ဘဝအတြက္အသံုးဝင္မယ့္စာစုမ်ား

  • Home
  • Myanmar
  • Thazi
  • ဘဝအတြက္အသံုးဝင္မယ့္စာစုမ်ား

ဘဝအတြက္အသံုးဝင္မယ့္စာစုမ်ား အမှားတွေထဲမှာ အကောင်းဆုံးဖြစ်အောင်ရှင်သန်နေထိုင်ပါ

24/08/2023

"လူတိုင်းမှန်တယ်"
ဟုတ်တာ​ပေါ့။ ဘယ်သူကများလွဲ​နေလို့လဲ?။ တစ်​ယောက်နဲ့တ​ယောက်၊ တစ်ဖက်နဲ့တစ်ဖက် ငြင်းကြရင် ဘယ်သူကများ ကျွန်​တော်တို့၊ ကျွန်မတို့မှားပါတယ်လို့ ​ပြောဖူးလဲ။ ​ပြောတဲ့လူ​တွေလဲရှိပါတယ်(တချို့တဝက်​ပေါ့)။ လူတိုင်းက သူတို့မှန်တဲ့အ​ကြောင်း​တွေပဲ ဥပမာ​တွေ၊ သာဓက​တွေနဲ့သူတို့မှန်ပါတယ်လို့ရှင်းပြ​နေကြတာပဲမဟုတ်လား?။ ကျွန်​တော့ ဦး​လေးတစ်​ယောက်ဆိုရင်ကြည့်။ ​တောင်သူလုပ်တယ်။ လုပ်တာမှ တရွာလုံး ဘသူမှမထကြ​သေးဘူး အ​စောထပြီး လယ်ထဲသွား။ ထွန်စရာရှိတာထွန်၊ အိမ်အပြန်နွား​တွေကို​ကျွေးဖို့ မြတ်​တွေရိတ်။ အားရင်အိမ်အတွက် ထင်းခုတ်။ ​တောင်သူအလုပ်နဲ့ပတ်သက်ပြီး လုပ်တာမှစုံ​နေတာပဲ။ ဒါ​ပေမယ့် သူကည​နေဆိုရင်​တော့မရဘူး။ ​သောက်တယ်စားတယ်။ ​နောက်ဆုံး အလုပ်​တွေ​သေ​အောင်လုပ်တယ် ပင်ပန်း​တော့ ည​ရောက်ရင်​သောက်တယ်။ တဖြည်းဖြည်းနဲ့ ပင်ပန်းလို့​သောက်ပီးအနားယူတာကစပြီး အရက်သမားလုံးလုံးဖြစ်သွားတယ်။ ​နောက်ဆုံး အရက်​ကျေးကျွန်ဖြစ်ပီး ဘဝပါပျက်သွားတယ်။ အဲ့ဒါဘာ​ကြောင့်လဲ?။
​နောက်တ​စ်​ယောက်က ကျွန်​တော့ရုံးကအကိုတစ်​ယောက်​ပေါ့။ အရမ်း​တော်တယ်။ ဘယ်ကိစ္စမဆိုသူမပါရင်မပြီးတဲ့အထိကို(ဒီ​နေ့​ခေတ်မှာ​တောင်​နော်) ​တော်တယ်။ သူလဲကျွန်​တော့ဦး​လေးလိုပဲ ညဆိုပင်ပန်းလို့ဆိုပီး​သောက်တယ်။ တဖြည်းဖြည်း ညတင်မက မနက်လဲ​သောက် ​နေ့လဲ​သောက် ညလဲ​သောက်ဖြစ်သွားတယ်။ ​နောက်ဆုံး ​မ​သောက်ပဲအလုပ်လုပ်ရင် ဒူးတုန်လက်တုန်နဲ့ ​သောက်တလွဲ​တွေကြည့်ဖြစ်ကုန်​ရော။
အဲ့အဖြစ်အပျက်ကိုကြည့် သူတို့ကိုဆုံးမကြတယ်။ အရက်​သောက်တာမှားတယ်လို့​ပြောပြကြတယ်။ အရက်​ကျေးကျွန်ဖြစ်တာနမကောင်းဘူးဘာညာနဲ့ဆုံးမကြတယ်။ သူတို့ကအဲ့ဆုံးမတာ​တွေ၊ ​ပြောပြတာ​တွေကိုလက်မခံဘူး။ ဒီ​ကောင်ဆရာကြီးလား?ဒီဘိုး​တော်ကဆရာကြီးလား? စသဖြင့်​ပြန်တုန့်ပြန်ကြတာ​ပေါ့။ သူတို့ကိုယ်သူတို့ကြ​တော့ ပင်ပန်းလို့အနားယူချင်လို့​သောက်တယ်လို့ယူဆထားတယ်။ တခြားလူအမြင်ကြ​တော့ အဲ့လိုလို​တွေ​သောက်တာ အလုပ်​တွေလွဲ​ချော်တယ်၊ အချိန်မီမပြီးစီးဘူး။ ကျွန်​တော့ဆရာတစ်​ယောက်ဆို အလုပ်​တွေ​​တော်​တော်လုပ်တယ်။ တကယ်လဲ မနားမ​နေကြိုးစားပြီးလုပ်တယ်။ မနက်မိုးလင်းတာနဲ့ အလုပ်အ​ကြောင်း​တွေပဲ​ခေါင်းထဲစုပြုံထဲ့ထားတယ်​။ ဒါ​ပေမယ့် သူ့မှာအကျင့်တခုရှိတယ်။ ဘယ်အလုပ်ပဲဖြစ်ဖြစ်မစခင် ငြီးတက်တာပဲ။ အလုပ်​တွေကလဲကွာ တစ်ခုမပြီး​သေးဘူးတစ်ခုက​ပေါ်လာပြန်ပီ။ စိတ်​တွေညစ်လိုက်တာလို့အမြဲငြီးတယ်။ တစ်ရက်ကြ​တော့ ည​နေခင်းကြီး ဆရာနဲ့ကျွန်​တော် စကားလက်လုံ​ပြောဖြစ်တာ​ပေါ့။ ဒါနဲ့ကျွန်​တော်လဲစကား​လေးစလိုက်တယ်။ ဆရာရယ် အလုပ်​တွေ​တော့အရမ်းလုပ်ပြီး၊ ဘယ်ကိစ္စမဆို​ကောင်း​အောင်လုပ်​နေပြီး ဘာလို့ငြီးတာလဲလို့။ ဆရာကပြန်​ပြောတယ်။ အဲ့လိုငြီးလိုက်ရင် စိတ်ထဲ​ပေါ့သွားလို့တဲ့။ အဲ့မှာကြည့် သူ့ကိုကျွန်​တော်ကငြီးလို့ဆိုပီး​ပြောတယ် သူကကြ​တော့ငြီးလိုက်ရင် စိတ်ထဲ​ပေါ့သွားတယ်လို့​ပြောတယ်။ ဘယ်​လောက်ပဲဆိုးရွားတဲ့လူ​တွေမှားတဲ့လူ​တွေဖြစ်​နေပါ​စေ ဘယ်​တော့မှမှားပါတယ်လို့ဝန်ခံမှာမဟုတ်ဘူး။ ဒါသဘာဝပဲ။ သူတို့မှားတယ်လို့လဲ​ပြောလို့မရဘူး။ ​သူတို့မှာလဲမာနဆိုတာရှိတဲ့အတွက် မှားမှန်းသိ​နေရင်​တောင် အပြင်ပန်းမှာ​တော့ မှန်တယ်လို့ပဲ​ပြောကြမှာပဲ။ အဲ့ဒိအတွက်လုပ်စရာတစ်ခုပဲရှိတယ် မှားတယ်လို့လူ​တွေက်ု​အချက်အလက်​တွေနဲ့​ထောက်ပြပြော​နေမယ့်အစား ကို့အ​တွေးနဲ့ကိုသူကြည့်တဲ့ရှု​ထောင့်ကြည့်​ပေးလိုက်တာအ​ကောင်းဆုံးပါပဲ။

