တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီ

  • Home
  • Myanmar
  • Taunggyi
  • တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီ

တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီ

အသိပေးကြေညာအပ်ပါသည်
25/11/2021

အသိပေးကြေညာအပ်ပါသည်

တောင်ကြီးမြို့နယ်စည်ပင်သာယာရေားဌာနမှဆောင်ရွက်လျက်ရှိသော အရှေ့မြို့ပတ်လမ်း(ကျားခေါင်းလမ်းဆုံမှစူဠာမုနိဘုရားအနီး နီလာရိုးမ...
28/09/2021

တောင်ကြီးမြို့နယ်စည်ပင်သာယာရေားဌာနမှဆောင်ရွက်လျက်ရှိသော အရှေ့မြို့ပတ်လမ်း(ကျားခေါင်းလမ်းဆုံမှစူဠာမုနိဘုရားအနီး နီလာရိုးမဓာတ်ဆီဆိုင်အထိ)လမ်းနယ်ချဲ့ခြင်း၊ ACခင်းခြင်းနှင့်ရေမြောင်းပလက်ဖောင်းဆောင်ရွက်ခြင်းလုပ်ငန်း၊
ရေထွက်ဦးလမ်း(အဆုတ်ဆေးရုံမီးပွိုင့်မှနေလလမ်းထိပ်အထိ)လမ်းနယ်ချဲ့ခြင်း၊ရေမြောင်းပလက်ဖောင်းဆောင်ရွက်ခြင်းနှင့်နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်း၊
မြို့မရပ်ကွက်(စဝ်စံထွန်းလမ်းဆုံမှဘုရားကြီးအတက်လမ်းဆုံအထိ)ရေမြောင်းဆောင်ရွက်ခြင်းနှင့်ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း တို့၏လုပ်ငန်းဆောက်ရွက်နေမှုအား ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှ ဒုတိယအင်ဂျင်နီယာမှူးကြီးနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
Unicode Version

Zawgyi Version

အေးသာယာမြို့၊ အမှတ်( ၇ )ရပ်ကွက်၊ ဓမ္မာရုံအနောက်လမ်း( ကမ္ဘောဇလမ်း )တွင် ( ၃ - ၈ - ၂၀၂၁ )ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းမှု...
23/09/2021

အေးသာယာမြို့၊ အမှတ်( ၇ )ရပ်ကွက်၊ ဓမ္မာရုံအနောက်လမ်း( ကမ္ဘောဇလမ်း )တွင် ( ၃ - ၈ - ၂၀၂၁ )ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်ရိုးစီမြေကာနံရံပျက်စီးခဲ့သည့်အတွက် သံကူကွန်ကရစ် မြေထိန်းနံရံပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ထောက်ပံ့ငွေဖြင့်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းခွင်နေရာသို့ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ ဒုတိယအင်ဂျင်နီယာမှူးကြီးနှင့်အဖွဲ့မှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
Unicode Version

Zawgyi Version

တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ လုပ်ငန်းခွင်ဝင်ဝန်ထမ်းများ ဝတ်ဆင်အသုံးပြုနိုင်ရန်အတွက် 7 Star ၊  No Name ၊ Jasper & ...
21/09/2021

တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ လုပ်ငန်းခွင်ဝင်ဝန်ထမ်းများ ဝတ်ဆင်အသုံးပြုနိုင်ရန်အတွက် 7 Star ၊ No Name ၊ Jasper & J Plus မိသားစုမှ PPE Level - 3 ဝတ်စုံ( ၁၀၀ )နှင့် ခြေစွပ်အစုံ( ၁၀၀ ) လာရောက်လှူဒါန်းသွားပါကြောင်းနှင့် လှူဒါန်းပေးခဲ့သော အလှူရှင်နှင့်မိသားစုဝင်များအားလုံးကို တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာန မိသားစုဝင်များမှ အထူးပင်ကျေးဇူးတင်ရှိပါသည်။
Unicode Version

တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ လုပ်ငန်းခွင်ဝင်ဝန်ထမ်းများ ဝတ်ဆင်အသုံးပြုနိုင်ရန်အတွက် 7 Star ၊ No Name ၊ Jasper & J Plus မိသားစုမှ PPE Level - 3 ဝတ်စုံ( ၁၀၀ )နှင့် ခြေစွပ်အစုံ( ၁၀၀ ) လာရောက်လှူဒါန်းသွားပါကြောင်းနှင့် လှူဒါန်းပေးခဲ့သော အလှူရှင်နှင့်မိသားစုဝင်များအားလုံးကို တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာန မိသားစုဝင်များမှ အထူးပင်ကျေးဇူးတင်ရှိပါသည်။
Zawgyi Version

ရွှေညောင်မြို့ တိုက်နယ်ဆေးရုံဝန်း အတွင်း ရေဝပ်ခြင်း၊ ရေလျှံ ခြင်း  လျော့နည်းစေရေး ဆေးရုံဝန်းရှေ့ရှိ  ပြည်ထောင်စုလမ်းမဘေး...
21/08/2021

