Charity Youths Mobile Library

Charity Youths Mobile Library Books to Home Service
Just call - 09767954518

Mobile Library ကို မိုးရာသီမာ ယာယီနားထားဖို့ ဖြစ်​ပါ​ရေ။ယေ​ကေ​လေ့ စာအုပ်​ငှား​ရေ အစီအစိုင်​ကို မပျက်​​အောင်​ စီစိုင်​ပီ...
20/05/2018

Mobile Library ကို မိုးရာသီမာ ယာယီနားထားဖို့ ဖြစ်​ပါ​ရေ။
ယေ​ကေ​လေ့ စာအုပ်​ငှား​ရေ အစီအစိုင်​ကို မပျက်​​အောင်​ စီစိုင်​ပီးထားပါ​ရေ။
စာအုပ်​ အပ်​ချင်​​ရေ လူတိနန့်​ ငှား​ချင်​​ရေလူတိအတွက်​ Child Center မာ ထားပီးထားပါ​ရေ။
စ​နီ တနင်္ဂနွီ ၂ ရက်​ ပုံမှန်​ဖွင့်​ပါ​ရေ။ ဝါတွင်းမာ​တော ဥပုသ်​နိ ဖွင့်​ပါဖို့။
Child Center ဖွင့်​နိတိမာ စာအုပ်​ အပ်​​စော်​ ငှား​စော်​တိ လုပ်​လို့ရ​ကြောင်း ​ကြေငြာပီး​စော်​ပါ
လိပ်​စာ က မင်းဘာကြီးလမ်း ( kiss mini store ​ဘေး ) ပါ
စာကြည့်​တိုက်​မှူး မ​အေးသီတာထွန်း ၀၉၄၅၄၈၁၅၆၄၃ ကို​လေ့ ဆက်​သွယ်​နိုင်​ပါ​ရေ။

24/02/2018

ကျောင်းတစ်​ဖက်​နန့်​ အချိန်​ပိုင်း ဝင်​​ငွေရချင်​ပါလာ ?
အလုပ်​​လေ့လုပ်​ရင်း အ​ချေတိကို ပျိုး​ထောင်​ပီးနိုင်​ဖို့ အခွင့်​အ​ရေး လိုချင်​ပါလာ ?
အလုပ်​တစ်​ဖက်​နန့်​ ရုံးပိတ်​ရက်​မာ အပိုဝင်​​ငွေ ရချင်​ပါလာ ?
ပရဟိတလူငယ်​များ ( စစ်​​တွေ ) Child Center ကို ဆက်​သွယ်​လိုက်​ပနာ အလုပ်​​လျှောက်​လိုက်​ပါ။
တစ်​ပတ်​ကို စနီ တနင်္ဂနွီ ၂ ရက်​ ပ​ပေါ့ပပါး​ချေ လုပ်​ပနာ ဝင်​​ငွေ တစ်​ခု ရနိုင်​ဖို့ အခွင့်​အ​ရေးပါ။
စိတ်​ပါဝင်​စား​ကေ​တော ဖုန်း ၀၉၇၆၇၉၅၄၅၁၈ ကို ဆက်​ပနာ ချက်​ချင်း စုံစမ်းလိုက်​ပါ။
လျှောက်​ထားချင်​​ရေ လူက​တော ​အောက်​က အချက်​တိနန့်​ ပြည့်​စုံဖို့ လိုပါ​ရေ။
၁။ ​ပေါင်းသင်းဆက်​ဆံ​ရေး ​ကောင်းရပါဖို့
၂။ ပရဟိတစိတ်​ ရှိရပါဖို့
၃။ အ​ချေတိကို ချစ်​တတ်​​တေ ပျိုး​ထောင်​ပီးချင်​​ရေလူ ဖြစ်​ရပါဖို့
၎။ အချိန်​ကို ​လေးစားတတ်​​တေလူ ဖြစ်​ရပါဖို့
၅။ အလုပ်​ကို တန်​ဖိုးထားတတ်​ရပါဖို့

Donated by U Than Tun
27/01/2018

Donated by U Than Tun

ဒီကြေးစား ၀တ္ထုဟာ ၂၀ ရာစု မျက်မှောက်ခေတ် အာဖရိကတိုက်ရှိ ကွန်ဂိုပြည်ကို အခြေုပြုထားပါတယ်။ ကွန်ဂိုပြည်ရဲ့ ချမ်းသာကြွယ်ဝသော ...
17/01/2018

