12/01/2026
“ရှမ်းပြည်မှာ ဝယ်သင့်တဲ့မြေ နဲ့ မဝယ်သင့်တဲ့မြေ (၅)”
ဟိုတလောက မိတ်ဆွေတယောက်က ဆောင်းပါးတစ်ပုဒ်ပို့လာတယ်။ အိမ်ခြံမြေလောကမှာ နာမည်ကြီးခဲ့တဲ့ အင်္ဂလန်နိုင်ငံသား Harold Samuel(1912-1987)ရဲ့ ‘3 L concept’ ဆိုတာကို ပြန်ရေးထားတာလေးပါ။ အဲဒီဆောင်းပါးဖတ်ပြီး စိတ်ဝင်စားတာနဲ့ 'ဟာရိုးဆင်မြူရယ်'အကြောင်း ရှာဖတ်ကြည့်မိတယ်။
'ဟာရိုးဆင်မြူရယ်'က အိမ်ခြံမြေလုပ်ငန်းနဲ့ကြီးပွားချမ်းသာတဲ့ သူဌေးကြီးဖြစ်ပြီး သူ့ရဲ့ဒသနတွေက စိတ်ဝင်စားစရာကောင်းလှပါတယ်။
၁။ အိမ်ခြံမြေဝယ်တဲ့အခါ ဈေးချိုတာက အခွင့်အရေးမဟုတ်ပဲ ပြသာနာတစ်ခုဖြစ်နေနိုင်တယ်။
၂။ ဆောက်ထားတဲ့အိမ်က ဘယ်လောက်ကောင်းကောင်း, location မကောင်းရင် ဈေးကောင်းမရနိုင်တဲ့အတွက် နေရာကောင်းကိုရွေးချယ်ပါ။
၃။ အိမ်ပုံစံနဲ့တခြားဒီဇိုင်းတွေကို ပြင်လို့ရတယ်၊ ပတ်ဝန်းကျင်ကောင်း၊ နေရာကောင်းကိုတော့ ပြင်လို့မလွယ်ဘူး။
၄။ locationမကောင်းတဲ့နေရာက အိမ်ကြီးအိမ်ကောင်းကိုဝယ်တာထက်၊ နေရာကောင်းက တဲစုတ်ကို ဝယ်တာ ပိုကောင်းတယ်။
ဒီအမြင်တွေကိုအခြေခံတဲ့ သူ့ရဲ့ထင်ရှားတဲ့ ဒသန တစ်ခုက ‘3 L concept = location, location, location” ဖြစ်ပါတယ်။ သူ့အဆိုအရ အိမ်ခြံမြေတစ်ခုကိုဝယ်ယူတဲ့အခါ အောင်မြင်မှုရ/မရကို ဆုံးဖြတ်နိုင်တာက locationပဲ ဖြစ်ပါတယ်တဲ့။ ဒါကြောင့် locationကို အကြိမ်ကြိမ်အထပ်ထပ် စဉ်းစားပြီးမှ ဝယ်ပါလို့ ဆိုတယ်။
✅️ ပထမ location က macro (ပိုကျယ်ပြန့်တဲ့အမြင်)သဘောဆောင်ပါတယ်
⚡️ ကျောင်း၊ ဆေးရုံ၊ ဈေး၊ ပန်းခြံတွေနဲ့ နီးလား?
⚡️သယ်ယူပို့ဆောင်ရေး ကား၊ ရထား၊ လေဆိပ် နီးလား?
⚡️ပြည်နယ်အခွန်အခတွေနဲ့ ဒေသန္တရဥပဒေတွေက ဘာဖြစ်မလဲ?
✅️ ဒုတိယ location ကတော့ micro (ပိုအသေးစိတ်ကျတဲ့အမြင်)သဘောဖြစ်ပါတယ်။
⚡️လမ်းတွေကောင်းရဲ့လား? တစ်ဖက်ပိတ်လမ်းလား?
⚡️ဂုဏ်သရေရှိလူကြီးလူကောင်းတွေနေတဲ့နေရာလား? အိမ်နီးချင်းတွေက ညှိနှိုင်းပြေလည်ဖို့ လွယ်ကူသူတွေ ဖြစ်ရဲ့လား?
⚡️လုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်ဖြစ်ရဲ့လား? ရာဇဝတ်မှုခင်းဖြစ်နိုင်တဲ့နေရာလား? အိမ်နီးချင်းတွေမှာ ရာဇဝတ်မှုခင်းဖြစ်ဖူးတဲ့နောက်ကြောင်းရာဇဝင်ရှိသူတွေလား?
⚡️သုံးရေသောက်ရေ၊ လျှပ်စစ်မီး နဲ့ ဆက်သွယ်ရေး လွယ်တဲ့နေရာလား?
✅️ တတိယ location က အနာဂတ်စီမံကိန်းတွေကို ကြိုတင်မျှော်မြင်တာပါ။
⚡️စီမံကိန်းကြီးတွေရှိလာရင် မြေကွက်တွေတန်ဖိုးတက်သွားနိုင်ပါတယ်။ တစ်ထောင်ရင်းပြီး တစ်သောင်းရနိုင်တာက အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ စီမံကိန်းတွေကြောင့် ဖြစ်ပါတယ်။
'ဟာရိုးဆင်မြူရယ်'ရဲ့ 3L concept ထဲမှာ တစ်စိတ်တစ်ပိုင်းပါသလို မြန်မာနိုင်ငံ၊ ရှမ်းပြည်အတွက်ထည့်သွင်းစဉ်းစားရမယ့် နောက်ထပ်အရေးကြီးတာတွေက
Layout = မြေကွက်တည်နေရာက ရေဝပ်တဲ့နေရာလား? မြေပြိုကျနိုင်တဲ့တောင်စောင်းလား? စက်ရုံ၊အလုပ်ရုံ၊အမှိုက်ပုံ ရှိတဲ့နေရာလား? အိမ်ရဲ့ဝင်ပေါက်ဟာ ဘယ်အရပ်ကို မျက်နှာလှည့်သလဲ?
