Shan Nationalities League for Democracy Taunggyi Branch

Shan Nationalities League for Democracy Taunggyi Branch Political Party

09/06/2023
ပႃႇတီႇႁူဝ်သိူဝ် တေဢမ်ႇၶိုၼ်ႈပၢင်ၵုမ်  ဢၼ်ၶွမ်ႇမသျိၼ်ႇပၢင်လိူၵ်ႈတင်ႈ ၶွင်ႇသီႇသိုၵ်းမၢၼ်ႈ ၽိတ်ႈမွၵ်ႇဝႆႉပၢင်ၵုမ်ႁူပ်ႉထူပ်းဢ...
25/02/2021

ပႃႇတီႇႁူဝ်သိူဝ် တေဢမ်ႇၶိုၼ်ႈပၢင်ၵုမ် ဢၼ်ၶွမ်ႇမသျိၼ်ႇပၢင်လိူၵ်ႈတင်ႈ ၶွင်ႇသီႇသိုၵ်းမၢၼ်ႈ ၽိတ်ႈမွၵ်ႇဝႆႉ

ပၢင်ၵုမ်ႁူပ်ႉထူပ်းဢုပ်ႇဢူဝ်းၸွမ်း ပႃႇတီႇၵၢၼ်မိူင်း ဢၼ်ၶွမ်ႇမသျိၼ်ႇပၢင်လိူၵ်ႈတင်ႈ မိူင်းႁူမ်ႈတုမ် (UEC) ၶွင်ႇသီႇသိုၵ်းမၢၼ်ႈၶွတ်ႇၽွတ်ႈမႂ်ႇ ၽိတ်ႈမွၵ်ႇဝႆႉၼၼ်ႉ ယူႇတီႈ ငဝ်ႈငုၼ်းတီႇမူဝ်ႇၶရေႇၸီႇၸိူဝ်ႉၶိူဝ်းတႆး (ႁိုဝ်) ပႃႇတီႇႁူဝ်သိူဝ် (SNLD) တေဢမ်ႇၶိုၼ်ႈႁွတ်ႈၸွမ်း ဝႃႈၼႆ။

ၶွမ်ႇမသျိၼ်ႇပၢင်လိူၵ်ႈတင်ႈ မိူင်းႁူမ်ႈတုမ် (UEC) ဢၼ်ၶွင်ႇသီႇသိုၵ်းမၢၼ်ႈ ၶိုၼ်းၶွတ်ႇၽွတ်ႈမႂ်ႇၼၼ်ႉ ၽိတ်ႈမွၵ်ႇပႃႇတီႇၵၢၼ်မိူင်း ၼႂ်းမိူင်းႁူမ်ႈတုမ်ဝႆႉဝႃႈ ပေႃးထိုင်မႃး ဝၼ်းထီႉ 26 February 2021 တေၸတ်းႁဵတ်း ပၢင်ၵုမ်ႁူပ်ႉထူပ်းဢုပ်ႇဢူဝ်းၸွမ်း ပႃႇတီႇၵၢၼ်မိူင်း တီႈၼေႇပျီႇတေႃႇ ဝႃႈၼႆ၊ သဵၼ်ႈမၢႆၸိုဝ်ႈသဵင် ၽူႈတၢင်တူဝ်ပႃႇတီႇၵၢၼ်မိူင်း ဢၼ်တေၶိုၼ်ႈႁွတ်ႈပၢင်ၵုမ်ၼၼ်ႉၵေႃႈ ႁႂ်ႈပွင်ႇလႅင်းပၼ် ဝၼ်းထီႉ 24 February 2021 ပဵၼ်ဝၼ်းလိုၼ်းသုတ်း ၼႆယဝ်ႉ။