ဒီကြေးစား ၀တ္ထုဟာ ၂၀ ရာစု မျက်မှောက်ခေတ် အာဖရိကတိုက်ရှိ ကွန်ဂိုပြည်ကို အခြေုပြုထားပါတယ်။ ကွန်ဂိုပြည်ရဲ့ ချမ်းသာကြွယ်ဝသော ပြည်နယ် ကတန်ဂါပြည်နယ်ဝန်ကြီးချုပ် ရွှန်ဘေးဟာ လူဖြူကြေးစားစစ်သားများကို ငှားရမ်း စစ်တိုက်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ယခုအခါ ကုလသမဂ္ဂအဖွဲ့ကြီးက ကြေးစားစစ်သားများမသုံးရန် တားမြစ်သော အဆိုတင်သွင်း ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ ကြေးစားလူဖြူစစ်သားလေးဦးတို့ရဲ့ စွန့်စားခန်း၊ လျှို့ဝှက်သည်းဖို ၀တ္ထုတစ်ပုဒ်ဖြစ်ပါတယ်။

တောင်အာဖရိကစစ်ခေါင်းဆောင် လူကြမ်းကြီး ရွှန်ဘေးမှာ ကြေးစားတပ်ဖွဲ့တစ်ခုရှိပါတယ်။ အဲဒီကြေးစားစစ်သားလေးယောက်နဲ့ သူတို့လက်အောက်က အာဖရိကန်နယ်ဖွား စစ်သားများနဲ့ပေါင်းပြီး သူပုန်များ အ၀ိုင်းခံရတဲ့ မြို့လေးတစ်မြို့ကို သွားပြီး လူတွေကို သွားရောက် ကယ်တင်ရတဲ့ ဇာတ်လမ်းပါ။

အများအမြင်မှာတော့ သူပုန်တွေအန္တရာယ်ကို ကျရောက်တော့မယ့်မြို့လေးက လူသားတွေကို သွားရောက်ကယ်တင်ကြခြင်းဆိုတာဟာ နာမည်ခံသာဖြစ်ပြီး အမှန်စင်စစ်ကတော့ အဲဒီနယ်ကထွက်တဲ့ စိန်များကို ရယူချင်လို့ လွှတ်လိုက်တာဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းကို ဟောလိဝုဒ် ရုပ်ရှင်လောကမှ မျက်စိကျပြီး ကြေးစား(မေရှင်နရီ)အဖြစ် ခေါင်းဆောင် မင်းသားရော့တေလာနဲ့ ရုပ်ရှင်ရိုက်ကူးခဲ့ရာ ကမ္ဘာကျော်ခဲ့ပါတယ်​။

မော့ဆက်​စာအုပ်​သည်​ တို​င်းပြည်​နှင့်​ လူမျိုး၏ လုံခြုံ​ရေးအတွက်​ စွန့်​လွှတ်​စွန့်​စား ​ဆောင်​ရွက်​ခဲ့ကြ​သော အစ္စ​ရေးန...
07/01/2018

