Myanmar Maritime University Students' Union

Myanmar Maritime University Students' Union Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Maritime University Students' Union, Political organisation, Myanmar Maritime University, Thanlyin.
(248)

22/07/2025
◾ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ဟောင်း မဝတ်ရည်အောင် အကျဥ်းထောင်တွင်း မြင့်မြတ်စွာကျဆုံးခြင်း
20/07/2025

◾ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ဟောင်း မဝတ်ရည်အောင် အကျဥ်းထောင်တွင်း မြင့်မြတ်စွာကျဆုံးခြင်း

◾"ဆဲဗင်းဂျူလိုင် အောက်မေ့ဦးညွှတ် အထိမ်းအမှတ်အခမ်းအနား"
07/07/2025

◾"ဆဲဗင်းဂျူလိုင် အောက်မေ့ဦးညွှတ် အထိမ်းအမှတ်အခမ်းအနား"


17/04/2025
အရေးပေါ်ဖုန်းအားသွင်းဖို့လိုပါက အခမဲ့ ဖုန်းအားသွင်းနိုင်သောနေရာများ စုစည်းမှု
29/03/2025

အရေးပေါ်ဖုန်းအားသွင်းဖို့လိုပါက အခမဲ့ ဖုန်းအားသွင်းနိုင်သောနေရာများ စုစည်းမှု

အရေးပေါ်ဖုန်းအားသွင်းဖို့လိုပါက အခမဲ့ ဖုန်းအားသွင်းနိုင်သောနေရာများ စုစည်းမှု

Pro Tech Care - ရန်ကုန် တာမွေ
https://www.facebook.com/share/p/1A3ZYMcHWg/

Great One အိမ်ခြံမြေ - ရန်ကုန် ရွှေပြည်သာ
https://www.facebook.com/share/p/1DePYAvLKF/

Nail House by Grace - ရန်ကုန် ရွှေပြည်သာ
https://www.facebook.com/share/p/15RCwf1McG/

ZZ Mobile Service & Training - ရန်ကုန် လှည်းတန်း
https://www.facebook.com/share/p/169dqTDes2/

နဝရတ် ဆန်ဆီရောင်းဝယ်ရေး - ‌ရန်ကုန် မြောက်ဒဂုံ
https://www.facebook.com/share/p/197HgWPfpM/

Htun Brother Electronics - ရန်ကုန် ယုဇနဥယျာဉ်မြို့တော်
https://www.facebook.com/share/p/1ADJf5uHwd/

Real Choice မီးအားမြှင့်စက်ဆိုင် - ရန်ကုန် မြောက်ဥက္ကလာပ
https://www.facebook.com/share/p/1A9Z8frMJV/

မမပို - ရန်ကုန် တောင်ဥက္ကလာပ
https://www.facebook.com/share/p/19MTXNbt8T/

AUTO LIFE Car Service - မန္တလေး
https://www.facebook.com/share/p/1A4cRTsnP6/

Aye Myit Tar Store - ပဲခူး
https://www.facebook.com/share/p/12EYmadGetp/

ဦးတရုတ် Battery ဆိုင်ကယ် - ပဲခူး
https://www.facebook.com/share/p/1AXvqUiveD/

စွမ်းအားလျှပ်စစ် - ပဲခူး
https://www.facebook.com/share/p/1AShxEsHD6/

June အထည်ဆိုင် - ပဲခူး
https://www.facebook.com/share/p/1EuN5aCRE4/

အဆွေတော်-ကွမ်းဒိုင် - ပြည်
https://www.facebook.com/share/p/12GMQXExm3H/

A-One ဖိတ်စာဆိုင် - ပြည်
https://www.facebook.com/share/p/1EZkRsCzbm/

Sayargyi မူကထ - ပြည်
https://www.facebook.com/share/p/18sMfnG77G/

Golden Galaxy - ကစားကွင်း - ကျိုက်ထို
https://www.facebook.com/share/p/1BFRiYgkvQ/

စိန်ချယ်-စားသောက်ဆိုင် - လင်းခေး
https://www.facebook.com/share/p/18b33Ncd6Q/

အထင်ကရ မိုဘိုင်း - သာစည်
https://www.facebook.com/share/p/1697JEynWq/

Mobile City - သရက်မြို့
https://www.facebook.com/share/p/1EazGyDe5N/

အောင်မြင်သူ သင်တန်းကျောင်း - မကွေး
https://www.facebook.com/share/p/17L6u97YQg/

ဒေါ်လာလျှပ်စစ်ပစ္စည်းဆိုင် - မကွေး
https://www.facebook.com/share/p/1A5eHyq1ny/

Shwe Yi Win Mobile - သနပ်ပင်မြို့
https://www.facebook.com/share/p/14kpnuxqxQ/?mibextid=oFDknk

