28/09/2025
🙏အားနားနားနဲ့ဘဲ အကူညီတောင်းပါရစေ။
စာလေးအနည်းငယ်ရှည်တာမို့အဆုံးထိဖက်စေလိုပါတယ်ဗျ။
-ကျနော် တပ်ဖွဲ့ "အထွေထွေအသုံးအစရိတ်"အတွက် အလှူခံတာလေးနားထားတော့ လကုန်ရက်အမှီလေး အလှူလေး ခံချင်ပါတယ်ဗျ။ကမ်ပိန်းပြီးတာလည်းမကြာသေးတာရယ်\ MOD Certificates ၇လဝန်းကျင်ရှိပါပြီစောင့်နေရတော့အလှူရှင်တွေထံCertiတွေ မပို့နိုင်လို့ရယ်နောက်ပီးကျနော်တို့မဟာမိတ်အဖွဲ့တစ်ဖွဲ့ကမ်ပိန်းပြုလုပ်နေတာရယ်တစ်ကြောင်း အဲဒီအတွက်ကြောင့် ဖြစ်သလိုအဆင်ပြေအောင်ကြိုးစားနေခဲ့ပါတယ်ဗျ။လက်ရှိမှာတော့တပ်ဖွဲ့မှာ အထွေထွေအသုံးစရိတ်လေးအလှူခံချင်ပါတယ်ဗျ။
-ကျနော်တို့တပ်ဖွဲ့အတွက် Spring CrowdFund - နွေဦးလူထုရန်ပုံငွေ မှကျည်ကာကမ်ပိန်းပြုလုပ်ပေးခဲ့ပါတယ်။ပြုလုပ်ခဲ့တဲ့ ကျည်ကာ ကမ်ပိန်းလေး ဟာ(၁၄.၈.၂၀၂၅)မှာပြီးဆုံးခဲ့ပြီးscf platformထံမှ ကမ်ပိန်းမှရရှိငွေမြန်မာငွေကျပ်(၆,၈၉၆,၆၁၂)တိတိကိုရရှိခဲ့ပါတယ်။ရရှိလာတဲ့ရန်ပုံငွေများကိုလည်းအလေအလွှင့်မရှိဘဲ ကျနော်တို့ ကျည်ကာများကို မှာယူထားပါတယ်ဗျ။
(မှာယူထားတာများရောက်ရှိလာပါကလည်း video နှင့်တကွတင်ပြပါမည်။)
-အရေးကြီးတာလေးဆက်လက်ပြောပြပါမည်။
တပ်ဖွဲ့မှာ ရှေ့တန်းထွက်ရဲဘော်များရဲ့ခရီးစရိတ်\အသုံးစရိတ် (ကိုယ့်ရဲ့လုံခြုံရေးသည်အဓိကမို့ လုပ်ဆောင်ချက်များကို social media ပေါ်မှာပိုစ့်တွေ မတင်တာပါဗျ)
တပ်ဖွဲ့ရဲ့အထွေထွေအသုံးစရိတ်တွေအတွက် သိန်း(၅၀)ရက်တို ကမ်ပိန်း အလှူလေးခံချင်ပါတယ်ဗျ။
-တော်လှန်မိဘပြည်သူများနှင့်နိုင်ငံတကာကFRများ လည်းတတ်အားသလောက်ပါဝင်ပေးဖို့ရာ အနူးညွတ်တောင်းဆိုချင်ပါတယ်ဗျ။
ငွေအားမတတ်နိုင်ပါကလည်းယခုပိုစ့်လေးကို
RCSဖြင့်လည်းကူညီနိုင်ပါတယ်ဗျ။
#အဆုံးထိတိုက်မယ်
#ရွှေဘိုဖက်ဒရယ်အာမီ
#ရွှေဘိုခရိုင်
#ရိက္ခာ
#အထွေထွေအသုံးစရိတ်