Yangon Southern District Youth Affairs Committee

Yangon Southern District Youth Affairs Committee Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yangon Southern District Youth Affairs Committee, Political organisation, Thanlyin.

မြန်မာ့တပ်မတော်၏ နိုင်ငံတော်အာဏာသိမ်းယူခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ‌လူငယ်ရေးရာကော်မတီနှင့် နေပြည်တော်၊ တိုင်းဒေသကြီ...
03/02/2021

မြန်မာ့တပ်မတော်၏ နိုင်ငံတော်အာဏာသိမ်းယူခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ‌လူငယ်ရေးရာကော်မတီနှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်လူငယ်ရေးရာကော်မတီများ၏ စုပေါင်း‌သဘောထားထုတ်ပြန်ကြေညာချက်

၂.၂.၂၀၂၁

ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ           ကြေညာချက်အမှတ် (၁/၂၀၂၁)"တပ်မတော်၏ နိုင်ငံတော်အာဏာသိမ်းယူခြင်းအပေါ် ဆန့်က...
01/02/2021

ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ
ကြေညာချက်အမှတ် (၁/၂၀၂၁)

"တပ်မတော်၏ နိုင်ငံတော်အာဏာသိမ်းယူခြင်းအပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း
သဘောထားထုတ်ပြန်ကြေညာချက်"

(၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်)

ယနေ့ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးမှ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၁ ဖြင့်
နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာခဲ့ပြီး ဒုတိယသမ္မတဦးမြင့်ဆွေက ယာယီသမ္မတ
အဖြစ်တာဝန်ယူပြီး နိုင်ငံတော်တွင်ဖြစ်ပေါ်လျက်ရှိသော အခြေအနေနှင့်ပတ်သက်၍ ထုတ်ပြန်
ခဲ့သည်။ ၎င်းထုတ်ပြန်ချက်အပေါ်တွင် ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ သဘော
ထားကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။
၁။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်၊ နံနက်ပိုင်းမှစတင်ကာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်ဥက္ကဋ္ဌများ၊
ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို
တရားမဲ့ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းကို မိမိတို့အနေဖြင့် လုံးဝ (လုံးဝ) လက်ခံနိုင်ခြင်းမရှိပါ။
၂။ ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန်၊ ပြည်သူလူထု၏ သဘောထား
ဆန္ဒအမှန်ဖြစ်သော ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာရန်နှင့် ဒီမိုကရေစီနှင့် သွေဖယ်
ဆန့်ကျင်သော မည်သည့်လုပ်ရပ်မျိုးကိုမဆို ရပ်တန့်ကာ ပြည်သူ့ဆန္ဒသဘောထားကို တန်ဖိုးထား လေးစားပြီး လွှတ်တော် အမြန်ဆုံးခေါ်ယူပေးရန် တောင်းဆိုလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဝင် လူငယ်ကိုယ်စားလှယ်များ

ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် လူငယ်ရေးရာကော်မတီ လူငယ်ကိုယ်စားလှယ်များ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (...
28/12/2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) မိတ်ဆက်ဖြန့်ချိခြင်းအခမ်းအနားတွင် ပြောကြားသည့် အဖွင့်အမှာစကား

လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) စာအုပ် မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနားကျင်းပနေပြည်တော်...
28/12/2020

လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) စာအုပ် မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၈

လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်(၂၀၂၀-၂၀၂၄) စာအုပ် မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ Virtual စနစ် ဖြင့် ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Video Message ပေးပို့၍ အဖွင့်အမှာ စကားပြောကြားသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ မြန်မာန်ိုင်ငံလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက် ကြပြီး နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ကုလသမဂ္ဂလူဦး ရေရန်ပုံငွေ အဖွဲ့(UNFPA) မှ ဌာနေကိုယ်စားလှယ်တို့က သက်ဆိုင်ရာ နေရာများမှ Zoom Application ဖြင့် ချိတ်ဆက် တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Video Message ပေးပို့၍ အဖွင့်အမှာ စကားပြောကြားသည်။
(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် အဖွင့် အမှာစကားကို သီးခြားဖော်ပြထားပါသည်။)

