Summer Shelter Library နွေအရိပ်စာကြည့်တိုက်

  • Home
  • Myanmar
  • Taunggyi
  • Summer Shelter Library နွေအရိပ်စာကြည့်တိုက်

Summer Shelter Library နွေအရိပ်စာကြည့်တိုက် To deliver our service of innovated ideas about our library and its community school in May Supporte

ပျော်ရွှင်ငြိမ်းချမ်းသောခရစ်စမတ်ဖြစ်ပါစေ မိတ်ဆွေ‌တို့ရေ 🙏🎄⛄❄️
25/12/2025

ပျော်ရွှင်ငြိမ်းချမ်းသောခရစ်စမတ်ဖြစ်ပါစေ မိတ်ဆွေ‌တို့ရေ 🙏🎄⛄❄️

24/12/2025
24/12/2025
13/12/2025

Seagulls : We are flying....
Until we find food.
SSL. : We are traveling..
Till we find the place
Where there is peace.
Both journeys are difficult for all of Us!
Tar Tar (12.12.2025)

😢😔😿

Different journeys, the same struggle to survive and find peace.
(review by ChatGPT)

29/10/2025

စာကြည့်တိုက်မှူးနေမကောင်းပါသဖြင့် ခုရက်ပိုင်း ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များစာကြည့်တိုက်ခေတ္တပိတ်ထားရပါမယ်ဆိုတာလေးစိတ်မကောင်းစွာဖြင့်အကြောင်းကြားပါတယ်နော်။ အမှန်က စာအုပ်အသစ်လေးတွေရန်ကုန်ကအပြန် ဝယ်လာတာမို့ အမြန်ငှားပေးချင်ပါသော်လည်း အနားမယူလို့မဖြစ်တော့လို့ နှစ်ရက်လောက်အနားယူလိုက်ပြီးမှအမြန်ဆုံးငှားပေးနိုင်ဖို့ကြိုးစားသွားပါ့မယ်ရှင်။
29.10.2025, 30.10.2025နှစ်ရက်ကောင်းကောင်းနားပြီးမှပြန်ဖွင့်ပေးပါမယ်ရှင့်။

မြေဆွေးကုန်ကြမ်းများနွေအရိပ်မှာဝယ်ယူလို့ရပါပြီရှင်။ မြေဆွေးလုပ်ပြီးသားလိုချင်ရင်တော့ကြိုမှာပေးပါရှင်။ အသင့်သုံးမြေဆွေးဆိ...
14/10/2025

မြေဆွေးကုန်ကြမ်းများနွေအရိပ်မှာဝယ်ယူလို့ရပါပြီရှင်။
မြေဆွေးလုပ်ပြီးသားလိုချင်ရင်တော့ကြိုမှာပေးပါရှင်။ အသင့်သုံးမြေဆွေးဆိုရင်တော့ ခုတစ်ခေါက်ဈေးနည်းနည်းမြင့်သွားပါတယ်ရှင်။
ဖွဲနု - 1ပြည် = 1,000
ဖွဲကြမ်း- 1ပြည်။ = 500
တင်လဲရည်- 1Li. =. 2,000
အသင့်သုံးမြေဆွေး= 8,500/6000

Meeting for future workCompost ... Sharing...
14/10/2025

Meeting for future work

Compost ... Sharing...

09/10/2025
“Fourteen years of growth — from roots to branches of change.”စာကြည့်တိုက်ရဲ့14နှစ်ပြည့်မွေးနေ့လေးမှာ စာကြည့်တိုက်ဖွင့်ခ...
08/10/2025

