စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်

  • Home
  • Myanmar
  • Sagaing
  • စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်

စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်, Emergency rescue service, Sagaing.

ကောလင်းမြို့နယ်တွင်း စစ်ရှောင်များ များပြားနေပြီး အကူအညီများလိုအပ်လျက်ရှိရက်စွဲ။      ။ ၁၆ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၆ ခုနှစ်...
16/02/2026

ကောလင်းမြို့နယ်တွင်း စစ်ရှောင်များ များပြားနေပြီး အကူအညီများလိုအပ်လျက်ရှိ

ရက်စွဲ။ ။ ၁၆ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၆ ခုနှစ်

ကောလင်းမြို့နယ်တွင်း စစ်ရေးအခြေအနေမတည်ငြိမ်မှုများကြောင့် ကျေးရွာ(၁၄) ရွာခန့်ရှိ အိမ်ခြေ(၂၂၀၀) ခန့်မှ ပြည်သူများစစ်ရှောင်တိမ်းနေရကြောင်း သိရှိရပါသည်။ စစ်ရှောင်နေရသည်မှာ ရက်သတ္တပတ် (၄) ပတ်ကျော်ထိ ကြာမြင့်နေပြီဖြစ်၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလည်း လိုအပ်လျက်ရှိနေကြောင်း ကြားသိရပါသည်။

#စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်
#ကောလင်းမြို့နယ်
#စစ်ရှောင်အခြေအနေ

ယင်းမာပင်မြို့နယ်တွင်းရှိ ရေရှည်စစ်ရှောင်ပြည်သူများအား အာဟာရထမင်းတစ်နပ်ကူမျှခဲ့ရက်စွဲ။    ။ ၉ ရက်၊ ဖေဖော်ဝါရီလ၊  ၂၀၂၆ ခု...
09/02/2026

ယင်းမာပင်မြို့နယ်တွင်းရှိ ရေရှည်စစ်ရှောင်ပြည်သူများအား အာဟာရထမင်းတစ်နပ်ကူမျှခဲ့

ရက်စွဲ။ ။ ၉ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၆ ခုနှစ်

ယင်းမာပင်မြို့နယ်တွင်းရှိ ရေရှည်စစ်ရှောင်ပြည်သူများအား ယနေ့မွေးနေ့ရှင် ဒေါက်တာသန့်ဇင်ထွန်းမှ (၃၀) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေဖြင့် အာဟာရဒါနထမင်းတစ်နပ် ကူမျှခဲ့ပါသည်။ အာလူးနှင့်ကြက်သားအ‌ရောချက်၊ ဟင်းချို၊ ငရုတ်သီးကြော်များဖြင့် ဖွယ်ဖွယ်ရာရာကျွေးမွေးခဲ့ပြီး အဆိုပါကူမျှမှုအား ကွန်ရက်၏ ယင်းမာပင်မြို့နယ်တာဝန်ခံအဖွဲ့ဖြစ်သော ပြည်သူမှပြည်သူသို့အဖွဲ့မှ တာဝန်ယူဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါသည်။

ယခုလို ကူမျှပေးခဲ့ပါသော ‌ယနေ့မွေးနေ့ရှင် ဒေါက်တာသန့်ဇင်ထွန်းလည်း သက်ရှည်ကျန်းမာပါစေ၊ ဘေးဘယာဝေးကွာပါစေ၊ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ကွန်ရက်အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

#စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်
#ယင်းမာပင်မြို့နယ်
#အာဟာရဒါန
#မွေးနေ့အလှူ

မုံရွာမြို့နယ်တွင်းရှိ မီးဘေးသင့်ပြည်သူများကို အနွေးစောင်များမျှဝေခဲ့ရက်စွဲ။        ။ ၇ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၆ ခုနှစ်မုံ...
07/02/2026

မုံရွာမြို့နယ်တွင်းရှိ မီးဘေးသင့်ပြည်သူများကို အနွေးစောင်များမျှဝေခဲ့

ရက်စွဲ။ ။ ၇ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၆ ခုနှစ်

မုံရွာမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့် နေအိမ်မီးရှို့ဖျက်ဆီးခံလိုက်ရသော ပြည်သူများအား အနွေးစောင်များ မျှဝေကူညီခဲ့ပါသည်။ အဆိုပါလှူဒါန်းမှုကို မွေးနေ့ရှင် ကိုထွန်းမှ မတည်ကူညီပေးခဲ့ပြီး အလှူရှင်ကိုယ်စား ကွန်ရက်၏ မုံရွာမြို့နယ်တာဝန်ခံအဖွဲ့ဖြစ်သော မုံရွာမြေစစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့မှ သွားရောက်မျှဝေခဲ့ခြင်းဖြစ်ပါသည်။