ထို့နောက် မြန်မာန်ိုင်ငံလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ် အေးက လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက် ရေးဆွဲ အတည်ပြုခြင်းနှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ ကနဦးညှိနှိုင်း ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ကဏ္ဍတစ်ခုချင်းစီတွင် လုပ်ငန်းစဉ်များ၊ စီမံချက်များ၊ အဆင့်အဆင့်သော ပူးပေါင်းတာဝန်ယူဆောင်ရွက်ကြမည့် ဝန်ကြီးဌာနများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း များကို ဖော်ထုတ်ထားရှိပြီး သတ်မှတ်အချိန်ကာလနှင့် ဆောင်ရွက်ပြီးစီး အောင်မြင်မှုကို တိုင်းတာနိုင်သော အညွှန်းကိန်းများပါ ထည့်သွင်းထားပြီးဖြစ်ရာ လူငယ်များ ကိုယ်တိုင် ပါဝင်လျက် လက်တွေ့အပြောင်းအလဲများဖြစ်အောင်ဖော်ဆောင်နိုင်ခွင့်ရရှိနေသည့် အခြေ အနေနှင့် လူငယ်တစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေဘဲ အားလုံးပူးပေါင်းပါဝင်နိုင်ခွင့် ရရှိ၍ ဘက်ပေါင်းစုံက ပံ့ပိုးကူညီထောက်ပံ့ လက်တွဲဖော်ဆောင်ကြပြီး လူငယ့်ရေးရာ မူဝါဒ ဆိုင်ရာ မဟာဗျူဟာစီမံချက်ကို အကောင်အထည်ဖော်ရာ၌ ကြုံတွေ့ရမည့် အခက်အခဲ များတွင် ယနေ့ကြုံတွေ့နေရသော ကိုဗစ်-၁၉ ဆိုင်ရာ စိန်ခေါ်မှုများကိုလည်း ထည့်သွင်း စဉ်းစား၍ ရင်ဆိုင်ကျော်လွှားရေးကို ရှင်းလင်းပြောကြားပြီး လူငယ်ရေးရာ စီမံချက်ကို အကောင်အထည်ဖော်ရာတွင် ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ကို ပေါက်မြောက်အောင် မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် ညီညွတ်စွာ ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် မြန်မာန်ိုင်ငံလူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ဤမဟာဗျူဟာစီမံချက်သည် လူငယ်များ၏ အနာဂတ် အတွက် လူငယ်ရေးရာ မူဝါဒ၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များပြည့်မီရန် စစ်မှန်သော လမ်းကြောင်းများဖြင့် လမ်းခင်းပေးလိုက်ခြင်း ပင် ဖြစ်ပါကြောင်း၊ လူငယ်ရေးရာ ကော်မတီဝင်များအားလုံးအနေဖြင့် ဤမဟာဗျူဟာစီမံချက်ကို သေချာစွာလေ့လာဖတ်ရှု သုံးသပ်ရန်လိုအပ်ပြီး မိမိတို့အနေဖြင့် မည်သည့်နေရာ၊ မည်သည့်ကဏ္ဍ၊ မည်သည့်ပုံစံဖြင့် ပါဝင်ရမည်ကို စဉ်းစားသုံးသပ် ရမည်ဖြစ်ပါကြောင်း၊ လူငယ်များသည် လာမည့်နှစ် ကာလများတွင် မိမိတို့နိုင်ငံ ဖြစ်ပေါ်ပြောင်းလဲလာမည့် အခြေအနေများကို ပုံဖော်မည့် ပန်းပုဆရာများသဖွယ်ဖြစ်ပြီး လူငယ်များအနေဖြင့် နိုင်ငံ၏ အနာဂတ်ကိုပုံဖော်ရာ၌ ရှေ့သို့မျှော်မှန်းတွေးဆသည့် အမြင်များ၊ မျှတသော စဉ်းစားဆင်ခြင်ခြင်းနှင့် ဆုံးဖြတ်ခြင်း များဖြင့် ဆောင်ရွက် ကြစေလိုပါကြောင်း။

