PDF Twantay - တောကြီးတန်းသွေး

PDF Twantay - တောကြီးတန်းသွေး တောကြီးတန်းသွေး pdf support

11/11/2025

မောပန်း နေလားး ခဏ နားလိုက်ပါ,
စိတ်ဓာတ်ကျ နေလားး ခဏရပ်လိုက်ပါ
ဘဝ နဲ့ ရွေးချယ်မှု အကြောင်း ပြန်သုံးသပ်ပါ
ဓမ္မ နဲ့ အဓမ္မ ကို အတ္တ ဖယ်ပြီး ပြန်ဆင်ခြင်ပါ
နာကျင် ရခြင်းတွေကို
ကြင်နာရခြင်း တွေအတွက် သည်းခံပါ

ပေးဆပ်ခြင်း ဆိုတာ ထက်
ရွေးချယ်ခြင်းနဲ့ ပိုပျော်နိုင်ပါစေ

မသေအောင်နေကြ
ပြန်လာမယ်
ပြန်တွေ့ မယ် တွံတေးးးးး။

https://www.facebook.com/share/17JHdP4As8/
30/10/2025

https://www.facebook.com/share/17JHdP4As8/

နွေဦးတော်လှန်ရေးထဲမှာ ငွေကြေးနဲ့ပတ်သက်ပြီး မရိုးသားမှုများစွာရှိခဲ့တာကြောင့် တော်လှန်ပြည်သူ၊ fundraiser နဲ့ ရဲဘော်တွေလည်း စိတ်ပျက်အားလျော့ပြီး တော်လှန်ရေးကိုလည်း အနှောင့်အယှက်ဖြစ်စေခဲ့တာပါ။ အခုထိလည်း အဲ့ဒါတွေကို ကိုင်တွယ်ဖြေရှင်းနေကြရတုန်းပါပဲ။

လူရယ်လို့ဖြစ်ရင် လိုချင်တပ်မက်မှုလောဘဖြစ်တတ်ပါတယ်။ ကျနော်တို့မှာတော့ "စစ်သားဖြစ်ခြင်းကြောင့် လိုအပ်ချက်ပဲဖြစ်ရမယ်၊ လိုချင်တာမဖြစ်ရဘူးဆိုတာ" နဲ့ ထိန်းကျောင်းတယ်ဆိုတာကို တင်ပြခဲ့ဖူးပါတယ်။ ရဲဘော်တိုင်းရဲ့ အခြေခံ စားသောက်နေထိုင်ရေး၊ ကျန်းမာရေးလိုအပ်ချက်တွေကို တပ်ကနေပဲ တာဝန်ယူဖြည့်ဆည်းပေးပါတယ်။ အခုနောက်ပိုင်းဆို ရဲဘော်တွေရဲ့ မိသားစုအခက်အခဲကို တပ်ရန်ပုံငွေကနေ တတ်နိုင်သ‌လောက် ထောက်ပံ့ကူညီပါတယ်။ ဒါမှလည်း ရဲဘော်တွေက နောက်ဆံမတင်းဘဲ တော်လှန်ရေးတာဝန်တွေကို ကိုယ်၊စိတ်နှစ်ပြီး လုပ်နိုင်မှာဖြစ်ပါတယ်။ ခွင့်ပြုထားတဲ့ တာဝန်ရှိသူမှအပ ရဲဘော်တဦးချင်းစီက ရန်ပုံငွေရှာဖွေခွင့်၊ ငွေကိုင်သုံးစွဲခွင့်မရှိပါဘူး။

အခုလိုမျိုး ကျနော်တို့ BPLA ရဲ‌ဘော်ကို မှတ်ချက်လာပေးတဲ့အခါ များစွာဂုဏ်ယူရပါတယ်။ ရဲဘော်ကလည်း သူ့ရဲ့ လိုချင်မှုဆန္ဒကို ထိန်းချုပ်နိုင်တဲ့အပြင် သူ့အတွက်အ‌ခြေခံလိုအပ်ချက် မရှိနေမှသာ မိသားစုနဲ့ ပြည်သူကို ပြန်ငဲ့ကြည့်နိုင်ကြတာပါ။ ရဲဘော်တဦးချင်းစီရဲ့ လိုအပ်ချက်ကို ဖြည့်တင်းနိုင်တာဟာလည်း ထောက်ပို့ပြည်သူများရဲ့ ပံ့ပိုးမှုကြောင့်ပဲဖြစ်တယ်ဆိုတာကို ထပ်လောင်းကျေးဇူးတင်ဂုဏ်ပြုအပ်ပါတယ်။

