ဆိပ်ဖြူမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

  • Home
  • Myanmar
  • Seikpyu
  • ဆိပ်ဖြူမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ဆိပ်ဖြူမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆိပ်ဖြူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

09/01/2026
အမျိုးသားညီညွတ်ရေးအစိုးရမကွေးဖက်ဒရယ်ယူနစ်၊ ပခုက္ကူခရိုင်ဆိပ်ဖြူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်ကြေညာချက်၂၀၂၄ ခုန...
03/10/2024

အမျိုးသားညီညွတ်ရေးအစိုးရ
မကွေးဖက်ဒရယ်ယူနစ်၊ ပခုက္ကူခရိုင်
ဆိပ်ဖြူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ထုတ်ပြန်ကြေညာချက်
၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂)ရက်

#ဆိပ်ဖြူပအဖ

"တသံတည်းညီ တချီတည်းရုန်း"●──●──●──●──●──●──●လာမယ့် ဖေဖော်ဝါရီ (၁) ရက်နေ့ဆိုရင် ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၂) နှစ်ပြည့်...
31/01/2023

"တသံတည်းညီ တချီတည်းရုန်း"
●──●──●──●──●──●──●

လာမယ့် ဖေဖော်ဝါရီ (၁) ရက်နေ့ဆိုရင် ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၂) နှစ်ပြည့် တနည်းပြောရရင် စစ်အာဏာသိမ်းမှု (၂) နှစ်ပြည့်ချေပြီ။

ဒီလို တော်လှန်ရေး (၂) နှစ်ပြည့်တဲ့အချိန်မှာ ကျနော်တို့ ပြည်သူတွေ သွေးအေးမနေဘူး၊ သွေးကြောင်မသွားဘူး၊ စစ်အုပ်ချုပ်ရေးယန္တရားအောက်မှာ အသားကျမသွားဘူးဆိုတာကို ကမ္ဘာသိ၊ မြန်မာသိ ဆက်လက် ဖော်ထုတ်ပြသနေကြဖို့ လိုပါတယ်။ အထူးသဖြင့် အကြမ်းဖက်စစ်အုပ်စုရဲ့ အရေးပေါ်အခြေအနေ သက်တမ်းကုန်ဆုံးမယ့်နေ့လည်းဖြစ်တာမို့ ကမ္ဘာကြီးက အဲ့နေ့မှာ ကျနော်တို့ မြန်မာ့အရေးကို ပိုလို့ စိတ်ဝင်စားစွာ စောင့်ကြည့်နေကြပါလိမ့်မယ်။

ဒါ့ကြောင့် ကျနော်တို့ ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၂) နှစ်ပြည့်တဲ့ (ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၃) မှာ တနိုင်ငံလုံး၊ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူအားလုံး ပါဝင်ဆင်နွှဲနိုင်တဲ့ “အပြင်မထွက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်” (Silent Strike) ကြီး ဖော်ဆောင်၊ ဆင်နွှဲကြဖို့ ဖြစ်ပါတယ်။

ကျနော်တို့ လူထုရဲ့ Silent Strike လှုပ်ရှားမှုဟာ အကြမ်းဖက် စစ်အုပ်စု တုန်နေအောင်၊ ပြာနေအောင် ကြောက်တဲ့ လူထုတိုက်ပွဲနည်းနာလည်း ဖြစ်တယ်။ ကမ္ဘာမှာ တနိုင်ငံလုံးအဆင့် ဒီလိုသပိတ်မျိုးလုပ်နိုင်ဖို့ဆိုတာ ရှားမှ ရှားပြီး ကျနော်တို့ ပြည်သူတွေ သွေးစည်းညီညွတ်မှုကြောင့်သာ တနိုင်ငံလုံးအဆင့် အောင်အောင်မြင်မြင် ဆင်နွှဲနိုင်ကြတဲ့ အသံတိတ်သပိတ်ကြီး ဖြစ်ပါတယ်။

ကျနော်တို့ ဒီတစ်ခေါက်မှာ Silent Strike လူထုလှုပ်ရှားမှုကြီးရဲ့ နောက်ထပ်လေးနက်တဲ့ အဓိပ္ပာယ်တရပ်လည်း ရှိပါသေးတယ်။ အခုဆို အကြမ်းဖက်စစ်အုပ်စုဟာ ဒင်းတို့ရဲ့ ထွက်ပေါက်၊ နိုင်ငံရေးလှည့်ကွက်အနေနဲ့ တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲ၊ တနည်းပြောရရင် “လုပ်ပွဲ” တခုကို အဓမ္မကျင်းပဖို့ ပြင်ဆင်နေတာကို အားလုံး သိရှိကြမှာပါ။ အခု ကျနော်တို့ လူထုရဲ့ အပြင်မထွက်၊ အသံတိတ်သပိတ်လှုပ်ရှားမှုကြီးက ဒီတရားမဝင် ရွေးကောက်ပွဲကို လူထုက လုံးဝ လက်မခံကြောင်း၊ ဆန့်ကျင်ကြောင်းကိုလည်း ဖော်ထုတ်၊ သက်သေပြခြင်းလည်း ဖြစ်ပါတယ်။

