Htigyaing Township Info Committee NLD

Htigyaing Township Info Committee NLD Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htigyaing Township Info Committee NLD, Political Party, Tigyaing.

မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းခြင်း=====================၂၈ ရက်၊ နိုဝင်ဘာလ၊ ၂၀၂၁ ခုနှစ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟို...
28/11/2021

မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းခြင်း
=====================
၂၈ ရက်၊ နိုဝင်ဘာလ၊ ၂၀၂၁ ခုနှစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုကော်မတီဝင်၊ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး၊ ဒီလှိုင်းစာစောင် တာဝန်ခံအယ်ဒီဝာာ၊ တော်လှန်ကဗျာဆရာ၊ ဆရာမုံရွာအောင်ရှင်သည် စစ်အာဏာရှင်စနစ်ဆိုးကို ခုခံတော်လှန်ရင်း လမ်းခုလတ်၌ ယနေ့နံနက်ပိုင်းတွင် ကျဆုံးသွားခဲ့ရသည်။ စစ်အာဏာရှင်စနစ်အလုံးစုံပျက်သုဉ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ရေးတွင် သမိုင်းပေးတာဝန်ကို နောက်မတွန့်စတမ်း အစဉ်တစိုက် ထမ်းဆောင်ခဲ့သည့် ဆရာမုံရွာအောင်ရှင် ကျဆုံးမှုသည် ပြည်သူ့တော်လှန်ရေးအတွက် များစွာ နစ်နာမှုတစ်ခုဖြစ်ရပါသည်။ ဆရာမုံရွာအောင်ရှင်၏ တော်လှန်ရေးစိတ်ဓာတ်၊ တော်လှန်ရေးအဘိဓမ္မာ၊ တော်လှန်ရေးကဗျာ၊ တော်လှန်ရေး စာပေ၊ တော်လှန်ရေးသမိုင်းက စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် ပြည်သူ့တော်လှန်ရေးတွင် အသက်ဝင် လမ်းပြနေဦးမည်ဖြစ်ပါသည်။ ဆရာမုံရွာအောင်ရှင်၏ ပေးဆပ်စွန့်လွှတ်မှုများကို သမိုင်းမော်ကွန်းတင်လျက် ပြည်သူ့တော်လှန်ရေးခရီး ပန်းတိုင်းရောက်သည်အထိ ဆက်လျှောက်သွားကြပါမည်ဟု သန္ဓိဌာန်ပြုပါသည်။ ဆရာမုံရွာအောင် ကျဆုံးသွားသည့်အတွက် မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းရပါသည်။

ဆရာမုံရွာအောင်ရှင် ကောင်းရာသုဂတိရောက်ပါစေ....။

စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်။
အရေးတော်ပုံ အောင်ရမည်။

21/05/2021
05/05/2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ကြေညာချက်အမှတ် ၁/၂၀၂၁
ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းကြောင်း ကြေညာခြင်း
၂၀၂၁ခုနှစ် မေလ ၅ ရက်
၁။ အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မြန်မာပြည်သူများက အပ်နှင်းသော အခွင့်အာဏာကို ကျင့်သုံးလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အုပ်ချုပ်ရေးကဏ္ဍကို ဦးဆောင် တာဝန်ယူလျက်ရှိသည်။
၂။ အကြမ်းဖက်စစ်ကောင်စီသည် တရားဝင် ပြည်သူ့အစိုးရထံမှ နိုင်ငံတော်အာဏာကို အဓမ္မလုယက်ပြီး အစိုးရခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းထားရုံသာမက၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော ပြည်သူများအား အကြမ်းဖက် နှိပ်စက်သတ်ဖြတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီအရေး ကြိုးပမ်းလျက်ရှိသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူများအပေါ် လေကြောင်းစစ်ဆင်မှု အပါအဝင် အင်အားအလွန်အကျွံအသုံးပြုကာ တိုက်ခိုက်ခြင်းကဲ့သို့သော စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည်။
၃။ အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များသည် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် ပြည်သူလူထု၏ လူသားလုံခြုံရေး၊ လူသားဖြစ်တည်မှုအပေါ် တန်ဖိုးထားလေးစားရေးတို့ကို ဆောင်ရွက်ခြင်းမရှိဘဲ၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနှောင့်ယှက် ဖျက်ဆီးလျက်ရှိသည့်အပြင်၊ တိုင်းပြည်၏ နိုင်ငံရေးဉီးတည်ချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကိုလည်း အဟန့်အတား ပြုလုပ်လျက်ရှိသည်။
၄။ ယင်းသို့သော အခြေအနေတွင် အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူများအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ၊ စစ်ရေးအရ ရန်လိုတိုက်ခိုက်မှုများကို ထိန်းချုပ်အဆုံးသတ်ခြင်းဖြင့် နှစ်ပေါင်း ခုနစ်ဆယ်ကျော် ဖြစ်ပွားနေသော ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၊ ထိရောက်သော လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းနိုင်ရေးတို့ကို ဆောင်ရွက်ရန် တာဝန်ရှိလာသည်။
၅။ သို့ဖြစ်ရာ အမျိုးသားညီညွတ်ရေးအစိုးရသည် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၏ ရှေ့ပြေးအမြုတေအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (People's Defence Force) ကို ကာကွယ်ရေးဆိုင်ရာမူဝါဒနှင့်အညီ ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက် တွင် တရားဝင် ဖွဲ့စည်းထူထောင်လိုက်သည်။
ပုံ
ပြည်ထောင်စုဝန်ကြီးချုပ်
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
Contact – [email protected]

