17/07/2026
တောင်ကြီးမြို့တွင် တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
********
ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ Kunming Vocational University Of Science and Technology နှင့် ဖူးကျင့်နိုင်ငံတကာဘာသာစကားသင်တန်းကျောင်းတို့ ပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြင့် ဖွင့်လှစ်သည့် တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်း ဆင်းပွဲအခမ်းအနားကို (၁၇-၇-၂၀၂၆) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် တောင်ကြီးမြို့၊ မဟာယာနဘုရားရှိခိုးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဌာရေးဝန်ကြီး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရှမ်းတောင်ဇုန်)မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြစားဖိုမှူးများ၊ သင်တန်းသား/သင်တန်းသူများ၊ စုစုပေါင်း (၁၂၀)ဦးခန့်တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အခမ်းအနား၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေး ဝန်ကြီး၊ ဒေါက်တာလဆိုင်းက သင်တန်းဆင်းအမှာစကားပြောကြားခြင်း၊ Kunming Vocational University of Science and Technology မှ နည်းပြစားဖိုမှူးများသို့ အမှတ်တရ လက်ဆောင် ပေးအပ်ခြင်း၊ မဟာယာနဘုရားရှိခိုးကျောင်း ဥက္ကဋ္ဌသို့ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ ရှမ်းပြည်နယ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာသန်းဇော်က သင်တန်းသားများ ကိုယ်စား သင်တန်းသား (၁)ဦးသို့ သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်း၊ Kunming Vocational University of Science and Technology နည်းပြစားဖိုမှူး (၁)ဦးမှ ကျေးဇူးတင် စကားပြောကြားခြင်း၊ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းနှင့် သင်တန်းသား/ သင်တန်းသူများမှ လက်တွေ့ချက်ပြုတ်ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် (၁၀:၀၀) နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
#တောင်ကြီးမြို့
#တရုတ်အစားအစာသင်တန်း