စစ်ကိုင်းတိုင်းတွင်း စစ်ရှောင်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ဆက်လက်လိုအပ်လျက်ရှိပါသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးလိုပါက စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်သို့ချိတ်ဆက်ဆောင်ရွက်နိုင်ပါကြောင်း သတင်းပါးအပ်ပါသည်။

#စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်
#စောင်အလှူ
#မုံရွာမြို့နယ်

ဝက်လက်မြို့နယ်တွင်းရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများကို အနွေးစောင်များမျှဝေခဲ့ရက်စွဲ။     ။ ၇ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၆ ခုနှစ်စ...
07/02/2026

ဝက်လက်မြို့နယ်တွင်းရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများကို အနွေးစောင်များမျှဝေခဲ့

ရက်စွဲ။ ။ ၇ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၆ ခုနှစ်

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ဝက်လက်မြို့နယ်တွင်းရှိ ငလျင်ဘေးဒဏ်ခံစားခဲ့ရသော အိမ်ထောင်စု (၅၀) သို့ စောင်များမျှဝေကူညီဖြစ်ခဲ့ပါသည်။ အဆိုပါကူညီမှုကို စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်၏မိတ်ဖက်အလှူရှင်များ စုပေါင်းအားဖြင့် မျှဝေခဲ့ခြင်းဖြစ်ပြီး ကွန်ရက်၏ ဝက်လက်မြို့နယ်တာဝန်ခံအဖွဲ့ဖြစ်သော ပန်းပျိုးလက်အဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

စစ်ကိုင်းတိုင်းတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများလိုအပ်နေကြသော ပြည်သူဦးရေများလည်း တိုးလာနေလျက်ရှိပါသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးလိုပါက စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်သို့ချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း သတင်းပါးအပ်ပါသည်။

#စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်
#ဝက်လက်မြို့နယ်
#ငလျင်
#စောင်အလှူ

ဆားလင်းကြီးမြို့နယ်တွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးကာ လက်နက်ကြီးများဖြင့်ပစ်ခတ်ရက်စွဲ။      ။ ၁၇ ရက်၊ ဇန်နဝါရီ လ၊ ၂၀...
16/01/2026

ဆားလင်းကြီးမြို့နယ်တွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးကာ လက်နက်ကြီးများဖြင့်ပစ်ခတ်

ရက်စွဲ။ ။ ၁၇ ရက်၊ ဇန်နဝါရီ လ၊ ၂၀၂၆ ခုနှစ်

ဆားလင်းကြီးမြို့နယ်တွင်းတွင် ၁၁.၁.၂၀၂၆ ရက်နေ့က ဝမ်ပေါင်ယန်စီကုမ္မဏီအနီးဝန်းကျင်ရှိ ကျေးရွာတစ်ရွာကို ယန်စီကုမ္မဏီအတွင်းမှ စစ်ကော်မရှင်စစ်ကြောင်း အင်အား၁၀၀ ဝန်းကျင်မှ ညနေ ၃နာရီတွင်စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပါသည်။ စစ်ကြောင်းထိုးစဉ် လက်နက်ကြီးပစ်ခတ်ပြီး ဝင်ရောက်လာသဖြင့် အသက်၄၀ခန့် အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန်သေဆုံး ပြီး နေအိမ်တချို့ပျက်စီးခဲ့ပါသည် ။ ကျေးရွာ တွင်းမှ ပြည်သူ ၁၀၀၀ ကျော်လည်း အရေးပေါ်စစ်ဘေးရှောင်တိမ်းနေကြရကြောင်း သိရှိရပါသည်။