ၸၢႆးလဵၵ်း ၽူႈၼမ်းၼႂ်းၵူႈလွင်ႈလွင်ႈ ပႃႇတီႇႁူဝ်သိူဝ် (SNLD) လၢတ်ႈတီႈ သိုဝ်ႇၶၢဝ်ႇဝႃႈ မိူဝ်ႈဝၼ်းထီႉ 24 February 2021 ယၢမ်းၵၢင်ၼႂ် ႁဝ်းၶႃႈ ၸတ်းႁဵတ်းပၢင်ၵုမ် ၸုမ်းပွင်ၵၢၼ်ငဝ်းငုၼ်း (CEC) ပႃႇတီႇႁူဝ်သိူဝ်သေ တႅပ်းတတ်းမၵ်းမၼ်ႈၵႂႃႇဝႃႈ တေဢမ်ႇၶိုၼ်ႈႁွတ်ႈပၢင်ၵုမ် ဢၼ်ၶွမ်ႇမသျိၼ်ႇ ပၢင်လိူၵ်ႈတင်ႈ (UEC) ၶွင်ႇသီႇသိုၵ်းမၢၼ်ႈ ၽိတ်ႈမွၵ်ႇဝႆႉၼၼ်ႉ၊ ယွၼ်ႉလွင်ႈႁဵတ်းသၢင်ႈ ၶွင်ႇသီႇသိုၵ်းမၢၼ်ႈၼႆႉ မၼ်းၶတ်းၵၼ်တင်း ၶေႃႈယိူင်းဢၢၼ်းၵၢၼ်မိူင်း ဢိၵ်ႇ ၶေႃႈၸုၵ်းမၼ်ႈၵၢၼ်မိူင်း ပႃႇတီႇႁူဝ်သိူဝ်ႁဝ်းၶႃႈလႄႈ ၸင်ႇလႆႈတႅပ်းတတ်း တေဢမ်ႇၶိုၼ်ႈႁွတ်ႈပၢင်ၵုမ်ၼႆႉ ဝႃႈၼႆ။

မိူဝ်ႈပၢင်လိူၵ်ႈတင်ႈၵူႈလွင်ႈလွင်ႈ ပီႊ 2020 ၼႆႉ ပႃႇတီႇႁူဝ်သိူဝ် ဢွင်ႇပေႉလႆႈတီႈၼင်ႈသၽႃး ၼႂ်းမိူင်းတႆး 41 တီႈၼင်ႈ လႄႈ ၼႂ်းမိူင်းၶၢင် 1 တီႈၼင်ႈ ႁူမ်ႈတင်းမူတ်း 42 တီႈၼင်ႈသေ ၼႂ်းၼၼ်ႉ ပဵၼ်သၽႃးၸိူဝ်ႉၸၢတ်ႈ 2 တီႈၼင်ႈ၊ သၽႃးၵူၼ်းမိူင်း 13 တီႈၼင်ႈ၊ သၽႃးၸႄႈမိူင်း 27 တီႈၼင်ႈ ဝႃႈၼႆ။

ၸၢႆးၽူဝ်းဢွင်ႇ ၽူႈၼမ်းၼႂ်းၵူႈလွင်ႈလွင်ႈ တီႇမူဝ်ႇၶရႅတ်ႉတိတ်ႉပႃႇတီႇၸၢဝ်းၶိူဝ်းတႆး (ႁိုဝ်) ပႃႇတီႇသိူဝ်ၽိူၵ်ႇ (SNDP) တႄႉၵေႃႈ လၢတ်ႈဝႃႈ ယူႇတီႈပႃႇတီႇသိူဝ်ၽိူၵ်ႇႁဝ်းၶႃႈ တေၶဝ်ႈႁူမ်ႈပၢင်ၵုမ် ဢၼ်ၶွမ်ႇမသျိၼ်ႇပၢင်လိူၵ်ႈတင်ႈ မိူင်းႁူမ်ႈတုမ် (UEC) ၽိတ်ႈမွၵ်ႇဝႆႉၼၼ်ႉယူႇ ဝႃႈၼႆ။

