National League for Democracy - Shan State

National League for Democracy - Shan State Official page of Information Committee, Shan State, National League for Democracy.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်လုပ်ငန်းအဖွဲ့​၏ ပြည်သူသို့ပန်ကြားလွှာ
09/04/2026

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်လုပ်ငန်းအဖွဲ့​၏ ပြည်သူသို့ပန်ကြားလွှာ


“ပြည်သူချစ်တဲ့ ဆရာဇော်” စာအုပ်အား ယနေ့(၁-၁၁-၂၀၂၄)တွင် ebook အဖြစ် online မှ အခမဲ့ဖြန့်ချိပေးနေပြီဖြစ်ကြောင်း ပြည်သူများက...
01/11/2024

“ပြည်သူချစ်တဲ့ ဆရာဇော်” စာအုပ်အား ယနေ့(၁-၁၁-၂၀၂၄)တွင် ebook အဖြစ် online မှ အခမဲ့ဖြန့်ချိပေးနေပြီဖြစ်ကြောင်း ပြည်သူများကို အသိပေးအပ်ပါသည်။

▪️ဆရာဇော် အမှတ်တရစာအုပ် ဖြစ်မြောက်ရေးအဖွဲ့

“ပြည်သူချစ်တဲ့ ဆရာဇော်” စာအုပ် ဝင်ရောက်ဖတ်ရှု့နိုင်သော ebook link
t.ly/bWmkp

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီအမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်းဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ nld.cwc@pro...
07/10/2024

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
[email protected]

ရက်စွဲ - ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်

အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ-၂၊ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းအတွက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးဝမ်းနည်းကြေကွဲကြောင်းကြေညာချက်

၁။ ​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ-၂၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် မဲဆန္ဒ နယ်အမှတ် (၁)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင် (ဝန်ကြီးချုပ်-မန္တလေးတိုင်းဒေသကြီး) သည် အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၃ နာရီ အချိန်တွင် မန္တလေးပြည်သူ့ ဆေးရုံကြီး၌ အဆုပ်အအေးမိရောဂါဖြင့် ကျဆုံးကွယ်လွန်ခဲ့ပါသည်။

၂။ ​ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တင်မြှောက်ခံခဲ့ရပြီး ဒီမိုကရေစီရေး တောင်းဆိုတိုက်ပွဲဝင်မှု ကြောင့် စစ်ဖက်၏ ဖမ်းဆီးခံခဲ့ရကာ အင်းစိန်အကျဥ်းထောင်နှင့် မြစ်ကြီးနား အကျဥ်းထောင်တို့တွင် ၁၈ နှစ် ၉ လ တိတိ ကြာသည်အထိ ရင်ဆိုင်ဖြတ်ကျော်ခဲ့သူဖြစ်ပါသည်။

၃။​၂၀၀၉ ခုနှစ် မတ်လတွင် မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်ပြီးလျှင်ပြီးချင်း ပါတီမှ တာဝန်ပေးအပ်မှုများကိုလက်ခံကာ အခမဲ့ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။

၄။ ​၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် အဖွဲ့ချုပ်ကိုယ်စားပြုလျက် ကျောက်ပန်းတောင်း မဲဆန္ဒနယ်၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အဖြစ် အရွေးချယ်ခံခဲ့ရပြီး ကျောက်ပန်းတောင်းမြို့သူမြို့သားများ၏ တစ်ခဲနက်ထောက်ခံအား ပေးမှုကို ရရှိခဲ့သူဖြစ်ပါသည်။

၅။ ​၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင်လည်း အမရပူရမြို့သူမြို့သားများ၏ လေးစားစွာ အားပေးထောက်ခံမှုဖြင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် တင်မြှောက်ခြင်းခံခဲ့ရသည်။

၆။ ​၂၀၁၆ ခုနှစ် ဧပြီလမှစတင်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန် များကို ကျေပွန်အောင် ထမ်းဆောင်နိုင်ခဲ့သူဖြစ်သည်။