31/03/2021

ကြေညာချက် အမှတ် ( ၂၀/၂၀၂၁ )
၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်
မတ်လ (၃၁)ရက်၊ ၂၀၂၁ခုနှစ်။
================
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို အပြီးသတ် ဖျက်သိမ်းကြောင်း ကြေညာခြင်း။

၁။ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူများ၏ ခိုင်မာသော လိုလားတောင့်တချက်မှာ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှု တည်းဟူသော လောကပါလတရားတို့ကို အခြေခံသည့် ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝအာမခံချက် ပေးနိုင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်လာရေး ဖြစ်သည်။

၂။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) သည် စစ်အာဏာရှင်ဝါဒ သက်ဇိုးရှည်စေရန် ရည်ရွယ်ရေးသား ထားရုံမျှမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် အဟန့်အတားပြုလျက်ရှိသော ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု ဖြစ်သည်။

၃။ အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်လျက် နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူခဲ့ခြင်းကြောင့် ဤ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပျက်ပြယ်ခဲ့ပြီး ဖြစ်သည်။

၄။ အာဏာရှင်စနစ် ပပျောက်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အပြီးသတ် ဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်သူ့အစိုးရ ပေါ်ထွန်းရေး ရည်ရွယ်ချက်များဖြင့် ဖက်ဒရယ်ဒီမို ကရေစီအင်အားစုများ စုပေါင်းဆွေးနွေးဆုံးဖြတ်လျက် အတည်ပြုပြဋ္ဌာန်းခဲ့သော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် သည်လည်း မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့ပြီ ဖြစ်သည်။

၅။ သို့ပါ၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အား ယနေ့ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်တွင် အပြီးသတ် ဖျက်သိမ်းကြောင်း ကြေညာလိုက်သည်။

31/03/2021
30/03/2021
CRPH နှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက မန္တလေးတိုင်းဒေသကြီး၊ မီးဘေးသင့်ပြည်သူများအား ကူညီ...
30/03/2021

CRPH နှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက မန္တလေးတိုင်းဒေသကြီး၊ မီးဘေးသင့်ပြည်သူများအား
ကူညီထောက်ပံ့
၂၉ မတ်လ ၂၀၂၁
------------------------------------------------------------------

၂၀၂၁ခုနှစ်၊ မတ်လ(၂၇)ရက်နေ့၊ ညပိုင်း၌ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ (၅၇x ၅၆)၊ (၁၁၇x၁၁၆)လမ်းကြားတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၇၀)ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ(၂၅၇)ဉီး အိုးမဲ့အိမ်မဲ့ဘဝသို့ ရောက်ရှိခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် နိုင်ငံ အတွင်း ဘေးအန္တရာယ်အမျိုးမျိုးကြောင့် ထိခိုက်ခံစားကြရသည့် ဘေးသင့်ပြည်သူများကို မည်သည့် နည်းလမ်းနှင့်မဆို ခွဲခြားခြင်းမရှိဘဲ လူသားချင်းစာနာမှုအကူအညီများကို ထောက်ပံ့ပေးခဲ့ သော ဝန်ကြီးဌာနတစ်ခုဖြစ်ပါသည်။

လက်ရှိစစ်အာဏာသိမ်းကာလအတွင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အောက်တွင် ဝန်ကြီးဌာန၏ပင်မလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရာ၌ အခက် အခဲ အတားအဆီးမျိုးစုံနှင့် ခြိမ်းခြောက်ရန်ပြုမှုပေါင်းစုံကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိပါသည်။

