ဆင်ဖြူကျွန်းမြို့

ဆင်ဖြူကျွန်းမြို့ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့

02/06/2026

မိုးနှစ်ရက်ရွာပြီး စလင်းချောင်းရေကြီးလို့ တောင်သူစိုက်ခင်းများစွာ ဆုံးရှုံး

TNV၊ ဇွန် ၁
ဟေဇယ်

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ မေ ၃၀ ရက်နဲ့ ၃၁ ရက်နေ့တွေက မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် စလင်းချောင်းရေတက်ကာ ချောင်းဘေးနားတစ်လျှောက် ကျေးရွာအများအပြားက တောင်သူတွေ စိုက်ထားတဲ့ နှမ်း၊ မြေပဲ၊ ငရုတ် စတဲ့ သီးနှံစိုက်ခင်းတွေ ပျက်စီးခဲ့ပါတယ်။

ငသန်ခေါင်းကျေးရွာအုပ်စုအတွင်းရှိ ငသန်ခေါင်းရွာနဲ့ ဂွေးကုန်းရွာတစ်လျှောက်အပြင် ပန်းတောကြီးကျေးရွာအုပ်စုနဲ့ စည်ဆွဲကျေးရွာအုပ်စုအထိ ချောင်းရေကြီးခဲ့တာဖြစ်လို့ သီးနှံဆုံးရှုံးမှု အတော်များတယ်လို့ စုံစမ်းသိရပါတယ်။ ပမာဏအတိအကျတော့ မသိရသေးဘူး။

သမြင်ကင်းကျေးရွာအုပ်စုက ကညှပ်ရွာသားကတော့ အခုလိုပြောပါတယ်။

"ဧက ၃၀ ကျော်လောက် ပါသွားတာ၊ တစ်ရွာထဲတော့ မဟုတ်ဘူး။ စလင်းချောင်းဘေး ကိုင်း၊ ကျွန်းတွေမှာ စိုက်ထားတာလေ။ မြေပဲတို့ နှမ်းတို့က ရေအိုင်သွားရင် မရတော့ဘူး။ ငရုတ်ကတော့ ရဦးမယ်ထင်တယ်ဗျ"

တချို့ရွာတွေဟာ ကိုင်း၊ ကျွန်း အနိမ့်ပိုင်းတွေမှာရှိပြီး နှစ်စဉ် လုပ်ကိုင်စိုက်ပျိုးကြပေမယ့် အခုနှစ်မှာတော့ ရေစီးကြောင်းက ကုန်းပိုင်းဘက်ကို ဆင်းလာတာကြောင့် အခုလို စိုက်ခင်းတွေ ရေနစ်ပျက်စီးရတာလို့ သူက ရှင်းပြပါတယ်။ အခုလို ချောင်းရေတက်တာကြောင့် ဒေသခံတောင်သူတွေအနေနဲ့ သီးနှံတွေအပြင် စိုက်ပျိုးစရိတ်တွေပါ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

တောင်သူတွေဟာ စစ်ကြောင်းထိုးတာနဲ့ တိုက်ပွဲဖြစ်ပွားနိုင်တာတွေကိုလည်း စိုးရိမ်နေကြရတယ်လို့ The Nation Voice ကို ပြောပါတယ်။

"မနှစ်ကဆိုရင် ကျွန်တော်တို့ မျိုးစေ့တွေ ကြဲပြီးချိန်ပေါ့။ ရွာဘက်မှာ တိုက်ပွဲဖြစ်တော့ ဘာမှ အပင်တွေ ဂရုမစိုက်နိုင်ဘူး။ ရိတ်ချိန်တန်လည်း မရိတ်ရဘူး။ ရွာဘေးမှာလည်း မိုင်းတွေ ထောင်ထားတော့ မသွားရဲဘူး။ မလွယ်ပါဘူးဗျာ" လို့ စလင်းဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ပဲတီစိမ်းတွေ ကောက်ရမယ့်အချိန်မှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေက လမ်းဖွင့်မပေးတာကြောင့် ပဲတွေ မကောက်လိုက်ရဘဲ ဆုံးရှုံးခဲ့ရဖူးတယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ စားဝတ်နေရေးအတွက်ဆိုပြီး လုပ်ရတာပေါ့။ စီးပွားရေးအရတော့ မလုပ်နိုင်ဘူး။ မလုပ်ရင်လည်း ငတ်တော့မှာဗျ။ ခုက စစ်ကြီးဖြစ်နေတော့ ကျွန်တော်တို့ တောင်သူလယ်သမားတွေလည်း မလွယ်ပါဘူးဗျာ" လို့ အဆိုပါ ဒေသခံတောင်သူက ငြီးငြူပါတယ်။

မကွေးတိုင်းမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့လည်း မိုးလေဝသ သတင်းတွေက ကြေညာထားပါတယ်။ နှစ်ရက်တာ မိုးသည်းထန်စွာ ရွာသွန်းပြီး ယနေ့မှာတော့ မိုးလေငြိမ်သက်နေတယ်လို့ တောင်သူတွေက ပြောပါတယ်။