"သေဆုံးသူက အသက်40အရွယ်ယန်စီဝန်ထမ်း lock control လုံခြုံရေးဌာနက။ ရွေးကောက်ပွဲရော စက်ရုံလည်ပတ်နေတဲ့အကြောင်းရောကြောင့် စစ်ရေးအခြေအနေဖြစ်ပေါ်ခဲ့တာ။ ကုမ္မဏီဝန်းကျင်ထဲကို PDFက လက်နက်ကြီးထုတာကို စစ်ကောင်စီက မဆီမဆိုင် အဲ့ဘေးရွာတွေမှာရှိတဲ့ ပြည်သူတွေ လက်နက်ကြီးထုပြီးသတ်ဖြတ်သွားတဲ့သဘောပေါ့၊ တရုတ်ကုမ္မဏီတွေကိုအခြေပြုပြီး စစ်ရေးလှုပ်ရှားပြီး ပြည်သူတွေကိုသတ်ဖြတ်နေတယ်လို့ပြောလို့ရပါတယ်" လို့ ဒေသခံပြည်သူတစ်ဦးက ပြောကြားခဲ့ပါသည်။

အရေးပေါ်စစ်ရှောင်များမှာ ယခုထက်ထိရှိနေသေးတာကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများလည်းလိုအပ်နေကြောင်း သိရှိရပါသည်။

#ဆားလင်းကြီး
#လက်နက်ကြီး
#စစ်ကြောင်းထိုး

ဒီပဲယင်းမြို့နယ်တွင်းရှိ စစ်ရှောင်များအတွက် ဆေးဝါးများထောက်ပံ့လှူဒါန်းခဲ့ရက်စွဲ။      ။ ၁၅ ရက်၊ ဇန်နဝါရီလ၊ ၂၀၂၆  ခုနှစ်ဒ...
15/01/2026

ဒီပဲယင်းမြို့နယ်တွင်းရှိ စစ်ရှောင်များအတွက် ဆေးဝါးများထောက်ပံ့လှူဒါန်းခဲ့

ရက်စွဲ။ ။ ၁၅ ရက်၊ ဇန်နဝါရီလ၊ ၂၀၂၆ ခုနှစ်

ဒီပဲယင်းမြို့နယ်တွင်း၊ စစ်ရှောင်ပြည်သူများနှင့် လေကြောင်းဒဏ်၊ လက်နက်ကြီးရန်ထိခိုက်ခံစားခဲ့ရသော မရကန်ကျေးရွာရှိ ပြည်သူများအတွက် မွေးနေ့ရှင် Hnin နှင့် အလှူရှင် ကိုရီးယားရောက်မြန်မာမိသားစု၊ စုပေါင်း အလှူရှင်များ၏ လှူဒါန်းမှုဖြင့် စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှတဆင့် ဆေးဝါးများထောက်ပံ့လှူဒါန်းနိုင်ခဲ့ပါသည်။ အဆိုပါလှူဒါန်းမှုကို အလှူရှင်ကိုယ်စား ကွန်ရက်၏ ဒီပဲယင်းမြို့နယ်တာဝန်ခံအဖွဲ့ဖြစ်သော ထိပေ့သျှင် စစ်ရှောင်ကူညီရအဖွဲ့မှ ကိုယ်တိုင်သွားရောက် လှူဒါန်းပေးခဲ့ပါသည်။

အခုလိုလှူဒါန်းပေးပါသော မွေးနေ့ရှင် Hnin လည်း ရေလိုအေး၍ ပန်းလိုချမ်းမြေ့ပါစေ၊ ‌ဘေးဘယာဝေးကွာ၍ သက်ရှည်ကျန်းမာပါစေ၊ ပျော်ရွှင်ပါစေကြောင်းနှင့် အလှူရှင် ကိုရီးယားရောက်မြန်မာမိသားစုများလည်း သက်ရှည်ကျန်းမာပြီး အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေပါစေကြောင်း ကွန်ရက်မိသားစုများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

#စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်
#ဆေးဝါးအလှူ
#ဒီပဲယင်းမြို့နယ်

 #စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့လူစာနာဝန်ကြီးနှင့်စစ်ကိုင်းဖိုရမ်- #စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်တို့ပူးပေါင်းကာ...
04/01/2026

#စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့လူစာနာဝန်ကြီးနှင့်စစ်ကိုင်းဖိုရမ်- #စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်တို့ပူးပေါင်းကာယင်းမာပင်မြို့နယ် #မီးဘေးသင့်ပြည်သူများကိုဆန်မျှ‌ဝေထောက်ပံ့ခဲ့