စစ်အာဏာသိမ်းမှုကြောင့် လူဖန်တီးသည့် ဘေးဒုက္ခပေါင်းစုံကို ကြံ့ကြံ့ခံရင်ဆိုင်နေကြသည့် အခြေအနေတွင် မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ပြည်သူလူထုအနေဖြင့် တစ်ပူပေါ် နှစ်ပူ ဆင့်ဆိုသလို ထိခိုက်ခံစားကြရပါသည်။ မီးဘေးဖြစ်ပွားခဲ့ခြင်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ကြရ သည့် ပြည်သူများအတွက် အထောက်အပံ့ဖြစ်စေရန်အလို့ငှာ ဝန်ကြီးဌာနအနေဖြင့် အခက် အခဲများကြားမှ ဘေးသင့်အိမ်ထောင်စုများအား ငွေကျပ်သိန်း(၇၀)ကို ပြည်သူများမှ တစ်ဆင့် ထောက်ပံ့ပေးခဲ့ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် စစ်အာဏာသိမ်းမှုအတွင်း သေဆုံးခဲ့ရသူများ၊ ထိခိုက် ဒဏ်ရာရရှိခဲ့သူများ၊ ညှဉ်းပမ်းနှိပ်စက်ခံရသူများ၊ မတရားဖမ်းဆီးခံရသူများ၊ ဒုက္ခခံစား ကြရသည့် ကလေးသူငယ်များ၊ မသန်စွမ်းများ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံးနှင့်အတူ တစ်သွေးတစ်သားတည်း ရပ်တည်လျက် ရှိပါကြောင်းနှင့် ဘေးသင့်ပြည်သူများအတွက်လည်း ထောက်ပံ့ ကူညီမှုများကို လိုအပ်သလို့ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသမ္မတရုံးဝန်ကြီးဌာနအမိန့်ကြေညာစာအမှတ် (၄/၂၀၂၁)၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက်(၂၀၂...
22/03/2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမ္မတရုံးဝန်ကြီးဌာန
အမိန့်ကြေညာစာအမှတ် (၄/၂၀၂၁)
၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက်
(၂၀၂၁ ခုနှစ်၊ မတ်လ ၂၁ ရက်)
---------------------------------
အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှု နှင့် ပတ်သက်၍ အသိပေးကြေညာခြင်း
==============

၁။ လက်ရှိအချိန်တွင် တိုင်းပြည်အာဏာကို လူတစ်စုက လက်နက်အားကိုးဖြင့် ပုန်ကန်သိမ်းပိုက်ထားခြင်းကို နိုင်ငံ့ဝန်ထမ်းများသည် အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှု CDM ဖြင့် ဆန့်ကျင်တော်လှန်လျက်ရှိကြသည်။

၂။ ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှု CDM တံခါးကို ခြွင်းချက်မရှိ ပိတ်သိမ်းမည်ဖြစ်သည်။

၃။ အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှု CDM တွင် ပါဝင်ကြသော ပြည်သူ့ဝန်ထမ်းများကို CDM နှင့် သက်ဆိုင်သော ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်များချီးမြှင့်သွားမည်ဖြစ်သည်။

၄။ အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှုတွင် မပါဝင်ကြသော အကြမ်းဖက်အုပ်စုအားပေး လက်ပါးစေ Non CDM ဝန်ထမ်းများကို ထိရောက်စွာအပြစ်ပေးအရေးယူသွားမည်ဖြစ်သည်။

၅။ ပြည်သူနဲ့အတူ သစ္စာရှိရှိ ရပ်တည်ပြီး တိုက်ပွဲဝင်ခဲ့သော နိုင်ငံ့ဝန်ထမ်းများကို ဦးဆောင်မှုကဏ္ဍတွင် ဂုဏ်ပြု တာဝန်ပေးအပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်မှု ယန္တရားသစ်ကိုလည်း တည်ဆောက်သွားမည်ဖြစ်သည်။