မော့ဆက်​စာအုပ်​သည်​ တို​င်းပြည်​နှင့်​ လူမျိုး၏ လုံခြုံ​ရေးအတွက်​ စွန့်​လွှတ်​စွန့်​စား ​ဆောင်​ရွက်​ခဲ့ကြ​သော အစ္စ​ရေးနိုင်​ငံ၏ ကမ္ဘာ​ကျော်​ ထိပ်​တန်း​ထောက်​လှမ်း​ရေး အဖွဲ့အ​ကြောင်း ဖြစ်​ပါသည်​။ ကမ္ဘာ​ကျော်​တိုင်းမ်​မဂ္ဂဇင်းက ​မော့ဆက်​အဖွဲ့သည်​ စီအိုင်​​အေ၊ ​ကေဂျီပီ၊ အမ်​အိုင်​-၅ စသည့်​ မဟာအင်​အားကြီးနိုင်​ငံများမှ ​ထောက်​လှမ်း​ရေးအဖွဲ့များနှင့်​ ပခုံးချင်းယှဉ်​နိုင်​ပြီး တစ်​ခါတစ်​ရံ ၎င်းကပင်​ နှာတစ်​ဖျား​ကျောသွားတတ်​​ကြောင်း ​ရေးသားခဲ့ပါသည်​။
မော့ဆက်​အဖွဲ့ကြီးကို အစပျိုးခဲ့​သော အီဆာနှစ်​​ယောက်​အ​ကြောင်းနှင့်​ ဂျူး​ခြောက်​သန်းကို သုတ်​သင်​ရာ၌ တာဝန်​မကင်းခဲ့သူ အိုက်​ခမန်းကို ပြန်​​ပေးဆွဲကာ တရားဥပ​ဒေကို ရင်​ဆိုင်​​စေခဲ့သည့်​ အ​ကြောင်းများက စိတ်​လှုပ်​ရှားစရာ ​ကောင်းလှ၏။
ရန်​သူနိုင်​ငံတွင်​ ဒုတိယကာကွယ်​​ရေးဝန်​ကြီး ဖြစ်​လာလုနီးပါး ​အောင်​မြင်​ခဲ့​သော သူလျှိုထိပ်​သီး အလီကိုဟင်​ အ​ကြောင်းက ဤစာအုပ်​၏ ဇာတ်​ရှိန်​အမြင့်​ဆုံးအပိုင်းဖြစ်​သည်​။
ချာဘိုးဒုံးသ​င်္ဘောများနှင့်​ စက္ကူ​လေယာဉ်​များအ​ကြောင်း ဖတ်​ရှုရ​သောအခါ လျှို့ဝှက်​သည်းဖို ဇာတ်​လမ်းတစ်​ပုဒ်​ ကြည့်​ရှုရသလို တရှိုက်​မက်​မက်​ ခံစားကြရမည်​ဖြစ်​၏။
အစ္စ​ရေးဘီးယား ၊ ​ခေါင်းထဲမှ သူလျှို နှင့်​ ကိုယ်​​ပျောက်​သူလျှိုများအ​ကြောင်း ဖတ်​ရ​သောအခါ သည်းထိတ်​ရင်​ဖိုမှု​တွေ ဖြစ်​​ပေါ်လာပါလိမ့်​မည်​။ယင်းအဖွဲ့ကြီးအမည်​ကား ​မော့ဆက်
သို့မဟုတ်​ နာမည်​အရှည်​မှာ ​ထောက်​လှမ်း​ရေးနှင့်​ အထူးတာဝန်​ရပ်​များ အဖွဲ့ကြီးပင်​ ဖြစ်​သည်

ဤဝတ္ထုကို ဖတ်​ဖြစ်​ခဲ့မည်​ဆိုလျှင်​ လွန်​ခဲ့​သောအနှစ်​ ၂၀ ​    ကျော်​ကာလဆီက ပညာသင်​ကြားမှု အ​ခြေအ​နေနှင့်​       ယခု​ခေတ်​...
07/01/2018

ဤဝတ္ထုကို ဖတ်​ဖြစ်​ခဲ့မည်​ဆိုလျှင်​ လွန်​ခဲ့​သောအနှစ်​ ၂၀ ​ ကျော်​ကာလဆီက ပညာသင်​ကြားမှု အ​ခြေအ​နေနှင့်​ ယခု​ခေတ်​ကာလ ပညာ​ရေးအ​ခြေအ​နေတို့ကို နှိုင်းယှဉ်​နိုင်​ကြမည်​ဖြစ်​သလို ထိုကာလတုန်းဆီက မိန်းက​လေးတစ်​​ယောက်​၏ မြို့ပြတွင်​ရုန်းကန်​ရ​သော အခက်​အခဲများ၊ နာကျင်​မှု​ဝေဒနာများနှင့်​ ယခု​ခေတ်​ကာလ မိန်းက​လေးများ၏ ရပ်​တည်​ရုန်းကန်​ရှင်​သန်​​နေကြရ​သော ဘဝတို့ကို နှိုင်းယှဉ်​နိုင်​မည်​ ဖြစ်​ပါသည်​။ ထိုရှည်​ကြာ​သော ကာလများအတွင်းမှာ ကျွန်​မတို့တိုင်းပြည်​၏ ပညာသင်​ကြားမှုအ​ခြေအ​နေနှင့်​ မိန်းက​လေးများ၏ ဘဝရပ်​တည်​မှု အ​ခြေအ​နေက​ရော ​ပြောင်းလဲခဲ့ပြီလား.... မ​ပြောင်းလဲ​သေးဘူးလား.....
ကျွန်​မက​တော့ ကျွန်​မ၏ ငယ်​ဘဝကို လွမ်းဆွတ်​ခြင်းနှင့်​အတူ ကျွန်​မ၏ ငယ်​လက်​ရာ ဤဝတ္ထု​လေးကို ပရိသတ်​များထံသို့ ပို့​ဆောင်​လိုက်​ပြီ ဖြစ်​ပါသည်​။
ပုညခင်

