Towards the goal of success

Towards the goal of success ကြိုးစားပါအသစ်ဆန်းတွေကိုရှာဖွေပါ မနက်ဖြန်တိုင်းမှာနိုးထပါ

ခပ်ညံ့ညံ့မဟုတ်သော မြန်မာနိုင်ငံသား     ဖိလစ်မောင်နာမည်အရင်းက မောင်ဖုန်းလွင် ဖြစ်ပါတယ်။မြန်မာနိုင်ငံသားဖြစ်ပြီးဘာလို့ ဖိလ...
28/09/2022

ခပ်ညံ့ညံ့မဟုတ်သော မြန်မာနိုင်ငံသား

ဖိလစ်မောင်နာမည်အရင်းက မောင်ဖုန်းလွင် ဖြစ်ပါတယ်။မြန်မာနိုင်ငံသားဖြစ်ပြီးဘာလို့ ဖိလစ်မောင်ဖြစ်နေတာလည်းလို့တွေးမိလိမ့်မယ်။ အောက်မှာ သူရဲ့အဆက်ဆက်နဲ့ရှင်းပြသွားပါ့မယ်။ ဖိလစ်မောင်အဘ်ိုးဟာတရုတ်ပြည်မကြီးကဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်ဖြစ်တော့မြန်မာနိုင်ငံကိုလာရောက်အခြေစိုက်တယ်။ ဖိလစ်ဟာငယ်စဉ်ကတည်းက သူ့အဖေနဲ့ ဝက်ခေါက်ကင်တွေကူရောင်းပေးရပါတယ်။ငယ်စဉ်ကတည်းကဆင်းရဲမှဒဏ်ကိုသိတယ့်အတွက်ဖိလစ်ဟာအောင်မြင်လိုစိတ်ရှိလာပါတယ်။သူဟာငယ်စဉ်ကကတည်းက အောင်မြင်သူတွေရဲ့စာအုပ်ကိုဖတ်လေ့ဖတ်ထရှိတယ်။ဖိလစ်ဟာအင်္ဂလိပ်ဝတ္ထုအရှည်တွေကိုဖတ်လေ့ရှိတယ်။How to win friends and influence people ဆိုတယ့်စာအုပ်ထဲကလူတွေနဲ့ပေါင်းသင်းဆက်ဆံရေးပညာကို လက်တွေ့အသုံးချလာတယ်။သူဟာဆင်းရဲတွင်းကလွတ်အောင်စာကြိုးစားမယ်ဆိုပြီးဆုံးဖြတ်ချက်ကိုချခဲ့တယ်။ ဖိလစ်၁၀တန်းကိုဂုဏ်ထူးနဲ့အောင်မြင်ခဲ့တယ်။ ဆေးကျောင်းမှတ်မှီလို့ဆေးကျောင်းကိုတက်ရောက်ခဲ့တယ်။ ဆေးကျောင်းတက်ပြီး ၃ လ အကြာမှာ ဖိလစ်မိဘတွေက နိုင်ငံခြားသား(FRC) ဖြစ်နေလို့ ဆေးကျောင်းကထုတ်လိုက်တယ်။ အဲ့ဒီခေတ်မှာအစိုးရက နိုင်ငံခြားသွေးနှောသူတွေကိုဆရာဝန် အင်ဂျင်နီယာစတယ့် အသက်မွေးဝမ်းကြောင်းတကသိုလ်တွေမှာသင်ယူခွင့်မရှိဘူး။ ရိုးရိုးမေဂျာဘာသာရပ်တွေကိုပဲသင်ယူခွင့်ရှိတယ်။၁၉၈၇ခုနှစ်မှာ ရန်ကုန်ဝိဇ္ဇာနဲ့တက္ကသိုလ်မှာသိပ္ပံဘွဲ့ရခဲ့တယ်။ ထိုင်ဝမ်က တက္ကသိုလ်တစ်ခုကို ကျောင်းတက်ခွင့်လျှောက်လိုက်တယ်။တက်ရောက်ခွင့်ပါရပြီး ပညာသင်ဆုကိုပါရခဲ့တယ်။ ထိုင်ဝမ်ကိုထွက်သွားပြီးကျောင်းသွားတက်တယ်။ ဖိလစ်ဟာ တရုတ်စာမှာ အားနည်းတယ့်အတွက်ကြောင့်သူဟာ ကျောင်းကထွက်လိုက်တယ်။ ၁၉၈၉ခုနှစ်မှညလက်ထဲရှိတယ့်ပိုက်ဆံလေးနဲ့ အမေရိကန်ကို သွားတယ်။အမေရိကန်ရောက်တော့ ဖိလစ်ဟာ အလုပ်ရတော့အခန်းကျဉ်းလေးတစ်ခန်းငှားနေတယ်။သူဟာဆိုရင်ကားရေဆေး ဆီဖြည့်စတယ့်လုပ်ငန်းမျိုးစုံကိုလုပ်တယ်။ဖိလစ်တစ်ယောက်တစ်နေ့ခေါင်းထဲကိုအတွေးတစ်ခုဝင်လာတယ် သူလုပ်နေတယ့်အလုပ်ကတကယ်ရောစိတ်ဝင်စားဆိုပြီး တွေးလာတယ်။ ဖိလစ် သေချာတွေးတော့သူစိတ်ဝင်စားတာ ဒီအလုပ်တွေမဟုတ်ပဲ သူစိတ်ဝင်စားတာ အစားသောက်တွေရောင်းတာဆ်ိုတာ သိလာတယ်။အစားသောက်ရောင်းတာဒီအချိန်အကောင်းဆုံးပဲလို့သူထင်တာ်။ ဒါကြောင့်အမေရိကန်လူမျိုးတွေဟာအစားသောက်အရမ်းစားတာကြောင့် အစားသောက်လုပ်ငန်းလုပ်ရင်မရှုံးဖူးဆိုတာ သူတွေးတယ်။အမေရိကန်မှာဆူရှီ ဆိုင်တွေတစ်နေ့တစ်ခြားများလာတယ်။ အမေရိကန်လူမျိုးတွေကလည်းဆူရှီကို နှစ်ခြိုက်စွာစားလာတယ်။ဆူရှီ ဆိုတာ (ထမင်းနှင့်ငါးစိမ်း ရေညှိနဲ့လုပ်ထားတဲ့ ဂျပန်အစားအစာ) ဖြစ်ပါတယ်။ မျက်စိနဲ့ခန့်မှန်းရအောင်ပြောပြခြင်းဖြစ်ပါတယ်။ဖိလစ်ဟာ ဆိုင်တစ်ဆိုင်ကိုသွားပြီးဆူရှီဆိုင်သွားစားတယ်။ဆူရှီကိုကြိုက်သွားသလို ဆိုင်ရဲ့သပ်ရပ်မှု အပြင်အဆင်ကိုလည်းသဘောကျသွားတယ်။ အမေရိကန်မှာ ဆူရှီဆိုင်ဖွင့်ဖို့ငွေးကြေး သူ့လက်ထဲမှာမရှိခဲ့ဘူး။သူဟာ အမေရိကန်နိုင်ငံက မြို့တစ်ချို့မှာ AFCဆူရှီဆိုင်တွေဖွင့်ထားတယ့်သူဌေး (Rancho Dominguez ) ကိုသွားတွေ့ပြီးတော့ သူနေတယ့်လော့စ်အင်ဂျဲလိစ့်မှာဆူရှီဆိုင်ဖွင့်ခွင့်တောင်းတယ်။ဖိလစ်ဟာရတဲ့အမြတ်ကို ခွဲပေးမယ်လိုရန်ချို့ကို ပြောတယ်။သူငှေးကြီးကလည်းသူရဲ့စိတ်အားထက်သန်ပုံကို သဘောကျပြီး ဆူရှီဆိုင်ဖွင့်ခွင့်ပေးလိုက်တယ်။ဖိလစ်ဟာနေ့မအိပ်ညမအိပ်လေ့လာတယ်။ဖိလစ်က
"ကျွန်တော်အဓိက ထားလေ့လာတာကတော့ လာစားသူတွေကိုဘယ်လိုဆက်ဆံရမယ်။ဘယ်လိုဝန်ဆောင်မှုပေးရမယ်ဆိုတာပါပဲ။
