Thongwa Red Cross Branch

Thongwa Red Cross Branch ဆင်းရဲဒုက္ခနည်းပါးသက်​သာ​စေရန်

24/02/2025
၂၀၂၄ ခုနှစ်၊ မေလ ၈ ရက် ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားအား သုံးခွမြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
08/05/2024

၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်
ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားအား
သုံးခွမြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင်
ကျင်းပပြုလုပ်ခဲ့ပါသည်။

20/10/2022
15/10/2021
25/07/2021
သုံးခွမြို့နယ် ကြက်ခြေနီမှ သွေးသန့်သွေးလှူရှင် စုဆောင်းရေးနှင့် သွေးလှူဒါန်းခြင်း🩸 🩸 🩸 🩸 🩸 🩸 🩸 🩸 🩸 🩸 🩸 ၇.၇.၂၀၂၁သုံးခွမြိ...
07/07/2021

သုံးခွမြို့နယ် ကြက်ခြေနီမှ သွေးသန့်သွေးလှူရှင် စုဆောင်းရေးနှင့် သွေးလှူဒါန်းခြင်း
🩸 🩸 🩸 🩸 🩸 🩸 🩸 🩸 🩸 🩸 🩸
၇.၇.၂၀၂၁
သုံးခွမြို့

၇.၇.၂၀၂၁ သုံးခွ ပြည်သူ့ဆေးရုံတွင် အရေးပေါ်လိုအပ်သော Aသွေး(၃)လုံးအား လက်ပန်​ကျေးရွာမှ (၂) လုံးနှင့် မောင်နိုင်ခန့်တို့မှလှူဒါန်းပါသည်။
စေတနာ့သွေးအလှူရှင်များအား အထူးပင်ကျေးဇူးတင်ရှိပါသည်။ သွေးလှူရှင် ရှာဖွေပေးပါသော ကိုနိုင်ကြီး( လက်ပန်)အားလည်း ကျေးဇူးတင်ရှိပါသည်။

🔺အရေးပေါ်သွေးလိုအပ်ပါက (သို့) စေတနာသွေးအလှူရှင်ဖြစ် ​ သွေး လှူဒါန်း လိုပါက Thongwa Township RedCross page၏ Messenger မှလည်းကောင်း အောက်ဖော်ပြပါ ဖုန်းနံပါတ်များမှလည်းကောင်း ဆက်သွယ်လှူဒါန်း၊ အကူအညီရယူတောင်းခံနိုင်ပါသည်။
ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ -

