အာဠာဝက ပြောက်ကျားတပ်ဖွဲ့ - Alawaka Guerrilla Forces

  • Home
  • Myanmar
  • Sagaing
  • အာဠာဝက ပြောက်ကျားတပ်ဖွဲ့ - Alawaka Guerrilla Forces

အာဠာဝက ပြောက်ကျားတပ်ဖွဲ့  - Alawaka Guerrilla Forces Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from အာဠာဝက ပြောက်ကျားတပ်ဖွဲ့ - Alawaka Guerrilla Forces, Armed forces, Sagaing.

ပြည်သူ့အားမာန်ထောက်ပို့အဖွဲ့ကို အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုပါရစေ ..
08/01/2025

ပြည်သူ့အားမာန်ထောက်ပို့အဖွဲ့ကို အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုပါရစေ ..

20/12/2024

ရဲဘော် မင်းခန့်ကျော် ကျဆုံးခြင်း၊ ၃ နှစ်ပြည့် အောက်မေ့ဖွယ် ဂုဏ်ပြုခြင်း

တူမီးတွေနဲ့ ကျနော်တို့ စခဲ့တယ် ...
03/10/2024

တူမီးတွေနဲ့ ကျနော်တို့ စခဲ့တယ် ...

တိုက်ပွဲလှုပ်ရှားမှုတွေနဲ့အတူ အာဠာဝက ပြောက်ကျားတပ်ဖွဲ့ရဲ့ Facebook book စာမျက်နှာကို Post တွေ တင်ပေးသွားပါ့မယ်။ခုချိန်မှ...
14/09/2024

တိုက်ပွဲလှုပ်ရှားမှုတွေနဲ့အတူ အာဠာဝက ပြောက်ကျားတပ်ဖွဲ့ရဲ့ Facebook book စာမျက်နှာကို Post တွေ တင်ပေးသွားပါ့မယ်။
ခုချိန်မှာတော့ ရေဘေးအန္တရာယ်အတွက် ပြည်သူအချင်းချင်း ကူညီကြပါစို့။

21/12/2022

ပွတ်လုံးပွတ်လံ ပွိုင့်ကုန်းအနီးတွင် ဒေသကာကွယ်ရေးပေါင်းစုံ နှင့် ကုန်းကြောင်းဖြန့်စကစ များ တိုက်ပွဲပြင်းထန်ပြီးနောက်

စကစများဘက်မှ တိုက်ခိုက်ချေမှုန်းရေး ရဟတ်ယာဉ်
MI 35 ဖြင့် နေ့လည် (၁၁:၁၅)အချိန်မှ စတင်ကာ
အနီးအနား မုဌော နတ်ကြီးစသည့်ဒေသများသို့ လေကြောင်းမှ ပစ်ခတ်လျက်ရှိကြောင်း ဒေသခံများက
ဆိုပါသည်

နေ့လည်(၁၁:၃၀) ဒီဇင်ဘာ(၂၁)
ချင်းတွင်းချစ်သူ

ကျနော်တို့ တပ်ဖွဲ့အတွက် အလှူခံခြင်းကို ကာလအတော်ကြာ ရပ်နားထားခဲ့ပါတယ်။ တပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆင်ရေးကိစ္စတွေနဲ့ အလုပ်များနေခ...
18/06/2022

ကျနော်တို့ တပ်ဖွဲ့အတွက် အလှူခံခြင်းကို ကာလအတော်ကြာ ရပ်နားထားခဲ့ပါတယ်။
တပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆင်ရေးကိစ္စတွေနဲ့ အလုပ်များနေခဲ့သလို ပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်နေကြရတဲ့ အခြားဒေသ တော်လှန်ရေးတပ်ဖွဲ့များအတွက် ပိုပြီး ဦးစားပေးလှူဒါန်းစေချင်တဲ့ ရည်ရွယ်ချက်လည်းရှိတာကြောင့် အလှူခံခြင်းကို ရပ်နားထားတာပါ။
ဒီလိုအချိန်မှာပဲ ဇွန်လအတွင်း စေတနာရှင် ပြည်သူတချို့က လာရောက်လှူဒါန်းထားကြတာကို အချိန်အနည်းငယ်နောက်ကျပြီးမှ အခု ထုတ်ပြန်ကြေညာပေးလိုက်ပါတယ်။