ရဲဘော်တွေကို  ထီဝိုင်းရောင်းဖို့ အကူအညီတောင်းပြီး တပတ် အကြာ ပုံပါ စာရင်းအပါ စုစုပေါင်း 800000ဖိုးး ဝိုင်းကူညီရောင်းပေးထာ...
12/03/2025

ရဲဘော်တွေကို ထီဝိုင်းရောင်းဖို့ အကူအညီတောင်းပြီး တပတ် အကြာ
ပုံပါ စာရင်းအပါ စုစုပေါင်း 800000ဖိုးး ဝိုင်းကူညီရောင်းပေးထားး
ဦးကျော်ကြီးး
ညီမ Naomi နှင့် တကွ သူငယ်ချင်း အားလုံးး
အထူး ကျေးဇူးးတင်ပါကြောင်း းး

ဒရုန်းတွေ လေယာဉ်တွေ ကြားထဲက ညီအကို တို့ ဒီလ မင်းတို့ ကိုကြီး ဆီက လက်မှတ်ဖြတ်ဖို့ အလုပ်နည်းနည်း ရှုပ်ခိုင်းမိလိမ့်မယ်

ထီလေး အစောင် 20လောက် ဝယ်ပေးတာကို အတော်ဝမ်းသာနေ ကြတဲ့ ရဲဘော်တွေအများကြီး ရှိနေပါတယ်။ ဆိုလိုချင်တာက တကယ့် ဆွေမျိုး မိတ်ဆွေ...
06/03/2025

ထီလေး အစောင် 20လောက် ဝယ်ပေးတာကို
အတော်ဝမ်းသာနေ ကြတဲ့ ရဲဘော်တွေအများကြီး ရှိနေပါတယ်။
ဆိုလိုချင်တာက တကယ့် ဆွေမျိုး မိတ်ဆွေသူငယ်ချင်း
အသိုက်အဝန်း ပေါများတဲ့ ရဲဘော် တွေ အတွက် က တစ်လကို ထီအစောင်တရာ နှစ်ရာ ရောင်း ချနိုင်ဖို့ က ပါးပါးလေးပေမယ့်၊
တချို့ ရဲဘော် အများစု အတွက်က တော့ တော်တော်ခက်ခဲတဲ့ အရေအတွက် မျိုး ဖြစ်နေတာပါ။

ဒါ ကြောင့် ဒီ page ကို ပြန်လည်အသက်သွင်းပြီးး ဒီလ က စပြီး ရှေ့တန်းရောက်တွံတေးသား‌တွေ အတွက် ထောက်ပို့ ထီ စရောင်းပါ့မယ်။

ဘာကြောင့် ထောက်ပို့ ထီကို ကူပြီး ရောင်းချ ပေးနေရလဲဆိုရင် ထောက်ပို့ ထီတစောင်စီတိုင်းရဲ့ 40 ရာခိုဂ်နှုန်းကို ရှေ့တန်းရောက်ရဲဘော်တ‌ဦးချင်းစီရဲ့ အထွေထွေ အသုံးစရိတ်အဖြစ်အသုံးပြုပြီး 40 ရာခိုင်နှုန်းကို တပ်ဖွဲ့ အသုံးစရိတ်အဖြစ် အသုံးပြု လည်ပတ်လျက်ရှိပါတယ်။ 20 ရာခိုင်နှုန်းက တော့ ထောက်ပို့ထီဌာန သို့ ဆုကြေးငွေ ချီးမြှင့်ဖို့ ပြန်လည် ပေးသွင်းရပါတယ်။

