TU - Sittwe Literature Club

TU - Sittwe Literature Club စာပေမြင့်မှ လူမျိူးတင့်မည်

မောင်ချောနွယ် ကွယ်လွန်ခြင်း 21 နှစ်ပြည့်________________________________________ခင်ဗျား ကဗျာကို စိတ်ဝင်စားလား?။စိတ်ဝင်စာ...
03/09/2023

မောင်ချောနွယ် ကွယ်လွန်ခြင်း 21 နှစ်ပြည့်
________________________________________

ခင်ဗျား ကဗျာကို စိတ်ဝင်စားလား?။
စိတ်ဝင်စားပါတယ်လို့ဖြေမယ်ဆိုရင်
မောင်ချောနွယ်ချန်ထားခဲ့တဲ့ကမ္ဘာကို ဝင်ရောက်ကြည့်ဖို့အကြံပြုလိုပါတယ်။
မောင်ချောနွယ်ရဲ့ကမ္ဘာဟာ
ပန်းပွင့်လေးတွေထုံသင်းမွေးပျံ့ပြီး သာယာစည်ပင်တဲ့ ကမ္ဘာတော့မဟုတ်ဘူး။
နာကျင်မူနှင့်အနုပညာကို အချိူးကျကျရောစပ်ထားတဲ့ဝိုင် တစ်ခွက်လို ကမ္ဘာလို့ဆိုရမယ်ထင်တယ်။
သူ့ကမ္ဘာမှာ
အတိတ်ဝန်ထုပ်ဝန်ပိုးတွေကြောင့်
တအိအိနှေးကွေးစွာ သွားနေရတဲ့ရထားအိုတစ်စင်း၊
ငှက်ဆိတ်ခံရတဲ့ သစ်စည်း၊
လူကြိုက်နည်းတဲ့ရေချိူငါးသလောက်တစ်ကောင်၊
ရေရောခံလိုက်ရတဲ့ဘဝ စသည်ဖြင့်
မောင်ချောနွယ်ပေါင်းများစွာကို တွေ့ရမှာဖြစ်တယ်။

မောင်ချောနွယ်ရဲ့ကမ္ဘာမှာ
စိတ်ခွန်အား ဖြည့်စွတ်စာတွေ၊မိုးပျံပူပေါင်းနှင့်ဓာတ်လှေကားတွေကိုတော့ တွေ့ရမှာ မဟုတ်ပါဘူး။
ကျွန်တော်တို့ တွေ့ရမှာက မောင်ချောနွယ်ရဲ့ရွှေရောင်တဝင်းဝင်းလူသားဆန်မူပဲဖြစ်ပါလိမ့်မယ်။

"အမှန်မတော့
ကမ္ဘာကြီး သာယာပျော်ရွှင်ဖွယ်ကောင်းအောင်
လူဆန်ပြီး
သိပ်ယဉ်ကျေးတဲ့
စိတ်ကူးကောင်းသူတွေက
တည်ဆောက်ထားတာဖြစ်တယ်။
မောင်ချောနွယ်ဟာ
အဲသည်အစားထဲကဖြစ်လေရဲ့ ။"

"မမ"      ဟာလီယို တော်စတွိုင်းရဲ့ Ana Karenina ကို မြန်မာမူပြုထားတဲ့ စာအုပ်ဖြစ်ပါတယ်။ရွှေဥဒေါင်းကလည်း "အင်နာ ကရနီးနာ" ဆိ...
02/09/2023

"မမ" ဟာ
လီယို တော်စတွိုင်းရဲ့ Ana Karenina ကို မြန်မာမူပြုထားတဲ့ စာအုပ်ဖြစ်ပါတယ်။
ရွှေဥဒေါင်းကလည်း "အင်နာ ကရနီးနာ" ဆိုပြီးတိုက်ရိုက်ဘာသာပြန်ထားပါတယ်။
နှစ်အုပ်လုံးက ဖတ်ကောင်းတဲ့ စာအုပ်တွေပါ။
"မမ"ကတော့
မြန်မာမူပြုထားတာကြောင့် စာဖတ်သူတွေအတွက် ပိုပြီး အကျွမ်းတဝင်ရှိတာပေါ့။