ရက်စွဲ။ ။၄ရက်၊ ဇန်နဝါရီလ၊ ၂၀၂၆ခုနှစ်

(78)ကြိမ်မြောက်လွတ်လပ်ရေး
နေ့ဖြစ်သည့် (4.1.26)နေ့တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့၊လူသားစာနာဝန်ကြီးဦးတိုး‌ဝေအောင်နှင့်စစ်ကိုင်းဖိုရမ်-စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ တာဝန်ရှိသူများ ပူးပေါင်း၍ ယင်းမာပင်မြို့နယ်တွင်းရှိ အကြမ်းဖက်စစ်တပ်မှ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ကျေးရွာများရှိ မီးဘေးသင့်ပြည်သူများသို့ ဆန်များ သွားရောက်မျှဝေခဲ့ပါသည်။

ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်မှ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ယင်းမာပင်မြို့နယ်မြောက်ခြမ်း၊ မီးဘေးသင့်‌ကျေးရွာ(8)ရွာရှိ အိမ်ထောင်စု (238)စုအတွက် အိမ် ထောင်စုတစ်စုလျှင် ဆန် (9)ပြည်နှုန်းဖြင့် စုစုပေါင်း ဆန်တင်း ( 150 ) / (အိတ် -100ခန့်)ကို မျှဝေပေးခဲ့ကြပြီး
မီးဘေးသင့်ပြည်သူများကိုလည်း ဝန်ကြီးမှတွေ့ဆုံ၍ စိတ်ခွန်အားဖြည့် အားပေးစကားများ ပြောကြားခဲ့ပါသည်။

#စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့လူစာနာဝန်ကြီးဌာန
#စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်
#ယင်းမာပင်မြို့နယ်
#မီးဘေးသင့်ကျေးရွာများ
#ဆန်အလှူ

ကန့်ဘလူမြို့နယ်ရှိစစ်ရှောင်အဘိုးအဘွားများအား အနွေးထည်များဝေမျှခဲ့ရက်စွဲ။      ။ ၃ ရက်၊ ဇန်နဝါရီလ၊ ၂၀၂၆ ခုနှစ်ကန့်ဘလူမြို...
03/01/2026

ကန့်ဘလူမြို့နယ်ရှိစစ်ရှောင်အဘိုးအဘွားများအား အနွေးထည်များဝေမျှခဲ့

ရက်စွဲ။ ။ ၃ ရက်၊ ဇန်နဝါရီလ၊ ၂၀၂၆ ခုနှစ်

ကန့်ဘလူမြို့နယ်တွင်းရှိ ရေရှည်စစ်ဘေးရှောင်နေရသော အဘိုးအဘွား (၇၀) ခန့်အား အနွေးထည်များဝေမျှပေးခဲ့ပါသည်။ အဆိုပါအလှူအား အလှူရှင် ကိုရီးယားရောက်မြန်မာမိသားစုမှ မတည်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အလှူရှင်ကိုယ်စား ကွန်ရက်၏ ကန့်ဘလူမြို့နယ်တာဝန်ခံအဖွဲ့မှ တာဝန်ယူဝေငှပေးခဲ့ခြင်းဖြစ်ပါသည်။

စစ်ကိုင်းတိုင်းတွင်း စစ်ရှောင်များအနေဖြင့် ရာသီဥတုအခြေအနေအရ အနွေးထည်များ၊ အမိုးအကာများ၊ စောင်များလိုအပ်ချက်ရှိနေပါသည်။ လှူဒါန်းကူညီလိုပါက စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်နှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ပါကြောင်း သတင်းပါးအပ်ပါသည်။

#ကန့်ဘလူမြို့နယ်
#စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်
#အနွေးထည်အလှူ

ဘုတလင်မြို့နယ်တွင်းရှိ အရေးပေါ်စစ်ဘေးရှောင်ပြည်သူများကို ဆန်နှင့် ရိက္ခာများလှူဒါန်းခဲ့ရက်စွဲ။        ။ ၃၁ ရက်၊ ဒီဇင်ဘာလ...
31/12/2025