“Fourteen years of growth — from roots to branches of change.”
စာကြည့်တိုက်ရဲ့14နှစ်ပြည့်မွေးနေ့လေးမှာ စာကြည့်တိုက်ဖွင့်ချိန်ကနေ အမှတ်တရလေး လာခဲ့ရင် မုန့်ကျွေးမယ်လို့စဉ်းစားထားတယ်။ ပံ့သကူပေါ့နော။ စာကြည့်တိုက်လေးကိုဘယ်လောက်သံယောဇဉ်ရှိလဲဆိုတာ စောင့်ကြည့်ချင်လို့ပါ။ မလာနိုင်ရင်လည်းကိစ္စမရှိပါဘူးနော် အခါရက်မို့အလုပ်ရှုပ်ကြတာသိပါတယ်ရှင်။ လာရင်တော့တစ်ခုခုစားရမှာတော့သေချာစေရပါမယ်။☺️🎉🍀
ခုထက်ထိရပ်တည်နိုင်ဖို့အဖက်ဖက်ကကြိုးစားပေးကြတဲ့နွေအရိပ်လေးတွေ၊ မိတ်ဆွေတွေနဲ့ စာအုပ်လေးတွေအမြဲလာငှားဖတ်ပေးတဲ့စာဖတ်သူတွေအားလုံးကျန်းမာငြိမ်းချမ်းပြီး ကပ်ဘေးအပေါင်းကကင်းလွတ်နိုင်ကြပါစေရှင်။🙏
ငြိမ်းချမ်းပြီးရှေ့ဆက်ဖို့အားအင်အပြည့်ရှိပါစေနွေအရိပ်လေးရေ....

12.9.2025Friday 🚰ဒီနေ့မှာတော့နွေအရိပ်စာကြည့်တိုက်ကတာဝန်ယူလုပ်ဆောင်ပေးတဲ့ပထမဆုံးမြေအောက်ရေဖြည့်ကျင်းလေး⛳🕳️🪏အောင်မြင်စွာပြ...
12/09/2025

12.9.2025
Friday
🚰ဒီနေ့မှာတော့နွေအရိပ်စာကြည့်တိုက်ကတာဝန်ယူလုပ်ဆောင်ပေးတဲ့ပထမဆုံးမြေအောက်ရေဖြည့်ကျင်းလေး⛳🕳️🪏အောင်မြင်စွာပြီးဆုံးသွားပါပြီ။
🏋️နှစ်ရက်အတွင်း မိုးတွေရွာနေတဲ့ကြားက ကျမတို့အဖွဲ့ တောင်းဆိုတဲ့အတိုင်းရေဝင်နိုင်ဖို့သပ်သပ်ရပ်ရပ် စိတ်ရှည်လက်ရှည်တူးပေးကြတဲ့ ကိုထွန်းဝင်းနဲ့အဖွဲ့သားများကိုလည်းကကျေးဇူးအထူးတင်ရှိပါတယ်။
🍀♒အထူးအားဖြင့်ကတော့မြေအောက်ရေဝင်ဖို့ကိုယ့်အိမ်ရှေ့မှာ ယုံယုံကြည်ကြည်ရေအလှူလုပ်ပေးတဲ့ ဒေါ်လေး‌ေဒါ်ခင်ဦးတို့မိသားစုကိုတကယ်လေးစားကျေးဇူးတင်တာထက်ပိုပါတယ်။🙏
💰စုစုပေါင်းကုန်ကျငွေအနေနဲ့ ကျပ် ၃သိန်းဝန်းကျင်ခန့်ရှိခဲ့ပြီး အတိအကျပြန်ပြီးစာရင်းထုတ်ပြန်ပေးပါမယ်ရှင့်။
💦🔵⛲ဒီနေ့ကစလို့ တောင်ကြီးမြို့ရဲ့ မြေအောက်ရေဖြည့်တင်းခြင်းအစီအစဉ်ကိုစတင်ထမ်းဆောင်နေတဲ့ ခရေလမ်းသွယ်ထဲက မြေအောက်ရေဖြည့်တင်းတဲ့ကျင်းလေး ရေရှည်တည်တံ့ပြီးမြို့လေးကိုအောင်မြင်စွာရေဖြည့်ပေးနိုင်ပါစေလို့နွေအရိပ်ကဆုတောင်းနေပါမယ်ရှင့်⛳🙏။
နောက်ထက်နှစ်ကျင်းစာလောက်တူးပေးနိုင်ဦးမှာမို့ ဦးကြီးခမ်း၊ ညောင်ဖြူ တင်မက ကွန်ကရစ်အပြည့်ဖြစ်နေလို့ မြေအောက်ရေဖြည့်တင်းဖို့အလှူလုပ်ချင်တဲ့ အိမ်နှစ်အိမ်ကိုဆက်ပြီးဖိတ်ခေါ်ပါတယ်ရှင့်။ အမြန်ဆုံးဆက်သွယ်ပေးကြပါဦးရှင့်။