ဤမဟာဗျူဟာစီမံချက်ကို အကောင်အထည်ဖော်ရာ၌ တစ်ချိန်တည်းတွင် လူငယ်များအတွက် စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများနှင့် အရည်အသွေးမြှင့်တင်မှု ဆွေးနွေးပွဲများကို စနစ်တကျ လုပ်ငန်းမူဘောင် (framework) များချမှတ်ကာ ပုံမှန် ဆက်လက် ပြုလုပ်သွားစေလိုပါကြောင်း၊ ဤမဟာဗျူဟာစီမံချက်သည် နိုင်ငံတော် ဘက်စုံ တိုးတက်မှုအတွက် လွန်စွာအရေးကြီးသည့် အဓိကရေသောက်မြစ်သဖွယ်ဖြစ်ပြီး သက်ဆိုင်သူတာဝန်ရှိသူများအားလုံးအနေဖြင့် ဤမဟာဗျူဟာစီမံချက်၏ နိုင်ငံတော် အတွက် အရေးပါမှုကို အားလုံးက သိရှိနားလည်ကြရန်လိုအပ်ပါကြောင်း။

မဟာဗျူဟာစီမံချက်၏ ရည်မှန်းချက်များ ရရှိအောင်မြင်စေရေးအတွက် အကောင် အထည်ဖော် ဆောင်ရွက်မည့် နည်းဗျူဟာများနှင့် လုပ်ငန်းစဉ်များသည် လက်တွေ့မြေပြင် တွင် အမှန်တကယ် အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းစဉ်များဖြစ်ရန်လိုအပ်ပါ ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ နေရာဒေသ အသီးသီး၏ အခြေအနေ များသည် တူညီမှုမရှိသဖြင့် နေရာဒေသတစ်ခု၏ အခြေအနေအရပ်ရပ်နှင့် ကိုက်ညီ ဆောင်ရွက်သည့် လုပ်ငန်းနည်းဗျူဟာနှင့် လုပ်ငန်းစဉ်များသည် အခြားနေရာဒေသ တစ်ခုနှင့် ကွဲပြားမှုရှိနိုင်ပါကြောင်း။

တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ လူငယ်များအကြား ကွန်ရက်ချိတ်ဆက်မှု များကို ပိုမိုတောင့်တင်း ခိုင်မာစေလိုပြီး လူငယ်များအချင်းချင်းပံ့ပိုးခြင်းနှင့် လုပ်ငန်း ဆောင်ရွက်မှု အတွေ့အကြုံများနှင့် နည်းဗျူဟာများအား ဝေမျှခြင်းတို့ကို ဆောင်ရွက် စေလိုပါ ကြောင်း၊ မဟာဗျူဟာစီမံချက်တွင်ပါဝင်သော အညွှန်းကိန်း (indicator) များအတွက် လိုအပ်သော အချက်အလက် (data) များ အမှန်တကယ်ရရှိနိုင်ရေးအတွက် ကိုလည်း သုံးသပ်ဆောင်ရွက် စေလိုပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ချိန်တွင် မဟာဗျူဟာစီမံချက်တွင်ပါဝင်သည့် လုပ်ငန်းများအား မည်သည့်အတိုင်းအတာအထိ လုပ်ဆောင်နိုင်သည်၊ လုပ်ဆောင်ပြီးစီးနိုင်သည်နှင့် လုပ်ငန်း ဆောင်ရွက်ချိန်တွင် တွေ့ကြုံရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများအား သိရှိစေနိုင်ရန်အတွက် စောင့်ကြည့် အကဲဖြတ်မှု စာရင်းပုံစံ (monitoring checklist) များဖြင့် သုံးသပ်စေလိုပါကြောင်း၊ ထို့ပြင် လုပ်ငန်းအခက်အခဲ၊ စိန်ခေါ်မှုများအား ကျော်လွှားဖြေရှင်းနိုင်ရေးအတွက် အသုံးချသုတေ သနများကိုပါ တွဲဖက်ဆောင်ရွက်စေလိုပါကြောင်း။