ပၢင်ၵုမ်ႁူပ်ႉထူပ်းဢုပ်ႇဢူဝ်းၸွမ်း ပႃႇတီႇၵၢၼ်မိူင်း ဢၼ်ၶွမ်ႇမသျိၼ်ႇပၢင်လိူၵ်ႈတင်ႈ မိူင်းႁူမ်ႈတုမ် ၽိတ်ႈမွၵ်ႇၼႆႉ ၼွၵ်ႈလိူဝ်သေ ပႃႇတီႇႁူဝ်သိူဝ် (SNLD) တေဢမ

စစ်ကောင်စီ၏ရွေးကော်နှင့်တွေ့ရန် SNLD ငြင်းဆိုမူရင်းလင့်  https://www.myanmar-now.org/mm/news/5861 မှ ဖော်ပြထားသည့် သတင်း...
25/02/2021

စစ်ကောင်စီ၏ရွေးကော်နှင့်တွေ့ရန် SNLD ငြင်းဆို

မူရင်းလင့် https://www.myanmar-now.org/mm/news/5861 မှ ဖော်ပြထားသည့် သတင်းကို ပြန်လည်တင်ဆက်ထားခြင်းဖြစ်ပါသည်။

Myanmar Now
Published on Feb 24, 2021

စစ်ကောင်စီက အသစ်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲသို့ ဩဇာကြီးသော ပါတီတစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီက တက်ရောက်မည်မဟုတ်ကြောင်း သိရသည်။

ရွေးကောက်ပွဲကော်မရှင်၏ ဖိတ်ခေါ်မှုကို တက်ရောက်ခြင်းမပြုရန် ယနေ့ (ဖေဖော်ဝါရီ၂၄)တွင် ပြုလုပ်သည့် SNLDပါတီ ဗဟိုကော်မတီအစည်းအဝေးသို့ တက်ရောက်လာသည့် ဗဟိုကော်မတီဝင်အားလုံး၏ ဆုံးဖြတ်ချက်အရ တွေ့ဆုံပွဲ မတက်ရောက်နိုင်ကြောင်း ဖုန်းဆက်ပြီး ငြင်းပယ်လိုက်သည်ဟု ပါတီအထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ပြောသည်။

“ အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ဆောင်ပြုမူချက်တွေဟာ ကျွန်တော်တို့ SNLDရဲ့ နိုင်ငံရပ်တည်ချက်၊ နိုင်ငံရေးမျှော်မှန်းချက်နဲ့ ကွဲလွဲဆန့်ကျင်နေတယ်။ အဲဒါကြောင့်လည်း သူတို့ဖွဲ့စည်းထားတဲ့ UECရဲ့ ဖိတ်ခေါ်ချက်ကို လက်မခံတာပါ။ သူတို့လုပ်တဲ့ကိစ္စတွေကို သပိတ်မှောက်တယ်။ လက်မခံဘူး” ဟု စိုင်းလိတ်က ပြောသည်။

စစ်ကောင်စီသည် ၎င်းတို့ ကောင်စီအဖွဲ့ဝင်နှင့် အခြားအဆင့်ကောင်စီများတွင် ပါဝင်လာစေရန် SNLDထံ ကမ်းလှမ်းမှုများကိုလည်း SNLD ပါတီက ငြင်းပယ်လျက်ရှိသည်။

စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို နေပြည်တော်၌ လာမည့် ဖေဖော်ဝါရီ ၂၆ တွင် ပြုလုပ်မည်ဖြစ်သည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆမ်မြို့အခြေစိုက် တအာင်း (ပလောင်) အမျိုးသားပါတီကလည်း စစ်ကောင်စီလက်ဝေခံ ရွေးကောက်ပွဲကော်မရှင်၏ ဖိတ်ခေါ်မှုကို တက်ရောက်မည်မဟုတ်ကြောင်း Myanmar Now သို့ ပြောသည်။