တော်စတွိုင်းဟာ ပြောင်းလဲတတ်တဲ့
လူ့သဘောသဘာဝကို ပုံ ဖော်ရာမှာ ပါရမီရှင်တစ်ယောက်ဆိုတာ မမ ကို ဖတ်ရင်း ပိုပြီးလက်ခံလာရပါတယ်။
ဆရာမြသန်းတင့်ကလည်း
ရုရှားတွေရဲ့ လူနေမူအခြေအနေကို မြန်မာတွေရဲ့ရေပေါ်ဆီလူတန်းစားအဖြစ် က ကျွမ်းကျင်စွာ မြန်မာမူပြုထားပါတယ်။
ဒါ​ကြောင့်
ေတော်စတွိုင်းရဲ့ ဝတ္ထုဇာတ်ကြောင်းနှင့် မြသန်းတင့်ရဲ့ ဘာသာစကားကျွမ်းကျင်မူတို့ပေါင်းစည်းလိုက်တဲ့အခါ
ဖတ်ရတာအင်မတန်အရသာရှိတဲ့ စာတစ်အုပ် ဖြစ်လာပါတယ်။

ဇာတ်လမ်းအကျဥ်းကတော့
အင်မတန်လှပပြီး ဆွဲဆောင်မူရှိတဲ့ အိမ်ထောင်ရှင်မိန်းမတစ်ယောက်ရဲ့ဘဝကို ယောကျ်ားတစ်ယောက် ဝင်ရောက်လာရာကနေ စပြီး
လူ့ဘဝရဲ့ ရှုပ်ထွေးလှတဲ့အမူ ကိစ္ဧတွေကို သဘာဝကျကျရေးဖွဲ့ထားတာပါ။

စာပေမြတ်နိုးသူ ညီအစ်ကိုမောင်နှမများခင်ဗျားသတင်းကောင်းတစ်ခု ပြောပါရစေ။ကျွန်တော်တို့ စာပေအသင်းအနေနှင့်စာကြည့်တိုက်အတွက်စာအ...
31/08/2023

စာပေမြတ်နိုးသူ ညီအစ်ကိုမောင်နှမများခင်ဗျား

သတင်းကောင်းတစ်ခု ပြောပါရစေ။
ကျွန်တော်တို့ စာပေအသင်းအနေနှင့်
စာကြည့်တိုက်အတွက်
စာအုပ်များ ဝယ်ယူလှူဒါန်းသွားမယ့် အစီအစဥ်တစ်ခုရှိပါတယ်။

ဒါကြောင့် စာချစ်သူများအနေနှင့် ကိုယ်ဖတ်ချင်တဲ့
စာအုပ်သုံးအုပ်ကို commentမှာရေးထားခဲ့နိုင်ပါတယ်။

ရရှိတဲ့ငွေပမာဏပေါ် မူတည်ပြီး အကြံပြုထားတဲ့စာအုပ်တွေထဲမှ စီစစ်ပြီး ဝယ်ယူလှူဒါန်းသွားမှာဖြစ်ပါတယ်။

PS: : စာရေးသူနာမည်များကိုပါ တစ်ပါတည်း ထည့်ရေးပေးကြပါရန်။

ညီမလေးရယ် စိုးရိမ်မိတယ်review_________________________________တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဇာတ်ကောင်တွေဟာအများအားဖြင့် တည်ကြည်...
31/08/2023

ညီမလေးရယ် စိုးရိမ်မိတယ်review
_________________________________

တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဇာတ်ကောင်တွေဟာ
အများအားဖြင့် တည်ကြည်လေးနက်ပြီး ပညာပြည့်ဝတဲ့ လူတန်းစားထဲက ဖြစ်လေ့ရှိပါတယ်။
နောက်ပြီးဇာတ်ကောင်တွေဟာအင်မတန် စကားပြောကြပါတယ်။
ဇာတ်ကောင်တွေရဲ့ရဲ့လှုပ်ရှားမူဟာ ဝတ္ထုရဲ့လမ်းကြောင်းကို ပုံဖော်နိုင်သလိုပဲ
ဇာတ်ကောင်ရဲ့ပြောစကားတွေဟာ စာရေးသူရဲ့စိတ်နေသဘောထားနှင့် အတွေးအခေါ်ကို အများကြီးထင်ဟပ်စေပါတယ်။ ဒါကြောင့် ဆရာက "စကားပြောချင်လို့စာရေးတာပါ"လို့ဆိုခဲ့ဟန်တူပါတယ်။