၇။ ​အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ-၂၊ ဒေါက်တာဇော်မြင့်မောင်သည် ၂၀၁၉ ခုနှစ်တွင် သွေးကင်ဆာ ရောဂါကို စတင်ရင်ဆိုင်ကုသခဲ့ရသော်လည်း မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်တာဝန်နှင့် ပါတီက ပေးအပ်ထားသောတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့ကာ ပြည်သူတို့၏လေးစားချစ်ခင်မှုကို ရရှိခဲ့သူဖြစ်သည်။

၈။ ​၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းသည့်နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး ၂ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်ထားရှိကာ ၆ ရက်နေ့တွင် ထပ်မံဖမ်းဆီးခေါ်ဆောင်သွားခံရပြီး အခြေအမြစ်မရှိသော စွဲချက်များဖြင့် မတရားသဖြင့်စွပ်စွဲကာ ထောင်ဒဏ်၂၉ နှစ်ချမှတ်ခံခဲ့ရသည်။

၉။ ​ဒေါက်တာဇော်မြင့်မောင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်ဖက်အာဏာသိမ်းပြီးသည့် နောက် သွေးကင်ဆာဝေဒနာကို အမြင့်ဆုံးအဆင့်ရင်ဆိုင်နေရသော်လည်း တကိုယ်ရည်သက်သာ ခွင့်ရရန် စစ်
အာဏာရှင်အလိုကျ ဦးညွှတ်ခဲ့သူမဟုတ်ပါ။

၁၀။ ​ပြည်သူလူထု၏ ဆင့်လွှဲအာဏာဖြစ်သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စွဲကိုင်လျက် ဆေးဝါးကုသမှု မလုံလောက်သည့်ကြားမှ ကင်ဆာဝေဒနာကိုကြံ့ကြံ့ခံကာ ပြည်သူ့ဘက်မှရပ်တည်ခဲ့သူ နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သည်။

၁၁။ ​အဖမ်းဆီးခံဘဝတွင် သွေးကင်ဆာရောဂါအတွက် လုံလောက်သည့် ကုသမှုမရသည့်အပြင် ထောင်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရပြီး ကျန်းမာရေးသိသာစွာကျဆင်းလာသော်လည်း လုံလောက်သည့်ကုသမှုများနှင့် သင့်တင့်လျောက်ပတ်သည့် နေရာထိုင်ခင်းမရရှိခဲ့ခြင်းသည် ကွယ်လွန် တိမ်းပါးမှု၏ အရင်းခံအကြောင်းများဖြစ်ပါသည်။

၁၂။​ အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ-၂၊ ဒေါက်တာဇော်မြင့်မောင်သည် ပါတီဝင်တစ်ဦးအနေဖြင့်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်အနေဖြင့်လည်းကောင်း၊ အစိုးရအဖွဲ့အနေဖြင့်လည်းကောင်း ပေးအပ်သော တာဝန်များကို အဂတိကင်းရှင်းစွာ တာဝန်ကျေခဲ့သူတစ်ဦးအဖြစ် မှတ်တမ်းတင်အပ်ပါသည်။

၁၃။​အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ-၂၊ ဒေါက်တာဇော်မြင့်မောင်၏ လေးစားအတုယူဖွယ်‌ကောင်းသော ဂုဏ်ဒြပ်များကို ဦးညွှတ်အလေးပြုစံနမူနာထားလျက် ကျွန်ုပ်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အဖွဲ့ချုပ်ခေါင်းဆောင်များ‌မျှော်မှန်းသည့် အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု လမ်းကြောင်း ဆီသို့ ပြည်သူ့ဆန္ဒနှင့်အညီ မမှိတ်မသုန်လျှောက်လှမ်းသွားမည်ဟု သန္နိဌာန်ပြုအပ်ပါသည်။

၁၄။​ဒေါက်တာဇော်မြင့်မောင် နာမကျန်းစဉ် အစစအရာရာ ကူညီကြပါသော မိတ်ဆွေအပေါင်းနှင့် ကျန်းမာရေးဘက်ဆိုင်ရာ အထောက်အကူပြုသူများအားလုံးအား အဖွဲ့ချုပ်အနေဖြင့် ကျေးဇူးတင်ရှိ ပါသည်။