ရန်ကုန်မှ စေတနာရှင် မိသားစု တစုက ၁,၀၀၀,၀၀၀ ကျပ် (ဆယ်သိန်းကျပ်)
မကြီးသင်း က ၅၀၀၀၀ ကျပ် (ငါးသောင်းကျပ်)
စုစုပေါင်း ၁,၀၅၀,၀၀၀ ကျပ် (ဆယ်သိန်းငါးသောင်းကျပ်) ထပ်မံ ရရှိခဲ့ပါတယ်။
တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ကျနော်တို့ အာဠာဝက တပ်ဖွဲ့အတွက် အခုလို လှူဒါန်းပေးသူများကို အထူးပင် ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ။

အာဠာဝက ပြောက်ကျားတပ်ဖွဲ့
စစ်ကိုင်းတိုင်း ချင်းတွင်းအနောက်ဘက်ခြမ်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)

06/06/2022

ဇွန်လ ၅ ရက်နေ့၊ ချင်းတွင်းမြစ်အနောက်ဘက် ကနီမြို့နယ်အတွင်း ပြည်သူ့နေအိမ်များကို မီးရှို့ကာ အကြမ်းဖက်သောင်းကျန်းနေသော စစ်ကောင်စီ၏ အကြမ်းဖက်သမားများကို ဒေသတွင်းကာကွယ်ရေး စုပေါင်းတပ်ဖွဲ့များဖြစ်သော အာဠာဝက ပြောက်ကျားတပ်ဖွဲ့၊ KPDF, LPDF, MPDF, တစ်ကိုယ်တော်သုဘရာဇာတပ်ဖွဲ့၊ ချိုမိုင်မိုင် တပ်ပေါင်းစုတပ်ဖွဲ့များ က စုပေါင်းတိုက်ခိုက်ခဲ့ကြသည်။ တိုက်ပွဲတွင် သပြေတောနှင့် တောင်ပျောက်ရွာကြား မိုင်းကွင်းထဲသို့ဝင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ မိုင်းမိိကာ အသေအပျောက်များနိုင်ပြီး စုစုပေါင်း ၂၀ ဦးခန့် သေသည်ဟု ခန့်မှန်းထားသည်။ တိုက်ပွဲတွင် ကာကွယ်ရေးတပ်ပေါင်းစုဘက်မှ ၄ ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရခဲ့သည်။
ထို့နောက် ဘန့်ဘွေးဘက်မှ မြောက်ဘက်သို့ စစ်ကူရန်ထွက်လာသော အကြမ်းဖက်် စစ်ကောင်စီတပ်များ ဘန့်ဘွေးမြောက်ရွာအထွက်တွင် မိုင်းဆွဲခံရပြိး သေဆုံးမှုရှိခဲ့သည်။
တိုက်ပွဲတွင်အထိနာခဲ့သော စကစ အကြမ်းဖက်တပ်ဖွဲ့များသည် ဒေါင်းခြံရွာမှ ထန်းသမားတဦးကို ဖမ်းဆီးသတ်ဖြတ်ကာ မီးရှို့သွားသည်။ ထို့အပြင် ကျေးရွာများအတွက်ကင်းစောင့်ရင်း ဖမ်းဆီးခံရသော ပြည်သူတချို့ကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက သတ်ဖြတ်သွားခဲ့သည်။
ယခုဗွီဒီယိုမှာ ထိုတိုက်ပွဲများအတွင်း တိုက်ခိုက်နေကြသည့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်ပါသည်။

23/04/2022

[ကူးယူဖော်ပြသည်]

မ​နေ့က မအလ ​ပြောသွားတာ​​တွေ တော်​တော်များများလည်း ဖတ်မိပြီး​ရော​ပေါ့။ ဒါ လက်ရှိအ​ခြေအ​နေ​ကို ပြ​နေတာပါပဲ။ သူတို့ထဲမလည်း ဘယ်​လောက်​တောင် ဂယက်ရိုက်​နေမလဲ ​တွေးကြည့်လို့ ရပါတယ်။ လက်နက်ကလွဲပြီး ဦး​နှောက်၊ ပညာ၊ လူထုချစ်ခင်မှု၊ ​ထောက်ခံမှု၊ တရားဝင်မှု ဘာတစ်ခုမှ မရှိတဲ့သူ​တွေမို့ အဲ့လက်နက်ပိုင်း၊ စစ်​ရေးအပိုင်းမှာပါ နိမ့်ပါးလာတဲ့အခါ အ​တော်​လေး ​သွေးပျက်စရာ ဖြစ်​နေပါလိမ့်မယ်။