ကျနော်တို့ အပြင်မထွက်ဘူး၊ တိတ်ဆိတ်ငြိမ်သက်တယ်ဆိုတာက ကြောက်တာ၊ သွေးအေးတာ လုံးဝ မဟုတ်ဘူး။ ငါတို့ မြို့၊ ငါတို့ရွာကို ငါတို့သာ ပိုင်တယ်၊ တော်လှန်ရေးအတွက် ငါတို့ ငြိမ်ရင် ငြိမ်မယ်၊ ငါတို့ လှုပ်ရင် လှုပ်မယ်ဆိုတာကို အကြမ်းဖက် စစ်မိစ္ဆာတွေ သိစေဖို့ဖြစ်တယ်။ နောက်၊ ပြည်သူတွေက သိကြပြီးဖြစ်မှာပါ။ ဒီဖေဖော်ဝါရီ (၁) ရက်နေ့မှာပဲ အကြမ်းဖက်စစ်အုပ်စုဘက်ကလည်း လူစုလူဝေးနဲ့ အင်အားပြပွဲတွေ၊ စစ်တပ်ထောက်ခံပွဲဆိုတာတွေကို အကြီးအကျယ်လုပ်ကြဖို့ ပြင်ဆင်နေပါတယ်။ ကျနော်တို့ ပြည်သူတွေအနေနဲ့တော့ အဲ့ဒီ အကြမ်းဖက် လူအုပ်စုနဲ့ ဝေးဝေးရှောင်၊ မပတ်သက်ကြဖို့ပါပဲ။ ကိုယ့်နေရာမှာသာ ကိုယ်နေကြဖို့ ဖြစ်ပါတယ်။

ဒါ့ကြောင့် လာမယ့် ဖေဖော်ဝါရီလ (၁) ရက်နေ့၊ မနက် (၁၀) နာရီကနေ ညနေ (၃) နာရီတွင်းမှာ ကျနော်တို့တွေအားလုံး အပြင်ကို (လုံးဝ) မထွက်ကြဘူးဗျာ။ ကိုယ့်အိမ်၊ ကိုယ့်အလုပ်ခွင်၊ ကိုယ့်ဆိုင်၊ ကိုယ့်ရုံးစတဲ့ ကိုယ်ရှိနေတဲ့ နေရာမှာပဲ နေကြမယ်။ အဲ့ဒီနေ့၊ အဲ့ဒီအချိန်တွင်းမှာ လမ်းတွေထက်မှာ၊ အများပြည်သူနေရာတွေမှာ လူသူကင်းမဲ့ ခြောက်သွေ့နေရမယ်၊ တိတ်ဆိတ်နေရမယ်ဗျာ။ အဲ့လို ကိုယ့်နေရာမှာ ကိုယ်နေ နေတဲ့ အချိန်မှာလည်း ပြည်သူ့တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်ရာဖြစ်ကြောင်း တစ်ခုခုကို ထပ်ပြီးလုပ်ကြဦးမယ်ဗျာ။ ဥပမာ၊ PDF တွေအတွက် ခါတိုင်းထက်ပိုပြီး Click ကြမယ်ဗျာ၊ လှူကြမယ်ဗျာ။ အကြမ်းဖက် စစ်အုပ်စု လက်ချက်ကြောင့် ကျဆုံးခဲ့ရ၊ ပေးဆပ်ခဲ့ရ၊ အကျဉ်းထောင်တွေထဲ ရောက်နေကြရတဲ့ ရဲဘော်တွေအတွက် ထောက်ပံ့၊ လှူဒါန်း၊ ကုသိုလ်ပြုကြမယ်။ အခုလို (၂) နှစ်ပြည့်ချိန်မှာ နွေဦးတော်လှန်ရေးကို ရည်ညွှန်းတဲ့ သရုပ်ဖော်မှု Performance တွေကိုလည်း ဉာဏ်ရှိရင် ရှိသလို ကွန့်မြူး ဖော်ဆောင်ကြမယ်ဗျာ။

အခု (၂၀၂၃) ခုနှစ်ကို “အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်” သတ်မှတ်ထားကြတဲ့အတိုင်း အားကုန်ထုတ်၊ ရုန်းကန်တိုက်ပွဲဝင်သွားကြဖို့ ဖြစ်တယ်။ ဒါ့ကြောင့် လူထုတရပ်လုံးအနေနဲ့ “တသံတည်းညီ တချီတည်းရုန်း” ကြပြီး အဆုံးသတ်တိုက်ပွဲကို အတူလှမ်းချီကြပါစို့လို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျား/ရှင်။

#တသံတည်းညီ_တချီတည်းရုန်း

#တရားမဝင်ရွေးကောက်ပွဲကို_တိုက်ဖျက်ကြ_တိတ်ဆိတ်မှုနဲ့_သက်သေပြ





#လုံးဝအုပ်ချုပ်ခွင့်မရစေရ

#အရေးတော်ပုံ_အောင်ရမည်

အမျိုးသားညီညွတ်ရေးအစိုးရပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆိပ်ဖြူမြို့နယ်အကြမ်...
10/01/2023

အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန
မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ဆိပ်ဖြူမြို့နယ်
အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်း မပြုရန် ကြေညာခြင်း
အမိန့်ကြေညာစာအမှတ် (၁/၂၀၂၃)
၁၃၈၄ ခုနှစ်၊ ပြာသိုလပြည့်ကျော် (၅)ရက်
၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၀)ရက်

၁။ အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်အတုအယောင် ရွေးကောက်ပွဲအတွက် ဆိပ်ဖြူ မြို့နယ်အတွင်းတွင် စစ်ကောင်စီ လက်ကိုင်တုတ်များဖြစ်သော အုပ်ချုပ်ရေးအဖွဲ့များ နှင့် လဝကအဖွဲ့များက လူဦးရေ နှင့် သန်းခေါင်စာရင်းများကို အတင်းအကျပ်ကောက်ခံနေကြောင်း သိရပါသည်။
၂၊၊ အဆိုပါ အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်အတုအယောင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆိပ်ဖြူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အမိန့်ကြေညာစာအမှတ် (၂/၂၀၂၃) နှင့်အညီ အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။
(က) ပြည်သူများအနေဖြင့် ဇန်နဝါရီလ (၉) ရက်နေ့မှ (၂၁)ရက်နေ့အထိ အကြမ်းဖက် ဖက်ဆစ်စစ်အုပ်စု၏ တစ်အိမ်တက်ဆင်း လူဉီးရေစာရင်းကောက်ယူခြင်းလုပ်ငန်းစဉ် ကို ငြင်းဆန်၍ မပူးပေါင်းကြရန် မေတ္တာရပ်ခံအပ်ပါသည်။
(ခ) တစ်အိမ်တက်ဆင်း မြေပြင်လူဦးရေစာရင်း ကောက်ယူနိုင်ရေးအတွက် အားပေး အားမြှောက်ပြုဆောင်ရွက်ကြသည့် အကြမ်းဖက် ဖက်ဆစ်စစ်အုပ်စု၏ အုပ်ချုပ်ရေး အဖွဲ့များ၊ လဝကအဖွဲ့များ နှင့် အခြားမည်သည့်ဒေါက်တိုင်မဆို အကြမ်းဖက်မှု တိုက်ဖက်ရေးဉပေဒဖြင့် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။

အဖွဲ့ခေါင်းဆောင်
မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ဆိပ်ဖြူမြို့နယ်

#ဆိပ်ဖြူပအဖ

21/10/2022
အမျိုးသားညီညွတ်ရေးအစိုးရပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆိပ်ဖြူမြို့နယ်၂၀၂၂ ...
13/09/2022

အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန
မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ဆိပ်ဖြူမြို့နယ်
၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၃) ရက်
ဒေသန္တရအမိန့်(၁/၂၀၂၂)

၁။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ယန္တရားအတွက် တာဝန်ထမ်းဆောင်နေကြသော Non CDM ဝန်ထမ်းများ သိရှိလိုက်နာစေရန် အောက်ပါအချက်များကို အမိန့်ထုတ်ပြန် ကြေညာလိုက်သည်။
(က) Non CDM များအနေဖြင့် တရားမဝင် အာဏာသိမ်း စစ်ကောင်စီ လက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်ခြင်းမပြုဘဲ နှုတ်ထွက်(အလင်းဝင်)ကြရန်
(ခ) Non CDM များအနေဖြင့် ပြည်သူလူထုနှင့် CDM များအား အနှောင့်အယှက်ပေးခြင်း၊ ခြိမ်းခြောက်ခြင်း နှင့် အကြမ်းဖက် စစ်ကောင်စီကို လက်ကိုင်တုတ်သဖွယ် အထောက်အပံ့ပြုခြင်း (လုံးဝ) မပြုလုပ်ရန်
၂။ သို့ဖြစ်ပါ၍ ဤအမိန့်ကြေညာချက်ပါအတိုင်း လိုက်နာဆောင်ရွက်ခြင်းမပြုပါက Non CDM ဝန်ထမ်းများကို အမျိုးသားညီညွတ်ရေးအစိုးရ၏ မူဝါဒလမ်းညွှန်ချက်၊ ဉပဒေများနှင့်အညီ ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ကြေညာလိုက်သည်။

အဖွဲ့ခေါင်းဆောင်
မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ဆိပ်ဖြူမြို့နယ်
စာအမှတ် ။ ၀၀၃/ပအဖ(ဆဖ)/၂၀၂၂
ရက်စွဲ ။ ၂၀၂၂ ခုနှစ် စက်တင်ဘာလ(၁၃)ရက်

#ဆိပ်ဖြူပအဖ

Address

Seikpyu

Website

Alerts

Be the first to know and let us send you an email when ဆိပ်ဖြူမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share