ဘုတလင်မြို့နယ်တွင်းရှိ အရေးပေါ်စစ်ဘေးရှောင်ပြည်သူများကို ဆန်နှင့် ရိက္ခာများလှူဒါန်းခဲ့

ရက်စွဲ။ ။ ၃၁ ရက်၊ ဒီဇင်ဘာလ၊ ၂၀၂၅ ခုနှစ်

ဘုတလင်မြို့နယ်တွင်းရှိ အရေးပေါ်စစ်ရှောင်ပြည်သူဦးရေ (၃၀၀)အတွက် စားနပ်ရိက္ခာများကို စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက် မှထောက်ပံ့လှူဒါန်းခဲ့ပါသည်။
အဆိုပါအလှူကို ကွန်ရက်မှတဆင့် ဒီဇင်ဘာလ 30 ရက်နေ့ မွေးနေ့ရှင် မစုလှိုင်ဝင်း မှ မွေးနေ့အထိမ်းအမှတ်အနေဖြင့် လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အလှူရှင်ကိုယ်စား မိမိတို့ကွန်ရက်မှ သွားရောက်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပါသည်။

ယခုလို မွေးနေ့အထိမ်းအမှတ်အဖြစ် လှူဒါန်းပေးပါသော မွေးနေ့ရှင် "မစုလှိုင်ဝင်း"လည်း ကျန်းမာလန်းဖြာပါစေ။ ဘေးဘယာဝေးကွာပါစေ။ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ကွန်ရက်ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

#စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်
#ဘုတလင်မြို့နယ်
#အရေးပေါ်စစ်ရှောင်ပြည်သူများ
#‌‌မွေးနေ့အလှူ

ဝန်းသိုမြို့နယ်စစ်ရှောင်စာသင်ကျောင်းအား အမိုးနှင့် လိုအပ်သောထောက်ပံ့ပစ္စည်းများလှူဒါန်းခဲ့ရက်စွဲ။      ။ ၂၀ ရက်၊ ဒီဇင်ဘာ...
20/12/2025

ဝန်းသိုမြို့နယ်စစ်ရှောင်စာသင်ကျောင်းအား အမိုးနှင့် လိုအပ်သောထောက်ပံ့ပစ္စည်းများလှူဒါန်းခဲ့

ရက်စွဲ။ ။ ၂၀ ရက်၊ ဒီဇင်ဘာလ၊ ၂၀၂၅ ခုနှစ်

ဝန်းသိုမြို့နယ်တွင်း သွားလာရေးခက်ခဲသော စစ်ရှောင်စာသင်ကျောင်းလေးအကြောင်းကို Admin တို့ ပို့စ်လေးတစ်ခုဖြင့် ဖော်ပြဖူးခဲ့သည်။ အဆိုပါ စာသင်ကျောင်းလေးတွင် အမိုးမလုံခြင်းကြောင့် ပလပ်စတစ်အိတ်လေးများဖြင့် ဖာထေးခြင်း၊ စာသင်ကြားသည့် သင်ပုန်းများပေါက်ပြဲခြင်း၊ စာသင်ခုံများမလုံလောက်ခြင်း စသည့် လိုအပ်ရာနေရာများ များစွာရှိနေကြောင်း တွေ့ခဲ့ရသည်။ အဆိုပါလိုအပ်ချက်များအတွက် တတ်စွမ်းသမျှကူညီနိုင်ရန် ကွန်ရက်မှတဆင့် ကိုရီးယားရောက်မြန်မာမိသားစုများမှ ငွေကျပ်ဆယ်သိန်း မတည်လှူဒါန်းပေးခဲ့ပါသည်။

မတည်လှူဒါန်းငွေဖြင့် အမိုးများပြန်လည်ပြုပြင်ခြင်း၊ ကျောက်သင်ပုန်းများ ပြုပြင်ပေးခြင်းနှင့် လိုအပ်ရာများ ပြုပြင်မွမ်းမံပေးခြင်းများကို ပြုလုပ်ပေးနိုင်ခဲ့ပါသည်။ ယခုလိုလှူဒါန်းပေးပါသော ကိုရီးယားရောက်မြန်မာမိသားစုအားကျေးဇူးများစွာတင်ရှိပါသည်။ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်အောင်မြင်ပြီး ပျော်ရွှင်ကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်
#ဝန်းသိုမြို့နယ်