၅၀-၅၀ ဖြစ်လာပြီဆိုရင်​တောင် ကျ​နော်တို့ ၅၀ က ​ခြေဗလာ လက်ဗလာက​နေ စခဲ့ရတဲ့ ၅၀ ဖြစ်ပြီး သူတို့ ၅၀ က ၁၀၀ က​နေ ကျလာတာပါ။ ဒါ​ကြောင့် လက်ရှိမှာ ၅၀ ချင်းတူ​​နေ​ပေမဲ့ ​ရှေ့လားရာက​တော့ မတူပါဘူး။

ပွင့်ပွင့်လင်းလင်း ​ပြောရရင် ၂၀၂၂ ထဲမှာ​တော့ အလုံးစုံ ​အောင်မြင်ဖို့ ခက်ပါလိမ့်မယ်။ မဖြစ်နိုင်ဘူး မဟုတ်​​ပေမဲ့ အဲ့​လောက်ထိ ​မျှော်လင့်မထားတာ ​ကောင်းတယ်။

ပိုလက်​တွေ့ကျတာက ဒီနှစ်ထဲမှာ ထိန်းချုပ်နယ်​မြေ​တွေ ပိုရလာဖို့ပဲ။ ဒါ​တွေဆိုလည်း တစ်ချိန်က​တော့ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တာ​တွေ။ ခု လက်​တွေ့ ဖြစ်လာခဲ့ပြီ။

မတရား အာဏာသိမ်းခံရတယ် ဆိုတာက ပုစ္ဆာအ​ဟောင်းကြီးပါ။ ဒါ​ပေမဲ့ အ​ဖြေက​တော့ အသစ်ဖြစ်လိမ့်မယ်။ အသစ်ဖြစ်​အောင်လည်း ကြိုးစားရမယ်။ အဲ့လို အ​ဖြေအသစ် ထွက်ဖို့လည်း နီး​နေပြီ ​ပြောရပါမယ်။

ဒီ​တော့ ​တော်လှန်​ရေး ညီအစ်ကိုမောင်နှမများအ​နေနဲ့ ကိုယ်လုပ်စရာရှိတာ တစိုက်မတ်မတ် လုပ်ပြီး ဆက်တွန်းကြဖို့ လိုပါတယ်။

ဘာ​တွေ လုပ်ရမလဲဆို သိပ်ကိုမှ ရှင်းပါတယ်။

▪️ကိုယ့်ဘက်ကို ​ငွေဝင်ဖို့ မှန်မှန် Click လုပ်ပါ။ တစ်​နေ့ နာရီဝက်​လောက်က​လေးပဲ တိုင်းပြည်အနာဂတ်အတွက် အချိန်​​ပေးပါ။

▪️တစ်လစာ ဝင်​ငွေထဲက ပမာဏတစ်ခု မှန်မှန်ထည့်ဝင်ပါ။ တစ်ကိုယ်ရည် အသုံးစရိတ်ကို တတ်နိုင်သမျှ ​လျှော့ချပါ။

▪️သူ့ဘက်ကို ​ငွေမဝင်ဖို့ စစ်တပ်နဲ့ ခရိုနီလုပ်ငန်း​တွေကို သပိတ်​မှောက်ပါ။ ​ရေနံနဲ့ သဘာဝဓါတ်​ငွေ့က​နေ ရမဲ့​ နိုင်ငံခြားငွေ​တွေ မစီးဝင်​အောင် တားဆီးတဲ့ အစီအစဥ်​တွေမှာလည်း ပါဝင်​ပါ။

▪️ပြီးခဲ့တဲ့ ​တော်လှန်သင်္ကြန်လို အင်အားမသုံး အနုနည်းနဲ့ ဆန့်ကျင်​တော်လှန်တဲ့ ကိစ္စ​တွေမှာလည်း အင်တိုက်အားတိုက် ပါဝင်​ပေးပါ။

ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ရှုပ်ရှုပ်​ထွေး​ထွေး​တွေလည်း မဟုတ်ပါဘူး။ အိမ်မှာ မိသားစုနဲ့ အတူ​နေရင်းကို ဂိမ်း​လေး​​ဆော့ရင်း၊ ပရိတ်ကြီး ၁၁ သုတ် နာယူရင်း၊ Petition ​​တွေ ထိုးရင်းနဲ့ ​တော်လှန်​ရေးထဲ ပါဝင်လို့ရတဲ့ အ​ခြေအ​နေပါ။

ဒါ​ကြောင့် ယိုင်နဲ့စ ပြု​နေပြီဖြစ်တဲ့ အကြမ်းဖက်စစ်အုပ်စုကို လုံးဝပြိုလဲ​အောင် ဆက်ပြီး အင်တိုက်အားတိုက် တွန်းလှဲကြပါစို့ခင်ဗျာ။