၁၅။​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ-၂၊ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားခြင်းအတွက် ပြည်သူနှင့်အတူ၊ ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်း ကြေကွဲရပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

‘အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ-၂၊ ဒေါက်တာဇော်မြင့်မောင်.. ကောင်းရာသုဂတိလားပါစေ’

ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့၏ နာယကကြီးဖြစ်သူ သူရဦးတင်ဦး ကွယ်လွန် အနိစ္စရောက်သွားခြင်းအတွက် အမျိုးသားဒီမိုက...
02/06/2024

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့၏ နာယကကြီးဖြစ်သူ သူရဦးတင်ဦး ကွယ်လွန် အနိစ္စရောက်သွားခြင်းအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ်၏ ဝမ်းနည်းခြင်း သဝဏ်လွှာ”

အထူးဝမ်းနည်းကြေကွဲကြောင်းကြေညာချက်
01/06/2024

အထူးဝမ်းနည်းကြေကွဲကြောင်းကြေညာချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီအမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်းဗဟန်းမြို့နယ်၊ ရန်ကုန်မြို့nld.cwc@proto...
11/10/2023

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
[email protected]

ရက်စွဲ - ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ လ(၁၁) ရက်

သတင်းထုတ်ပြန်ချက်အမှတ် (၁၃/၂၀၂၃)

၁။‌ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ ဥပဒေမဲ့ အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီသည် ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူလူထုကို ပစ်ခတ်သတ် ဖြတ်ခြင်း၊ ဖမ်းဆီးနှိပ်စက် အကျဥ်းချသတ်ဖြတ်ခြင်းများဖြင့် ရက်စက်စွာဖြိုခွင်းခဲ့ပါသည်။

၂။ ထို့ပြင် အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ကိုဆန့်ကျင်ကန့်ကွက်နေသော ပြည်သူလူထုအပေါ် နယ်မြေရှင်းလင်းရေးအကြောင်းပြ၍ အရပ်သားပြည်သူလူထု၏အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပိုင်ဆိုင်မှု များကိုသိမ်းဆည်းခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို စနစ်တကျ ဆက်တိုက် ကျူးလွန်လျက်ရှိပါ သည်။

၃။ မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လူ့အခွင့်အရေးမှတ်တမ်းများကောက်ယူရေးအဖွဲ့မှ ရရှိထား သော စစ်ကောင်စီ၏လူ့အခွင့်အရေးချိုးဖောက်မှုစာရင်းများအရ နိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများတွင် (၁၀) ဦး နှင့်အထက်ဖြစ်စဥ်များမှာ-
စဉ် နေ့ရက် ဖြစ်ပွားသည့်
တိုင်းဒေသကြီး/ ပြည်နယ် မြို့နယ် ကျေးရွာ သတ်ဖြတ်
ခံရသည့် ဦးရေ
(က) ၉-၉-၂၀၂၁ မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြင်သားရွာ ၂၀ ဦး
(ခ) ၇-၁၂-၂၀၂၁ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဒုံးတောရွာ ၁၁ ဦး
(ဂ) ၂၅-၁၂-၂၀၂၁ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် ၃၀ ကျော်
(ဃ) ၂၅-၁၂-၂၀၂၁
၂၆-၁၂-၂၀၂၁ စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းရွာ ၁၈ ဦး
(င) ၃၁-၁-၂၀၂၂ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ပဒတ်ထိုင်းကျေးရွာ ၂၀ ဦး
(စ) ၂၅-၂-၂၀၂၂ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် နှမစားရစ်ရွာ ၁၉ ဦး
(ဆ) ၁-၃-၂၀၂၂ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် တာတိုင်ကျေးရွာ ၁၇ ဦး
(ဇ) ၈-၃-၂၀၂၂ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လက်ပံတောကျေးရွာ ၁၁ ဦး
(ဈ) ၈-၃-၂၀၂၂ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သိမ်တော်ရွာ ၁၄ ဦး
(ည) ၆-၆-၂၀၂၂ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ကံဖျားကျေးရွာ ၁၁ ဦး
(ဋ) ၂၅-၆-၂၀၂၂ မွန်ပြည်နယ် သထုံမြို့နယ် ထုံးဘိုလေးကျေးရွာ ၁၀ ဦး
(ဌ) ၁၈-၇-၂၀၂၂ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကျီစုကျေးရွာ ၁၅ ဦး
(ဍ) ၉-၈-၂၀၂၂ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာ ၄၀ ဦး
(ဎ) ၁၁-၈-၂၀၂၂ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာ ၁၈ ဦး
(ဏ) ၁၆-၉-၂၀၂၂ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ ၁၅ ဦး
(တ) ၂၃-၁၀-၂၀၂၂ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါကျေးရွာ ၆၂ ဦး
(ထ) ၁၆-၁၁-၂၀၂၂ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ၁၂ ဦး
(ဒ) ၁၈-၂-၂၀၂၃ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကိုးတောင်ဘို့ရွာ ၁၅ ဦး
(ဓ) ၂-၃-၂၀၂၃ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ညောင်ရင်းကျေးရွာ ၁၆ ဦး
(န) ၁၁-၄-၂၀၂၃ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာ ၁၆၈ ဦး
(ပ) ၁၀-၅-၂၀၂၃ ပဲခူးတိုင်း ထန်းတပင်မြို့နယ် ညောင်ပင်သာရွာ ၂၀ ဦး