📞 09-683344050.
📞09-406600544
📞09-753 864895
📞 09-421109700


@

06/07/2021

" လူနာအား Oxygen ​​ပေးနည်း "
ဗဟုသုတအဖြစ် ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။
~~~~~~~~~~~~~~~~~~~~~~
Oxymeter မှ ထွက်​သောအ​ဖြေအား တွက်ချက်၍
Oxygen ​ပေးနည်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လူနာအား Oxymeter နဲ့တိုင်းကြည့်ပါ
အ​ဖြေက 94 နဲ့ 99 ကြားမှာရှိသင့်ပါတယ်။
တိုင်းကြည့်လို့ Oxymeter မှ ထွက်လာတဲ့
အ​ဖြေဟာ 94 ​အောက်ကျ​နေပြီဆိုရင် စိုးရိမ်ရပါတယ် ။

လူနာကို Oxygen ​ပေးဖိုလိုအပ်​နေပါပြီ
*************************************
94 ​အောက်သို့​ရောက်သော
Oxymeter မှထွက်လာ​သည့် အ​ဖြေ ဂဏန်းကို
94 ထဲက နူတ်ပြီး 4 ဖြင့်စားပါ ။
4 ဖြင့်စား လို့ အကြွင်းပျက်သွားရင်
စားလဒ် ဂဏန်းအတိုင်း ​လူနာကို Oxygen
အမှတ်ချိန်၍ပေးရပါမည် ။

စားလို့မပျက်ပဲ အကြွင်းတခုခု ကြွင်းပါက
စားလဒ်ဂဏန်းကို 1 ဖြင့်​ပေါင်း၍ ​
လူနာကို Oxygen အမှတ်​ချိန်၍ပေးရပါမည် ။

ဥပမာ ။ ။ ( ၁ )
လူနာအား Oxymeter ဖြင့်တိုင်း၍
အ​ဖြေဟာ 82 ထွက်သည်ဆိုပါစို့ .....

အဆိုပါ 82 ကို 94 ထဲက နူတ်ရင် 12 ဖြစ်၍
ထို 12 ကို 4 ဖြင့်စားပါက စားလဒ်ဟာ 3 ဖြစ်ပြီး အကြွင်း 0ကြွင်း၍အကြွင်းပျက်သွား​သော​ကြောင့်
လူနာကို ​အောက်ဆီဂျင်​ပေး​သောအခါ စားလဒ် 3 အတိုင်းပဲ 3 မှတ်​ပေးရမည်ဖြစ်၍ Oxygen အိုးရဲ့
flow meterမှာ 3 မှတ်အ​နေအထားချိန်ပြီးမှလူနာကို Oxygen ပိုက်တပ်​ပေးပါ ။

ဥပမာ ။ ။ ( ၂ )
Oxymeter ဖြင့်တိုင်း၍
အ​ဖြေဟာ 80 ထွက်သည်ဆိုပါစို့ ......

အဆိုပါ 80 ကို 94 ထဲက နူတ်ရင် 14 ဖြစ်လို့
14 ကို 4 ဖြင့်စားပါက စားလဒ်ဟာ 3 ဖြစ်ပြီး
2ကြွင်း​သော​ကြောင့် စားလဒ် 3 ကို 1 ဖြင့်​ပေါင်း​သော် 4 ဖြစ်သဖြင့် လူနာကို ​အောက်ဆီဂျင် ​ပေး​သည့်အခါ Oxygenအိုးရဲ့ Flow meter မှာ 4 မှတ်​အ​နေအထားချိန်ပြီးမှ လူနာကို ​Oxygen ပိုက်တပ်ပေးပါ ။

Oxymeter မှ အ​ဖြေဟာ 91/92/93
ဖြစ်​နေလျှင် Oxygen ​ပေးမည်ဆိုပါက Oxygen အိုးရဲ့ Flow meter မှာ 2 မှတ် အ​နေအထားချိန်၍
​ပေးနိုင်ပါသည် ။
Credit:စေတနာရှင်ဘက်စုံပရဟိတလူငယ်အသင်း

Oxygen ပြတ်ပြီး သေနေတာတွေဟာ Oxygen ရှာရခက်လို့/ Oxygen ဘယ်လောက်ပဲ ကြာကြာခံတော့မယ်ဆိုတာ ကြိုတင်မတွက်ဆထားကြလို့ ဒုက္ခရောက်...
06/07/2021