ဇာစ်​မြစ်​၏ မူရင်းဝတ္ထု ROOTS ကို၁၉၇၃ ခုနှစ်​က အ​မေရိကန်​တွင်​ စတင်​ထုတ်​​ဝေခဲ့ရာ အ​ရောင်းရဆုံး နံပါတ်​တစ်​ စာရင်းဝင်​...
07/01/2018

ဇာစ်​မြစ်​၏ မူရင်းဝတ္ထု ROOTS ကို၁၉၇၃ ခုနှစ်​က အ​မေရိကန်​တွင်​ စတင်​ထုတ်​​ဝေခဲ့ရာ အ​ရောင်းရဆုံး နံပါတ်​တစ်​ စာရင်းဝင်​ပြီး လူကြိုက်​များ၍ ထူးခြားထင်​ရှားသည့်​ အစဉ်​အလာကြီးမား​သော ဝတ္ထုကြီးအဖြစ်​ ကမ္ဘာ​ကျော်​ခဲ့ပါသည်​။ စာအုပ်​အ​ရေအတွက်​ သန်း​ပေါင်းများစွာ ထုတ်​​ဝေခဲ့ပြီး ဘာသာ​ပေါင်း ၃၀ ​ကျော်​သို့လည်း ဘာသာပြန်​ဆိုထားပြီး ဖြစ်​ပါသည်​။
ဤဝတ္ထု၏ ဇာတ်​​ကောင်​များသည်​ အာဖရိကတိုက်​သားများ ဖြစ်​ကြသည်​။ သူတို့သည်​ ငယ်​ခါဓ​လေ့၊ ကြီးခါဓ​လေ့ ​ပျော်​​မွေ့စွာ ​နေထိုင်​ခဲ့ကြသည်​။ သို့​သော်​လည်း လူလူချင်း အနိုင်​အထက်​ ကျွန်​ပြုသည့်​ စနစ်​ဆိုးကြီး အာဖရိကတိုက်​သို့ ကျ​ရောက်​လွှမ်းခြုံလာ​သောအခါတွင်​မူ ငြိမ်​သက်​​အေးချမ်း​သော သူတို့၏ ဘဝများသည်​ စိတ်​ထိခိုက်​​သွေးပျက်​ဖွယ်​အတိ မုန်​တိုင်းကျခဲ့ရ​တော့သည်​။
ဤစာအုပ်​က စာဖတ်​သူအား အာဖရိကသားတို့၏ ကြမ်းတမ်းခက်​ထန်​လှသည့်​ ဘဝကို ရင်​တနင့်​နင့်​ ၊ ရင်​တနာနာဖြင့်​ မျှ​ဝေခံစား​စေနို​င်​ပါလိမ့်​မည်​။

07/01/2018
ငှား​နေတာ ၅ လ နီးပါးရှိပါပြီ။စာဖတ်​သူ​တွေအ​ပေါ် ​စေတနာထားပြီး အိမ်​တိုင်​ရာရာက်​ ပို့​ဆောင်​​ပေးတဲ့အတွက်​ အဆင်​​ပြေပါတယ်​...
04/01/2018

ငှား​နေတာ ၅ လ နီးပါးရှိပါပြီ။
စာဖတ်​သူ​တွေအ​ပေါ် ​စေတနာထားပြီး အိမ်​တိုင်​ရာရာက်​ ပို့​ဆောင်​​ပေးတဲ့အတွက်​ အဆင်​​ပြေပါတယ်​ရှင်​။
ဆရာမ ခင်​ခင်​ထူး၊ ဆရာမ မစန္ဒာ၊ ဆရာ ချစ်​ဦးညိုတို့ရဲ့ စာအုပ်​​တွေ ဖတ်​ချင်​ပါ​သေးတယ်​။
စာအုပ်​​တွေ စုံစုံလင်​လင်​ရှိတဲ့အတွက်​ စိတ်​ကြိုက်​​ရွေးချယ်​နိုင်​ပြီး စာပိုဖတ်​ဖြစ်​ပါတယ်​။
ပြောင်းလဲဖို့မလို​လောက်​​အောင်​ အဆင်​​ပြေပါတယ်​။
Mobile Library ​ရှေ့ဆက်​ဒီထက်​ ပို​အောင်​မြင်​ပြီး တည်​တံ့ပါ​စေ။