၄။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ(၉) ရက်၊ ည ၁၁း၃၀ နာရီခန့်က ကချင်ပြည်နယ် လိုင်ဇာမြို့ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းသို့လည်း အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၀ ဦးအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၂၈ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်ကို ကြားသိရသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မိသားစုဝင်များနှင့် ထပ်တူ ကြေကွဲဝမ်းနည်းမိပါသည်။

၅။ အထက်ဖော်ပြပါဖြစ်စဥ်များအရ အကြမ်းဖက်စစ်ကောင်စီသည် လူသားမျိုးနွယ်ပျက်သုဥ်းစေမှုနှင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်လျက်ရှိသည်မှာ ထင်ရှားနေသဖြင့် စစ်ကောင်စီအား တာဝန်ယူမှုတာဝန်ခံမှုရှိစေရေး၊ အပြစ်ပေးအရေးယူနိုင်ရေးနှင့် ကျူးလွန်ခံရသူတို့အတွက် တရားမျှတမှု ရရှိရေးတို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။

၆။ သို့ဖြစ်ပါ၍ အကြမ်းဖက်စစ်ကောင်စီ၏လုပ်ရပ်များဖြစ်သည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်မှုများရပ်တန့်ရေးနှင့် ကျူးလွန်ခံရသူ မြန်မာပြည်သူများအတွက် တရား မျှတမှု အမြန်ဆုံးပြန်လည်ရရှိစေရေးတို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်း အဝိုင်းအနေဖြင့် ယခုထက်ပိုမိုထိရောက်စွာကူညီပံ့ပိုးပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီအမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်းဗဟန်းမြို့နယ်၊ ရန်ကုန်မြို့nld.cwc@proto...
27/09/2023

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
[email protected]

ရက်စွဲ ၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ လ (၂၇) ရက်

သတင်းထုတ်ပြန်ချက်အမှတ် (၁၂/၂၀၂၃)

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မူလစတင်တည်ထောင်စဉ်ကပင် အခြေခံလူ့အခွင့်အရေး၊ ဖက်ဒရယ် ဒီမိုကရေစီရေးတို့ကို ဦးတည်ချက်များထား၍ ရပ်တည်ဆောင်ရွက်ရန်နှင့် ပြည်သူလူထုကို ဖိနှိပ်မည့်အာဏာ ရှင်ဆန်သော နိုင်ငံရေးစနစ်မျိုး မည်သည့်အခါမျှ ပေါ်ပေါက်ခြင်းမရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားရန် တည်ထောင်ခဲ့သော ပါတီဖြစ်ပါသည်။

၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုနှင့် ပြည်သူလူထု ဆန္ဒကိုသာ အလေးအနက်ထား အကောင်အထည်ဖော်မှုတို့ကြောင့် ပြည်သူတစ်ရပ်လုံး၏ ထောက်ခံမှုဖြင့် ဝင်ရောက်ယှဉ်ပြိုင်သော ရွေးကောက်ပွဲများတွင် သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပါသည်။

၃။ နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရသည့် ထုံးစံရှိသော်လည်း ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီမှုမရှိခြင်း ၊ တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲဥပဒေများရှိခြင်းတို့ကြောင့် (၂၀၁၀) ရွေးကောက်ပွဲကို ဆန့်ကျင်ရပ်တည်ခဲ့သလို ယနေ့အချိန်တွင်လည်း ဥပဒေမဲ့ နိုင်ငံတော်အာဏာကို မတရားသိမ်းထားသည့် စစ်ကောင်စီက ကျင်းပရန်ကြံစည်နေသော အတုအယောင် ရွေးကောက်ပွဲကို အသိ အမှတ်မပြု ဆန့်ကျင်ရပ်တည်သွားမည်ဖြစ်သည်။

၄။ အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့၌ အာဏာသိမ်းပြီးနောက် အဖွဲ့ချုပ်ခေါင်းဆောင်များအပါအဝင် နယ်မြေဒေသအသီးသီးမှ တက်ကြွလှုပ်ရှားသူများ ၊ အရပ်သားပြည်သူ များကို ယနေ့တိုင် ဖမ်းဆီးထိန်းသိမ်း‌ အကျဉ်းချထားလျက်ရှိရာ အရပ်သားပြည်သူပေါင်း (၁၅,၈၃၈) ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ‌အဖွဲ့ဝင်(၁,၇၆၉) ဦး ပါဝင်ကာ ဥပဒေမဲ့ မတရား ဖမ်းဆီးနှိပ်စက်အသတ်ခံရသည့် အရပ်သားပြည်သူ (၄,၀၁၁)ဦးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် (၉၇) ဦး ပါဝင်ခဲ့ပါသည်။

၅။ အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူ (၆၈၈) ဦး၏ ပိုင်ဆိုင်မှုပစ္စည်းများအား ဥပဒေမဲ့ ချိပ်ပိတ် သိမ်းဆည်းခဲ့မှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် (၃၇၃) ဦးတို့၏ ပိုင်ဆိုင်မှုများ ပါဝင်ခဲ့သည်။ ထို့အပြင် ဗဟိုရုံးချုပ်အပါအဝင် အဆင့်ဆင့်သော အဖွဲ့ချုပ်ရုံးများသို့ ကျူးကျော်ဝင်ရောက်ပြီး ပစ္စည်းများကို ခိုးယူသယ်ထုတ်ခြင်း ၊ ‌ဖောက်ခွဲဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းတို့ကို အကြိမ် (၁၆၀) ပြုလုပ်ခဲ့သည်။

၆။ စစ်ဖက်အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အဆင့်ဆင့်သော ပါတီရုံးခန်း များတွင် ရုံးလုပ်ငန်းများကို မဆောင်ရွက်နိုင်သော်လည်း အွန်လိုင်းဒစ်ဂျစ်တယ်ပလက်ဖောင်းကို အသုံးပြု၍ အဖွဲ့ချုပ် အဖွဲ့ဝင်အင်အားများကို စုစည်းကာ ဆွေးနွေးညှိနှိုင်းတိုင်ပင်လျက် နွေဦးတော်လှန်ရေးကြီး အောင်မြင် စေရန် ကြိုးပမ်းလှုပ်ရှားလျက်ရှိပြီး ပါတီဗဟိုကော်မတီအစည်းအဝေးကိုလည်း ၃ ကြိမ်တိုင်တိုင် ကျင်းပခဲ့ပြီး ပါတီ၏ရှေ့လုပ်ငန်းစဉ်များအား ချမှတ်အကောင်အထည်ဖော်လျက်ရှိပါသည်။

