06/08/2024
ကဲ အမျိုးတို့ရေ
တပ်ပါ ဆင်ပါ တစ်စိတ်စာ Campaign လေးလာပြီနော် ကမ်ပိန်း အားပေးချင်ရင် ဒီမှာလည်း လာလို့ ရပါတယ်နော် ❤️🤏
" တပ်ပါ ဆင်ပါ တစ်စိတ်စာ "
မုံရွာခရိုင်တပ်ရင်း (၂) နဲ့ မုံရွာခရိုင်တပ်ရင်း (၂၇) တို့ ပူးပေါင်းစီစဉ်ပြီး တပ်စိတ် တစိတ်စာ လက်နက်နဲ့အခြား စစ်သုံး Gear တွေ တပ်ဆင်ဖို့ ရည်ရွယ် ပြုလုပ်တဲ့
" တပ်ပါ ဆင်ပါ တစ်စိတ်စာ " Campaign 📣
ဒီကမ်ပိန်း လေးကတော့ အထက်မှာ ဖော်ပြထားတဲ့ အတိုင်းပဲ တိုက်ပွဲဝင်ရဲဘော်တွေ အတွက် ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်ပါတယ်
ရှေ့တန်းတိုက်ပွဲတွေ ဆိုတာ ရုပ်ရှင်ထဲကလိုတော့ လွယ်ကူမနေပဲ တကွက် လိုတာ တကွက်မှား တာနဲ့ အဖိုးတန်တဲ့ အသက်တွေ ပေးဆပ်လိုက်ရတဲ့ အထိ
အန္တရယ်များလှပါတယ်
ဒီလိုနေရာ ကနေ ကာကွယ်ရေးတပ်မတော်သားတွေ
ဘေးကင်းကင်းနဲ့ ပြည်တော်ဝင်ပြီး အိမ်ကို ပြန်နိုင်ဖို့ဆို စစ်သုံးပစ္စည်း အပြည့်စုံနဲ့ တိုက်ပါမှ တော်ကာ ကျပါလိမ့်မယ့်
ဒီလို အပြည့်စုံဆင်နိုင်အောင် တကွက်မလိုအောင် ရည်ရွယ်ပြုလုပ်တဲ့ Campaign ဖြစ်တာမို့ မိဘပြည်သူများအနေနဲ့ ဝိုင်းဝန်းပေးကြဖို့ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ် ခင်ဗျာ ❤️🔥
မဲလက်မှတ် တန်ဖိုးကတော့ မြန်မာငွေ( ၇၀၀၀ )ကျပ်ပါ
တစိတ်မှာ ၇ ယောက်ရှိတာမို့ လက်မှတ်တစောင်တိုင်းဟာ ရဲဘော်တယောက်ခြင်းစီအတွက် အားဖြစ်စေမှာပါ 🔥💪
#တပ်ပါဆင်ပါတစ်စိတ်စာ