08/09/2026
မျက်လုံးလှချင်ရင်
မေတ္တာမျက်လုံးနဲ့ ကြည့်တတ်ရမယ် ။
နားရွက်လှချင်ရင်
ကိုယ့်ဆီရောက်လာသမျှ အတင်းတွေ လက်မခံရဘူး ။
ပါးစပ်လှချင်ရင်
ကောင်းသောစကားကို အမြဲပြောရမယ် ။
နှာခေါင်းလှချင်ရင်
အသက်ရူတိုင်း မေတ္တာစိတ်လေးကပ်နေရမယ် ။
သွား လှချင်ရင်
မဟုတ်တမ်းတရားတွေ သွားပုပ်လေလွင့်မပြောရဘူး ။
လက်ချောင်းလေးတွေ လှချင်ရင်
ကောင်းမှုဒါနတွေ စိတ်ပါလက်ပါ လုပ်ရမယ် ။
ခြေချောင်းလေးတွေ လှချင်ရင်
သူများဘဝ ၊ရှင်သန်မှုတွေကို နင်းခြေမပစ်ရဘူး ။
ကိုယ်ခန္ဓာတစ်ခုလုံး လှပချင်ရင်
မကောင်းမှုကို ရှောင် ၊ ကောင်းမှုကို ဆောင်ပြီး
စိတ်ကို ဖြူစင်အောင်ထားရမယ် ။
ဒါ သဘာဝကပေးတဲ့ အလှတရားပဲ ။
ကျနော်တို့ လုပ်ရင် ကျနော်တို့ ရမယ် ၊ မလုပ်ရင် မရဘူး ။
ကျနော်တို့တွေ လှပဖို့ အကောင်းဆုံး နည်းလမ်းပေါ့ ။