မဟာဗျူဟာစီမံချက် အကောင်အထည်ဖော်မှု ဆန်းစစ်သုံးသပ်ခြင်း (evaluation) အငယ်စားများ ကိုလည်း (၆) လခန့်လျှင်တစ်ကြိမ်လုပ်ဆောင်ပြီး တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဘက်စုံဆန်းစစ်သုံးသပ်မှုကို (၂) နှစ်ခန့်လျှင် တစ်ကြိမ်လုပ်ဆောင်စေလိုပါ ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စောင့်ကြည့်အကဲဖြတ်ခြင်းနှင့် ဆန်းစစ်သုံးသပ် ခြင်း (monitoring and evaluation) များမှ တွေ့ရှိချက်များနှင့် ကိုက်ညီပြီး ပြောင်းလဲ နေသည့် အခြေအနေအရပ်ရပ်နှင့် လိုက်လျောညီထွေစွာဖြင့် နည်းဗျူဟာများနှင့် လုပ်ငန်းစဉ်များကို မွမ်းမံပြင်ဆင်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် ဤမဟာဗျူဟာစီမံချက်အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာကဏ္ဍမှ အတတ်နိုင်ဆုံးပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရန်အတွက်လည်း တာဝန်ယူ ဆောင်ရွက်မည့် အဖွဲ့ငယ်တစ်ခုဖွဲ့စည်းထား ရှိမည်ဖြစ်ပါကြောင်း၊ ဗဟိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ လူငယ်ရေးရာ ကော်မတီဝင်များအနေဖြင့် ဤမဟာဗျူဟာစီမံချက်၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက် များအောင်မြင်စေရေးအတွက် မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ် သဘောထားကာ ဆက်လက်ဆောင်ရွက်ကြစေလိုပါကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်များ၌ ပါဝင် ဆောင်ရွက်လျက်ရှိသော လူငယ်များ အား အထူးကျေးဇူးတင်ရှိပြီး နိုင်ငံ၏ အရေးကိစ္စများနှင့် ပြည်သူများ၏ အကျိုးတို့အတွက် လုပ်ငန်းများတွင် ဆက်လက်ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်း အပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာန်ိုင်ငံလူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယနေ့ Video Message ဖြင့် နိုင်ငံတော်၏အတိုင် ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပြောကြားသွားသော အချက်များတွင် ပညာရေးနှင့် ပတ်သက်သည့်လုပ်ငန်းများအားလုံးကို ပညာရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းလမ်း ညွှန်အဖြစ်ခံယူပြီး လူငယ်များ၊ တိုင်းရင်းသားလူငယ်များအားလုံးဖြင့် လက်တွဲပူးပေါင်း ညီညွတ်စွာဖြင့် ယခုစီမံချက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ ပြည်တွင်းအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ယခု အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်သည် တိုင်းရင်းသားလူငယ်များ၏ အနာဂတ်၊ ဂုဏ်သိက္ခာ မြှင့်မားနိုင်ရေးအတွက် ရေးဆွဲထားခြင်းဖြစ်ပြီး လက်တွေ့ ကျကျပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်၊ တိုင်းရင်းသားလူ ငယ်များ အားလုံး၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်မည်ဆိုပါက ပြည်ထောင်စုကြီး၏ ဂုဏ်သိက္ခာ ကိုလည်း မြှင့်တင်ပေးနိုင်ခြင်းပင်ဖြစ်ပါကြောင်း။