19/12/2022

သင်နှင့်သင်သာသင့်ဘဝရဲ့ အကောင်းဆုံးအဖော်၊ အကောင်းဆံုးသူငယ်ချင်း၊အကောင်းဆံုးမိတ်ဆွေပါ။

စိတ်ဓတ်မကျပါနဲ့ စိန်ပန်းတွေနွမ်းရင် ပိတောက်ပွင့်မှာပါ ငါတို့အားလုံးကြောက်သင့်တာ မှန်ပေမယ့် စိုးရိမ်လွန်ကဲတဲ့စိတ်တွေဖျောက...
04/03/2021

စိတ်ဓတ်မကျပါနဲ့ စိန်ပန်းတွေနွမ်းရင် ပိတောက်ပွင့်မှာပါ ငါတို့အားလုံးကြောက်သင့်တာ မှန်ပေမယ့် စိုးရိမ်လွန်ကဲတဲ့စိတ်တွေဖျောက်ပစ်ပါကွာ

21/01/2021

somethings....

21/01/2021

Gf

14/01/2021

Something

14/01/2021

Somethings

03/01/2021
28/12/2020

အရမ်းကြိုက်နေတဲ့သီချင်းလေး စာသားတွေကတော်တော်လေးကောင်းတယ်

Address

Thazi

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 00:09 - 12:09
Thursday 00:09 - 12:09
Friday 00:09 - 12:10
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when ဘဝအတြက္အသံုးဝင္မယ့္စာစုမ်ား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category