ငှား​နေတာ ခုဆိုရင်​ ၅ လ ရှိပါပြီ။ အရမ်းအဆင်​​ပြေပါတယ်​။ရသစာအုပ်​​လေး​တွေ အများကြီး ဖြည့်​​စေချင်​ပါတယ်​။စာအုပ်​ငှားရတာ ...
04/01/2018

ငှား​နေတာ ခုဆိုရင်​ ၅ လ ရှိပါပြီ။ အရမ်းအဆင်​​ပြေပါတယ်​။
ရသစာအုပ်​​လေး​တွေ အများကြီး ဖြည့်​​စေချင်​ပါတယ်​။
စာအုပ်​ငှားရတာ အရမ်းအဆင်​​ပြေပါတယ်​။ အိမ်​တိုင်​ရာ​ရောက်​ လာပို့၊ ပြန်​ယူ​ပေး​လို့ ​ကျေးဇူးတင်​ပါတယ်​။ လူ​တွေကို စာအုပ်​များများဖတ်​​စေချင်​တဲ့​ ​စေတနာ Charity Youths Library မှာ အထင်​အရှား​တွေ့နိုင်​ပါတယ်​။
ပြောင်းလဲစရာမလိုဘူးလို့ ထင်​မိပါတယ်​။

ပထမတုန်းက​တော့ ​ကျောင်း Library က ငှားဖတ်​ပါတယ်​။ ဒီ mobile library မှာက စာအုပ်​​ကောင်း​တွေရှိတာနဲ့ ငှားဖြစ်​သွားတာပါ...
25/12/2017

ပထမတုန်းက​တော့ ​ကျောင်း Library က ငှားဖတ်​ပါတယ်​။ ဒီ mobile library မှာက စာအုပ်​​ကောင်း​တွေရှိတာနဲ့ ငှားဖြစ်​သွားတာပါ။
စာအုပ်​က နည်း​သေး​တော့ နည်းနည်း အခက်​​တွေ့ပါတယ်​။
စာအုပ်​အမျိုးအစားစုံရင်​ ပို​ကောင်းတာ​ပေါ့။
အငှားများတဲ့ စာအုပ်​​​မျိုးဆိုရင်​​တော့ ၃ အုပ်​ ၄ အုပ်​​လောက်​ ရှိရင်​ ပို​ကောင်းပါမယ်​။

လူသိနည်းပါ​သေးတယ်​။ အနည်းစုသာသိပြီး အများစုက မသိ​သေးလို့ အားမလိုအားမရ ဖြစ်​ရတာ အမှန်​ပါ။ Library လုပ်​ငန်းကို ဒီထက်​ပ...
25/12/2017

လူသိနည်းပါ​သေးတယ်​။ အနည်းစုသာသိပြီး အများစုက မသိ​သေးလို့ အားမလိုအားမရ ဖြစ်​ရတာ အမှန်​ပါ။ Library လုပ်​ငန်းကို ဒီထက်​ပိုပြီး တွင်​တွင်​ကျယ်​ကျယ်​ လူသိများ​အောင်​ အစီအစဉ်​တစ်​ခုခု လုပ်​သင့်​ပါတယ်​ရှင့်​။ (y)
======================================
သူငယ်​ချင်း​တွေဆီကတစ်​ဆင့်​ သိခဲ့တာပါ။
အ​တော်​​လေးအဆင်​​ပြေပါတယ်​။ စာအုပ်​လာပို့တဲ့အကို​တွေက သ​ဘော​ကောင်းရုံမက ​ဖော်​​ရွေပြီး ဆက်​ဆံ​ရေးအလွန်​​ ​ကောင်းကြပါတယ်​ရှင့်​။ 😁😁
ညီမဖတ်​ချင်​တဲ့ စာအုပ်​တိုင်းကရှိ​နေလို့ ထပ်​ပြီးဘာစာအုပ်​​တွေ ဖြည့်​ခိုင်းရမယ်​​တောင်​ မသိ​တော့ပါဘူး။
လူသိနည်းပါ​သေးတယ်​။ အနည်းစုသာသိပြီး အများစုက မသိ​သေးလို့ အားမလိုအားမရ ဖြစ်​ရတာ အမှန်​ပါ။ Library လုပ်​ငန်းကို ဒီထက်​ပိုပြီး တွင်​တွင်​ကျယ်​ကျယ်​ လူသိများ​အောင်​ အစီအစဉ်​တစ်​ခုခု လုပ်​သင့်​ပါတယ်​ရှင့်​။ (y)

Address

Sittwe
0031

Telephone

09767954518

Website

Alerts

Be the first to know and let us send you an email when Charity Youths Mobile Library posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category