10/08/2025
10.8.2025 ၁၃၈၇ ခု ဝါခေါင်လပြည့် ကျော်၂ရက်
၁၃၈၆ခုတပေါင်းလကွယ်နေ့ (28.3.2025)နေ့ နေ့လည်
၁၂း၅၂ နာရီအချိန်ခန့်ကအလွန် အင်အားပြင်သည့်ငလျှင်
လှုပ်ခပ်သွားသည့်အတွက် ဆွမ်းဦးပုရှင်စေတီတော်ကြီး၊ရုပ်ပွားတော်မြတ်ကြီးနှင့်အခြားသောသာသနိကအဆောက်အဦးများပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပါသည် ယခုရှင်းလင်းရေးလုပ်ငန်းများ ရာနှုံးပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများကို သီတဂူဆရာတော်ဘုရားကြီး၏ဦးဆောင်မှုဖြင့် ဂေါပကအဖွဲ့မှအနီးကပ်ကြိကြပ်ဆောင်ရွက်လျှက်ရှိရာ ပြည်တွင်း၊ပြည်ပ ရပ်နီးရပ်ဝေး အလှူရှင်များ
စဥ်ဆက်မပြတ်လှူဒါန်းလျှက်ရှိပါသည် ။
ယနေ့နံနက် ကဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးလုံးတော်ပြည့်ရွှေသင်္ကန်းပြန်လည်ကပ်လှူသည့်အခါ ကြေးပြား ကြေးဖရိန်များကပ်ရာတွင်အသုံးပြုနိုင်ရန်အတွက်
စတီးစကူ ၁၅၄၀၀၀ ကို ရန်ကုန်မြို့ဗိုလ်တစ်ထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ဂေါပကအဖွဲ့မှလှူဒါန်း
ရာ ဂေါပကဥက္က ဦးအောင်မြတ်ကိုယ်တိုင်ကြွရောက်လှူဒါန်း၍ဆွမ်းဦးပုညရှင်ဂေါပကဥက္ကဌနှင့်အဖွဲ့ကလက်ခံ
ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်၍ကျေး
ဇူးတင်စကားပြန်လည်ပြောကြားပါသည်
နိဗ္ဗာန်၏အထောက်အပန့်ဖြစ်ကြပါစေ။
လှူဒါန်းလိုသူ စေတနာရှင် ပါရမီရှင်များ အနေဖြင့်
သီတဂူဆရာတော်ဘုရားကြီး ထံသို့၎င်း
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့၎င်း
ဆွမ်းဦးပုရှင် ဂေါပကအဖွဲ့ ထံသို့၎င်း ဆက်သွယ်လှူဒါန်းရန် နိုးဆော်တိုက်တွန်းအပ်ပါသည်။
ဦးစိုးဝင်း ( ဥက္ကဌ)ဖုန်း 092130106
ဦးကျော်လှ ( အတွင်းရေးမှူး) ဖုန်း 09400532773
ဦးရဲနောင် ( ဘဏ္ဍာရေးမှူး) ဖုန်း 09400532782
ဦးသာနိုး (ရုံးအဖွဲ့မှူး) ဖုန်း 09798761025
ဦးသစ်ထူးမြင့် (တိုင်းဒေသကြီးစည်ပင်သာယာညွှန်ကြား
ရေးမှူး ဖုန်း 09696451685)
UAB အမရပူရ ဘဏ်ခွဲ စာရင်းအမှတ်
0441060100012926 သို့၎င်း
မြန်မာ့စီးပွားရေးဘဏ် စစ်ကိုင်းဘဏ်ခွဲ စာရင်းအမှတ်
CF 005962 သို့၎င်း
CB BANK စစ်ကိုင်း ဘဏ်ခွဲ စာရင်းအမှတ်
0005100900003581 သို့၎င်း
KBZ BANK စစ်ကိုင်း ဘဏ်ခွဲ စာရင်းအမှတ်
05851205800217603 သို့၎င်း
Uabpay အကောင့်သို့ ၎င်း
လွှဲပို့လှူဒါန်းနိုင်ပါသည်။
ဥွီးစိုးဝင်း ( ဥက္ကဌ)
ဆွမ်းဦးပုညရှင်စေတီ တော်ဂေါပကအဖွဲ့
...... ဖုန်း 092130106 Kpay & Wavepay