ဒီပဲယင်းမြို့နယ်ညီနောင်များ

  • Home
  • Myanmar
  • Tabayin
  • ဒီပဲယင်းမြို့နယ်ညီနောင်များ

ဒီပဲယင်းမြို့နယ်ညီနောင်များ The Depayin Township Brotherhood is a legal entity under the auspices of the National Unity Government.
(1)

အာဟာရဒါနကုသိုလ်ရှင်*********************ဒီပဲယင်းမြို့နယ် စစ်ရှောင်ပြည်သူ(၁၅၀)ကျော်အား...ကြယ်ငါးကောက်သူများအဖွဲ့မှ ..ကြက်...
15/04/2026

အာဟာရဒါနကုသိုလ်ရှင်
*********************
ဒီပဲယင်းမြို့နယ် စစ်ရှောင်ပြည်သူ(၁၅၀)ကျော်အား...
ကြယ်ငါးကောက်သူများအဖွဲ့မှ ..
ကြက်သားဟင်းဖြင့် ထမင်းတစ်နပ် အာဟာရဒါနကုသိုလ်ပြုပါတယ်ခင်ဗျာ။

စေတနာ့ရှင်မိသားစုများအား ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

စစ်ရှောင်ပြည်သူများ အာဟာရ ဖြစ်ကာ စားမြိန်ကြပါစေ🙏

စေတနာရှင်အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး
ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေ🙏

ဒီပဲယင်းမြို့နယ်ညီနောင်များ (၁၅-၄-၂၀၂၆)

15/04/2026

ပြည်တော်ဝင်သံချပ်
********************
"ဝန်ကြီးလစာ နည်းသေးရင် တစ်ရက် 2000 ခင်ဗျားတို့ယူလိုက်
ကျွန်တော်တို့က ရဲဘော်တွေပါ ထမင်းတစ်နပ်တောင် နပ်မမှန်ဘူး"

ဒီပဲယင်းမြို့နယ်ညီနောင်များ (၁၅-၄-၂၀၂၆)

မူရင်းသံချပ်လင့်....၊👇👇👇

15/04/2026

အကြောင်းအရာစုံကို ထောက်ပြလာကြတယ်
*********************************************
ဝန်ကြီးလစာနည်းနေရင် တစ်ရက် 2000 ခင်ဗျားတို့ယူလိုက်။
ကျနော်တို့က ရဲဘော်တွေပါ ထမင်းတစ်နပ်တောင် နပ်မမှန်ဘူး။

အားလုံးကိုလေးစားလျှက်...

Credit......

14/04/2026

ရွှေဘိုမြို့နယ်အနောက်တောင်ခြမ်းတစ်နေရာမှာ ယနေ့
15-4-2026 နံနက် 3နာရီကျော်ခန့်ကတည်း ကင်းထောက်တစ်စီး
လှည့်ပတ်ပျံဝဲကာ ....

မိတ္ထီလာတက် Y-12 တစ်စီးဖြင့် ယခုအချိန်ထိ ဗုံးသီးချလေ‌ကြောင်းတိုက်ခိုက်လျှက်ရှိပါတယ်။(6:16အချိန်ထိ ၁၁-ကြိမ်တိုက်ခိုက်ပြီး ဆက်လက်ပျံဝဲနေဆဲ)

6:44 အချိန် တံတားစီးတက် ဂျက်ဖိုက်တာ (၂)စီးတက်ထားပြီး
ပထမဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု (၂)ကြိမ် ပြုလုပ်ထားပါတယ်။

ပြည်သူအားလုံးဘေးကင်းကြပါစေ။

ဒီပဲယင်းမြို့နယ်ညီနောင်များ (၁၅-၄-၂၀၂၆)

ဒီပဲယင်းမြို့နယ် စစ်ရှောင်ပြည်သူ (၁၀၀)ကျော်အား "Together We Fight အဖွဲ့' မှ ကြက်သားဟင်းဖြင့်ထမင်းတစ်နပ် အာဟာရဒါန ကုသိုလ်...
14/04/2026

ဒီပဲယင်းမြို့နယ် စစ်ရှောင်ပြည်သူ (၁၀၀)ကျော်အား
"Together We Fight အဖွဲ့' မှ ကြက်သားဟင်းဖြင့်
ထမင်းတစ်နပ် အာဟာရဒါန ကုသိုလ်ပြုပါတယ်ခင်ဗျာ။

