29/08/2025
လေးစားရပါသော ညီအကိုမောင်နှမ များခင်ဗျာ
ယနေ့ ဩဂုတ်လ ၂၉ ရက်နေ့တွင် လူမှုကွန်ရက်စာမျက်နှာပေါ်၌ ဖြန့်ဝေပျံ့နှံ့လျှက်ရှိသည့် "ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့" ပြည်မြို့ အမည်ရှိ page မှာ အကောင့်အတုသာလျှင် ဖြစ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ တရားဝင်ဖွဲ့စည်းပေးထားသည့် မိမိတို့၏ "ပြည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့" နှင့် လုံးဝသက်ဆိုင်ခြင်း မရှိပါ။
၎င်း Page မှာ မည်သည့်ရည်ရွယ်ချက်ဖြင့် မည်သူတွေက ဖွင့်ထားသည်ကို မသိရသေးသည့်အတွက် စုံစမ်းဖော်ထုတ်မှုများ ပြုလုပ်သွားမည် ဖြစ်ပါသည်။
ထို့အတွက်ကြောင့် ပြည်သူလူထုအနေနဲ့ တော်လှန်ရေးနှင့် သက်ဆိုင်သော အချက်အလက်များ သွားရောက်ပြောဆိုမေးမြန်းမှုများ၊ မပြုလုပ်ကြရန် အထူးသတိပေး ပန်ကြားလိုက်ပါသည်။
ထို့အပြင် အဆိုပါ Page အား ပြန်လည်ဝေမျှခြင်း(share)၊ မှတ်ချက်များရေးသားခြင်း(comment)၊ Like ပေးခြင်း တို့ မပြုလုပ်ကြပါရန် လုံခြုံရေးအရ အသိပေးအပ်ပါသည်။
Page အတု Link
https://www.facebook.com/profile.php?id=61579658564540&rdid=bFWNSXkMoCj0lSXl&share_url=https%3A%2F%2Fwww.facebook.com%2Fshare%2F1ETKWMLyKn%2F
လေးစားစွာဖြင့်
#ပြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့