ပစ္စည်းရောင်းခြင်းထက်ဝန်ဆောင်မှုပေးခြင်းက ပိုအဓိကကျပါတယ်လို့"ပြောပါတယ်။လအနည်ယငယ်ကြာတယ့်အချိန်မှာဖိလစ်ဟာ ဖလာ်ရီးဒါးပြည်နယ် အော်လန်ဒိုမြို့မှာ AFCလက်အောက်ခံ ဆူရှီဆိုင်တွေ ဖွင့်လာပါတယ်။ဖိလစ်ဟာသူငှေးတော်တော်များများနဲ့ရင်းနှီးခဲ့တယ်။အဲ့ဒီလူတွေကသူ့ကိုကိုယ်ပိုင်ဆူရှီဆိုင်ဖွင့်ဖို့တိုက်တွန်းခဲ့တယ်။နောက်၂ နှစ်အကြာ ၁၉၉၈ မှာဖိလစ်ဟာဆူရှီရောင်းတာ ကျွမ်းကျင်လာတာကြောင့်သူဟာ AFCနဲ့ လုပ်ငန်းဆက်မလုပ်ပဲ ရပ်နားခဲ့တယ်။ကိုယ်ပိုင်ဆိုင်လေးတစ်ဆိုင်ဖွင့်ခဲ့တယ်။ ဆိုင်နာမည်က(Hissho Sushi) ဖြစ်ပါတယ်။ Hissho ဆိုတာ ဂျပန်လို Certain Victory " ကျိန်းသေပေါက် အောင်မြင်မှု"လို့ အဓိပါယ်ရပါတယ်။နယူးယောက်မြို့မှာကျင်းပတယ့် သင်္ကြန်ပွဲမှာ Kristina Tong ဆိုတယ့်မြန်မာအမျိုးသမီးလေးနဲ့ဆုံတွေ့ခဲ့ပြီးချစ်ကြိုက်ခဲ့တယ်။ ဖိလစ်ဟာ ချားလော့ နယ်မြေမှာ ဖွင့်တယ့် ဟီရှိုဆူရှီု ဆိုင်ဟာအရမ်းရောင်းအားကောင်းလာခဲ့တယ်။ဆိုင်သစ်တွေတိုးချဲ့လာခဲ့တယ်။ ၁၀ နှစ်တာကာလ ဖိလစ်ဟာဆိုင်တွေအများကြီးတိုးချဲ့နိုင်သလို ဝန်ထမ်းတွေလည်းအများကြီးခန့်အပ်နိုင်လာတယ်။အမေရိကန်ရဲ့ပြည်နယ်ပေါင်း ၄၀ ကကုန်တိုက်တွေ လေဆိပ်တွေ
ဆေးရုံကြီးတွေ တက္ကသိုလ်တွေ စစ်တပ်တွေမှာ ဟီရှိုဆူရှီ ဆိုင်ပေါင်း ၇၀၀ ကျော်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်က အမေရိကန်နိုင်ငံကစီးပွားရေးတဟုန်ထိုးကျဆင်းနေလို့ ဖိလစ်ဟာ အမေရိကန်လာမျိုးတွေကို အလုပ်ပေးနိုင်ခဲ့တယ်။ ၂၀၁၁ အိုဘားမား အိမ်ဖြူတော်ကို ဖိတ်ပြီး စီးပွားရေးလုပါငန်းရှင်တွေကို ဂုဏ်ပြုတယ့်အခန်းနားမှာ ဖိလစ်ဟာပါဝင်ခဲ့ရသလို သမ္မတ ကတော်ထိုင်တယ့်ရှေ့ဆုံးတန်းက ခုံမှာ နေရာယူထိုင်ခွင့်ရခဲ့ပါတယ်။ဖိလစ်ဟာ အခု ဒေါ်လာသန်း ၅၀ လောက်တန်တယ့် အမေရိကန်ရဲ့ဆူရှီအင်ပါယာကြီးကို ပိုင်ရှင်အနေနဲ့ရော CEOအဖြစ်နဲ့ပါလုပ်ဆောင်ရင်း မီလျံနာသန်းကြွယ်သူဌေးတစ်ယောက်ဖြစ်နေပါပြီ။

