17/09/2026
ယနေ့ ဒလမြို့နယ်ရှိ (New Humanity International) NHI - I C.A.R.E. ပြန်လည်သန်စွမ်းရေးစင်တာသို့ သွားရောက်ခဲ့ပြီး ဉာဏ်ရည်နှင့် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ မသန်စွမ်းမှုရှိသော ကလေးငယ်များကို ကူညီစောင့်ရှောက်ပေးနေသည့် အကြောအဆစ်ပြန်လည်သန်စွမ်းရေးပညာရှင်များနှင့် တွေ့ဆုံခဲ့ပါသည်။
ကလေးငယ်များနှင့််အတူ ပျော်ရွှင်စရာအချိန်များကို ဖြတ်သန်းခဲ့ရပြီး စင်တာသို့ ရောက်ရှိလာပြီးနောက် သူတို့၏ တိုးတက်ပြောင်းလဲလာမှုများကို မြင်တွေ့ရသည့်အတွက် အလွန်ဝမ်းသာမိပါသည်။
ကလေးငယ်များအပေါ် ဂရုတစိုက်၊ စိတ်ရှည်စွာဖြင့် မေတ္တာထားကာ ကူညီပေးနေကြသည့် အကြောအဆစ်ပြန်လည်သန်စွမ်းရေးပညာရှင်များအားလုံးနှင့် နွေးထွေးစွာ ကြိုဆိုပေးခဲ့ကြသည့် အဖွဲ့သားများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ 💙
Today, we visited the NHI - I C.A.R.E. Rehabilitation Center in Dala and met the physiotherapists who work with children with intellectual and physical disabilities.
We had a lovely time with the children and were very happy to see how much they have improved since coming to the center.
A big thank you to all the physiotherapists for their care, patience and dedication, and to the whole team for the warm welcome.