06/09/2026
ခြောက်တိုင်း
ကြောက်ပြနေရအောင်လည်း
နှပ်ချေးတွဲလောင်းနဲ့
ကလေးတွေမှ မဟုတ်တော့တာ
ငှက်ပျောလက် သေနတ်ခေတ်မှာ
အောင်ဆန်းရဲ့ သမိုင်းကိုဖတ်ပြီး
မောင်းပြန်ရိုင်ဖယ် ကိုင်ရတဲ့ခေတ်မှာ
ဂျေဂွေဗားရားရဲ့ အထ္ထုပ္ပတ္တိဖတ်ရင်း
ငါတို့ဟာ
လူလားမြောက်နေပြီ ။ ။
#ခွန်ဟိဏ်း