2020 NLD ပြည်မြို့နယ်အောင်နိုင်ရေးအဖွဲ့

  • Home
  • Myanmar
  • Pyay
  • 2020 NLD ပြည်မြို့နယ်အောင်နိုင်ရေးအဖွဲ့

2020 NLD ပြည်မြို့နယ်အောင်နိုင်ရေးအဖွဲ့ “ စုပေါင်းအင်အား
Collective Strength “

တော်လှန်ရေးထဲပါဝင်နေဆဲပြည်မြို့နယ်က ရဲဘော်တစ်ဦး၏ ဖြစ်ရပ်ပါ ၊ ခြေလက်အင်္ဂါစွန့်လွှတ်လိုက်ရပေမယ့်လည်း တော်လှန်ရေးထဲ ရှေ့ဆက...
01/06/2022

တော်လှန်ရေးထဲပါဝင်နေဆဲပြည်မြို့နယ်က ရဲဘော်တစ်ဦး၏ ဖြစ်ရပ်ပါ ၊

ခြေလက်အင်္ဂါစွန့်လွှတ်လိုက်ရပေမယ့်လည်း တော်လှန်ရေးထဲ ရှေ့ဆက်ပါဝင်နေဆဲ ရဲဘော်ပေတိုး . . . . . ၊

အလေးအနက်ထား ဂုဏ်ပြုပါတယ် . . . . .

( Burma Associated Press Media မှ ကူးယူတင်ပြပါသည် )

ဖယ်ထုတ်ဖြတ်တောက်ပစ်၍ မရသော

BAP၊ မေ ၃၁။

၂၀၂၁ ခုနှစ် သြဂုတ်လ ၂၄ ရက်၊ မနက် ၁၀ နာရီ မိနစ် ၃၀။

ပြင်းထန်သည့် ပေါက်ကွဲမှုနှင့်အတူ ရဲဘော်ပေတိုးနှင့် အခြားသော တော်လှန်ရေးရဲဘော် သုံးဦး လွင့်စင် ထွက်သွားခဲ့သည်။

“ ‘တုံ’ ဆိုတဲ့ အသံတစ်ချက်ပဲ ကြားလိုက်ရတယ်။ နောက်ကို လွင့်သွားတယ်။ လက်တွေမြှောက်ကြည့်တော့ တွဲလောင်းတွေ အကုန်လုံးက” အသက် ၂၈ နှစ်အရွယ်သာရှိသေးသည့် ကိုပေတိုးက လက်ကောက်ဝတ်မှစ၍ တုံးတိဖြစ်နေသည့် သူ၏ညာဘက် လက်ကို ကိုင်ရင်းပြောသည်။

ရန်သူ(စစ်ကောင်စီ) လာမည့် လမ်းကြောင်းတွင် မိုင်းထောင်ရင်း ရဲဘော်ပေတိုးနှင့်အဖွဲ့ မတော်တဆပေါက်ကွဲမှုနှင့် ကြုံခဲ့ရခြင်းဖြစ်သည်။

“စစ်တပ်ဘက်က စစ်ကြောင်း ထိုးလာတော့ မိုင်းသွားထောင်ရတယ်၊ ၂၃ ရက်နေ့က ထောင်တယ်ပြန် ဖြုတ်ရတယ်။ နောက်နေ့ မနက် ၁၀ နာရီခွဲ မှာ သွားပြန်ထောင်တယ်၊ ပြန်ဖြုတ်ရသေးတယ်၊ ထောင်တယ် ဖြုတ်တယ် ၊ နောက်တစ်ခါ ဝင်လာလို့ ပြန်ထောင်တဲ့ အချိန်မှာ မိုင်းက ပေါက်သွားတယ် လျှပ်စစ်က ရီမုနဲ့ control လုပ်ရတော့ wave ဝင်သွားတယ်” ရဲပေတိုးက သူကြုံခဲ့ရသည့်အဖြစ်အပျက်ကို ပြန်ပြောင်းပြောနေခြင်းဖြစ်သည်။