“ကျွန်တော်တို့က ဒီမိုကရေစီအပေါ်အခြေခံထားတဲ့ ပါတီဖြစ်တဲ့အတွက် တစ်ဦး၊ တစ်ဖွဲ့ လူနည်းစုလေးနဲ့ လုပ်လို့မရဘူးလေဗျ။ ဗဟိုကော်မတီဝင်အားလုံး တွေ့ဆုံဆွေးနွေးပြီးမှ တစ်စုံတစ်ရာ ဆုံးဖြတ်လို့ရတာပါ”ဟု တအာင်း(ပလောင်) အမျိုးသားပါတီ အတွင်းရေးမှူး တာကျော်အောင်က Myanmar Nowသို့ ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးနှင့် လုပ်ဖော်ကိုင်ဘက်များ တည်ထောင်ထားသည့် ပြည်သူ့ပါတီ၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် စသည့် ပါတီတို့ကလည်း တက်ရောက်မည်မဟုတ်ကြောင်း အသိပေး

SNLD အပါအဝင် UNA အဖွဲ့ဝင်ပါတီ အများစု ရွေးကော်အသစ်နှင့်တွေ့ဆုံပွဲသို့ မတက်တပ်မတော်နေ့အခမ်းအနားသို့လည်း မတက်ဟုအကြောင်းပြန...
25/02/2021

SNLD အပါအဝင် UNA အဖွဲ့ဝင်ပါတီ အများစု ရွေးကော်အသစ်နှင့်တွေ့ဆုံပွဲသို့ မတက်

တပ်မတော်နေ့အခမ်းအနားသို့လည်း မတက်ဟုအကြောင်းပြန်ကြားခဲ့ကြောင်း ALD ပြော

Thursday, February 25, 2021

မူရင်းလင့် https://7day.news/detail?id=304278 မှ ဖော်ပြထားသည့် သတင်းကို ပြန်လည်တင်ဆက်ထားခြင်းဖြစ်ပါသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)အပါ အဝင် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာ မိတ်(UNA) အဖွဲ့ဝင်အများစု သည် အာဏာသိမ်းစစ်ကောင်စီ ကဖွဲ့စည်းထားသည့် ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံပွဲသို့ တက်ရောက်ရန် မရှိကြောင်း ပါတီခေါင်းဆောင် အချို့ကပြောသည်။

UNAကို တိုင်းရင်းသားနိုင်ငံ ရေးပါတီ ၁၃ခုဖြင့် ဖွဲ့စည်းထား ခြင်းဖြစ်ပြီး ယင်းအနက် SNLD နှင့် ALDတို့က ဖေဖော်ဝါရီ၂၆ရက် တွင် ပြုလုပ်ရန်စီစဉ်နေသည့် UEC နှင့်ပါတီများ တွေ့ဆုံပွဲသို့ မတက်ရန် ဆုံးဖြတ်ထားကြောင်း ထုတ်ပြန်ပြောဆိုခဲ့သည်။

‘‘အဓိက အကြောင်းရင်း ကတော့ SNLD ရဲ့ နိုင်ငံရေးမျှော် မှန်းချက် နိုင်ငံရေးရပ်တည်ချက်နဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ် ရပ်တွေက ဖြောင့်ဖြောင့်ကြီးဆန့် ကျင်နေတယ်ဗျာ။ အဲဒါကြောင့်မို့ လို့ ကျွန်တော်တို့ကသူတို့ဖွဲ့စည်း ထားတဲ့ UECက ခေါ်တဲ့အစည်းအ ဝေးကိုမတက်တော့ပါဘူးလို့ ဆုံး ဖြတ်လိုက်တာပါ’’ဟု SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က ၎င်းတို့ပါတီ၏ ဆုံးဖြတ်ချက်ကို ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမျိုးကျော်ကလည်း ပါတီခေါင်း ဆောင်များ၏ သဘောထားရယူ ရာတွင် မတက်ရန်ဆုံးဖြတ်ခဲ့ ကြောင်း ပြောသည်။