ကျန်းမာရေး၊ အာဟာရနှင့် အရည်အသွေးရှိသည့် ပညာရေးသည် များစွာအရေး ကြီးပါကြောင်း၊ လူငယ်များ၏ ဘဝကိုမြှင့်တင်ပေးနိုင်ရန်ဆိုသည်မှာ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်ပြောကြားသွားသည့်အတိုင်း လူငယ်များအားလုံးသည် ကိုယ်ချင်းစာစိတ်ဖြင့် တစ်ဦးနှင့်တစ်ဦး ကူညီဖေးမဆောင်ရွက်တတ်ရန် အရေးကြီးပါကြောင်း၊ ပူးပေါင်း ဆောင်ရွက်တတ်ရန်အရေးကြီးသကဲ့သို့ တာဝန်ယူ၊ တာဝန်ခံပြီး တာဝန်ကျေပွန်စွာ ဆောင်ရွက်တတ်ရန်နှင့် ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိမှသာ အလုပ်ဟူသမျှ ကောင်းစွာ လုပ်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အလုပ်အကိုင်ကောင်းကောင်းရရန် လူငယ်များ၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်အရေးကြီးပါကြောင်း။

သင်ယူခြင်းသည် ရတနာသိုက်ဖြစ်သည့်အတွက် ခေတ်နှင့်လိုက်လျောညီထွေ ဖြစ်သည့် ကျွမ်းကျင်မှုများနှင့် စွမ်းရည်ရရန်မှာ တစ်သက်တာသင်ယူမှုအတွက် များစွာ အရေးကြီးပါကြောင်း၊ တစ်သက်တာပေါင်းစပ်သင်ယူမှု အခွင့်အလမ်းများအတွက် လူငယ် များကို ၂၁ ရာစု၏ ကျွမ်းကျင်မှုများ၊ ၂၁ ရာစု၏ စွမ်းဆောင်ရည်များဖြင့် လက်တွေ့ကျကျ မဟာဗျူဟာစီမံချက်ကို ညီညီညွတ်ညွတ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်မှာ ယခုမဟာဗျူဟာစီမံချက်တွင်ဖော်ပြထားသည့် Key Performance Indicator များကို ပြည့်မီအောင်ဆောင်ရွက်ပေးခြင်းသည် လူငယ်များအတွက် အနာဂတ်လှပအောင် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း။

ထို့ကြောင့် ယင်းတို့ကို ဆောင်ရွက်သည့်အခါတွင် အားလုံးညီညွတ်ရန် လိုအပ်ပါ ကြောင်း၊ မိမိတို့ပြည်ထောင်စုကြီးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် တည်ဆောက် ထားသည့် ပြည်ထောင်စုကြီးဖြစ်သည့်အတွက် တိုင်းရင်းသားလူငယ်အားလုံး ညီညီ ညွတ်ညွတ် ရိုးသားကြိုးစားစွာဖြင့် တစ်သက်တာပေါင်းစပ် သင်ယူမှု အခွင့်အလမ်းများကို ၂၁ ရာစု၏ ကျွမ်းကျင်မှု၊ ၂၁ ရာစု၏ စွမ်းဆောင်ရည်များကို မြှင့်တင်၍ အနာဂတ်လှပသည့် တိုင်းရင်း သားလူငယ်များဖြစ်ကြပါစေဟုဆုမွန် ကောင်း ပို့ သလိုက်ရပါကြောင်းပြောကြား သည်။

ထို့နောက် ကုလသမဂ္ဂလူဦး ရေရန်ပုံငွေအဖွဲ့ (UNFPA) မှ ဌာနေကိုယ်စားလှယ် Mr.Ramanathan Balakrishnan က အမှာစကားပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မြန်မာန်ိုင်ငံလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြ သည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးတို့က မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဝင်များဖြစ်ကြသည့် ကိုမျိုးသူစိုးနှင့် ကိုဝေယံထွန်းတို့ထံ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄)စာအုပ်ကို လွဲပြောင်းပေးအပ်သည်။

ထို့နောက် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) ရေးဆွဲခြင်းမှတ်တမ်း Video Clip ပြသပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။