၇။ ထို့ပြင် တိုင်းနှင့်ပြည်နယ်အလိုက် ညှိနှိုင်းရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ကာ ဒေသအလိုက် တော်လှန်ရေးအင်အားစုများအပြင် စစ်ကောင်စီနှင့် ပူးပေါင်းခြင်းမရှိသည့် နိုင်ငံရေးပါတီများနှင့်လည်း ရင်းနှီးစွာ ထိတွေ့ဆက်ဆံလျက် ဖက်ဒရယ်ဒီမိုကရေစီရေးနှင့် တော်လှန်ရေးကြီးအောင်မြင်စေရေး နည်းလမ်းများကို အတူပူးပေါင်း ရှာဖွေလျက်ရှိပြီး၊ မြန်မာ့နိုင်ငံရေးတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသွားရေးကိုလည်း လက်တွေ့ကျသည့် နည်းလမ်းများဖြင့် လုပ်ဆောင်လျက်ရှိပါသည်။

၈။ မြန်မာ့အကြပ်အတည်းမှသည် ဒေသန္တရပြဿနာအဆင့်သို့ မကူးဆက်နိုင်စေရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာတွင် မရှိမဖြစ် အရေးပါသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး၊ စစ်ဘေး ဒဏ်သင့် အရပ်သားပြည်သူများအား လူသားချင်းစာနာမှု အကူအညီများရရှိရေး၊ အရပ်သားများအား ပစ်မှတ် ထားတိုက်ခိုက်နေမှုများ အမြန်ဆုံး ရပ်ဆိုင်းသွားရေးတို့အတွက် မိတ်ဆွေနိုင်ငံများနှင့် နိုင်ငံတကာအသိုင်း အဝိုင်းအနေဖြင့် အားဖြည့်ကူညီပေးကြပါရန် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းမေတ္တာ ရပ်ခံအပ်ပါသည်။

၉။ ကမ္ဘာ့ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီအနေဖြင့်လည်း မြန်မာပြည်သူများ ရွေးချယ်တင်မြှောက် ထားသော အရပ်သားအစိုးရအဖွဲ့ လက်ထက်ကခန့်အပ်ခဲ့သည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြုခွင့်ကို ဆက်လက်အသိအမှတ်ပြုပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီအမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်းဗဟန်းမြို့နယ်၊ ရန်ကုန်မြို့nld.cwc@proto...
09/08/2023

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
[email protected]

ရက်စွဲ - ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၉) ရက်
သတင်းထုတ်ပြန်ချက်အမှတ် (၁၀/၂၀၂၃)

၁။ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကို ကျူးလွန်ခဲ့သော အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အာဏာသိမ်းမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ နှင့် ဒုဥက္ကဌ များအပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၉) ဦး တို့မှာ ကိုယ်တိုင်ဆန့်ကျင်သဖြင့် မတရားဖမ်းဆီးခံနေရသည့်နည်းတူ အဆင့်ဆင့်သောပါတီဝင် အများအပြား တို့သည်လည်း အကျဥ်းထောင်အသီသီးတွင် မတရားဖမ်းဆီးချုပ်နှောင်ခံနေရပါသည်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းသည် လုံလောက်သော ဆေးကုသခွင့်မရရှိသည့်အတွက် အကျဥ်းထောင်တွင်း ကျဆုံးခဲ့ရပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ဒီမိုကရေစီလိုလားသော ပြည်ထောင်စုတစ်ဝန်းလုံးမှ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့်အတူ ရင်ဆိုင် ရပ်တည်လျက်ရှိနေပါသည်။