‘‘ပါတီရဲ့ မူဝါဒမှာလည်းပါ တယ်။ အာဏာဟာ ပြည်သူကပဲ ဆင်းသက်ရမယ်ဆိုတဲ့ဟာမျိုး ရှိ တယ်။ ဒီတော့အခုဟာက အာ ဏာသိမ်းတယ်ပြောပြော၊ အာ ဏာထိန်းတယ်ပြောပြော ပြည် သူရဲ့ ဆန္ဒမပါဘူးဆိုတဲ့ဟာမျိုး သုံးသပ်တယ်။ အဲဒါကြောင့် ဦးတို့က ပြည်သူဘက်မှာပဲရပ် မယ်ဆိုတဲ့ အနေအထားနဲ့မတက် တာဖြစ်တယ်’’ဟု ဦးမျိုးကျော်က ပြောသည်။

UNA အဖွဲ့ဝင် ပါတီများ တက်၊ မတက်မှာ ပါတီတစ်ခုချင်း စီကဆုံးဖြတ်ရခြင်းဖြစ်ကြောင်း၊ သို့ရာတွင် UNA အဖွဲ့ဝင်ပါတီ အများစုက တက်ရောက်မည်မ ဟုတ်ကြောင်း ၎င်းကဆိုသည်။

‘‘တချို့လည်း သူတို့ရဲ့ ဒေသအခြေအနေ သူတို့ရဲ့လူမျိုး ဆိုင်ရာအခြေအနေ ဒါမျိုးတွေ တော့ကွဲကောင်းကွဲနိုင်တယ်။ ဒါ ပေမဲ့ အများစုကတော့တက်မှာ မ ဟုတ်ပါဘူး’’ဟု ဦးမျိုးကျော်က ပြောသည်။

UNA ၏ မူဝါဒသည်အာဏာ ရှင်နှင့် ပူးပေါင်းမည်မဟုတ် ကြောင်း UNA အတွင်းရေးမှူးအ ဖ

နိုင်ငံရေး ရည်မှန်းချက်မတူညီမှုကြောင့် စစ်ကောင်စီ ၏ ရွေး/ကော် အစည်းအဝေး SNLD မတက်By SHAN February 24, 2021နိုင်ငံရေးရည်မ...
24/02/2021

နိုင်ငံရေး ရည်မှန်းချက်မတူညီမှုကြောင့် စစ်ကောင်စီ ၏ ရွေး/ကော် အစည်းအဝေး SNLD မတက်

By SHAN
February 24, 2021

နိုင်ငံရေးရည်မှန်းချက် မတူညီမှုကြောင့် စစ်ကောင်စီ ခန့်အပ်လိုက်သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အစည်းအဝေးကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကျားခေါင်း ပါတီ က တက်ရောက်မည် မဟုတ်ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီက ခန့်အပ်လိုက်သည့် ပြည်ထောင်စု ရွေး/ကော် နှင့် နိုင်ငံရေးပါတီများ ဖေဖော်ဝါရီ ၂၆ ရက်တွင် တွေ့ဆုံဆွေးနွေးရန် နိုင်ငံရေးပါတီအားလုံးကို ဖိတ်ကြားခဲ့ကြောင်း သိရသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး SNLD ပါတီမှ အထွေထွေ အတွင်းရေးမှူး စိုင်းလိတ် က “ ကျနော်တို့သွားမတက်ပါဘူး။ နိုင်ငံရေးရည်မှန်းချက် နဲ့ မျှော်လင့်ချက်က စစ်ကောင်စီတို့နဲ့ မတူညီဘူး။ ပြီးတော့ နိုင်ငံရေးလုပ်ဆောင်ချက်က အင်မတန် ကွာဟမှုရှိတယ်” ဟု သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုအစည်းဝေးကို မတက်ကြောင်းကိုလည်း SNLD ပါတီ အနေဖြင့် အစည်းဝေးထိုင်ပြီး ဆုံဖြတ်ချက်ချပြီးကြောင်းလည်း စိုင်းလိတ်က ဆိုသည်။