"ညီမလေးရယ် စိုးရိမ်မိတယ်"ကို မဖတ်ခင်
"မုန်းရစ်လေဦး "ကို အရင်ဖတ်ဖို့အကြံပြုလိုပါတယ်။
တစ်အုပ်တည်း သီးခြားဖတ်ရင်လည်း ရပေမဲ့
နှစ်အုပ်လုံးက ဆက်စပ်နေတာမို့ ပေါင်းဖတ်ရင် ပိုအရသာရှိပါလိမ့်မယ်။

ဇာတ်လမ်း၊ဇာတ်အိမ်အနေနဲ့ကလည်း စိတ်ဝင်စားဖို့အကောင်းသား၊
လူတစ်ယောက်ရဲ့ ရွေးချယ်မှုအတွက် လူငါးယောက်ရဲ့ နှလုံးသားတွေ ပေးဆပ် လိုက်ရတဲ့အထိ tempoမြင့်သွားခဲ့တာပါ။
အချစ်နဲ့ပတ်သတ်ပြီးဒသနဖွင့်ပုံလေးတွေ၊
စာပေလိုက်စားကြတဲ့တက္ကသိုလ်ကျောင်းသားတွေပီပီ ဆွေးနွေးငြင်းခုန်ပုံတွေကိုလည်း တွေ့မြင်ရမှာပါ။

ကိုယ်တိုင် ရင်နင့်အောင်ချစ်နေရပေမဲ့ ဆရာတစ်ယောက် ဖြစ်သည့်အလျောက် စောင့်ထိန်းရတဲ့ သိက္ခာတွေကြောင့် ခက်ခဲတဲ့ အခြေအနေတွေကြားမှာ ရင်ထဲကဆန္ဒထုတ်ဖော် နိုင်ခဲ့မလား ?
ညီမလေးကရော ဘာကြောင့်စိုးရိမ်ခံရတာလဲ ?

စိတ်ဝင်စားရင် စာကြည့်တိုက်မှာ ငှားရမ်းဖတ်ရူနိုင်ပါတယ်။

ဆုံနေရက်နဲ့လွမ်းလေခြင်းreview_____________________________________ဂျူးရဲ့ထုံးစံအတိုင်းမိန်းမတစ်ယောက်အကြောင်းပါပဲ။မိန်းမတ...
30/08/2023

ဆုံနေရက်နဲ့လွမ်းလေခြင်းreview
_____________________________________

ဂျူးရဲ့ထုံးစံအတိုင်း
မိန်းမတစ်ယောက်အကြောင်းပါပဲ။
မိန်းမတစ်ယောက်နှင့် သူမထက် ၇နှစ်ငယ်တဲ့ကောင်လေးတစ်ယောက်ရဲ့ relationshipပေါ့။

ငယ်စဥ်ကတည်းက ချစ်ခြင်းမေတ္တာနှင့်နွေးထွေးမူကို လုံလုံလောက်လောက်ရရှိခဲ့မိန်းကလေးဟာ
မိခင်မေတ္တာ ငတ်မွတ်နေတဲ့လူရိုင်းလေးတစ်ယောက်ကို ဂရုဏာသက်မိရာက စတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်လို့ဆိုရမယ်။

တွယ်တာမြတ်နိုးစရာ ဘာမှမရှိတဲ့ကောင်လေးဘဝမှာ
မိန်းကလေးရဲ့ ဂရုစိုက်မူ၊နွေးထွေးမူ​တွေဟာ သူ့အတွက်တော့ ကန္တာရကိုဖြတ်ကျော်နေစဥ်မှာ သောက်လိုက်ရတဲ့ နှင်းရည်စက်အေးအေးလေး တစ်စက်လိုပေါ့။