မိုးမခ Mobile - ပေါင်းတည်မြို့
https://www.facebook.com/share/p/15zr5VZbax/

ရုပ်စုံကမ္ဘာ - တောင်ငူ
https://www.facebook.com/share/p/18owT9Ev1u/

Heart Beat Restaurant - တောင်ကြီး
https://www.facebook.com/share/p/18t3orCjoF/

Moonlight Korea - အောင်ပန်း
https://www.facebook.com/share/p/1J7qokx2ps/

ရတနာ အလှပြင်ဆိုင် - စကုမြို့
https://www.facebook.com/share/p/19BEVKvgyR/

ဟိဏ်း မိုဘိုင်း - တပ်ကုန်းမြို့
https://www.facebook.com/share/p/1HTYTfoJk7/

AH Fashion - ကျိုက်ထိုမြို့
https://www.facebook.com/share/p/15gEgrScuG/

ထပ်မံ၍ ဖြည့်စွက်ပါမည်။

#ဖုန်းအားသွင်း #အရေးပေါ်အားသွင်း #ငလျင် #ငလျင်လှုပ် #မီးပြတ်

“သဲငယ် ကိုကိုက ပါဝါနဲ့လေ...”(မတ်လ၁၃ ရက်၊ ၂၀၂၁ ၏ ကြွေလွင့်ကြယ်ပွင့်သူရဲကောင်း ကိုထက်မြက်အောင်)
13/03/2025

“သဲငယ် ကိုကိုက ပါဝါနဲ့လေ...”

(မတ်လ၁၃ ရက်၊ ၂၀၂၁ ၏ ကြွေလွင့်ကြယ်ပွင့်သူရဲကောင်း ကိုထက်မြက်အောင်)

❐ “သဲငယ် ကိုကိုက ပါဝါနဲ့လေ...”
_____________________________
(မတ်လ၁၃ ရက်၊ ၂၀၂၁ ၏ ကြွေလွင့်ကြယ်ပွင့်သူရဲကောင်း ကိုထက်မြက်အောင်)

လူငယ်၏ ဝမ်းဗိုက်တွင် ကျည်ဆံ ထိထားသည်။ သို့သော် သူတို့မနားရဲ။ လုံခြုံမည်ထင်ရာသို့သာ ဆက်၍ သွားနေရသည်။ ဝမ်းဗိုက်ဒဏ်ရာမှ သွေးတို့ကား တစိမ့်စိမ့်ထွက်နေ၏။

မတ်လ (၁၃)ရက်တွင် ပြည်မြို့ ရွှေတစ်ချောင်းလမ်း ခရမ်းကုန်းရပ်ကွက်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ သပိတ်စစ်ကြောင်းတွင် ထိုလူငယ်သည် ရှေ့တန်းမှ ဒိုင်းကာ ကာ ဆန္ဒပြလူထုကို ကာကွယ်ရန် ကြိုးစားခဲ့သူဖြစ်သည်။ ထိုသို့ ကာကွယ်ရင်းနှင့်ပင် ဝမ်းဗိုက်ကို ကျည်ဒဏ် နှစ်ချက် သင့်ခဲ့ရခြင်းဖြစ်သည်။

အသက် (၁၉)နှစ်အရွယ် ကိုထက်မြက်အောင်သည် သန်လျင်မြို့ရှိ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ ပထမနှစ် သင်တန်းသားတစ်ဦးဖြစ်သည်။ ဘောလုံးအားကစားကို စိတ်ဝင်စားသည်။ အပျော်တမ်း ကလပ် အသင်းလေးတွင် ကစားခဲ့သလို တက္ကသိုလ် ဘောလုံး အသင်းအတွက်ပင် ပါဝင်ကစားခဲ့သေးသည်။ တစ်ဦးတည်းသော သားဖြစ်သော သူ့အတွက် သူငယ်ချင်းများကပင် သူ့အတွက် ညီအစ်ကို သဖွယ်ဖြစ်သည်။ တို့ညီအကိုတွေဆိုသော စကားကို ခဏခဏ ပြောတတ်သည်။