ရွှေညောင်မြို့ တိုက်နယ်ဆေးရုံဝန်း အတွင်း ရေဝပ်ခြင်း၊ ရေလျှံ ခြင်း လျော့နည်းစေရေး ဆေးရုံဝန်းရှေ့ရှိ ပြည်ထောင်စုလမ်းမဘေး ရေမြောင်းအတွင်း ခြုံ၊ နွယ်၊ မြက်များရှင်းလင်းခြင်း၊ နှုန်းဆယ်ယူခြင်း
ရေမြောင်းဖော်ခြင်း လုပ်ငန်းများအား
(၂၁ - ၈ - ၂၀၂၁ )ရက်နေ့တွင် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနနှင့် မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သည့်အဖွဲ့တို့မှပူးပေါင်း၍ စက်ယန္တရားအင်အား၊ လူအင်အားတို့ဖြင့် ဆောင်ရွက်ခဲ့ပါသည်။
Unicode Version

Zawgyi Version

တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ( ၁ )ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ ( ၃၁ )ရက်နေ့အထိ ( ၆ )လတာကာလအတွ...
17/08/2021

တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ( ၁ )ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ ( ၃၁ )ရက်နေ့အထိ ( ၆ )လတာကာလအတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်( ၂၅ )ခု စိစစ်ရောင်းချမည့်အစီအစဉ်၊ အခွင့်အရေးလိုင်စင်များအလိုက် သတ်မှတ်ထားသည့်ကြမ်းခင်းဈေး၊ တင်သွင်းရမည့် စားပွဲတင် စဘော်ငွေ၊ ဆက်သွယ်ရမည့်တယ်လီဖုန်းနံပါတ်များ၊ လျှောက်လွှာစတင်ဝယ်ယူနိုင်မည့်နေ့ရက်၊ လျှောက်လွှာပိတ်ရက်နှင့် လိုအပ်သည့်စာရွက်စာတမ်း၊ အထောက်အထားများအား သိရှိနိုင်ရန် ကြော်ငြာစာနှင့်အတူ ဖော်ပြအပ်ပါသည်။
Unicode Version

Zawgyi Version

တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနပိုင် မြို့မဈေးအပိုင်း( ၃ )၊ ပထမထပ်ရှိ( ၁၀ ေပ x ၉ ေပ )ဆိုင်ခန်း( ၁ )ခန်းနှင့် အေးသာယာမြ...
17/08/2021

တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနပိုင် မြို့မဈေးအပိုင်း( ၃ )၊ ပထမထပ်ရှိ( ၁၀ ေပ x ၉ ေပ )ဆိုင်ခန်း( ၁ )ခန်းနှင့် အေးသာယာမြို့၊ ထုံးဖိုဈေးအတွင်ရှိ ( ၁၀ ပေပတ်လည် ထပ်ခိုးပါ )ဆိုင်ခန်းအမှတ်( ၂၊ ၃၊ ၁၂၊ ၁၃၊ ၁၇ ) တို့အား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချသွားမည်ဖြစ်ပါကြောင်း၊ လေလံတင်ရောင်းချမည့် အစီအစဉ်၊ ကြမ်းခင်းဈေး၊ တင်သွင်းရမည့်စပေါ်ငွေ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ၊ လျှောက်လွှာစတင်ဝယ်ယူနိုင်မည့်နေ့ရက်၊ လျှောက်လွှာပိတ်ရက်နှင့် လိုအပ်သည့်စာရွက်စာတမ်း၊ အထောက်အထားများအား သိရှိနိုင်ရန် လေလံကြော်ငြာစာများနှင့်အတူ ဖော်ပြအပ်ပါသည်။
Unicode Version

တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနပိုင် မြို့မဈေးအပိုင်း( ၃ )၊ ပထမထပ်ရှိ( ၁၀ ပေ x ၉ ပေ )ဆိုင်ခန်း( ၁ )ခန်းနှင့် အေးသာယာမြို့၊ ထုံးဖိုဈေးအတွင်ရှိ ( ၁၀ ပေပတ်လည် ထပ်ခိုးပါ )ဆိုင်ခန်းအမှတ်( ၂၊ ၃၊ ၁၂၊ ၁၃၊ ၁၇ ) တို့အား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချသွားမည်ဖြစ်ပါကြောင်း၊ လေလံတင်ရောင်းချမည့် အစီအစဉ်၊ ကြမ်းခင်းဈေး၊ တင်သွင်းရမည့်စပေါ်ငွေ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ၊ လျှောက်လွှာစတင်ဝယ်ယူနိုင်မည့်နေ့ရက်၊ လျှောက်လွှာပိတ်ရက်နှင့် လိုအပ်သည့်စာရွက်စာတမ်း၊ အထောက်အထားများအား သိရှိနိုင်ရန် လေလံကြော်ငြာစာများနှင့်အတူ ဖော်ပြအပ်ပါသည်။
Zawgyi Version