တရုတ်နိုင်ငံရဲ့ စွန်းဦးတီထွင်သူဂျက်မား    ဂျက်မားကိုတရုတ်နိုင်ငံ ဟန်ဇိုးမြို့လေးမှာ ၁၉၆၄ ခုနှစ် စက်တင်ဘာ ၁၀ ရက်မှာ မွေးဖ...
26/09/2022

တရုတ်နိုင်ငံရဲ့ စွန်းဦးတီထွင်သူဂျက်မား

ဂျက်မားကိုတရုတ်နိုင်ငံ ဟန်ဇိုးမြို့လေးမှာ ၁၉၆၄ ခုနှစ် စက်တင်ဘာ ၁၀ ရက်မှာ မွေးဖွားခဲ့တယ်။ ငယ်စဉ်ကချို့ချို့တည့်တည့် နေခဲ့ရတယ့်အတွက်ကြောင့် ဂျက်မားရင်ထဲမှာအောင်မြင်ချင်စိတ်အပြင်ဝ ရှိတာမထူးဆန်းဘူးထင်ပါတယ်။ အရင်ကကကျောင်းဆရာအလုပ်ကိုတစ်နေ့ကို ၁၂ဒေါ်လာနဲ့ ကျောင်းသားတွေက်ုစာသင်ပေးခဲ့တယ်။ ဂျက်မားဟာတကသိုလ်ကကျောင်းဆရာအလုပ်ကနေ နှုတ်ထွက်ပြီး company တစ်ခု ထောင်လိုက်တယ်အဲ့ဒီcompanyက အင်္ဂလိပ်ဘာသာပြန်ပေးတယ့်အလုပ်ပါ။တစ်နေ့သူငယ်ချင်းအိမ်ကို​ရောက်တော့ ကွန်ပြူတာထဲ beer လို့ china marketing ကိုမတွေ့ဘူး သူအဲ့ချိန်မှာ အောင်မြင်မယ့်လမ်းစ စတွေ့လာခဲ့ပြီ။ ကျန်တယ့်နိုင်ငံကmarketing တွေ့တယ် တရုတ်နိုင်ငံက marketing မတွေ့ဘူး။မတွေ့တာမဆန်းပါဘူး တရုတ်တွေက world marketingကို Internet connected လုပ်ပေးတာမသိကြဘူး။ ဂျက်မားကသူငယ်ချင်းတွေနဲ့ စုဝေးပြီးသူရှာတွေ့တယ့် အိမ်မက်အကြောင်း၊တရုတ်ပြည်မှာ china marketing အင်တာနက်ပေါ်မှာမရှိသေးတယ့်အကြာင်းရှင်းပြ ပြီးလုပ်ငန်းတွဲလုပ်ဖို့ တိုင်ပင်ကြတယ်။ဂျက်မားလည်းကို ယုံကြည်မှုနဲပေမယ့်ဂျက်မားရဲ့အောင်မြင်လိုစိတ်ကြောင့် အားလုံးလုပ်ငန်းတွဲလုပ်ဖို့သဘော တူလိုက်တယ်။china page ဆိုပြီး Online Businesses ကိုစတင်ခဲ့တယ်။ page နံမည်ကို Alibaba com. ဆိုပြီးနာမည်ပေးခဲ့တယ်။အဲ့လိုနဲ့ ဂျက်မားဟာနောက်ပိုင်း Alibaba com.မဟုတ်ပဲ Alibaba group လို့နာမည်ပြောင်းပြီး group အောက်မှာ Taobao,Tmail,Alibaba ဆိုပြီး company ဆိုပြီးcompany သုံးခုဖွဲ့စည်းခဲ့တယ်။ တရုတ်လူမျိုးတွေဟာ onlineနဲ့ ပစည်းဖိုးတွေကိုပေးချေဖို့ Alipay ဆိုတယ့်ဘဏ်နဲ့ ငွေချေတဲ့စံနစ်ကိုတီထွင်လိုက်တယ်။အနောက်နိုင်ငံကလူတွေပါ Alipay တွင်တွင်ကျယ်ကျယ်သံးု လာကြလို့ alibaba ရဲ့လုပ်ငန်းတွေအောင်မြင်စေတယ်။ အခုအခါမှာ နိုင်ငံတစ်ကောလူပေါင်း သန်း၅၀၀ လောက်ဟာ Alipay ကိုသုံးပြီးအမေရိကန်ဒေါ်လာ ၁၅၀ဘီလီယံအထိအရောင်းဝယ်ဖြစ်နေပါတယ်။ ယနေ့ Alibaba Group ရဲ့ပိုင်ဆိုင်မှုဟာ အ​ေမရိကန်ဒေါ်လာ၁၆၀ အထိဖြစ်လာခဲ့တယ်။ဝန်ထမ်း၅ ယောက်နဲ့စတယ့်အခုဆို ဝန်ထမ်းပေါင်းသုံးသောင်းကျော်ရှိနေပါပြီ။
ဂျက်မားရဲ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ၂၀ ဘီလီယံဖြစ်နေလို့တရုတ်နိုင်ငံမှှာအချမ်းသာဆုံးစီးပွားရေးလုပ်ငန်းရှင်ဖြစ်နေပါပြီ။ ၂၀၀၅ ခုနှစ်မှာ Group ရဲ့CEO အဆင့်ကနေနှုတ်ထွက်ပြီး အမှုဆောင်ရာထူးအဖြစ် ဆက်လုပ်နေပါတယ်။ သူကတော့ အခုလူငယ်တွေအတွက်စိတ်ဓာတ်ခွန်အားဟောပြောပွဲတွေမှာလိုက်လံဟောပြောပေးနေပါတယ်။

ဂျက်မားရဲ့မှတ်သားဖွယ်ရာစကားများ
၁. တစ်သက်မှာလုပ်ချင်တာကိုစမ်းလုပ်ပါလုပ်ရင်လည်းအကောင်းဆုံးဖြစ်အောင်ကြိုးစားပါ ကြိုးစားလို့အဆိုးဆိုတာမရှိပါဘူး။
၂. ပြသနာတွေအခွင့်လမ်းဆိုတာမမေ့ပါနဲ့။
၃. ပြိုင်ဘက်တွေဆီကပုံတူကူးမချပါနဲ့ ကူးချရင်တော့သင်ကျရှုံးပြီသာမှတ်လိုက်တော့။
၄. သေချာတာတစ်ခုကတော့ဘာမှမလုပ်ရင်ဘာမှဖြစ်လာမှာမဟုတ်ဘူး။

✍️thetpaing

Address

50ft
Yangon
4580

Website

Alerts

Be the first to know and let us send you an email when Towards the goal of success posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category