(Myanmar State Counsellor Office မှကူးယူဖော်ပြသည်)

05/09/2020

________________________
ပြည်ေ​ထာင်စုသမ္မတ မြန်​မာနိုင်​ငံ​တော်​ ၊ ​ရန်​ကုန်​တိုင်း​ဒေသကြီး လူငယ်​​ရေးရာ​ကော်​မတီနှင့်​ ခရိုင်​​ကော်​မတီဝင်​များသည်​ လူငယ်​​ရေးရာမူဝါဒ အမျိုးသားအဆင့်​မဟာဗျူဟာ စီမံချက်​(မူကြမ်း)ရှင်းလင်းပွဲ နှင့်​ Costed Plan ​ရေးဆွဲ​ရေးအစည်းအ​ဝေးကို


အစည်းအ​ဝေးတွင်​ ရန်​ကုန်​တိုင်း​ဒေသကြီးလူမှူဝန်​ထမ်းဦးဌာန ဦးစီးမှူးမှ နူတ်​ခွန်းဆက်​အမှာစကား​ပြောကြားခဲ့ပြီး ရန်​ကုန်​တိုင်း​ဒေသကြီးလူငယ်​​ရေးရာ​ကော်​မတီ ပြည်​​ထောင်​စုကိုယ်​စားလှယ်​ မှ အစည်းအ​ဝေးကျင်းပရခြင်းနှင့်​ အမျိုးသားအဆင့်​မဟာဗျူဟာ(မူကြမ်း)အား ရှင်းလင်းခဲ့သည်​။



လူငယ်​​ရေးရာ​ကော်​မတီ

[Unicode]
လူငယ်ရေးရာမူဝါဒ အမျိုးသားအဆင့်မဟာဗျူဟာ စီမံချက်(မူကြမ်း) ရှင်းလင်းပွဲ နှင့် Costed Plan ရေးဆွဲရေးအစည်းအဝေးကျင်းပ
________________________
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် ခရိုင်ကော်မတီဝင်များသည် လူငယ်ရေးရာမူဝါဒ အမျိုးသားအဆင့်မဟာဗျူဟာ စီမံချက်(မူကြမ်း)ရှင်းလင်းပွဲ နှင့် Costed Plan ရေးဆွဲရေးအစည်းအဝေးကို

စက်တင်ဘာလ ၄ ရက်နေ့(ယမန်နေ့) နံနက် ၁၀း၀၀ နာရီမှ ညနေ ၄း၀၀ နာရီအထိ ရန်ကုန်တိုင်းဒေသကြီး လူမှူဝန်ထမ်းရုံးတွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးလူမှူဝန်ထမ်းဦးဌာန ဦးစီးမှူးမှ နူတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ပြည်ထောင်စုကိုယ်စားလှယ် မှ အစည်းအဝေးကျင်းပရခြင်းနှင့် အမျိုးသားအဆင့့်မဟာဗျူဟာ(မူကြမ်း)အား ရှင်းလင်းခဲ့သည်။

ထို့နောက် တက်ရောက်လာသော ရန်ကုန်တိုင်းလူငယ်ရေးရာကော်မတီဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုမှ ကော်မတီဝင်များမှ Costed Plan ရေးဆွဲရေးလုပ်ငန်းစဉ်များအား ခေါင်းစဉ်တစ်ခုချင်း ကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ကိုဝင်းကို၊ တွဲဘက်အတွင်းရေးမှူး(၁) မလွင်ငြိမ်းချမ်းသူ၊ အဖွဲ့ဝင်များဖြစ်ကြသော မအေးဆုဆုနိုင်၊ မောင်မျိုးမြင့်သူ နှင့် ကိုကျော်သက်အောင်တို့ တက်ရောက်ခဲ့ကြသည်။

လူငယ်ရေးရာကော်မတီ
ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင်

28/08/2020







[Unicode]
“မြန်မာ့လူငယ်ကဏ္ဍအတွက် မူဝါဒလမ်းသစ်”