ဌာနမှတာဝန်ရှိဝန်ထမ်းများသည် အရပ်ဖက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ အဝေရာမီးပုံးပျံကွင်းယာယီပျံကျဈေ...
14/08/2021

ဌာနမှတာဝန်ရှိဝန်ထမ်းများသည် အရပ်ဖက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ အဝေရာမီးပုံးပျံကွင်းယာယီပျံကျဈေးနှင့် မောချယ်ရီယာယီပျံကျဈေးတို့တွင် ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းအား ဆောင်ရွက်ပေးခဲ့ပါသည်။
Unicode Version

Zawgyi Version

( ၅ - ၈ - ၂၀၂၁ ) ရက်နေ့၊ နံနက်ပိုင်း‌တွင် မြို့မဈေးကြီး၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းအား တာဝန်ရှိဝန်ထမ်းမျ...
05/08/2021

( ၅ - ၈ - ၂၀၂၁ ) ရက်နေ့၊ နံနက်ပိုင်း‌တွင် မြို့မဈေးကြီး၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းအား တာဝန်ရှိဝန်ထမ်းများမှ ကြီးကြပ်ပေးခဲ့ပြီး ဆေးထိုးခြင်းတွင် လိုအပ်လျက်ရှိသော ဆက်စပ်အသုံးအဆောင်များဖြစ်သည့် Face Shield, Hand Gel, အပူချိန်တိုင်းကိရိယာ၊ Oximeter, PPE နှင့် အခြားဆေးဘက်ဆိုင်ရာပစ္စည်းများအား ဂုဏ်ထူးဆေးဆိုင်မှ လှူဒါန်းပေးခဲ့သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။
Unicode Version

Zawgyi Version

တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနပိုင် မြို့မဈေး၊ ကုန်ခြောက်သားငါးဈေးနှင့် စဝ်စံထွန်းဈေးရှိ ဆိုင်ခန်းရှင်များအား ( ၅ - ၈...
05/08/2021

တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနပိုင် မြို့မဈေး၊ ကုန်ခြောက်သားငါးဈေးနှင့် စဝ်စံထွန်းဈေးရှိ ဆိုင်ခန်းရှင်များအား ( ၅ - ၈ - ၂၀၂၁ ) ရက်နေ့၊ နံနက်ပိုင်း‌တွင် မြို့မဈေးကြီး၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပါသည်။
Unicode Version

Zawgyi Version

ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနနှင့် တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာန ဝန်ထမ်းအင်အားစုစုပေါင်း( ၄၀၀ )ဦးအတွက် အခြေခံစားသောက်...
02/08/2021

ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနနှင့် တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာန ဝန်ထမ်းအင်အားစုစုပေါင်း( ၄၀၀ )ဦးအတွက် အခြေခံစားသောက်ကုန်များအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Unicode Version

Zawgyi Version

29/07/2021

တောင်ကြီးမြို့တွင် COVID – ၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းအား မကြာမီရက်ပိုင်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက်တော့မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနတွင် လုပ်ငန်းလိုင်စင်လျှောက်ထားရယူထားသော လုပ်ငန်းရှင်များ၊ ဌာနကွပ်ကဲမှုအောက်ရှိ ဈေးများမှ ဆိုင်ခန်းရှင်များအနေဖြင့် COVID – ၁၉ ရောဂါကာကွယ်ဆေးအား( ၂ )ကြိမ် ထိုးနှံပြီးသူများမှအပ ဆေးထိုးရန်ကျန်ရှိသည့်လုပ်ငန်းရှင်များသည် ဌာနသို့ဆက်သွယ် သတင်းပို့စာရင်းပေးသွင်းရန်နှင့် ထိုသို့ တင်ပြရာတွင် တစ်လအတွင်း COVID – ၁၉ ရောဂါကူးစက်ခံရသူများ၊ Positive ဖြစ်သူများ၊ ရောဂါ လက္ခဏာရှိသူများ ကာကွယ်ဆေးထိုးခွင့်ရရှိမည်မဟုတ်ပါ။ စည်ပင်သာယာရေးဌာနနှင့်သက်ဆိုင်သော လုပ်ငန်းရှင်၊ ဆိုင်ခန်းရှင်များသည် COVID – ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် မိမိတို့၏ ဆိုင်ရှင် / အလုပ်သမားစာရင်းကို တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနသို့လည်းကောင်း၊ မိမိတို့နှင့် သက်ဆိုင်သည့် ဈေးတာဝန်ခံရုံးများသို့လည်းကောင်း အမြန်ဆုံးဆက်သွယ်သတင်းပို့ စာရင်းပေးသွင်း ကြရန် တိုက်တွန်းအပ်ပါသည်။
Unicode Version

Zawgyi Version

Address

Q2FQ+FQ Taunggyi
Taunggyi

Opening Hours

Monday 09:30 - 16:30
Tuesday 09:30 - 16:30
Wednesday 09:30 - 16:30
Thursday 09:30 - 16:30
Friday 09:30 - 16:30

Telephone

+95812122741

Alerts

Be the first to know and let us send you an email when တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီ:

Share