26/05/2024
၂၅.၅.၂၀၂၄
သုံးခွမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး စုဖွဲ့လေ့ကျင့်မှုနှင့်သရုပ်ပြသခြင်းဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်း သဘာဝဘေး အန္တရာယ်များ ပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကူညီကယ်ဆယ်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး စုဖွဲ့လေ့ကျင့်မှုနှင့်
သရုပ်ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈နာရီခွဲအချိန်ကမြို့နယ် မီးသတ်ဦးစီးဌာနတွင် ဆောင်ရွက်ကြောင်းသိရသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းအောင်က
သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် လျင်မြန်စွာတုန့်ပြန်နိုင်ရေ ပြောကြားပြီး မုန်တိုင်းဘေး၊ ရေကြီးမှုဘေး၊ မြေပြိုဘေးနှင့် အခြားသောသဘာဝဘေးအန္တရာယ်များပေါ်ပေါက်လာပါက ရှာဖွေကူညီ ကယ်ဆယ်ရေးအားအချိန် နှင့် တစ်ပြေးညီ အမြန်ဆောင်ရွက်နိုင်ရန်တပ်ဖွဲ့ဝင်များမှ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ စက်ယာဉ်ယန္တရားများ အသင့်ပြင်ဆင်ထားရှိခြင်း၊သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပါကလျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေးအသင့်စုဖွဲ့ပြင်ဆင်ထားရှိမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းအောင်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများနှင့်ပရဟိတအသင်းဖွဲ့များကကြည့်ရှု့အားပေးခဲ့ကြောင်းသိရသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး စုဖွဲ့လေ့ကျင့်မှုနှင့်
သရုပ်ပြသခြင်းဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်မျိုးလွင်ဦးဆောင်၍ သန္ဓေနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ ပါဝင်သည့် အင်အား ၃၅ဦးတို့ကသရုပ်ပြသခြင်းဆောင်ရွက်ခဲ့သည်။