Oxygen ပြတ်ပြီး သေနေတာတွေဟာ Oxygen ရှာရခက်လို့/ Oxygen ဘယ်လောက်ပဲ ကြာကြာခံတော့မယ်ဆိုတာ ကြိုတင်မတွက်ဆထားကြလို့ ဒုက္ခရောက်ကြတာ များပါတယ်.

ခုချိန်မှာ Covid ကြောင့် Oxygen level နည်းနေတဲ့လူနာကို တစ်နေရာကနေ တစ်နေရာကို လွှဲပြောင်းတော့မယ်ဆိုရင် ခုလက်ရှိ Tank ထဲက Oxygen ဟာ ဘယ်လောက် အချိန်အတိုင်းအတာထိပဲ လုံလောက်မှုရှိမယ်ဆိုတာ တွက်ချက်ထားရပါမယ်. မတွက်ထားပေးရင် Oxygen ပြတ်ပြီး လူနာသေပါလိမ့်မယ်.

မြန်မာပြည်မှာ များသောအားဖြင့် သုံးနေတဲ့ Oxygen tank တွေဟာ များသောအားဖြင့် Tank D လို့ခေါ်တဲ့ အိုးပု (Oxygen ပမာဏ 400 L ဝန်းကျင်) နဲ့ Tank E လို့ခေါ်တဲ့ အိုးရှည် (Oxygen ပမာဏ 600 L ဝန်းကျင်) တွေ ဖြစ်ပါတယ်.

လူနာရှူနေတဲ့ Oxygen flow rate နဲ့ ရှေ့ခရီးဆက်ရင် Tank ထဲက Oxygen ဘယ်လောက်မိနစ်ပဲ ကြာကြာခံတော့မယ်ဆိုတာ မြန်မြန်သိချင်ရင် သင်္ချာအခြေခံ ( နုတ်, မြှောက်, စား) ကို အခြေခံဝန်ထမ်းတစ်ယောက်အနေနဲ့ သိနေရပါမယ်.

1) Tank pressure ကို ညွှန်ပြတဲ့ လက်တံလေးကို ဖတ်လိုက်, eg. 1200 PSI)
2) ပြီးရင် ဖတ်လို့ရတဲ့ အဖြေထဲက 200 နုတ်လိုက် (eg. 1200-200 = 1000 PSI)
3) ပြီးရင် ကိန်းသေနဲ့ မြှောက်ပါဦး (ဖြတ်လမ်းအားဖြင့် အိုးတိုအတွက်ဆို ကိန်းသေ 0.16, အိုးရှည်အတွက်ဆို ကိန်းသေ 0.28 ဆိုတာကို မှတ်ထား)
4) မြှောက်လို့ရလာတဲ့ အဖြေကို Oxygen flow rate နဲ့ စားလိုက်ပါ (eg. 5 L/min)

ဒီတော့ အပေါ်က Eg မှာ သယ်ရလွယ်တဲ့ အိုးတိုအတွက်ဆိုရင်
1200-200 = 1000
1000 * 0.16 = 160
160÷5 = 32 (မိနစ်) ပဲ ခံပါတော့မယ်. ၃၂ မိနစ်ပြီးရင် Oxygen ကုန်ပါပြီ.

ဒီတော့ ခြုံငုံပြောရရင် ခရီးအကွာအဝေးအလိုက် Oxygen ကို လူနာတင်ကားပေါ်မှာ လုံလောက်စွာ သယ်သွားရပါမယ်. Oxygen ကုန်သွားမှ မျက်လုံးပြူး မျက်ဆန်ပြူး Oxygen လိုက်ရှာနေရင် ကိုယ့်ရှေ့မှာတင် လူနာဟာ မချိမဆန့် သေသွားနိုင်ပါတယ်.

ခုခေတ်လူတိုင်းနီးပါးရဲ့ ဖုန်းမှာ Calculator ရှိပါတယ်. တွက်ရတာ လွယ်လွန်းပါတယ်. ခက်လည်း မခက်ပါဘူး. ဒါလည်း Covid ကာလမှာ လူနာအသက်ကယ်နည်းတစ်မျိုးပါပဲ. အရေးကြီးပါတယ်. ဉာဏ်သုံးပြီး အားလုံးအဆင်ပြေကြပါစေ.

သုံးခွမြို့နယ် ကြက်ခြေနီမှ သွေးသန့်သွေးလှူရှင် စုဆောင်းရေးနှင့် သွေးလှူဒါန်းခြင်း🩸 🩸 🩸 🩸 🩸 🩸 🩸 🩸 🩸 🩸 🩸 ၄.၇.၂၀၂၁သုံးခွမြိ...
05/07/2021

သုံးခွမြို့နယ် ကြက်ခြေနီမှ သွေးသန့်သွေးလှူရှင် စုဆောင်းရေးနှင့် သွေးလှူဒါန်းခြင်း
🩸 🩸 🩸 🩸 🩸 🩸 🩸 🩸 🩸 🩸 🩸