“ဘာမှထင်မြင်ချက်တော့ ပေးစရာမလိုဘူး။ ၂၆ ရက်တက်ဖို့ ဖိတ်ထားတဲ့ အစည်းဝေးကိုတော့ ကျနော်တို့ ပါတီကနေ သွားမတက်ပါဘူး။ အကြောင်းတော့မပြန်ဘူး” ဟု စိုင်းလိတ်က ဆိုသည်။

အလားတူ တအောင်းအမျိုးသား ပါတီ (TNP) ကလည်း ထိုအစည်းဝေးကို တက်ရောက်မည်မဟုတ်ကြောင်း သိရသည်။

“ ကျနော်တို့ကတော့ မတက်ဘူးဗျ။ အကြောင်းပြန်လိုက်ပါပြီ။ ကျနော်တို့ အဆင့်သင့်မဖြစ်သေးဘူး။ သွားရေးလာရေးလည်း အခက်ခဲရှိလို့” ဟု TNP မှ အထွေထွေ အတွင်းရေးမှူး မိုင်းအုဏ်းခိုင် က သျှမ်းသံတော်ဆင့်ကိုပြောသည်။

SNLD ပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် သျှမ်းပြည်တွင် (၄၂)နေရာအနိုင်ရရှိပြီး၊ TNPပါတီသည် (၁၂)နေရာ အနိုင်ရရှိထားသည့် ပါတီဖြစ်သည်။

တပ်မတော်သည် ဖေဖော်ဝါရီ ၁ ရက်နေ့မှစပြီး ရွေးကောက်ပွဲ မဲရလဒ်မသမာမှု ဆိုသည့်ခေါင်းစဉ်ဖြင့် နိုင်ငံတော်၏ အာဏာကို တစ်နှစ်သိမ်းယူပြီး တနှစ်ပြည့်ပါက ရွေးကောက်ပွဲပြန်လည် ပြုလုပ်ပေးမည်ဖြစ်ကြောင်း ကြောညာခဲ့သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် စစ်ကောင်စီ အစိုးရ ကို ဖွဲ့စည်းကာ နိုင်ငံရေး ပါတီ၊ တိုင်းရင်းသားပါတီများကိုထည့်သွင်းခဲ့သည်။

စစ်ကောင်စီ အနေဖြင့် သျှမ်းပြည်အင်အားကြီး ပါတီဖြစ်သည့် SNLDပါတီကို နိုင်ငံတော် အဆင့်တွင် ပါဝင်ရန် ကမ်းလှမ်းခဲ့သော်လည်း SNLDပါတီအနေဖြင့် လက်မခံခဲ့ပေ။

မူရင်းလင့် https://burmese.shannews.org/a

ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ - SSJAC ၏ ထုတ်ပြန်ကြေညာချက် (၁/၂၀၂၁)
21/02/2021

ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ - SSJAC ၏
ထုတ်ပြန်ကြေညာချက် (၁/၂၀၂၁)

လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်သည့်ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ကြေညာ...
04/02/2021

လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်သည့်
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏
သဘောထားထုတ်ပြန်ကြေညာချက် (၃/၂၀၂၁)

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ ထုတ်ပြန်ကြေညာချက် (၂/၂၀၂၁)
04/02/2021

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏
ထုတ်ပြန်ကြေညာချက် (၂/၂၀၂၁)

19/08/2020

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌ (၁) စိုင်းညွန့်လွင် မှ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ − ၂၁ ရာစု ပင်လုံ (စတုတ္ထအစည်းအဝေး) ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည့် ညီလာခံအဖွင့်မိန့်ခွန်း
…………….
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့

Video Credit : Mizzima - News in Burmese

Address

:/
Taunggyi

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 09:00 - 16:00
Sunday 09:00 - 16:00

Telephone

+95812125531

Alerts

Be the first to know and let us send you an email when Shan Nationalities League for Democracy Taunggyi Branch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Shan Nationalities League for Democracy Taunggyi Branch:

Share

SNLD

Shan Nationalities League for Democracy

ငဝ်ႈငုၼ်းတီႇမူဝ်ႇၶရေႇၸီႇၸိူဝ်ႉၶိူဝ်းတႆး

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်

abbreviated as