Union Solidarity and Development Party - Sagaing Region

Union Solidarity and Development Party - Sagaing Region This is the official page of USDP Sagaing Region

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မူးမြစ်ရေဝင် ရောက်ခဲ့သည့် မုံရွာ-စစ်ကိုင်းက...
11/08/2026

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မူးမြစ်ရေဝင် ရောက်ခဲ့သည့် မုံရွာ-စစ်ကိုင်းကားလမ်းမကြီးဘေးရှိ ညောင်ပင်ဝန်းကျေးရွာ ကားလမ်းရေကျော် နေမှုနှင့် ကျေးရွာအတွင်း ရေဝင်မရောက်နေ အခြေအနေများ ကြည့်ရှုစစ်ဆေးခြင်းနှင့် စစ်ကိုင်း မြို့နယ်အတွင်း ရေဝင်ရောက်ခဲ့သည့် ရပ်ကွက်/ကျေးရွာများရှိ ဒေသခံပြည်သူများအား ဆန်/ဆီ နှင့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား တက်ရောက်

မုံရွာ၊ ဩဂုတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဩဂုတ်လ ၁၁ ရက်၊နံနက်ပိုင်း တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မူးမြစ်ရေ လျှံပြီးရေဝင်ရောက်ခဲ့သည့် မုံရွာ-စစ်ကိုင်းကားလမ်းမကြီးဘေးရှိ ညောင်ပင်ဝန်းကျေးရွာ ကား လမ်းရေကျော်နေမှု အခြေအနေများနှင့် လူနေအိမ်များအတွင်း ရေဝင်ရောက်မှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာ-
စစ်ကိုင်းကားလမ်းမကြီးဘေးရှိ ညောင်ပင်ဝန်းကျေးရွာ ကားလမ်းရေကျော်နေမှုအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများစုပေါင်း၍ ကားလမ်း မကြီးတစ်လျှောက် ကားများလမ်းကြောင်းမှန်မောင်းနှင်နိုင်ရေး ဆောင် ရွက်နေမှုများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ညောင်ပင်ဝန်းကျေးရွာနှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေး အပ်ခဲ့ကြပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မုံရွာ-စစ်ကိုင်းကားလမ်းမကြီးဘေးရှိ ညောင်ပင်ဝန်းကျေးရွာဝန်းကျင်ရှိ ကားမကြီးတစ်လျှောက်အား ကုန်တင်ယာဉ်ကြီးများနှင့် ခရီးသည်တင်မော်တော်ယာဉ်များ အန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်း သွား လာနိုင်ရေးအတွက် တာဝန်ရှိသူများမှ အနီးကပ်ကြီးကြပ်စီမံ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ရေဝင်ရောက်ခဲ့သည့် လူနေအိမ်များအား လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကျေးရွာနေ ပြည်သူများနှင့် ဝိုင်းဝန်းပူးပေါင်းကာ ဘေးလွတ်ရာသို့ရွေ့ပြောင်းသွားရေး၊ မူးမြစ်ရေဝင်ရောက် သည့်ကာလအတွင်း ဒေသခံပြည်သူများအတွက် စားဝတ်နေရေးကိစ္စရပ်များနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးရေး လုပ်ငန်းများအား ဌာနဆိုင်ရာများမှ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည့် ပံ့ပိုးကူညီဆောင်ရွက်မှုများအား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင်း စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပြုလုပ်သည့် စစ်ကိုင်းမြို့နယ်ရှိ ရေဝင်ရောက်ခဲ့သည့် ရပ် ကွက်/ကျေးရွာများရှိ ဒေသခံပြည်သူများအား ဆန်/ဆီနှင့်စားသောက်ဖွယ်ရာများ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးအတွင်း မိုးအဆက်အပြတ်ရွာသွန်းမှုကြောင့် ရပ်ကွက်/ကျေးရွာများအချို့တွင် ကားလမ်းမများနှင့် လူနေအိမ်များအတွင်း မိုးရေများဝင်ရောက်ခဲ့ရာ မိုးရေများပြန်လည်ကျဆင်းပြီးပါက စာသင်ကျောင်းများသန့်ရှင်းရေး၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင် ရာများ၊ လူမူရေးအသင်းအဖွဲ့များနှင့် ပြည်သူများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လို အပ်ပါကြောင်း၊ ပြည်သူများစားသောက်ရေးများ အခက်အခဲမရှိစေရေးနှင့် ကုန်စည်များစီးဆင်းမှု ကောင်း မွန်စေရေး၊ ခရီးသွားလာမှုများအဆင်ပြေစေရေးတို့အတွက် တာဝန်ရှိသူ များမှ အလေးထားကာ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း မိမိရပ် ကွက်/ကျေးရွာများအတွင်းရှိ ရေနှစ်မြုပ်မှုကြောင့် အန္တရာယ်မဖြစ်စေရး၊ ကျန်းမာရေးလိုအပ်မှုများရှိပါက ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စစ်ကိုင်းမြို့နယ်ရှိ ရေဝင်ရောက်ခဲ့သည့် ညောင်ပင်ဝန်းကျေးရွာ၊ တလိုင်းကျွန်းကျေးရွာနှင့် ညောင်ပင်သာကျေးရွာများရှိ ဒေသခံပြည်သူများအား ဆန်/ဆီနှင့်စားသောက်ဖွယ်ရာများအား ထောက်ပံ့ပေးအပ်ကြပြီး ဒေသခံပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန် လည်ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အခမ်း အနားသို့ တက် ရောက်လာကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