၆။ နိုင်ငံ့ဝန်ထမ်းများအားလုံးအနေဖြင့် ပြည်သူနှင့်အတူ အချိန်မီ ရပ်တည်၍ အကြမ်းမဖက် ပြည်သူ့အာဏာ ဖီဆန်မှု CDM တွင် ပါဝင်ကြရန် နောက်ဆုံးထားတိုက်တွန်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနအမိန့်ကြေညာစာအမှတ် (၃/၂၀၂၁)၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်...
19/03/2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန
အမိန့်ကြေညာစာအမှတ် (၃/၂၀၂၁)
၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက်
(၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက်)
-----------------------------
မြစိမ်းရောင်ကျေးရွာစီမံကိန်း နှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းများမှ ထုတ်ချေးထားသည့် ချေးငွေများ အရင်း/အတိုး ပြန်လည်ပေးဆပ်ရမည့်ကာလအား ၂၀၂၁ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့မှ စ၍ အတိုးမဲ့၊ ရက်လွန်ဒဏ်ကြေးကင်းလွတ်ခွင့်ဖြင့် ရွေ့ဆိုင်းခြင်း
=====================
၁။ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် အာဟာရပြည့်ဝစေရန် ရည်မှန်း၍ မြစိမ်းရောင် ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
၂။ COVID-19 ကပ်ဘေးကာလအတွင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်နစ်နာမှုများကို အထိုက်အလျောက် ပြေလျော့သက်သာစေရန်အတွက် မြစိမ်းရောင်ချေးငွေအပေါ် ကောက်ခံသည့် အတိုးနှုန်းအား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင်၍ ၂၀၂၁ ခုနှစ်၊ ဧပြီလအထိ အနိမ့်ဆုံးအတိုးနှုန်းဖြစ်သည့် ၀.၅% သာ ကောက်ခံရန် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
၃။ ယခုအခါ COVID-19 ကပ်ဘေးအပြင် အာဏာသိမ်းစစ်အုပ်စု၏ အဆင်အခြင်မဲ့လုပ်ရပ်များကြောင့် ကျေးလက်နေ ပြည်သူလူထုအပေါ် လူမှုစီးပွားဘဝ ထိခိုက်နစ်နာမှုများ ဆိုးရွားစွာသက်ရောက်လျက် ရှိနေခြင်းကြောင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေ အမျိုးအစားအားလုံးနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း များမှ ထုတ်ချေးထားသည့် ချေးငွေများ အရင်း/အတိုး ပြန်လည်ပေးဆပ်ရမည့်ကာလအား ချေးငွေသဘောတူစာချုပ်တွင် မည်သို့ပင်ပါရှိစေကာမူ၂၀၂၁ခုနှစ်၊ မတ်လ (၁၉) ရက်နေ့မှစ၍ နောက်ထပ် ကြေညာချက်တစ်စုံတစ်ရာ မထုတ်ပြန်မီ အချိန်အထိ အတိုးမဲ့ ရွေ့ဆိုင်းလိုက်သည်။
၄။ ရွေ့ဆိုင်းကာလအတွင်း အရင်း/အတိုး ပြန်လည်ပေးဆပ်ရန် မလိုအပ်သည့်အပြင် ရက်လွန်ဒဏ်ကြေး ပေးဆောင်ရခြင်းအား တစ်ပါတည်း ကင်းလွတ်ခွင့် ပြုလိုက်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ဖြစ်စေ၊ မတရားအသင်းမှ ဖြစ်စေ ပယ်ဖျက်ကြောင်း ကြေညာ...
17/03/2021

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ဖြစ်စေ၊ မတရားအသင်းမှ ဖြစ်စေ ပယ်ဖျက်ကြောင်း ကြေညာခြင်း။
----------------------------------
ကြေညာချက် အမှတ် ( ၁၄/၂၀၂၁ )
၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက်
မတ်လ (၁၇)ရက်၊ ၂၀၂၁ခုနှစ်။
=================
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ဖြစ်စေ၊ မတရားအသင်းမှ ဖြစ်စေ ပယ်ဖျက်ကြောင်း ကြေညာခြင်း။

၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် နိုင်ငံရေးရည်မှန်းချက်များဖြစ်သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ သမ္မတကြီးဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူများအားလုံး လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ဖွဲ့စည်းပုံခြေခံဥပဒေပေါ်ပေါက်ရေး တို့ကို ၂၀၂၁ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း၌ အကြမ်းဖက်အဖွဲ့အဖြစ်သော်လည်းကောင်း၊ မတရားအသင်း အဖြစ်သော်လည်းကောင်း ကြေညာခံထားရသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် တိုက်ပွဲဝင်နေကြသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအားလုံးကို အကြမ်းဖက်အဖွဲ့ အဖြစ်မှ ဖြစ်စေ၊ မတရားအသင်းမှ ဖြစ်စေ ပယ်ဖျက်ကြောင်း ကြေညာလိုက်သည်။