ကျွန်တော်ကတော့ လေးဖြူရဲ့"ငွေလမင်း "သီချင်းကို ပြေးမြင်မိတယ်။ဘဝကို အလင်းရောင်ပေးနိုင်တဲ့မိန်းမတစ်ယောက်ကို အသေအလဲ တွယ်တာရာကနေ
"ပိုင်ဆိုင်လိုမူ"ဆီကို ဦးတည်လာတဲ့ ကောင်လေးရဲ့စိတ်ကို နားလည်ပေးရမယ်ထင်တယ်။ဘာဖြစ်လ်ု့လဲဆိုတော့ သူဟာ ဘဝအစကတည်းက ပြည့်စုံနွေးထွေးတဲ့ပတ်ဝန်းကျင်ကိုမှမရရှိခဲ့တာ။
ခရီးကြမ်းကြီးကိုဖြတ်သန်းလာရတဲ့
အင်မတန်ရေငတ်နေသူတစ်ယောက်ကို
ရေခွက်ကို ပြပြီး ​​ရေမတိုက်သလိုပေါ့။
"ပိုင်ဆိုင်လိုမူ'ဟာ ဖြစ်သင့်တယ်လို့ယူဆပါတယ်။
ကျွန်တော်ကတော့ ယောကျ်ားလေးဖက်က တွေးတာပေါ့လေ။
မိန်းကလေးဖက်မှာလည်း လက်ထပ်ခွင့်ကို ငြင်းပယ်ရတဲ့အကြောင်းအရာတွေအများကြီးရှိမှာပါ။

စိတ်ဝင်စားရင်တော့
ကျောင်းစာကြည့်တိုက်မှာ ငှားဖတ်နိုင်ပါတယ်။

စာပေအသင်း၏ နံရံကပ်စာစောင်ကိုကျောင်းစာကြည့်တိုက်ရှေ့မှာဖတ်ရူနိုင်ပါပြီ။ရွေးချယ်ခံရတဲ့ကဗျာတွေကတော့(၁)ပန်ဆင်သူမဲ့ ပန်းတစ်ပွ...
29/08/2023

စာပေအသင်း၏ နံရံကပ်စာစောင်ကို
ကျောင်းစာကြည့်တိုက်ရှေ့မှာဖတ်ရူနိုင်ပါပြီ။

ရွေးချယ်ခံရတဲ့ကဗျာတွေကတော့
(၁)ပန်ဆင်သူမဲ့ ပန်းတစ်ပွင့်(ခါဝသုန်)
(၂)မမှီတဲ့ပန်းမို့ အလှပဲကြည်နေတော့မယ်(အောင်ချေ)
(၃)ကြေကွဲခြင်းရွက်ကြွေများ(Hell keeper)
(၄)အချစ်သို့(ကိုတိုးခေတ္တလူ့ပြည်)
(၅)Is she a joke?(Moon)
(၆)My Apocalypse(Sync)
(၇)တစ်ပွင့်ထဲ ရင်ထဲကဆူး(မြင့်-ဂစ္ဆပ)
(၈)ပဟေဠိနှလုံးသား(ဆွေးမြေ့) ။

ကလောင်ရှင်တို့အတွက် စာမူခကို မကြာခင်မှာပေးအပ်သွားမှာဖြစ်ပါတယ်။

စာမူပေးပို့လိုသူများအနေနှင့်
[email protected]မှလည်းကောင်း
club messengerမှလည်းကောင်း ပေးပို့နိုင်ပါသည်။

Edit: အကြောင်းအမျိူးမျိူးကြောင့် နှောင့်နှေးကြန့်ကြာခဲ့တဲ့အတွက်လည်း စောင့်မျှော်နေကြတဲ့ စာမူရှင်တွေနှင့် ကျနော်တို့ရဲ့ကဗျာချစ်သူတွေကို အားနာမိပါတယ်။

Address

Techanological University (Sittwe)
Sittwe

Website

Alerts

Be the first to know and let us send you an email when TU - Sittwe Literature Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category