Crd_​ဇေယျာ​ရွှေပြည်

စစ်ကိုင်းတိုင်းဒေသကြီးပါတီ​ေကာ်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၇/၂၀၂၆)နှင့် ပါတီအဆင့်ဆင့် ရွေးချယ်ရေးအစည်းအဝေးပြုလုပ်----...
10/08/2026

စစ်ကိုင်းတိုင်းဒေသကြီးပါတီ​ေကာ်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး
(၇/၂၀၂၆)နှင့် ပါတီအဆင့်ဆင့် ရွေးချယ်ရေးအစည်းအဝေးပြုလုပ်
----------------------------------
မုံရွာ ဩဂုတ် ၈

စစ်ကိုင်းတိုင်းဒေသကြီးပါတီ​ေကာ်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၇/၂၀၂၆)နှင့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအဆင့်ဆင့်ရွေးချယ်ဖွဲ့စည်းရေးလုပ်ထုံးလုပ်နည်းများရှင်းလင်းပြောကြားခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဩဂုတ်လ
(၈) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် စစ်ကိုင်း
တိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်
ခဲ့ပါသည်။

ရှေးဦးစွာ ဗဟိုအလုပ်အမှုဆောင် ပေါင်းစပ်ညှိနှိုင်းရေးမှူး ဦးတင့်လှိုင်မြင့် မှပါတီကော်မတီအဆင့်ဆင့်ရွေးချယ်ဖွဲ့စည်းရေးနှင့်ပတ်သက်ပြီးအမှာစကားပြောကြားရာတွင် ပါတီဌာနချုပ်၏ လမ်းညွှန်ချက္များနှင့်အညီပါတီအဆင့်ဆင့် ရွေးချယ်ဖွဲ့စည်းရေးလုပ်ငန်းများ
ကိုသေချာစွာဆောင်ရွက်ပေးသွားကြရန် အသေးစိတ် လမ်းညွှန်ပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးမင်းမင်းဇေယျာမြင့် က ရွေးချယ်ပွဲဆိုင်ရာလုပ်ထုံးလုပ်နည်းများအားထပ်ဆင့်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသော တိုင်းဒေသကြီးပါတီကော်မတီဝင်များက အကြံပြုဆွေးနွေးခဲ့ကာအစည်းအဝေးကို မွန်းတည့်(၁၂:၀၀) နာရီအချိန်၌ အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

04/02/2026
ICJ သို့ ဥပဒေအရ သွားရောက်ရင်ဆိုင်နေသော မြန်မာကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုမှတ်တမ်းတင်ကြောင်းနှင့် နိုင်ငံတော်၏ မူဝါဒသဘောထ...
20/01/2026

ICJ သို့ ဥပဒေအရ သွားရောက်ရင်ဆိုင်နေသော မြန်မာ
ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုမှတ်တမ်းတင်ကြောင်းနှင့် နိုင်ငံတော်၏ မူဝါဒသဘောထားများနှင့် တစ်သား
တည်းရပ်တည်လျက်ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီမှ သဘောထားထုတ်ပြန်ချက်.....
၂၀.၁.၂၀၂၆

Address

Sagaing

Opening Hours

Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Union Solidarity and Development Party - Sagaing Region posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Union Solidarity and Development Party - Sagaing Region:

Shortcuts

Share