🔵 အလှူရှင်စာရင်းများထုတ်ပြန်ခြင်း 🔵(မတ်လ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်)ယခုလအတွင်း အလှူရှင်အသီးသီးမှ ထောက်ပံ့လှူဒါန်းငွေ စုစုပေါင်း...
24/03/2022

🔵 အလှူရှင်စာရင်းများထုတ်ပြန်ခြင်း 🔵
(မတ်လ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်)
ယခုလအတွင်း အလှူရှင်အသီးသီးမှ ထောက်ပံ့လှူဒါန်းငွေ စုစုပေါင်း
၄၈၀,၀၀၀ ကျပ် (လေးသိန်းရှစ်သောင်းကျပ် တိတိ) လက်ခံရရှိခဲ့ပြီးဖြစ်ပါသည်။

လှူဒါန်းခဲ့ကြသော အလှူရှင်များမှာ အောက်ပါတိုင်းဖြစ်ပါသည်။

(၁) Copper Fighter Group - ၁၀၀၀၀၀ ကျပ် ( တသိန်းကျပ်)
(၂) MT - ၁၀၀၀၀၀ ကျပ် (တသိန်းကျပ်)
(၃) စိုင်းမြတ်သူ၊ မြင့်မြတ်သူ - ၁၀၀၀၀၀ ကျပ် (တသိန်းကျပ်)
(၄) HNW - ၅၀၀၀၀ ကျပ် (ငါးသောင်းကျပ်)
(၅) ကိုဇင်နောင် - ၅၀၀၀၀ ကျပ် (ငါးသောင်းကျပ်)
(၆) Hmwe Hmwe Kyaw - ၅၀၀၀၀ ကျပ် (ငါးသောင်းကျပ်)
(၇) TG - ၃၀၀၀၀ ကျပ် (သုံးသောင်းကျပ်)
စုစုပေါင်း - ၄၈၀၀၀၀ ကျပ် (လေးသိန်းရှစ်သောင်းကျပ်)

အာဠာဝက ပြောက်ကျားတပ်ဖွဲ့ - သို့ လှူဒါန်းခဲ့ကြသော အလှူရှင်များအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း "ကျေးဇူးတင်ဂုဏ်ပြုလွှာ" များနှင့်တကွ ထုတ်ပြန်အပ်ပါသည်။
အာဠာဝက ပြောက်ကျားတပ်ဖွဲ့
စစ်ကိုင်းတိုင်း၊ ချစ်တွင်းအနောက်ဘက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)

ကနီနယ်နဲ့ ယင်းမာပင်မြို့နယ် ထိစပ်နယ်မြေတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ် နဲ့ PDF များ တိုက်ပွဲဖြစ်ပွါးမှုတွေ ရှိနေပါတယ်။ ယင်...
03/03/2022

ကနီနယ်နဲ့ ယင်းမာပင်မြို့နယ် ထိစပ်နယ်မြေတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ် နဲ့ PDF များ တိုက်ပွဲဖြစ်ပွါးမှုတွေ ရှိနေပါတယ်။ ယင်းမာပင်နယ် သပြေအေးရွာနဲ့ ကနီနယ် မိုးကောင်းရွာ အနီးတဝိုက်တွေမှာ ဒေသခံ PDF တပ်ဖွဲ့များနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်များ တိုက်ပွဲများဆက်တိုက်ဖြစ်ပွါးနေတာကြောင့် စစ်ရေးအခြေအနေ ရှုပ်ထွေးနေပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ မိုးကောင်းရွာမှာရှိတဲ့ နေအိမ် ၃ လုံးကို မီးရှို့သွားပြီး ပြည်သူတယောက်ကိုလည်း ပစ်သတ်သွားတယ်လို့ သိထားရပါတယ်။
အဲဒီနောက် ကနီမြို့နယ် လင်ပုန်းရည်ရွာဘက်ကို စစ်ကောင်စီတပ်တွေ ရောက်လာတဲ့သတင်းတွေ ရထားပါတယ်။
ဒါကြောင့် ဖေါ်ပြပါနယ်မြေတွေမှာ သွားလာမှုများအတွက် သတိရှိကြဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။

အာဠာဝက ပြောက်ကျားတပ်ဖွဲ့
ချင်းတွင်းမြစ်အနောက်ဘက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)

Address

Sagaing

Website

Alerts

Be the first to know and let us send you an email when အာဠာဝက ပြောက်ကျားတပ်ဖွဲ့ - Alawaka Guerrilla Forces posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to အာဠာဝက ပြောက်ကျားတပ်ဖွဲ့ - Alawaka Guerrilla Forces:

Share

Category