30/05/2026

ဆင်ဖြူကျွန်းမြို့၊ စလင်းချောင်း အနောက်ဘက်၊ ချောင်းဖြူရွာ ကြာပုံထန်းလျက် ဘယ်လိုလုပ်တာလဲ

Video - TikTok

30/05/2026
၁၂၂ မမ အတွဲလိုက်ဒုံးတွေ
30/05/2026

၁၂၂ မမ အတွဲလိုက်ဒုံးတွေ

သတင်းကြီး
30/05/2026

သတင်းကြီး

လှပ
29/05/2026

လှပ

29/05/2026

မင်းဘူးက နတ်ရေကန်သို့ ထောက်ပို့စစ်ကား တိုက်ခိုက်ခံရ၊ စစ်သား ၃ ဦးသေဆုံးပြီး ၃ ဦး ဖမ်းဆီးခံရ

TNV၊ မေ၊၂၉
အောင်ကြီး

မင်းဘူးမြို့နယ် ဇီးအိုင်ရွာအနီးတွင် မေလ ၂၈ ရက် နံနက် ၇ နာရီဝန်းကျင်ခန့်က မင်းဘူးမြို့မှ နတ်ရေကန်သို့ စစ်လက်နက်ခဲယမ်းနှင့် အင်အားဖြည့်တင်းရန် လာသည့် စစ်ကားကို အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၃ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကျန်ရှိသည့် စစ်သားများမှာ နောက်ဆုတ်ထွက်ပြေးသွားကြကြောင်းလည်း သိရသည်။ ထို့ပြင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

အလားတူ စကုမြို့နယ်တွင်လည်း စစ်တပ်စစ်ကြောင်းက နဘဲကုန်းရွာရှိ သုဿန်ဇရပ်ကို မီးရှို့ဖျက်ဆီးသွားခဲ့ပြီး မန်းချောင်းမြောင်းဘက်သို့ စစ်ကြောင်းထိုးလာနေသောကြောင့် မြောင်းဘောင်တလျှောက်ရှိ ကျေးရွာများမှ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရကြောင်း The Nation Voice ကို ဒေသခံတစ်ဦးက ပြောသည်။

29/05/2026

မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေးစစ်ကြောင်း - ၂ ( MFUDC -2 ) နှင့်
မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေးစစ်ကြောင်း - ၄ ( MFUDC - 4 )
ဖွဲ့စည်းပြီးကြောင်း ထုတ်ပြန်ကြေငြာချက်

29/05/2026

နင်းမိုင်း အိမ်ယူလာမိလို့ ပေါက်ကွဲပြီး ရွာခံသုံးဦးဒဏ်ရာပြင်းထန်

The Nation Voice၊ သတင်း ငြိမ်း (TNV)၊ မေ ၂၉

မကွေးတိုင်း၊ စလင်းမြို့နယ် မေလ ၂၈ရက်မှာ ထန်းပင်ကုန်းရွာသားတစ်ဦးဟာ စမ်းကလေး(မြောက်) ရွာမှာ စစ်ကော်မရှင်စစ်ကြောင်းဝင်ရောက်စဉ်က ထောင်ခဲ့တဲ့ မြေနင်းမိုင်းတစ်လုံးကို တွေ့ပြီး အိမ်ယူလာခဲ့ကာ တံစဉ်နဲ့ ကလော်ဖြုတ်ခဲ့တာကြောင့် ပေါက်ကွဲခဲ့ပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး စုစုပေါင်းပြည်သူသုံးဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး အမျိုးသားနှစ်ဦးကတော့ စိုးရိမ်ရတဲ့အနေထားရှိတယ်လို့ ရွာခံတစ်ဦးက ကိုပြောပါတယ်။

The Nation Voice ကကြည့်ခွင့်ရတဲ့ပုံထဲမှာ အမျိုးသားတစ်ဦး လက်နှစ်ဖက်လုံး လက်ကောက်ဝတ်ကနေ ဆုံးရှုံးထားပြီး တခြားအမျိုးသားတစ်ဦးကလည်း မျက်နှာမှာပြင်းထန်တဲ့ ဒဏ်ရာရှိထားပါတယ်။ ပေါက်ကွဲခဲ့တဲ့မြေနင်းမိုင်းကို စစ်တပ်သုံး M14 မိုင်း လို့ယူဆရပေမယ့် အတည်မပြုနိုင်ပါဘူး။

ဒီသတင်းနဲ့ အတူ စစ်ကျန်လက်နက်ပစ္စည်း အသုံးအဆောင်တွေကို မထိ၊မကိုင်ကြဖို့နဲ့ မြေမြုပ်မိုင်း အန္တရာယ်ကိုသတိပြုဖို့ထပ်လောင်းနှိုးဆော်အပ်ပါတယ်။

Address

Sinbyugyun, Magwe
Sinbyugyun
04042

Website

Alerts

Be the first to know and let us send you an email when ဆင်ဖြူကျွန်းမြို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share