Legal = ပိုင်ဆိုင်မှုမမှန်တာ၊ နာမည်ပေါက်ဂရန်မရနိုင်တာ၊ မြို့မြေစာရင်းဝင်ပေမယ့် ဂရန်ရနိုင်တဲ့မြေအမျိုးအစားမဟုတ်တာ ဒါတွေကို ထည့်စဉ်းစားဖို့လိုပါတယ်။
‘ဟာရိုးဆင်မြူရယ်’ရဲ့အဆိုတွေကို အားလုံးချုပ်ပြောရရင် အိမ်ပုံစံ၊ ခြံပုံစံ ဒီဇိုင်းတွေဟာ ပြင်ဆင်လို့ရနိုင်ပြီး၊ နေရာအချက်အခြာကျမှု၊ လမ်း၊ မြေမျက်နှာအနိမ့်အမြင့် နဲ့ ပတ်ဝန်းကျင်ကောင်း ဆိုတာကတော့ ပြင်ဆင်လို့ မရပါဘူးတဲ့။
‘ဟာရိုးဆင်မြူရယ်’ရဲ့ စိတ်ဝင်စားစရာ အဆိုအမိန့်တွေကို မျှဝေရင်းနဲ့ “လောကသုခဥယျာဉ်ဖြူ”ရဲ့ စိတ်ကူးစံနှုန်းတွေကိုလည်း တင်ပြချင်ပါသေးတယ်။
“လောကသုခဥယျာဉ်ဖြူ”ကို ပုံစံတူ ခြံစည်းရိုးတွေ၊ သတ်မှတ်ထားတဲ့အမိုးခေါင်ဒီဇိုင်း၊ ဥယျာဉ်တွင်းနေသူတွေမဖြစ်မနေလိုက်နာရမယ့် စည်းကမ်းချက်တွေနဲ့ uniformity(ဆင်တူ) ဖြစ်အောင် ကြိုးစားတည်ဆောက်နေသလို၊ ဥယျာဉ်မှာလာနေထိုင်ကြမယ့် မိတ်ဆွေတွေကိုလည်း unity(စည်းလုံးမှု) ဖြစ်စေချင်ပါတယ်။
ကွာခြားချက်ကတော့ အပြင်ပိုင်းအလှအပဖြစ်တဲ့ ခြံစည်းရိုး၊အိမ်ခေါင်ဒီဇိုင်းနဲ့ စည်းကမ်းချက်တွေက တညီတညွတ်တည်းဖြစ်ပေမယ့်၊ တစ်ဦးချင်းဆီရဲ့အဇ္စျတ္တ လွတ်လပ်မှုကိုတန်ဖိုးထား၊ တစ်ဦးနဲ့တစ်ဦးရဲ့ ကွဲပြားခြားနားမှုတွေကို အသိအမှတ်ပြုပြီး၊ သဟဇာတဖြစ်အောင် အတူတကွ ပေါင်းစည်းနေထိုင်ဖို့ ရည်ရွယ်မျှော်မှန်းထားလို့ပါ။
ဒါမှသာ လုံခြုံစိတ်ချငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်ကောင်းကိုတည်ဆောက်နိုင်ပြီး လူ့ဘဝသက်တမ်းတလျှောက် အချင်းချင်းကူညီဖေးမမှုတွေနဲ့ သက်တောင့်သက်သာဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် Uniformityနဲ့ unityရဲ့အနှစ်သာရကို တန်ဖိုးထားသူတိုင်းကို “လောကသုခဥယျာဉ်ဖြူ” က ကြိုဆိုပါကြောင်း သတင်းကောင်းပါးလိုပါတယ်။
ကိုးကား
-wikipedia
-facebook ပိုစ့်များ
“ရှမ်းပြည်မှာ ဝယ်သင့်တဲ့မြေ နဲ့ မဝယ်သင့်တဲ့မြေ (၄)”
https://www.facebook.com/share/p/17wBNmuRWQ/
“ရှမ်းပြည်မှာ ဝယ်သင့်တဲ့မြေ နဲ့ မဝယ်သင့်တဲ့မြေ (၃)”
https://www.facebook.com/share/p/1GuFDdnm2m/
“ရှမ်းပြည်မှာ ဝယ်သင့်တဲ့မြေ နဲ့ မဝယ်သင့်တဲ့မြေ (၂)”
https://www.facebook.com/share/p/1ADo3WfDNM/
“ရှမ်းပြည်မှာ ဝယ်သင့်တဲ့မြေ နဲ့ မဝယ်သင့်တဲ့မြေ (၁)”
https://www.facebook.com/share/p/1A9UQCLA2v/
🔥 ပုံကတော့ ငလျင်ဒဏ်ခံနိုင်အောင် စနစ်တကျဆောက်လုပ်ထားတဲ့ "လောကသုခဥယျာဉ်ဖြူ"ရဲ့ ခြံစည်းရိုးလုပ်ကွက် တစ်ခုပါ။