၂။ ဦးဟင်နရီဗန်ထီးယူသည် (၂၀၁၆-၂၀၂၁) လွှတ်တော်သက်တမ်းအတွင်း ပါတီမှယုံကြည်စွာတာဝန်ပေးထားခဲ့သည့် ဒုသမ္မတဖြစ်ခဲ့သော်လည်း ယခုအခါ ပြည်သူလူထုကိုအကြမ်းဖက်၊ နှိပ်စက်၊ ဖမ်းဆီး၊ သတ်ဖြတ်လျက် စစ်ရာဇဝတ်မှုပေါင်း မြောက်မြားစွာကို ကျူးလွန်နေသော အာဏာလုစစ်အုပ်စုနှင့် (၃၁.၀၇.၂၀၂၃) နေ့တွင် ပူးပေါင်းဆောင်ရွက်ကြောင်း တွေ့ရှိရပါသည်။

၃။ ထိုကိစ္စနှင့်စပ်လျဥ်း၍ (၈.၈.၂၀၂၃) နေ့တွင် ဒုတိယဗဟိုကော်မတီ ကြားကာလအရေးပေါ်အစည်းအဝေးကို ခေါ်ယူပြီး ဗဟိုကော်မတီဝင်များ၏သဘောထားများကို ရယူဆွေးနွေးခဲ့ကာ ဦးဟင်နရီဗန်ထီးယူအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရန် အဆိုပါ အစည်းအဝေးမှနေ၍ အများသဘောတူ ဆုံးဖြတ်ခဲ့ကြပါသည်။

၄။ သို့ဖြစ်ပါ၍ ဦးဟင်နရီဗန်ထီးယူသည် ပြည်သူ့ဆန္ဒကိုသာ အဓိကထား အကောင်အထည်ဖော် ဆောင်ရွက်ရသည့် ပါတီ၏ ရည်ရွယ်ချက်များနှင့် ချမှတ်ထားသောမူဝါဒများကို လိုက်နာဆောင်ရွက်ပါမည်ဟု ကတိသစ္စာ ပြုထားသည့် အပြင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ်အရ ပါတီကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေဖြင့် မဲဆန္ဒရှင် ပြည်သူလူထု၏ ဆန္ဒကို အလေးအနက်ထား ဆောင်ရွက်ပါမည်ဟူသော ပြည်သူလူထုထံ ပေးအပ်ထားသော ကတိသစ္စာများကိုလည်း ချိုးဖောက်လိုက်ခြင်းကြောင့် ဦးဟင်နရီဗန်ထီးယူအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်သည်။
(၀၈.၀၈.၂၀၂၃) နေ့တွင်ကျင်းပသော ဒုတိယဗဟိုကော်မတီ ကြားကာလအရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရ

ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီအမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်းဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ nld.cwc@prot...
29/07/2023

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
[email protected]

ရက်စွဲ - ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်
သတင်းထုတ်ပြန်ချက်အမှတ် (၉ /၂၀၂၃)

၁။ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၉ နာရီအချိန်တွင်အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဒုတိယ ဗဟိုကော်မတီ၏ ကြားကာလဒုတိယအကြိမ် အစည်းအဝေး ကို Zoom မှတစ်ဆင့်ကျင်းပခဲ့ပါသည်။

၂။ အစည်းအဝေးသို့ သဘာပတိအဖွဲ့ဝင် (၁) ဦး၊ ဗဟိုကော်မတီဝင်(၄၄)ဦး၊ အရံဗဟိုကော်မတီဝင် (၁၀) ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလုပ်အမှုဆောင်(၂၀) ဦး၊ ဗဟိုရေးရာကော်မတီများမှ (၁၈) ဦး စုစုပေါင်း (၉၂) ဦး တက်ရောက်ခဲ့ပါသည်။

၃။ အစည်းအဝေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သဘာပတိအဖွဲ့ဝင် မန်းဂျော်နီက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ဗဟိုအလုပ်ကော်မတီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့မှ ဗဟိုကော်မတီဝင် များ၊ ဗဟိုရေးရာကော်မတီများမှ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာများ၊ အကြံပြုစာတမ်းများ တင်ပြဆွေးနွေးခဲ့ ကြပါသည်။