စစ်ရှောင်ပြည်သူများ အာဟာရ ပြည့်ကြပါစေ🙏

စေတနာ့ရှင်မိသားစုများအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး
အစစအရာရာ အဆင်ပြေကြပါစေ🙏

ဒီပဲယင်းမြို့နယ်ညီနောင်များ (၁၄-၄-၂၀၂၆)

14/04/2026

ထမင်းလေးနပ်မှန်စေဖို့
*******************
မြေပြင်ကို တိုက်ရိုက်ရောက်အောင်‌ထောက်ပံ့ကြမည်ဆိုလျှင်
မြေပြင် တပ်ရင်းရဲဘော်များ ထမင်းနပ်မှန်နိုင်သည်မို့
မြေပြင်ရောက်အောင် ထောက်ပံ့ရေးသည်
တော်လှန်ရေးအတွက် လက်တွေ့ဆန်သော
ထောက်ပံ့မှုဖြစ်သည်။

ဒီပဲယင်းမြို့နယ်ညီနောင်များ(၁၄-၆-၂၀၂၆)

13/04/2026

မင်းအောင်လှိုင်ကျွန်များလေကြောင်းတိုက်ခိုက်မှု
**********************************
၁၃-၄-၂၀၂၆ နေ့ နံနက်ပိုင်းအချိန်
ရွှေဘိုမြို့နယ်အနောက်ခြမ်းအား ကင်းထောက်တစ်စီးဖြင့် ပျံသန်းဝဲခဲ့ပြီး။

နေ့လည်ပိုင်း အချိန်တွင် မိတ္ထီလာတက် ဂျက်ထိုက်တာဖြင့်
(၅)ကြိမ် ရွှေဘိုမြို့နယ်အနောက်ခြမ်းတစ်နေရာ‌အား
လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

အသေးစိတ်အခြေအနေများ မသိရသေးပါ။

ဒီပဲယင်းမြို့နယ်ညီနောင်များ (၁၃-၄-၂၀၂၆)

အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူလူထုသို့...
11/04/2026

အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူလူထုသို့...

08/04/2026

ရွှေဘိုနယ် အနောက်ခြမ်းအား လေကြောင်းတိုက်ခိုက်
***********************************
8-4-2026 ယနေ့ နံနက် 8:15မိနစ်ခန့်အချိန်
ရွှေဘိုနယ် အနောက်ခြမ်းတစ်နေရာအား တံတားဦးတက်ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်သွားပါတယ်။

အသေးစိတ်အချက်အလက်များ မသိရသေးပါ။

ဒီပဲယင်းမြို့နယ်ညီနောင်များ (8-4-2026)

07/04/2026

ဒလန်သတင်းပေးမှုဖြင့် ‌လေကြောင်းတိုက်ခိုက်
**********************************
ဒီပဲယင်းမြို့နှင့် မလှမ်းမကမ်း တစ်နေရာအား (၇-၄-၂၀၂၆) နေ့လည်ပိုင်းတွင် မုံရွာ နမခမှ လွှတ်တင်လိုက်သော ....
Su***de Drone (‌အသေခံဒရုန်း)နှစ်စီးဖြင့် ဒီပဲယင်းမြို့ နှင့်မလှမ်းမကမ်း တစ်နေရာအား ... လေကြောင်းတိုက်ခိုက်မှု
ပြုလုပ်ခဲ့ပြီး။

ပထမအကြိမ် ထန်းပင်ထိမှန် နွားထီးတစ်ကောင် ခြေထောက်ထိမှန်။
ဒုတိယအကြိမ် သရက်ပင်ထိမှန် နွားမတစ်ကောင် အပြင်းအထန် ဒဏ်ရာရမှု ရှိကြောင်းသိရှိရသည်။

ဒလန်သတင်းပေးများ ဒီပဲယင်း/ရေဦးနယ်တွင် ဖျန့်ကျက်ရှာဖွှေလျှက်ရှိပြီး ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ကြိုးစားလျှက်ရှိပါသည်။