08/09/2025

စာကြည့်တိုက်များ ဖွံ့ဖြိုးရေး၊ရေရှည်ရပ်တည်နိုင်ရေးနှင့်Save The Library ၏ထောက်ပံကူညီမှုစနစ်အကြောင်း
***************************************************************

စာကြည့်တိုက်အသစ်ဖွင့်ခြင်းထက်ပိုအရေးကြီးတာက ရေရှည်ရပ်တည်နိုင်ဖို့ပါ ဖတ်ကြည့်ပြီးဆွေးနွေးကြည့်ကြရအောင်ပါ

စာကြည့်တိုက်အသစ်တည်ထောင်ခြင်း
~~~~~~~~~~~~~~~~~~~~~
စာကြည့်တိုက်တစ်ခုဖွင့်ဖို့ ဘာတွေလိုအပ်သလဲဆိုပြီး မေးကြတာတွေရှိပါတယ် အဲ့မေးခွန်းနဲ့ပတ်သက်ပြီး အမျိုးမျိုးဖြေကြတာလည်းရှိပါတယ် ခုရေးမှာက ကျွန်တော်အမြင်ပါ ပြည့်စုံမှာမဟုတ်ပေမယ့် စဉ်းစားစရာလေးများရမလားလို့ပါ

ပထမဆုံးမေးရမယ့်မေးခွန်းက ဘာကြောင့်စာကြည့်တိုက်ဖွင့်ချင်တာလည်းဆိုတာပါ
များသောအားဖြင့်ဖွင့်ချင်ကြသူတွေမှာ အခြေခံအကြောင်း ၂ချက်တွေ့ရပါတယ် ပထမတစ်ချက်က ကိုယ်တိုင်စာဖတ်တယ် စာအုပ်စုတယ် များလာတော့ စာကြည့်တိုက်ဖွင့်ရင်ကောင်းမယ်ဆိုတဲ့သူရယ် နောက်တစ်မျိုးက မိမိတို့အရပ်ဒေသက ကလေးလူငယ်တွေ အသိပညာတိုးတက်စေချင်လို့ စာကြည့်တိုက်ဖွင့်ချင်တဲ့သူရယ်ဆိုပြီး ၂ မျိုးတွေ့ရပါတယ်။

ဘယ်လိုအကြောင်းကြောင့်ဘဲဖွင့်ဖွင့် ပထမဆုံးစဉ်းစားရမှာက မိမိစာအုပ်ဌားပြီးပေးဖတ်ချင်တဲ့သူက ဘယ်လိုလူတွေလည်းဆိုတာ သိဖို့လိုပါတယ် ပြီးမှ သူတို့နဲ့ဆိုင်တဲ့စာအုပ်တွေစုရပါမယ် စာကြည့်တိုက်သမားလုပ်ရမယ်အလုပ်က (စု၊မှတ်၊ဌား၊ထိန်း)ဆိုတဲ့ အလုပ် ၄ ခုပါ

#ပထမ မိမိဌားပေးချင်သူတွေအတွက် စာအုပ်စုရပါမယ် ၊စာအုပ်စုသူများအတွက်အထောက်အပံဖြစ်စေမယ့်စာအုပ်များကို ဗဂျီအိမ်စာပေကနေလေ့လာဝယ်ယူနိုင်ပါတယ်။
ဗဂျီအိမ်စာပေ - ကလေးစာပေနှင့်သင်ထောက်ကူ
အသစ်ထွက်စာအုပ်များနှင့်ကလေးဖတ်စာအုပ်များစုစည်းမှု
https://www.facebook.com/share/p/1CksynqY68/

#ဒုတိယက ဝယ်ယူ စုဆောင်းထားတဲ့စာအုပ်တွေကို အမျိုးအစားခွဲပြီး မှတ်ထားဖို့လိုပါတယ် စာအုပ်တွေများလာတဲ့အခါအလွယ်တကူရှာနိုင်အောင် (ဖုန်း App နဲ့ဖြစ်စေ လက်တော့နဲ့ဖြစ်စေ၊page မှာကတ်တလောက်လုပ်၍ဖြစ်စေ စနစ်တကျ မှတ်လို့ရနေပါပြီ)လိုအပ်ရင် အကြံဥာဏ်တောင်းနိုင်ပါတယ်။
ကတ်တလောက်လုပ်နည်း
လေ့လာကြည့်လိုသူများအတွက်
ဗဂျီအိမ် ရွေ့လျားစာကြည့်တိုက်
https://www.facebook.com/share/p/1BBM8eC8kv/

#တတိယ ကတော့ စနစ်တကျ စည်းကမ်းနဲ့အခမဲ့ဌားရမ်းပေးတာပါ၊
(လစဉ်ကြေး၊နှစ်စဉ်ကြေး စသဖြင့်လည်း အသင်းဝင်ပုံစံနဲ့လည်းဌားနိုင်ပါတယ်)

#နောက်ဆုံးအရေးကြီးတာက ထိန်းသိမ်းမှုပါ စာကြည့်တိုက်ဖွင့်တယ်ဆိုတာ စာအုပ်အလှုပေးတာမဟုတ်ပါဘူး ဒါကြောင့်ထိန်းသိမ်းဖို့လိုပါတယ် ၊ ဒီနေရာမှာ တခြားသူတွေနဲ့ကျွန်တော် အမြင်မတူတာရှိပါတယ်

ဥပမာ -စာကြည့်တိုက်မှုးမထားဘဲ ဖတ်ပြီးပြန်ထားဆိုတဲ့ အစီအစဉ်မျိုးထက် စာဌားသူဖတ်ချင်တဲ့စာအုပ်ကို ရရှိအောင် လုပ်ပြီးဌားပေးတာမျိုးကသာ အသက်ဝင်တဲ့ စာကြည့်တိုက်တစ်ခုဖြစ်လာမှာပါ

ကလေးအရွယ်ထဲက စာဖတ်တဲ့အလေ့ပျိုးထောင်ဖို့အရေးကြီးပါတယ် မိမိပတ်ဝန်းကျင်မှာစာဖတ်လာဖို့က စာကြည့်တိုက်လုပ်ဆောင်သူ ကိုယ်တိုင်စာဖတ်ဖို့လိုသလို စာဖတ်တဲ့ပတ်ဝန်းကျင်ဖြစ်လာအောင် စာပေစကားဝိုင်းလေးတွေလည်း ဖန်တီးပေးကြဖို့လိုပါလိမ့်မယ်

အထက်ပါအချက်တွေကတော့ စာကြည့်တိုက်ဖွင့်ချင်သူတွေအတွက် အခြေခံလိုအပ်ချက်လေးတွေပါ။

ဖွင့်လှစ်ထားသောစာကြည့်တိုက်များအတွက်
~~~~~~~~~~~~~~~~~~~~~~~~