၃။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နိုင်ရန် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်သောကြောင့် ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီး အရေးယူမှု အားလုံးသည် တရားဝင်မှုမရှိကြောင်း နှင့် ၎င်းဖမ်းဆီးအရေးယူမှုအားလုံးကို ရှုံ့ချကြောင်း ကြေညာလိုက်သည်။

၄။ တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ မတရားသောအမိန့်အာဏာများကို ဖီဆန်သည့် ပြည်သူ့လှုပ်ရှားမှု (Civil Disobedience Movement) တွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်းများ၊ အကြမ်းဖက်စစ်ကောင်စီ၏ မတရားမှုများ၊ အကြမ်းဖက်မှုများကို ဆန့်ကျင်တိုက်ပွဲဝင်နေကြသော ပြည်သူများကို စောင့်ရှောက်ကာကွယ် မှုများ ဆောင်ရွက်ပေးနေကြသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအားလုံးကို အထူး ကျေးဇူးတင်ရှိပါသည်။

၅။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် ခိုင်မာသော သန္နိဋ္ဌာန်ချမှတ်ကာ ညီရင်း အစ်ကို၊ မောင်ရင်းနှစ်မ စိတ်ထားများဖြင့် အတူတကွ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအားလုံးကို လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ [Members of Parliment Union (Burma) ] ၏ သဘောထားထုတ်ပြန်ချက်၂၀၂၁ ခုနှစ်၊ မတ်လ (၁၃) ...
13/03/2021

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ [Members of Parliment Union (Burma) ] ၏ သဘောထားထုတ်ပြန်ချက်
၂၀၂၁ ခုနှစ်၊ မတ်လ (၁၃) ရက်

ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအတွက် ရပ်ရွာကာကွယ်ရေးလက်စွဲထုတ်ပြန်ခြင်း===========================(၁၁/၃/၂၀၂၁) ပြည်ထေ...
11/03/2021

ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအတွက် ရပ်ရွာကာကွယ်ရေးလက်စွဲထုတ်ပြန်ခြင်း
===========================
(၁၁/၃/၂၀၂၁)

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ၂၀၂၁ ခုနှစ်၊ မတ်လ (၁) ရက်နေ့၊ ရက်စွဲပါ ကြေညာအချက်အမှတ်၊ ၁၀/၂၀၂၁ ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ အကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိသည့် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” အား “အကြမ်းဖက်အုပ်စု” အဖြစ် ကြေညာခဲ့ပြီးဖြစ်ပါသည်။
https://www.facebook.com/102780861847894/posts/125588472900466/

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ကုလသမဂ္ဂဆိုင်ရာအထူးသံတမန် ဒေါက်တာဆာဆာသည် မြန်မာပြည်သူများသည် မိမိကိုယ်ကို အကြမ်းဖက်ဝါဒမှကာကွယ်ရန် အခွင့်အရေးရှိသည်ဟု (၃/၃/၂၀၂၁) ရက်နေ့တွင် ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားခဲ့ပြီးဖြစ်သည်။
https://www.facebook.com/101472478110285/posts/266329894957875/

အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့၏လုပ်ရပ်များအား ရပ်တံ့သွားခြင်းမရှိပဲ ဒီမိုကရေစီအရေးအတွက် အကြမ်းမဖက်ဆန္ဒပြနေကြသော ပြည်သူများအပေါ် တနေ့တခြားပိုမိုအကြမ်းဖက်သတ်ဖြတ်လျက်ရှိသည်။

သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ရပ်ရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် မိမိတို့ရပ်ရွာပြည်သူများအား တရားမဝင်အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကို ကာကွယ်ရန်လိုအပ်လာပြီဟု ယူဆပါသည်။

ထို့ကြောင့် ရပ်ရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် မိမိတို့ရပ်ရွာပြည်သူများအား စနစ်တကျထိထိရောက်ရောက်ကာကွယ်နိုင်ရန် ဤရပ်ရွာကာကွယ်ရေးလက်စွဲကို ပြုစုထုတ်ပြန်ရခြင်း ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ရပ်ရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ရပ်ရွာကာကွယ်ရေးလက်စွဲပါပြဌာန်းချက် များအတိုင်း မိမိတို့ရပ်ရွာနှင့် ပြည်သူများအား စနစ်တကျကာကွယ်စောင့်ရှောက်ကြပါရန် ထုတ်ပြန်လိုက်သည်။

Address

Tigyaing

Website

Alerts

Be the first to know and let us send you an email when Htigyaing Township Info Committee NLD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Htigyaing Township Info Committee NLD:

Share