှုတွေဖန်တီးပေးဖို့ City Kids Zone ကိုသာ လှမ်းခဲ့လိုက်တော့နော်… ဖေဖေ၊ မေမေတို့ရေ 😍

Address

No. (6), Corner Of Pyay Road &, Min Ye Kyaw Zwa Road, Myanmar (Burma)
Yangon
11131

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Alerts

Be the first to know and let us send you an email when City Kids Zone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to City Kids Zone:

Share

Category