မုံရွာမြို့နယ်တောင်ပိုင်းကျေးရွာများသို့ စစ်တပ်မှစစ်ကြောင်းထိုးမီးရှို့မှုကြောင့် အိမ်ခြေ(၅၂) အိမ်ခန့် မီးလောင်ပျက်စီးခဲ...
18/12/2025

မုံရွာမြို့နယ်တောင်ပိုင်းကျေးရွာများသို့ စစ်တပ်မှစစ်ကြောင်းထိုးမီးရှို့မှုကြောင့် အိမ်ခြေ(၅၂) အိမ်ခန့် မီးလောင်ပျက်စီးခဲ့

ရက်စွဲ။ ။ ၁၈ ရက်၊ ဒီဇင်ဘာလ၊ ၂၀၂၅ ခုနှစ်

မုံရွာမြို့နယ်တောင်ပိုင်းကျေးရွာများသို့ (၁၅.၁၂.၂၀၂၅) ရက်၊ နေ့လည်ပိုင်းအချိန်က စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များမီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် (၅၂) လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရှိရပါသည်။

"စစ်သားတွေ ဝင်လာပြီ၊ ဝင်လာပြီ၊ ရွာခေါင်းရင်းရောက်ပြီ ဆိုတော့ ပြေးမိပြေးရာ ပြေးလာခဲ့တာပဲ။ ဘာမှပါမလာဘူး။ ခု မီးရှို့ခံလိုက်ရတော့ ဘာမှလည်းမကျန်တော့ပါဘူး" လို့ နေအိမ်ဆုံးရှုံးခဲ့ရသည့် မီးဘေးသင့်ပြည်သူတစ်ဦးမှ ပြောကြားခဲ့ပါသည်။

အဆိုပါ စစ်ကြောင်းထိုးမီးရှို့မှုဖြစ်‌စဉ်ကြောင့် နေအိမ် (၅၂) လုံးတွင်နေထိုင်ကြသော ကျား (၈၈) ဦး၊ မ (၁၁၈) ဦး၊ စုစုပေါင်း (၂၀၆) ဦးတို့မှာ အိုးမဲ့အိမ်မဲ့ဖြစ်ကာ အရေးပေါ်အကူအညီများလိုအပ်နေပါကြောင်း သတင်းရရှိပါသည်။

#စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်
#မုံရွာမြို့နယ်

ယင်းမာပင်မြို့နယ်တွင်း စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် အရေးပေါ်စစ်ရှောင်နေရရက်စွဲ။   ။ ၁၈ ရက်၊ ဒီဇင်ဘာလ၊ ၂၀၂၅ ခုနှစ်ယင်...
18/12/2025

ယင်းမာပင်မြို့နယ်တွင်း စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် အရေးပေါ်စစ်ရှောင်နေရ

ရက်စွဲ။ ။ ၁၈ ရက်၊ ဒီဇင်ဘာလ၊ ၂၀၂၅ ခုနှစ်

ယင်းမာပင်မြို့နယ်တွင် (၁၆.၁၂.၂၀၂၅) ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်မှ စစ်သားအင်အား (၁၇၀) ခန့်ဖြင့်စစ်ကြောင်းထိုးဝင်ရောက်နေမှုကြောင့် ကျေးရွာ (၁၀) ရွာမှ ပြည်သူ (၁၀၀၀၀) ခန့် အရေးပေါ်စစ်ရှောင်နေရကြောင့် သိရပါသည်။

ယင်းမာပင်မြို့နယ်၊ ကျောက်မှော်၊ ကျောက်ကုန်း၊ ကျွန်းပေါ်၊ ကြက်လျာ၊ အင်းဖက်၊ နှောပင်၊ သံပုရာပင်ရိုး၊ စုန်းချောင်း၊ နဘူးတော စသည့်ကျေးရွာများမှ ပြည်သူများအဓိကရှောင်တိမ်းနေရပြီး စားနပ်ရိက္ခာအရေးပေါ်လိုအပ်ချက်လည်းရှိနေကြောင်း သတင်းရရှိပါသည်။

#စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်
#အရေးပေါ်စစ်ရှောင်
#ယင်းမာပင်မြို့နယ်

Address

Sagaing

Website

Alerts

Be the first to know and let us send you an email when စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share