22/04/2023
♻️🗑အပတ်စဥ် စုပေါင်းအမှိုက်ကောက်ခြင်း🗑♻️......................................................................
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် စစ်တွေမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်၍ အပတ်စဥ် စနေနေ့တိုင်း ဌာနပေါင်းစုံ စုပေါင်းအမှိုက်ကောက်ပွဲအား ကျင်းပဆောင်ရွက်လျက်ရှိရာ ၂၂-၄-၂၀၂၃ ရက်နေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီဌာန၊ စစ်တွေမြို့နယ်ရုံးရှိ ဝန်ထမ်းများမှ ပူးပေါင်းပါဝင်၍ စစ်တွေမြို့၊ ကမ်းနားလမ်း၊ တြိဂံလမ်းဆုံအနီးဝန်းကျင်၌ စုပေါင်းအမှိုက်ကောက်ခြင်း ဆောင်ရွက်ခဲ့ပါသည်။
𝑅𝑒𝒹𝓊𝒸𝑒, 𝑅𝑒𝓊𝓈𝑒 & 𝑅𝑒𝒸𝓎𝒸𝓁𝑒.