ထီတစောင်တည်း နဲ့ တချက် ခုတ် သုံးချက်ပြတ်နေတဲ့ အတွက် တော်လှန်ရေး အောင်နိုင်သည်အထိ တပ်ဖွဲ့တွေဆက်လည်ပတ်သွားနိုင်ဖို့ လစဉ်ကံစမ်းရင်းး ပါဝင်ပေးကြပါလို့ တိုက်တွန်းလိုက်ပါကြောင်းးး နှင့်

ရှေ့တန်းစစ်မြေပြင်မှာရှိနေတဲ့ တွံတေးသား
ရဲဘော်တွေအတွက် ထောက်ပို့ထီ ဝိုင်းကူရောင်းချပေးလိုလျှင်လည်း pg messenger မှာ ဆက်သွယ် နိုဂ်ကြောင်းး သတင်းကောင်းပါးအပ်ပါသည်။

တတိယ အကြိမ်
14/11/2024

တတိယ အကြိမ်

ဒါမျိုးတွေ များများသာလုပ်ရဲကြရင် အတင်းစုဆောင်းဖို​့ မပြောနဲ့ စစ်ထဲဝင်ချင်လို့ ပါ ပြောရင်တောင် လက်ခံမှာ မဟုတ်တော့ဘူးး ။ အ...
30/09/2024

ဒါမျိုးတွေ များများသာလုပ်ရဲကြရင်

အတင်းစုဆောင်းဖို​့ မပြောနဲ့ စစ်ထဲဝင်ချင်လို့ ပါ ပြောရင်တောင် လက်ခံမှာ မဟုတ်တော့ဘူးး ။ အခြေအနေ အရ အဓမ္မ စစ်မှုထမ်းရမည့် စာရင်းထဲ ပါဝင်သူတွေ အချင်းချင်းချိတ်ဆက်ပါ၊ အတွင်းဝင်ပြီး ပူး သတ် ပူးပြီး ဖျက်ဆီးနိုင်ခြင်းသည် အထိအခိုက်အနည်း ဆုံးး နဲ့ ဒီတော်လှန်ရေး အမြန်ပြီးစေနိုင်သော လမ်းဖြစ်ပါလိမ့်မယ် ။

29/09/2024

ဓာတ်ပုံတချို့ရောက်လို့ ဘာပုံတွေလဲ ဆိုပြီး ကြည့်လိုက်တာ ၊
တွံတေး က ပြည်သူစစ်အဖွဲ့ဝင် တချို့ ပုံတွေ ဖြစ်နေတယ် ၊
ဘယ်သူတွေလဲ ဆိုပြီး သေချာ ကြည့်တော့ ၊
2017 2018 လောက်က ဓမ္မာလင်္ကါရ ကျောင်း မှာ မြို့ နယ် ကြံခိုင်ရေး အင်အားစု နဲ့ မဘသ အင်အားစုဦးစီးပြီး မဘသ သင်တန်းပေးခဲ့ကြတုန်းက တက်ခဲ့ တွံတေး မဘသ အဖွဲ့ ဝင် 40 ခန့် ထဲ က လူငယ်တချို့ ဖြစ်နေတယ် ၊ သင်တန်း ဝိုင်းကူပေးရင်း မြင်ဖူးခဲ့ မျက်နှာ လေးတွေ
ဖြစ်နေတယ်၊

နောက်ဆူံးတော့ ဘယ်အချိန်တည်း ကြိုပြင်ဆင်နေကြလဲ ဆိုတာ ကို အခုမှခန့်မှန်းမိတယ်၊
အရင် က မဘသ လူငယ် အခုတော​့

ကြေးစား ပြည်သူစစ်

ငါတို့ အဖွဲ့ က တွံတေး သား ချင်း အထာအများကြီး ထားခဲ့တယ်
ငါ့ညီတို့ ငါ့အကို တို့ ရေ
မင်းတို​့က ယူနီဖောင်း လက်နက်ကိုင် စာရင်း သွင်းပြီး စစ်ခွေးကျွန်ဘဝကို ကျေကျေနပ်နပ် တာဝန်ထမ်းဆောင်နေကြမှတော့