၄။ စစ်ခေါင်းဆောင်တစ်စုက တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖေါက်ပြီး အဓမ္မအာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ချန်လှပ်ထား၍မရနိုင်သည့် အရေးပါဆုံးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု အလေးအနက်ယုံကြည်ပါသဖြင့် မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေး ကို ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ရန် နှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရာတွင် တိုင်းရင်းသားများနှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ကာ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသားရေးရာကော်မတီ ကို အင်အားတိုးချဲ့ဖွဲ့စည်းရန် စသည့်အချက်များအပါအဝင် ဆုံးဖြတ်ချက် ၇ ချက်ကို ကန့်ကွက်သူမရှိ အတည်ပြုချမှတ်နိုင်ခဲ့ပါသည်။

၅။ ဗဟိုအလုပ်ကော်မတီ၏လုပ်ငန်းအစီရင်ခံစာကို အတည်ပြုပြီး တင်သွင်းလာသော အကြံပြုချက် များ အားလုံးကိုလည်း ဒုတိယ ဗဟို ကော်မတီ ဒုတိယအကြိမ် အစည်းအဝေးတွင် မှတ်တမ်းတင် ထားရှိခဲ့ပါသည်။

ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီအမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်းဗဟန်းမြို့နယ်၊ ရန်ကုန်မြို့nld.cwc@proto...
14/07/2023

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
[email protected]

ရက်စွဲ - ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ( ၁၄) ရက်
သတင်းထုတ်ပြန်ချက်အမှတ် (၈ /၂၀၂၃)

၁။ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ တွင်ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွတ်ဝီနိုင်းက ဥပဒေမဲ့ မတရားဖမ်းဆီးခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ဇူလိုင်လ ၉ ရက်နေ့ တွင် အာဏာလုစစ်ကောင်စီ၏ သဘောတူညီချက်ရယူကာ သွားရောက်တွေ့ဆုံခဲ့သည်ဟု ၎င်းကိုယ်တိုင် ထုတ်ဖော် ပြောကြားချက်အရ သိရပါသည်။

၂။ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဆိုသော ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီး၏ ပြောကြားချက်များသည် ကာယကံရှင်ကိုယ်တိုင်နှင့် လွတ်လပ်စွာ ပူးတွဲပြောကြား နိုင်သောအခြေအနေ မဟုတ်သည့်အတွက် စကားရပ်တိုင်းသည် စစ်မှန်သည်ဟုယူဆရန် ကျွန်ုပ်တို့ သံသယရှိသည်။

၃။ မတရားဖမ်းဆီးခံရစဥ်ကာလတွင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများဖြစ်သော
(က) ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ လွတ်လပ်စွာ စုံညီအစည်းအဝေး မကျင်းနိုင်ဘဲ သူမ အနေဖြင့် မည်သည့်သဘောထားများ၊ ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်မဟုတ်၊
(ခ) ပြည်သူလူထုကိုသာအခြေခံပြီး ပြည်သူလူထု၏ ဆန္ဒသ‌‌ဘောထားကို မည်သည့်အခါမှ ဆန့်ကျင်မည်မဟုတ်ပါ ဟူသော အချက်များနှင့် ကွဲလွဲနေပါသည်။

၄။ သို့ဖြစ်ပါ၍ မြန်မာ့နိုင်ငံရေးပြဿနာများ ပြေလည်ရေးလမ်းစအဖြစ် အရေးပါလှသော ဒေါ်အောင်ဆန်းစုကြည်၏ ဆန္ဒသဘောထားကို ပြည်သူလူထုထံသို့ လွတ်လပ်စွာတင်ပြနိုင်ရန် အာဆီယံ ခေါင်းဆောင်များအနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်အညီ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်၍ လွတ်လပ်စွာ သဘောထားအမြင်ဖော်ထုတ်နိုင်မှုကို အားစိုက်လုပ်ဆောင် သင့်ပါကြောင်း တိုက်တွန်းအပ်ပါသည်။

ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

14/06/2023

Address

၅၀/ခ ၊ ချင်းတွင်းလမ်း၊ ကန်ရှေ့ရပ်၊ တောင်ကြီးမြို့
Taunggyi

Alerts

Be the first to know and let us send you an email when National League for Democracy - Shan State posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to National League for Democracy - Shan State:

Share