တစ်ရာသီသုံး လမ်းမဟုတ်ပါ၊ ရာသီစုံ ရေရှည်လျောက်လှမ်းနိုင်မည့် လမ်းသစ်ဖြစ်ပါတယ်၊

ပြည်သူ့အစိုးရက မျက်မှောက်ခေတ်လူငယ်များကို အလေးထားကာ လူငယ်မူဝါဒကို လမ်းဖွင့်ပေး ခဲ့ပြီး တိုးတက်မှုအနေနဲ့ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀ - ၂၀၂၄) ကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့က ၂၁.၈.၂၀၂၀ ရက်နေ့က အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်၊

COVID - 19 ၏ စိန်ခေါ်မှုကို အခွင့်အရေးအဖြစ်သတ်မှတ်ပြီး လူချင်း တစ်နေရာ၊ တစ်ဒေသစီ ဝေးကွာနေကြသော်လည်း ရောဂါကပ်ဆိုးကို နီးစပ်စုစည်းသော ပြည်ထောင်စုစိတ်ဖြင့် ပြည်ထောင်စုလူငယ်အပေါင်းက စုစည်းကျော်လွှားကာ လူငယ်မူဝါဒဆိုင်ရာ မဟာဗျူဟာစီမံချက်ကို စတင်အကောင်အထည်ဖေါ်ကြပါမယ်။

Zoom Meeting မှာတွေ့ကြမယ်၊ အရည်အချင်းတွေမြှင့်ထားမယ်၊ COVID – 19 စည်းကမ်းချက် များနှင့်အညီ လမ်းသစ်မှာလျောက်လှမ်းကြမယ်။

Source - Prof Win Myat Aye

24/08/2020

အသိပေးချက်
ဩဂုတ် ၂၄၊ ၂၀၂၀ပြည့်နှစ်

ယနေ့ည ကူးစက်သူ (၁၁)ဦးအသစ်ထွက်ပေါ်လာရာ (၂၀.၈.၂၀၂၀)တွင် ရခိုင်ပြည်နယ်မှ လေယာဉ်ဖြင့်ပြန်လာ၍ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ Facility Quarantine Centerတွင် Quarantineခံယူနေသူ(၂)ဦး၊ ရခိုင်ပြည်နယ်တွင် ပြည်တွင်းကူးစက်(၈)ဦးနှင့် ပြည်ပမှပြန်လာပြီး Quarantineခံယူနေသူ (၁)ဦးဖြစ်ပါသည်။

အဆိုပါ ရခိုင်ပြည်နယ်မှပြန်လာသူများကို အချိန်မီ Quarantineခံယူစေခဲ့ပါသည်။ ထို့ပြင် ရခိုင်ပြည်နယ်မှ ရန်ကုန်သို့တိုက်ရိုက်ဝင်လာသူများကို Quarantineခံယူစေကာ လက်ရှိအချိန်တွင် လက်ဦးမှုရယူနိုင်ခဲ့ပြီဖြစ်သဖြင့် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုမရှိစေရန် အသိပေးအပ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ

24/08/2020

ရခိုင်ပြည်နယ်တွင်မိမိဆန္ဒအလျှောက်
စေတနာ့ဝန်ထမ်းတာဝန်ထမ်းဆောင်ရန်အတွက် အမည်စာရင်းတောင်းခံခြင်း

ရခိုင်ပြည်နယ်၏COVID-19ရောဂါ
ကာကွယ်၊ထိန်းချုပ်၊ကုသ၊တုန့်ပြန်ရေး
လုပ်ငန်းစဉ်၌ စေတနာ့ဝန်ထမ်း များတွင်စေတနာ့ဝန်ထမ်းအဖြစ် ရခိုင်ပြည်နယ်တွင် အချိန်ကာလတစ်လခန့်ကြာ ယာယီတာဝန်ထမ်းဆောင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စေတနာ့ဝန်ထမ်းများ၏ ‌စားသောက်ရေး၊ နေထိုင်ရေး၊ သွားလာရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