၂၀၂၀ ကိုဗစ် ရောဂါ ကပ်ဆိုးကြောင့် ကျောင်းများယာယီ ပိတ်လိုက်ရသဖြင့် ရန်ကုန် မှ သူ့ဇာတိ ပြည်မြို့သို့ ပြန်လည်နေထိုင်ခဲ့သည်။ ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာရူးတစ်သိုက်မှ နိုင်ငံတော် အာဏာကို အဓမ္မ ထိန်းသိမ်းကြောင်း သိခဲ့ရချိန် သူမခံမရပ်နိုင်အောင်ဖြစ်ခဲ့ရသည်။ အများနည်းတူ ပင် လမ်းမပေါ်တက်ကာ စစ်အာဏာရှင် အလိုမရှိကြောင်း ကန့်ကွက် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည်။ လူထု၏ အင်အားကို သူကိုးစားသည်။ သူသည် မှန်ရာဘက်တွင် ရပ်ခြင်းဖြစ်ကြောင်းသူယုံကြည်သည်။

တစ်ခါတစ်ရံတွင်မူ လူငယ်ပီပီ သူငယ်ချင်း မိတ်ဆွေများနှင့် စကားပြောရင်း မကျေနပ်ချက်များလည်း ပွင့်အံထွက်လာတတ်သေးသည်။ လူကြီးအမည်ခံလူတစ်ချို့၏ ကလေးဆန်ဆန်လုပ်ရပ်များကို လည်း သဘောမတွေ့တတ်။ "ဘာမှစည်းစည်းလုံးလုံး မရှိဘူးကွာ လူငယ်တွေက တာဝန်ကျေနေပြီ"ဟု သူငယ်ချင်းတစ်ယောက် ကိုပင် မချင့်မရဲပြောခဲ့သေးသည်။ ယခုအချိန် ထိ စည်းလုံးမှုကို ကြိုးပမ်း တည်ဆောက်ရဆဲ ဒီမိုကရေစီ ခရီးလမ်းကိုသာ ကိုထက်မြက်အောင် တွေ့ခဲ့ရပါက မည်သို့ ထပ်မံကာ ဆိုလေဦးမည်မသိ။

တက္ကသိုလ်ကျောင်းသား လူငယ်တစ်ဦးဖြစ်သော သူ့တွင် "သဲငယ်" ဟု နာမ်စားသုံးသည့် ချစ်ရသူ အမျိုးသမီးလေး လည်းရှိသေးသည်။ လူထု၏ အကြမ်းမဖက် ဆန္ဒပြပွဲများကို စစ်ကောင်စီ လက်အောက်ခံ တပ်သားများက ရက်ရက်စက်စက်ဖြိုခွဲချိန်တွင် လူထုမှာလည်း မိမိကိုယ်ကို ကာကွယ်ရန် တစ်ကိုယ်ရေ အကာအကွယ်ပစ္စည်းများဆောင်ယူလာရသည်။ရဲရင့်သော လူငယ်များက လက်လုပ်ဒိုင်းကာများဖြင့် ဆန္ဒပြသူများ၏ ရှေ့တန်းမှ နေရာယူကာ ပြည်သူကို ကာကွယ်ပေးခဲ့သည်။ ကိုထက်မြက်အောင် သည်လည်းရှေ့တန်းဒိုင်းကာ တာဝန်ကို ယူခဲ့သည်။

မကွယ်လွန်မီက ချစ်ရသူ "သဲငယ်"ထံ မိမိသည် ဒိုင်းကာ တာဝန်ကို ယူမည့်အကြောင်း ဂုဏ်ယူစွာ ပြောကြားခဲ့သေးသည်။ "သဲငယ်" ၏စိုးရိမ်စိတ်တို့ မရှိစေရန်လည်း "ကျည်အစစ်ဆိုပြေးမှာပါ" ဟု စိတ်ချစေရန် ပြောခဲ့သည်။ ကျည် အစစ်တို့ကမူ ကိုထက်မြက်အောင် ထံ အပြေးလာခဲ့သည်။

မတ်လ(၁၃) ရက်နေ့ ပြည်မြို့ ခရမ်းကုန်း သပိတ်တွင် မလျော်အင်အားသုံး ဖြိုခွင်းသော အကြမ်းဖက် စစ်ကောင်စီ၏ ကျည်စစ်ကျည်မှန် များက ကို ထက်မြက်အောင်ထံ ထိမှန်ခဲ့သည်။ ကိုထက်မြက်အောင်နှင့် အတူ ရှေ့တန်းမှ ဒိုင်းကာ လူငယ် ကိုဖြိုးဝေယံကျော်ကိုလည်းထိမှန်ခဲ့ကာ ကိုဖြိုးဝေယံကျော်၏ ရုပ်အလောင်းကို ရဲတပ်ဖွဲ့နှင့် စစ်တပ် ဘက်က ရယူသွားခဲ့သည်။