တခုပဲ ငါတို့ ပြန်ဝင်လာရင် တော့ ငိုမပြကြေးနော်။

02/08/2024

ကိုယ့်အိမ် ကိုယ့်ခြံ ကိုယ့်မြေကွက် ရောင်းတဲ့ကိစ္စ တွေ မှာတောင်
ရပ်ကွက်အဆင့်အုပ်ကြီး လက်မှတ်တခုကို
သိန်း ၃၀ သိန်း ၄၀ ပေါက်နေတယ်ဆိုပါလားးးး....စစ်မှုထမ်း ကိစ္စနဲ့ဆိုရင် ဘယ်မိဘ တွေဆီက ဘယ်လောက်မျိုဆို့ထားကြမလဲ မသိနိုင်.....

နောက်ပေါက်ခွေးးတွေ
ခေတ်ပျက်တုန်း စားပိုးနင်ထားကြပေါ့ကွာ........

အုန်းပင်စု အနံ့တအား မွှေးနေတယ်နော်

ခံခဲ့ရတဲ့ ပြည်သူတွေ အနေနဲ့ စစ်ခွေးကျွန်အုပ်ကြီး
တွေ ဒီကာလ ခွေးယုတ်မာဇာတ်ခင်းခဲ့သမျှ သက်သေ အချက်အလက်မှတ်တမ်းနဲ့ တကွ သေချာ စုဆောင်းသိမ်းဆည်းထားပေးပါ။........

မျှော်လင့်မှုက တနှစ်တော့ နည်းနည်းကျော်သွားတယ်၊စုစည်းတည်ဆောက် အကောင်အထည်ဖော်ဆောင်ကြသော တောကြီးတန်းဒေသရဲ့ တော်လှန်သူရဲကောင...
28/07/2024

မျှော်လင့်မှုက တနှစ်တော့ နည်းနည်းကျော်သွားတယ်၊
စုစည်းတည်ဆောက် အကောင်အထည်ဖော်ဆောင်ကြသော တောကြီးတန်းဒေသရဲ့ တော်လှန်သူရဲကောင်း အယောက်ချင်းစီတိုင်းကို
အလေးပြု လျက်၊
ဝိုင်းဝန်းစောင့်ရှောက်ကူညီခဲ့သော နောင်တော် အဖွဲ့ များကိုလည်းး အထူးကျေးဇူးးတင်ရှိလျက် ၊

ရှေ့တန်းထွက် ပြီး ပြန်ဆော်ချင်သူတွေအတွက် တိုက်ခိုက် ရေး အဖွဲ့ထဲဝင်ရောက်ရမှာဖြစ်ပြီးးအကြောင်းကြောင်းကြောင့်စစ်မတိုက်လို သ...
22/03/2024

ရှေ့တန်းထွက် ပြီး ပြန်ဆော်ချင်သူတွေအတွက် တိုက်ခိုက် ရေး အဖွဲ့ထဲဝင်ရောက်ရမှာဖြစ်ပြီးး

အကြောင်းကြောင်းကြောင့်စစ်မတိုက်လို သူတွေအတွက် အရံအင်အားစခန်းမှာ အတူတည်ဆောက်အတူစုစား ပြီး ထောက်ပို့တပ်သားအဖြစ် ခိုလှုံခွင့်ပေးမှာဖြစ်ပါတယ်၊
ဒီကာလ မှာ တမြို့တည်းနေ ညီအကို မောင်နှမ များအတွက် ကျွန်တော် တို့ စုပေါင်းအားနဲ့ ကူညီပေးနိုင်သလောက်ပါ ၊

တွံတေးသားတွေ စုဖွဲ့ထားတဲ့အရပ်မှာ လာရောက်အတူတကွ ပေါင်းစည်းချင်တယ် ဆိုရင် ကြိုဆိုလျက်ပါ၊
သတိ အချိန်ကန့်သတ်ချက်ရှိမည် လူကန့်သတ်ချက်ရှိမည်။
https://www.facebook.com/share/p/kGbezVdPgb6S5sn8/?mibextid=Nif5oz