၄.၇.၂၀၂၁
သုံးခွမြို့

၄.၇.၂၀၂၁ရက်နေ့ သုံးခွ ပြည်သူ့ဆေးရုံတွင် အရေးပေါ်လိုအပ်သော Aသွေး(၂)လုံးအား လှူဒါန်းပေးပါသော
စေတနာ့သွေးအလှူရှင်များအား ကျေးဇူးတင်ရှိပါသည်။

🔺အရေးပေါ်သွေးလိုအပ်ပါက (သို့) စေတနာသွေးအလှူရှင်ဖြစ်လှူဒါန်းလိုပါက Tongwa Township RedCross page၏ Messenger မှလည်းကောင်း အောက်ဖော်ပြပါ ဖုန်းနံပါတ်များမှလည်းကောင်း ဆက်သွယ်လှူဒါန်း၊ အကူအညီရယူတောင်းခံနိုင်ပါသည်။
ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ -

📞 09-683344050.
📞09-406600544
📞09-753 864895
📞 09-421109700


@

04/07/2021

အောက်ဆီဂျင် အိုး​တွေကိုဝယ်ယူ အိမ်မှာ​ဆောင်ထားကြပြီဆို​တော့ ​ဆောင်ရန် ​ရှောင်ရန်​လေး​တွေ ​ပြော​ပေးပါမယ်​နော်။

၁။​အောက်ဆီဂျင်ဟာ radiation မဖြစ်ပါဘူး။ ဒါ​ကြောင့် သူ့နားမှာ ဖုန်း​ပြောနိုင်ပါတယ်။

၂။​အောက်ဆီဂျင်ဟာ ကိုယ်တိုင်မီးမ​လောင်နိုင်ပါဘူး၊ ဒါ​ပေမယ့် မီးလောင်ခြင်းကို အား​ပေးပါတယ်။ ဒါ​ကြောင့် မီးဖို​ဘေး၊ မီးနဲ့ပတ်သက်တဲ့ ​နေရာ​တွေနဲ့ ​ဝေး​ဝေးထား​ပေးရပါမယ်။
ဒီအိုးနားမှာ ​ဆေးလိပ်မ​သောက်ရပါဘူး။
မီးပျက်လို့ သူ့​ပေါ်မှာ ဖ​ယောင်းတိုင်​လေးထွန်းတာမျိုး လုံးဝလုံးဝမလုပ်ရပါဘူး​နော်။

၃။​လေဖြည့်ထားတဲ့ ​အောက်ဆီဂျင်အိုးဟာ အတွင်းထဲမှာ ​လေ​ပေါင် pressure 1800psi ရှိတာမို့ ​လေရှိ​နေတဲ့အိုး​တွေကို ထုရိုက်ခြင်း၊ ကြမ်းကြမ်းတမ်းတမ်းပစ်ချခြင်းမျိုးကို ​ရှောင်ကြဥ်ရပါမယ်။

၄။အ​ရေးအကြီးဆုံးက​တော့ ​အောက်ဆီဂျင်​အိုး​တွေဟာ ဆီမှန်သမျှ​ကြောက်ပါတယ်။ ဓါတ်ဆီ၊ ဒီဇယ်၊ စားဆီ၊ ​ခေါင်းလိမ်းဆီ စသည်များနှင့် လုံးဝမထိမိ​အောင်ထား​စေချင်ပါတယ်။
လှည့်တဲ့ ဝှီးဘား​လေးကြပ်​နေလို့ ဆီ​လေးထည့်လိုက်မယ်ဆိုတာမျိုးတွေ လုံးဝလုံးဝ မလုပ်မိပါ​စေနဲ့။​ filling လုပ်တဲ့အချိန်ပေါက်ကွဲ​စေတတ်ပါတယ်။

၅။​အောက်ဆီဂျင်အိုးကို လဲကျခြင်းမဖြစ်​အောင် ခိုင်မာတဲ့ တစ်ခုခုမှာ ချည်​နှောင်ထားရပါမယ်။

​သတိရှိနိုင်ကြပါ​စေ။

Credit

‼️Oxygen ဘယ်လိုပေးကြမလဲ❓

📍Oxygen ပေးဖို့ Cylinder နဲ့ concentrater
(၂)မျိုးရနိုင်ပါတယ်။
📍Wall line ကတော့ ဆေးရုံမှာမှ ရနိုင်တာပါ။

1️⃣ Concentrator ‼️
👉အခုအတွေ့ရများတာက 5 L per minute နဲ့ 10 L
per minute တွေဆိုပြီး အလာများပါတယ်။

👉5 L per minute ဆိုတာကတော့ ရိုးရိုးရှင်းရှင်း
ပါပဲ တစ်မိနစ်ကို Oxygen 5 L ထိ ထုတ်လွှတ်
ပေးနိုင်ပါတယ်။