စာကြည့်တိုက်တစ်ခုရေရှည်တည်တံဖို့ဆိုရင်တော့ မျိုးဆက်သစ်လူငယ်တွေပါဝင်လာဖို့နဲ့ မိမိတို့အရပ်ဒေသအလိုက် သင့်တော်တဲ့ရံပုံငွေစနစ်တစ်ခုမရှိမဖြစ်လိုအပ်ပါတယ် ၊နောက်ထပ်လုပ်ရမှာက စာကြည့်တိုက်တွေကို ကူညီတဲ့အဖွဲ့တွေနဲ့ ချိတ်ဆက်လုပ်ကိုင်ဖို့ပါ ဒါမှာရေရှည်ရပ်တည်ဖို့ လုပ်ဆောင်နိုင်ကြမှာဖြစ်ပါတယ်။

အချုပ်ဆိုရရင် စာကြည့်တိုက်တစ်ခုဖြစ်ဖို့ဆို ဖော်ဆောင်မည့်သူရဲ့စိတ်အားထက်သန်မှုကသာ အရေးကြီးတာပါ။

စာကြည့်တိုက်တစ်ခုအတွက်လိုအပ်ချက် ၅ ခုရှိတယ်လို့တော့ပြောကြတယ် (ဘီငါးလုံး) ပါ

၁။ စာအုပ် (Books)

၂။ အသိဉာဏ် (Brain) [ စာကြည့်တိုက်မှုး၊စာကြည့်တိုက်အရေးဆောင်ရွက်ကြသူများ ]

၃။ အဆောက်အဦ (Building )

၄။ ငွေကြေး (Budget)

၅။စာဌားသူ (Borrower)