ဝမ်းဗိုက်တွင် ကျည်ဆံနှစ်ချက်ထိမှန်ခဲ့သော ကိုထက်မြက်အောင် ကို ဆန္ဒပြသူများမှ သယ်ဆောင်ကာ ဆေးကုသပေးရန်ကြိုးပမ်းခဲ့သည်။ ထိုသို့ ကုသပေးရန်ကြိုးပမ်းချိန်တွင်းပင် စစ်ကျွန်နောက်လိုက် အရိုးကိုက် တစ်ကောင်၏ သတင်းပေးတိုင်ကြားမှုကြောင့် အကြမ်းဖက် စစ်တပ်နှင့်ရဲများ လက်မှ လွတ်မြောက်ရန် ထပ်မံကာ ရှောင်ပုန်းခဲ့ရပြန်သည်။ထို့ကြောင့်ပင် အနာဂတ်၏ ရေကြောင်း အင်ဂျင်နီယာ တစ်ဦးဖြစ်သူ ကိုထက်မြက်အောင်မှာ ရရှိသော ဒဏ်ရာဖြင့်ပင် သွေးထွက်လွန်ကာ ကျဆုံးခဲ့ရသည်။

ပြည်မြို့၊ ဆင်စု ရပ်ကွက် ၊လှိုင်ဂါတ်လမ်းနေသူ ကိုထက်မြက်အောင် အသက် (၁၉) နှစ် (ပထမနှစ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်)နှင့် ကိုဖြိုးဝေယံကျော် အသက် (၂၀) နှစ် တို့၏ စျာပနခရီးကို ဒေသခံပြည်သူ သိန်းနှင့်ချီ လိုက်ပါ ပို့ဆောင်ခဲ့သည်။ ထိုစျာပနအခမ်းအနားမှာပင် "ကျန်ရစ်သော မျိုးဆက်တို့က ဆက်လက်၍ အောင်ပွဲရသည် အထိ တိုက်ပွဲဝင်သွားမယ်" ဟု ကျန်ရစ်သော ကျောင်းသားများက ကတိပြုသစ္စာဆိုခဲ့ကြသည်။

ချစ်ရသူ အမျိုးသမီးလေး စိတ်လက်ပေါ့ပါးစေရန်တော့"သဲငယ် ကိုကိုက ပါဝါနဲ့လေ" ဆိုသော စကားကို သူဆိုခဲ့သည်။ ရဲရင့်သော စိတ်ထား၊ ဘာမထီ သတ္တိ နှင့် ပတ်ဝန်းကျင် ကို စောင့်ရှောက်လိုသော စိတ်ဓာတ် တို့ကပင်လျင် သူ၏ ပါဝါ အစွမ်းများ ဖြစ်နေလိမ့်မည်။ ထိုအစွမ်း တို့ဖြင့်ပင် အမိမြန်မာနိုင်ငံ၏ ဒီမိုကရေစီ အနာဂတ်အတွက် တိုက်ပွဲဝင်ရင်း မတ်လ (၁၃) ရက်နေ့တွင် ကျဆုံးခဲ့ရသည်။

"Rest in Power , Ko Htet Myat Aung & All Fallen Heroes."

#ဆီသို့
#နိုင်ငံတော်သစ်ဆီသို့

#ကိုထက်မြတ်အောင် #နှစ်ပတ်လည်

------------

Subscribe to us on;

Telegram >>> https://t.me/towardsweeklynews

SoundCloud >>> https://soundcloud.com/towards-podcast

YouTube >>> https://www.youtube.com/-Towards-Media

Website >>> http://towardsmedia.info

ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၇) နှစ်ပြည့် နှစ်ပတ်လည်နေ့သို့ ‌တကသများ-ရန်ကုန်မှ ပေးပို့သော သဝဏ်လွှာ
13/03/2025

ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၇) နှစ်ပြည့် နှစ်ပတ်လည်နေ့သို့ ‌တကသများ-ရန်ကုန်မှ ပေးပို့သော သဝဏ်လွှာ


ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၇) နှစ်ပြည့် နှစ်ပတ်လည်နေ့သို့ ‌တကသများ-ရန်ကုန်မှ ပေးပို့သော သဝဏ်လွှာ