👉အားသာချက်က မီးရှိရင် ဖွင့်ပြီးသုံးရုံပါပဲ။

အားနည်းချက်က ——
📍 ဆက်တိုက်သုံးရင်စက်ပူပါတယ် စက်ကြောင်
တတ်ပါတယ်။
📍6 နာရီ လောက်ဆက်တိုက်မောင်းပြီးရင်တော့
ခဏ နားသင့်ပါတယ်။
📍 Flow ကိုတင်လေလေ oxygen concentration
ကျလေလေပါ။
📍5 L စက်ကို 2 - 3 L per minute နဲ့ပေးရင်
Oxygen concentration 97 လောက်ထိပါပေမဲ့
5 L per minute လုံးအပြည့်ပေးလိုက်ရင်
concentration ကျပါတယ်။

2️⃣Oxygen cylinder ‼️

👉ကောင်းတဲ့အချက်က oxygen concentration
ပြည့်ပြည့်ရပါတယ်
👉Flow ဘယ်လောက်တင်တင် ကိုယ်ရတာ 100 to
99-98 % oxygen ပါ

📍အားနည်းချက်ကတော့ ပြန်ပြန်ဖြည့်ရပါတယ်။
( ပြန်ဖြည့်ဖို့နေရာအရမ်းခက်ခဲနေလျှင် ကြိုတွက်
ထားပြီး လုံလုံလောက်လောက် ရှာထားပါ )

‼️Oxygen ဘယ်လိုပေးကြမလဲ❓

👉 ဘယ်လောက် liter နဲ့ ပေးမလဲ ဆိုတာတရားသေ
ပြောလို့မရပါဘူး။ (Titrate လုပ် ချိန်ဆပြီးပေး)

👉တတ်နိုင်သမျှတော့ oxygen ကို 90%အထက်မှာ
ထားချင်ပါတယ်။

👉‼️Oxygen တိုင်းကြည့်လို့90%ပတ်ချာလည်ဆို
ရင်တော့ Nasal prongs or nasal cannula
နဲ့ 2 to 5 liter perminute နဲ့ စပေးပါ။
( Oxygen ကိုတိုင်းကြည့်ပါ ကိုယ်ဘယ်လောက်ပေးရင်ဘယ်လောက်တက်လာလဲဆိုတာပြန်ချိန်ပါ
အတိုးအလျော့ လုပ်ကြည့်ပါ )

👉‼️5 liter per minute နဲ့ပေးလို့မှ တက်မလာဘူး
ဆိုရင် Face mask နဲ့ပြောင်းပေးပါ။
( 5 to 10 liter ထိကိုFace mask နဲ့ပေးလို့အဆင်ပြေပါတယ် oxygen ကိုတောက်လျှောက်တိုင်းကြည့်ရပါမယ် အ​ပေါ်ကပြောခဲ့သလိုပဲ ချိန်ဆကြည့်ပါ ကိုယ်ပေးတဲ့ Oxygen liter နဲ့ ပြန်တိုင်းလို့ရတဲ့ oxygen ပမာဏ ကိုချိန်ဆပါ )

👉‼️လူနာအခြေအနေပိုဆိုးလာလို့ oxygen 5 to
10 liter နဲ့ မလုံလောက်တော့ဘူးဆိုရင် Face
mask with reservior bag နဲ့ပြောင်းပေးတာ
ကောင်းပါတယ်။
( Flow meter တော်တော်များများမှာ 15 to 20 liter ထိပါလေ့ရှိပါတယ်။ အပေါ်မှာပြောထားသည့်အတိုင်းချိန်ဆ ပေးပါ )

‼️Flow meter ကိုရေအမြဲဖြည့်ပါ ရေသန့် နဲ့ဖြည့်ပါ

‼️Oxygen ကိုပေးပြီးတိုင်း ပစ်မထားရပါ ပြန်ပြန်
တိုင်းပါ လိုအပ်ရင်အတိုးအလျှော့လုပ်ပါ

‼️Oxygen အိုးကုန်မကုန် အမြဲ Check ပါ

Address

Marga
Thongwa

Telephone

09421109700

Website

Alerts

Be the first to know and let us send you an email when Thongwa Red Cross Branch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share