စတဲ့ အချက် ၅ ချက်ကို ပြည့်စုံအောင် ကြိုးစားကြရပါမယ်။

စာကြည့်တိုက် Page ဖန်တီးခြင်း
~~~~~~~~~~~~~~~~~
ဒီဘက်ခေတ်မှာတော့ စာကြည့်တိုက်တည်ထောင်ထားသူတိုင်းမှာ မိမိ
စာကြည့်တိုက်နာမည်နဲ့ page ရှိဖို့လိုပါတယ်

မိမိစာကြည့်တိုက်အကြောင်းတခြားသူတွေသိဖို့အတွက်ဆို ပန်းဖလက် အပြင် စာကြည့်တိုက် Page တစ်ခုလည်းရှိဖို့လိုပါတယ် မိမိစာကြည့်တိုက် Page မှာ ပထမဆုံးအောက်ပါအချက်အလက်တွေကို ရေးတင်ထားဖို့လိုပါတယ်

၁။ပြည်နယ်(သို့)တိုင်းဒေသကြီး

၂။မြို့နယ်/မြို့အမည်

၃။ကျေးရွာအုပ်စု/ကျေးရွာ

၄။ရပ်ကွက် /လမ်း/အိမ်အမှတ်

၅။ တည်ထောင်ရခြင်းရည်ရွယ်ချက်

၆။စာကြည့်တိုက်တည်ထောင်သူများ နာမည် ဖုန်း

၇။စတင်တည်ထောင်သည့်ခုနှစ်(သမိုင်းကြောင်း)

၈။စာအုပ်အရေအတွက်

၉။တခြားလှုပ်ရှားမှုများ
၁၀။စာကြည့်တိုက်ဓာတ်ပုံ

#အထက်ပါအချက်များကို အောက်ကလင့်တွင် ဝင်ရောက်ရေးသားပြီး မိမိတို့စာကြည့်တိုက်အတွက်အလှူခံနိုင်ပါသည်
https://www.facebook.com/132657710506666/posts/954131148359314/

ကျောင်းစာကြည့်တိုက်ဖွင့်လိုသော်
https://m.facebook.com/story.php?story_fbid=839896583017746&id=677495245924548

Save The Library ရဲ့စာအုပ်မျှဝေခြင်းအစီအစဉ် ၂ခု...............................................................................

အစီအစဉ် (၁)
တစ်လ တစ်ထောင်စုပြီး ရရှိတဲ့ငွေအားလုံးကို
တက်ကြွပြီး စာကြည့်တိုက်ရှင်သန်အောင် ဆောင်ရွက်နေသော စာကြည့်တိုက်တွေကို လစဉ်ရွေးချယ် လှုဒါန်းပေးခြင်း

အစီအစဉ် ( ၂ )
စာအုပ်အလှုရှင်များ ၊စာအုပ်တိုက်များမှ လှုဒါန်းသောစာအုပ်များကိုလှုဒါန်းပေးခြင်း

အလှုခံလိုလျင်
************
မိမိစာကြည့်တိုက်နာမည်နဲ့ စာကြည့်တိုက်လှုပ်ရှားမှုပုံများကို Save The Libray စာကြည့်တိုက်များကွန်ရက် group( https://www.facebook.com/groups/1094043520612093/ ) ထဲသို့ ပေးပို့ပြီး စာအုပ်များကို အလှုခံနိုင်ပါတယ်။

တစ်ယောက်တစ်လက်
^^^^^^^^^^^^^^^^^^^^^
လူတစ်ယောက်ကို တစ်လ တစ်ထောင်စီ ထည့်ဝင်အောင်စည်းရုံးနိုင်ရင် ကလေးတွေဖတ်ဖို့ စာအုပ်များစွာ ဝယ်ယူနိုင်မှာဖြစ်သလို မပင်မပန်းဘဲမျှဝေနိုင်မှာဖြစ်ပါတယ်

Address

72, Khayae Lane 2, Oo Gyi Kham Qtr
Taunggyi
06101

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 13:00

Telephone

+959250858526

Alerts

Be the first to know and let us send you an email when Summer Shelter Library နွေအရိပ်စာကြည့်တိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Summer Shelter Library နွေအရိပ်စာကြည့်တိုက်:

Share

Category