03/03/2026
ကမ်ပိန်းလေးကိုကူညီပေးကြပါအုံးဗျ🙏
ပြည်သူ့မေတ္တာ အသက်ကယ်ကျည်ကာ
📲 springcrowdfund.org/c/WateuG
ကမ်ပိန်းရည်ရွယ်ချက်
ကျွန်တော်တို့က ရွှေဘိုခရိုင်အမှတ်(၄)တပ်ရင်းလက်အောက်ခံ "မဟူရာရွှေဘိုသား ဒေသခံပြည်သူ့ကာကွယ်ရေး" အဖွဲ့ဖြစ်ပါတယ်။ မိဘပြည်သူများကို မတရားအဓမ္မအနိုင်ကျင့်နေသော
စစ်အာဏာရှင်စနစ်ကို ကျရှုံးသွားဖို့အတွက် ပြည်သူများရှေ့ကနေ ကျွန်တော်တို့ရဲဘော်များမှ အသက်ပေး၍ တွန်းလှန်နေပါတယ်ဗျ။
အာဏာရှင်ကိုတော်လှန်ရင်း အသက်ပေးကာကွယ်ပေးနေသော ကျွန်တော်တို့အဖွဲ့ လတ်တလောကမှ အာဇာနည်သူရဲေကာင်း ရဲဘော်နှစ်ဦးအသက်ပေးသွားကာ ယူကျုံးမရဖြစ်ခဲ့ရပါတယ်ဗျ။ ထို့ကြောင့် ပြည်သူများအတွက် အသက်ပေးထားသော ရဲဘော်များထိခိုက်ဆုံးရှုံးမှုနည်းစေရန်အတွက် ပြည်သူ့မေတ္တာကျည်ကာများ လိုအပ်နေပါတယ်ဗျ။
ထိုကြောင့်မိဘပြည်သူများအနေနဲ့ အမှန်တရားဘက်တော်သား ရဲဘော်များဘေးကင်းလုံခြုံဖို့အတွက် ပြည်သူ့အားလုံးညီညွတ်မှုအားဖြင့် ပါဝင်ထောက်ပို့ကူညီပေးဖို့ ပြည်သူလူထုကို အလေးပြုကာ တောင်းဆိုအပ်ပါတယ်ဗျ။