#အသေခံဒရုန်းများသည်သတင်းပေးမှုဖြင့်နေရာအတိအကျတိုက်ခိုက်နိုင်သည်(စုံစမ်းစစ်ဆေးရန်လိုအပ်)

ဒီပဲယင်းမြို့နယ်ညီနောင်များ (၇-၄-၂၀၂၆)

ရွှေဘိုမြို့နယ်အနောက်ခြမ်း လေကြောင်းတိုက်ခိုက်ခံရမှု ***************************************ရွှေဘိုမြို့နယ်အနောက်ခြမ်းတစ...
06/04/2026

ရွှေဘိုမြို့နယ်အနောက်ခြမ်း လေကြောင်းတိုက်ခိုက်ခံရမှု
***************************************
ရွှေဘိုမြို့နယ်အနောက်ခြမ်းတစ်နေရာအား လေကြောင်းတိုက်ခိုက်ခံရသည့်အတွက်....
စစ်ရှောင်ကလေးငယ်များကို စာသင်ပေးသည့်ဆရာတော်ပျံလွန်တော်မူပြီး စစ်ရှောင်ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရကြောင်းနှင့်..
စစ်ရှောင်ကလေးငယ်များ အန္တရာယ်ကင်းကြောင်း သိရှိရပါတယ်ခင်ဗျာ။

လေကြောင်းတိုက်ခိုက်မှုအတွင်း မပေါက်ကွဲသေးသည့် ဗုံးသီးများလည်း ကျန်ရှိနေသေးကြောင်း ထပ်တိုးသိရပါတယ်။

၎င်းစစ်ရှောင်စာသင်ကျောင်းအား ဒီပဲယင်းမြို့နယ်ညီနောင်များမှ
စာသင်ခုံများလှူဒါန်းခြင်း။
အာဟာရဒါန ပြုခြင်းများ ဆောင်ရွက်ဘူးပြီး။

အပြစ်မဲ့ စစ်ရှောင်ပြည်သူ စစ်ရှောင်ကလေးငယ် စစ်ရှောင်စာသင်ကျောင်းများ လေကြောင်းတိုက်ခိုက်ခံရမှုအတွက်
အထူးစိတ်မကောင်းဖြစ်မိပါတယ်။

#အကြမ်းဖက်မင်းအောင်လှိုင်နဲ့လက်ပါးစေများအမြန်ကျရှုံးပါစေ။

ဒီပဲယင်းမြို့နယ်ညီနောင်များ (၆-၄-၂၀၂၆)

06/04/2026

စစ်ရှောင်ကလေးငယ်များ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ
********************************************"
ရွှေဘိုမြို့နယ် အနောက်ခြမ်း စစ်ရှောင်ကလေးများ စာသင်ကြားသည့်နေရာကို အကြမ်းဖက်မင်းအောင်လှိုင်ကျွန်များမှ ....
မိတ္ထီလာတက် ဂျက်ဖိုက်တာ..
တံတားဦးတက်ဂျက်ဖိုက်တာ..

ဂျက်ဖိုက်တာ (၂)စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သည့်အတွက် စစ်ရှောင်ကလေးငယ်များ စာသင်ကြားပေးနေသည့်
ဆရာတော်တစ်ပါး ပျံလွန်တော်မူကြောင်းနှင့်....

စစ်ရှောင်ကလေးငယ်များနှင့် ပြည်သူများ ထိခိုက်မှုရှိကြောင်း
ကလေးများရှာဖွှေလျှက်ရှိနေကြောင်း ကနဦး
သိရပါတယ်။

မြေပြင်စုံစမ်းဆဲ။


စစ်ရှောင်ကလေးငယ်များကိုစာသင်ပေးသည့်ဆရာတော်ပျံလွန်တော်မူ
စစ်ရှောင်ပြည်သူနှစ်ဦးထိခိုက်။
ကလေးငယ်များ အန္တရာယ်ကင်းကြောင်းသိရ။

ဒီပဲယင်းမြို့နယ်ညီနောင်များ (၆-၅-၂၀၂၆)

Address

Tabayin

Website

Alerts

Be the first to know and let us send you an email when ဒီပဲယင်းမြို့နယ်ညီနောင်များ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ဒီပဲယင်းမြို့နယ်ညီနောင်များ:

Share