အဓမ္မ စစ်မှုထမ်း ဥပဒေ ကြောင့် ကိုယ့်မြို့က သတင်းတွေလည်း ကြားရပါတယ်၊ လက်ရှိကာလဟာအားလူံးအတွက် စိုးရိမ်ရေမှတ် မှာ ညီအကို တိ...
16/03/2024

အဓမ္မ စစ်မှုထမ်း ဥပဒေ ကြောင့် ကိုယ့်မြို့က သတင်းတွေလည်း ကြားရပါတယ်၊

လက်ရှိကာလဟာအားလူံးအတွက် စိုးရိမ်ရေမှတ် မှာ ညီအကို တို့ ခင်ဗျားတို့နဲ့ အတူ ရှိနေပါတယ် ၊

ထောက်ပို့ မိဘ ပြည်သူများ၏ စိုးရိမ်ပူပန်​နေ ရမှုများအတွက်လည်း ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်

ခင်ဗျားတို့ ရဲ့ စိုးရိမ် ပူပန် မှုတွေ အတွက် အတူရင်ဆိုင်ဖြေရှင်းနိုင်ဖို့ မဟာမိတ်နောင်တော်အဖွဲ့ တွေနဲ့ အကောင်းဆူံးဆွေးနွေးတိုင်ပင်အဖြေထုတ်နေပါတယ်၊ မကြာခင် ကျွန်တော်တို့ ဘာလုပ်ပေးနိုင်မလဲ
ထုတ်ပြန်ပေးပါ့မယ် ၊

13/03/2024

မတရားမှု ပြန်တွန်းလှန်ဖို့ကိုယ့်တမြို့တည်းသားလူငယ်တွေ ဖွဲ့စည်းတည်ဆောက်နေကြတာကိုတော့ ဝိုင်းကူဖို့ မစဥ်စားဘဲ
မတရားမှုပြုနေတဲ့ စစ်မိစ္ဆာခွေးတွေ ကျည်ဝိုင်းဖြည့်ပေးပြီးး ကိုယ့်အကျိုးစီးပွားတည်ဆောက်နေကြတဲ့ မြို့နယ်gen Lee အုပ်စုသို့

ဘယ်ရွှေဆိုင်က ဘယ်လောက်
ဘယ်သစ်စက်က ဘယ်လောက်
ဘယ်ငါးဒိုင်က ဘယ်လောက်
ဘယ်ကန်သမားက ဘယ်လောက် စသဖြင့် စသဖြင့်.. ကိုယ့်စာရင်းသာ ကိုယ်ကိုင်ထားကြပေါ့ကွာ ၊

အကူအညီ လို လို ဖုန်းဆက်တာတောင် ချိန်းခြောက်ပါတယ်ဆိုပြီးး ကိုယ်ထောက်ပံ့နေတဲ့ ပြည်သူစစ်တွေ ပျူစောထီးတွေ စစ်ခွေးတွေ ကို
အားကိုးတကြီးသတင်းပို့တဲ့ ရွှေဆိုင် ဘောက်ချာအကြီးကြီးပဲ နော် ၊

မြေပြင် ရဲဘော်တွေ ရဲ့အသံကို စောက်ဂရုမစိုက်ဘဲ လက်သင့်ရာ အဝေးရောက် နိုင်ငံရေးသမားတွေ
ကို ချိတ်ပြီးး နှစ်ဖက်ခွ ကူညီတာလောက်နဲ့ အားလုံးပြီးရင် တော်လှန်ရေးမှာ ဘယ်လောက်ကူညီခဲ့ပါတယ် ဘယ်လိုကူညီခဲ့ပါတယ်ဆိုတဲ့ အသံထွက်လာရင်တော့လည်းး ကိုယ့်စာရင်းသာ ကိုယ်ကိုင်ထားကြပေါ့ကွာ...

Address

Twante

Website

Alerts

Be the first to know and let us send you an email when PDF Twantay - တောကြီးတန်းသွေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to PDF Twantay - တောကြီးတန်းသွေး:

Share

Category