သို့ပါ၍ တာဝန်ထမ်းဆောင်လိုသူများ
ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးသို့
(၂၅-၈-၂၀၂၀)နောက်ဆုံးထား၍ အမြန်ဆုံးဆက်သွယ်စာရင်းပေးသွင်းကြရန် ဖိတ်ခေါ်အပ်ပါသည်။
ဆက်သွယ်ရန်-၀၁၆၅၈၀၂၇
-၀၁၆၅၈၀၂၈

စေတနာ့ဝန်ထမ်းတာဝန်ထမ်းဆောင်လိုသူများ
အောက်ပါသတ်မှတ်ချက်ဖြင့်ကိုက်ညီရမည်။
*တိုင်းဒေသကြီး/ပြည်နယ်များမှအသိအမှတ်ပြု
ဂုဏ်ပြုလက်မှတ်‌ ပေးအပ်ပြီး‌သောသူများ
*စေတနာဝန်ထမ်းဆင့်ပွါးသင်တန်း
တက်ရောက်ပြီးသူများ

စာရင်းပေးသွင်းရန်
*အမည်
*နေရပ်လိပ်စာ
*ဆက်သွယ်ရမည့်ဖုန်းနံပတ်

11/08/2020

______________________
သြဂုတ်​လ ၁၁ ရက်​၊ ၂၀၂၀



ထို့​နောက်​ အ​ထွေ​ထွေအတွင်း​ရေးမှူချုပ်​ရုံး၏ လူငယ်​ဆိုင်​ရာအထူးသံတမန်​က​ပေးပို့​သော သဝဏ်​လွှာကို video message ဖြင့်​ပြသခဲ့သည်​။



လူငယ်​​ရေးရာ​ကော်​မတီ

[Unicode]
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားတက်ရောက်ခြင်း
______________________
သြဂုတ်လ ၁၁ ရက်၊ ၂၀၂၀

၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနား (International Youth Day - 2020 ) ကို ယနေ့နံနက် ၉း၀၀ နာရီမှ စတင်၍ နေပြည်တော် လူမှူဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုပေါင်းခမ်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယဥက္ကဋ္ဌ(၁) ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားခြင်း၊ ဒုတိယဥက္ကဋ္ဌ (၂)ကျမ်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားခြင်းနှင့် UNFPA ဌာနေကိုယ်စားလှယ် Ramanathan Balakrishnan မှအမှာစကားပြောကြားခဲ့ကြသည်။

ထို့နောက် အထွေထွေအတွင်းရေးမှူူချုပ်ရုံး၏ လူငယ်ဆိုင်ရာအထူးသံတမန်ကပေးပို့သော သဝဏ်လွှာကို video message ဖြင့်ပြသခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးဆောင်၍ လူငယ်ကိုယ်စားလှယ် (၄)ဦးမှ Youth Engagement in National Action ခေါင်းစဉ်ဖြင့် Panel Discussion စကားဝိုင်းဆွေးနွေးပွဲကျင်းပခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများတွင် လူငယ်များပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည့် လှူပ်ရှားမှူမှတ်တမ်းပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် video များပြသခဲ့ပြီး နေ့လည် ၁၂း၀၀ နာရီတွင် အခမ်းအနားပြီးဆုံးခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု လူငယ်ကိုယ်စားလှယ် (၁၆) ဦးမှ zoom meeting ဖြင့်တက်ရောက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် လူငယ်ရေးရာကော်မတီ ကိုယ်စားပြု ကော်မတီဝင် ကိုဇင်ဗိုလ်ထိုက်မှ တက်ရောက်ခဲ့သည်။

လူငယ်ရေးရာကော်မတီ
ရန်ကုန်တိုင်းဒေသကြီး ၊တောင်ပိုင်းခရိုင်

Address

Thanlyin

Telephone

+959420560015

Website

Alerts

Be the first to know and let us send you an email when Yangon Southern District Youth Affairs Committee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Yangon Southern District Youth Affairs Committee:

Share