13/03/2025

လွန်ခဲ့သော (၃၇)နှစ် ဒီလိုနေ့မျိုးမှာ RITက ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးပါတယ်။ နောက်ထပ် လွန်ခဲ့တဲ့ (၄)နှစ် ဒီလိုနေ့မျိုးမှာပဲ ရေကြောင်းက ထက်မြတ်အောင် ကျပါတယ်။ ၂၀၂၁ အာဏာသိမ်းစကနေ အခုချိန်ထိဟာ ကျနော့်အတွက်တော့ Russian roulette ဆော့နေရသလိုပါပဲ။ ဘယ်အချိန်မှာ ကျည်ကဒ်ထဲက ကျည်တတောင့်ဟာ ကျနော့်နားထင်ကိုဖြတ်သွားမလဲဆိုတာ ရင်ခုန်ရင်း ကံစမ်းနေရတာပါပဲ။ ရှေ့မှာတော့ ထက်မြတ်အောင်အပါအဝင် ရဲဘော်အများအပြားဟာ ပစ်ချက်မှာ ကျည်ပါနေတာနဲ့တိုးပြီး တကယ်ကျဆုံးကုန်ကြပါပြီ။ ကျနော်ကိုယ်တိုင်လည်းပဲ ဘာကိုမှမရဲရင့်နိုင်တဲ့ အချိန်အခါမျိုးမှာ ကျည်ဟာ တကယ်ပဲခေါင်းထဲပစ်ဝင်သွားလိုက်ဖို့ ဆန္ဒရှိပါတယ်။ တခါတလေ ကျတော့လည်း ခေါင်းကဟောင်းလောင်းပေါက်ဖြစ်နေ မဖြစ်နေစမ်းရင်း၊ မဖြစ်တဲ့အခါ တကယ်မသေသေးဘူးဟလို့တွေးမိရင်းနဲ့ပဲ ရှင်သန်နေရပါတယ်။ တဆက်တည်းမှာပဲ ရန်သူနဲ့ဒီလို ကိုယ်တပြန်သူတပြန် ကိုယ့်နားထင် ကိုယ်တေ့ပစ်တမ်း ကစားရတဲ့အခါမှာတော့ ရန်သူ့ဘက်ကသာ သေကြေပျက်စီးကုန်ကြဖို့ကိုလည်း ကျနော်ဆုတောင်းပြုပါတယ်။

ဘုန်းမောင်
ဥက္ကဋ္ဌ
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂကြေညာချက်အမှတ် (၁/၂၀၂၅)
13/03/2025

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ
ကြေညာချက်အမှတ် (၁/၂၀၂၅)


◾တကသများ-ရန်ကုန်/ကျောင်းသားလက်ရုံးတပ်တော်၏ နိုင်ငံရေးရပ်တည်ယုံကြည်ချက်များအား ထုတ်ပြန်ကြေညာခြင်း။ရက်စွဲ ။ ။ဖေဖော်ဝါရီ ၁၊...
01/02/2025

◾တကသများ-ရန်ကုန်/ကျောင်းသားလက်ရုံးတပ်တော်၏ နိုင်ငံရေးရပ်တည်ယုံကြည်ချက်များအား ထုတ်ပြန်ကြေညာခြင်း။

ရက်စွဲ ။ ။ဖေဖော်ဝါရီ ၁၊ ၂၀၂၅။



▪️ဘုတလင်တွင် စစ်ရှောင်ပြည်သူများ လိုအပ်သော ဆေးဝါးပစ္စည်းများလှူဒါန်းခဲ့ပြီး ကျန်းမာရေးအကူအညီများပေးအပ်
11/11/2024

▪️ဘုတလင်တွင် စစ်ရှောင်ပြည်သူများ လိုအပ်သော ဆေးဝါးပစ္စည်းများလှူဒါန်းခဲ့ပြီး ကျန်းမာရေးအကူအညီများပေးအပ်


▪️ဘုတလင်တွင် စစ်ရှောင်ပြည်သူများ လိုအပ်သော အခြေခံရိက္ခာများလှူဒါန်းခဲ့ပြီး လေကြောင်းအန္တရာယ် အသိပညာပေး ပြောကြားခြင်းပြုလ...
05/11/2024

▪️ဘုတလင်တွင် စစ်ရှောင်ပြည်သူများ လိုအပ်သော အခြေခံရိက္ခာများလှူဒါန်းခဲ့ပြီး လေကြောင်းအန္တရာယ် အသိပညာပေး ပြောကြားခြင်းပြုလုပ်


Address

Myanmar Maritime University
Thanlyin
11293

Website

Alerts

Be the first to know and let us send you an email when Myanmar Maritime University Students' Union posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myanmar Maritime University Students' Union:

Share