အလင်းရောင်

အလင်းရောင် ညဏ်အလင်း

01/02/2026

အသက်ရှင်ရခြင်းအကြောင်း
သိဖို့လိုပါတယ်
'' ဘာအတွက် အသက်ရှင်နေတာလဲ ''

23/11/2023

စိတ်ကလေးကို
မကောင်းသော အတွေးများမှ
ရှောင်ရှားဖို့
စိတ်ကြည်လင်စေသော
နေထိုင် ပြောဆိုမှုဖြင့်သာ
ပြုမူနေထိုင်ပါ
​ရသင့်ရထိုက်သော
ကံကောင်းခြင်း
အခွင့်အရေး တစ်စုံတစ်ရာ
မိမိရှေ့ရောက်လာပါလိမ့်မည်

16/09/2023

ရခဲလှသော လူ့ဘဝမှာ
အမှန်တရားကို
သိအောင်ကြိုးစားပါ
သိပြီးပါက
လိုက်နာကျင့်သုံးပါ
စစ်မှန်သော
အမှန်တရားကို သိရန်
ဘာသာတရားကို လေ့လာပါ

13/08/2023

စိတ်နှင့်ခန္ဓာ
မျှတစွာ ရှင်သန်ပါ
စိတ်ကျန်းမာခြင်းနှင့်
ကိုယ်ကျန်းမာခြင်းကို
ဦးစွာလေ့ကျင့်ယူပါ
( စိတ်ကိုဖြူစင်အောင်လေ့ကျင့်ပေးပြီး ကိုယ်ခန္ဓာကျန်းမာရေးအတွက် လေ့ကျင့်ခန်းတစ်ခုခုလုပ်ပေးပါ )
စိတ်ချမ်းသာလာပြီး
ကိုယ်လည်းချမ်းသာလာပါလိမ့်မည်
စိတ်ထားကောင်းမွန်သော ကံအပြုအမူများကြောင့် ကိုယ်စိတ် နှစ်ပါး ချမ်းသာသုခ အကျိုးခံစားရပါလိမ့်မည်

15/07/2023

အရာရာတိုင်းကို
အများကြီး မျှော်လင့်မထားပါနှင့်
သူလည်း သူ့အခက်အခဲနဲ့သူ
ကိုယ်လည်း ကိုယ့်အခက်အခဲနဲ့ကိုယ်မို့
အဆင်မပြေမှုများ ရှိခဲ့သော်
ဖြစ်တတ်တဲ့သဘာဝလို့ပဲ
ဖြေသိမ့်ပါ

10/06/2023

တစ်ချိန်ချိန်က
ဖြစ်ချင်တဲ့ဆန္ဒပြင်းပြပြီး
တောင့်တခဲ့တဲ့ အရာတွေဟာ
ဖြစ်လာတတ်ပါတယ်
ဒါတွေဟာ ကံတွေရဲ့ သတ္တိပါ
ဘယ်အချိန်မှာ ဖြစ်လာတတ်သလဲဆိုတော့
အကြောင်းတိုက်ဆိုင်တဲ့အခါပါ
အကျိုးပေးဖို့
အထောက်အပံ့ကောင်းစေဖြစ်တဲ့
ကုသိုလ်ကံကို ပြုမူတဲ့အချိန်မှာ
ဖြစ်လာတတ်ပါတယ်
ဘယ်လို ကုသိုလ်မျိုးလဲဆိုတော့
အမှန်ကိုကြည့်နေရတဲ့
ဘယ်အရာမှ မမြဲတဲ့သဘောကို
သိမြင်စေတဲ့
အားထုတ်မှု ကုသိုလ်ပဲဖြစ်တယ်

03/05/2023

စိတ် ကို
ကြည်လင်အောင်ထားပြီး
လက်ရှိရောက်ရှိနေတဲ့
အခြေအနေမှာ
စိတ်ကောင်း နှလုံးကောင်းဖြင့်
နေ့စဉ်ဘဝကို
လောဘ ဒေါသ လျော့နိုင်သမျှလျော့ပြီး
ရိုးသားစွာ ဖြတ်သန်းပါ
ကံကောင်းခြင်းများ
ကိုယ့်ဆီရောက်လာနိုင်သလို
ကိုယ်တိုင်ကလည်း
ကံကောင်းခြင်းဆီရောက်သွားနိုင်ပါသည်

17/04/2023

အရပ်မျက်နှာ
အဘက်ဘက်၌ ရှိကြကုန်သော
လုံးစုံများစွာ
သူတော်ကောင်း သူမြတ်လောင်း
လူ နတ် ဗြဟ္မာ သတ္တဝါ အပေါင်းတို့သည်
စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ
စိတ်ကျန်းမာ ကိုယ်ချမ်းသာပါစေ

02/04/2023

အချိန်အခါပေါ်မူတည်ပြီး
ကိုယ့်ကိုယ်ကို ပြန်ကူညီပါ
ကိုယ်လိုအပ်နေသော
တစ်ချို့အကူအညီတို့သည်
မိမိကိုယ်မိမိ ကူညီမှရနိုင်သည်
( စားချင်တာရှိတာ စားလိုက်ပါ
သွားချင်တာရှိတာ သွားလိုက်ပါ
ဝယ်ချင်တာရှိတာ ဝယ်လိုက်ပါ )
ကိုယ်တတ်နိုင်တဲ့အနေအထားအတွင်းမှာ
စိတ်ကိုအလိုလိုက်ပေးလိုက်ပါ
တစ်ခါတစ်ရံ ကူညီဖို့လိုအပ်နေသည်မှာ
ကိုယ်ကိုယ်တိုင် ဖြစ်နေတတ်သည်

30/03/2023

သံသရာဟာရှည်လွန်းပါတယ်
တွေ့တုန်းဆုံတုန်းမှာ
မေတ္တာထားပြီး နေနိုင်အောင်ကြိုးစားပါ
ကိုယ်စီကိုယ်စီ အခက်အခဲတွေရှိကြတာမလို့
ဖြစ်နိုင်ရင် ကိုယ့်ဘက်ကပဲ
နားလည်ခွင့်လွှတ်နိုင်အောင်ကြိုးစားပါ

22/03/2023

ကံကြမ္မာက
ဖန်တီးပေးလာတဲ့အခါ
မငြင်းလိုက်ပါနဲ့
သူ့အချိန်ကျရောက်လာလို့ပါပဲ

08/01/2023

ကိုယ့်လည်း ကိုယ့်အကြောင်းနဲ့ကိုယ်
သူလည်း သူ့အကြောင်းနဲ့သူမို့
အဆင်ပြေသည်ဖြစ်စေ
အဆင်မပြေသည်ဖြစ်စေ
သူ့အကြောင်းနှင့် ကိုယ့်အကျိုး
ကိုယ့်အကြောင်းနှင့် သူ့အကျိုးကို
မနှိုင်းယှဉ်ပါနှင့်

အကြောင်းကောင်းမှ အကျိုးကောင်းမည်
အရင်မကောင်းခဲ့သည့်အကြောင်းများအစား
ခုလက်ရှိ အကြောင်းကောင်းအောင်
ကြိုးစားပါ

Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when အလင်းရောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to အလင်းရောင်:

Share

Category