ထိုမတော်တဆမှုဖြစ်စဉ်ကြောင့် ရဲဘော်ပေတိုး၏ ဆရာဖြစ်သူနှင့် ၎င်း၏တပည့်ဖြစ်သူ နှစ်ဦး နေရာတွင် ကျဆုံးခဲ့ပြီး ရဲဘော်ပေတိုးနှင့်အခြားတစ်ဦးမှာ ဒဏ်ရာရခဲ့သည်။ ဒဏ်ရာ ရသူနှစ်ဦးအနက် ကိုပေတိုး၏ အခြေအနေမှာ အတော်ပင်ဆိုးရွားလှသည်။

“အဲဒီအချိန်မှာ တစ်ခုပဲ။ သေဖို့ပဲရှိတယ်။ သေနတ်တွေရှာသေးတယ်။ မတွေ့ဘူး။ မိုင်းကွဲတော့ သေနတ်တွေက ပျက်ကုန်တယ်” “ကိုယ့်ကိုယ်ကို ပြန်ပစ်ဖို့” သတိကောင်းစွာရနေသေးသည့်အခြေအနေတွင် ၎င်း၏ ခန္ဓာကိုယ်မှ တွဲလောင်းကျနေသည့် ခြေလက်များကို မြင်လိုက်ရသည့်အတွက် သူ့ဘဝကို အဆုံးသတ်ရန် ရဲဘော်ပေတိုးရွေးချယ်ခဲ့သည်။

သို့သော်ပစ်ခွင့်မသာခဲ့။
“ခြေတွေလက်တွေ တွဲလောင်းကျနေတဲ့ပုံကိုမြင်တော့ အသက်မရှင်ချင်တော့ဘူး။ နာတာကလည်း တော်တော်ဆိုးတယ်။ ဆရာကိုလည်းပြောတယ်။ ကျွန်တော့်ကိုပစ်သတ်ပေးပါဆိုပြီး။ အဲဒါမှ နာကျင်တာတွေ မခံစားရတော့ဘူးပေါ့။ ဆရာ ဆေးကုလိုက်ရင် ပြန်ကောင်းလာမှာပါဆိုပြီး မပစ်ပေးဘူး” အခြေအနေဆိုးမှ လွတ်မြောက်ရန် သူကြိုးစားခဲ့ပုံကို ကိုပေတိုးက ပြန်ပြောနေခြင်းဖြစ်သည်။

ထိုအဖြစ်ဆိုးကို ပြန်ပြောနေသည့်အချိန်တွင် သူက တည်တည်ငြိမ်ငြိမ်ပင်ရှိနေခဲ့သည်။

သို့သော် ကြုံခဲ့ရသည့်အချိန်တွင် သူ့ဘဝကို ရသည့်နည်းဖြင့်အဆုံးသတ်ရန်အတွက် ကိုပေတိုးတစ်ယောက် လွယ်လွယ်လက်မလျှော့်ခဲ့ပေ။ ဆေးရုံတွင် သူ့အား ကုသခွင့်ကို ခွင့်ပြုမပေးခြင်းဖြင့် အဆုံးသတ်ရန်ရွေးချယ်ခဲ့သည်။

“ခွဲစိတ်ဖို့ လက်မှတ်ထိုးမပေးဘူး ၂ရက် ၃ရက်ကြာသွားတယ် ခြေထောက်က အနံ့ ထွက်လာတော့ ကောင်းတဲ့ လက်ကို အတင်းယူပြိးလက်မှတ်ထိုးခိုင်းပြီး ကုပေးလိုက်တာ” ဟု ကိုပေတိုးကဆိုသည်။

ထိုအဖြစ်အပျက်မတိုင်ခင်အထိ သန်သန်မာမာ ပြေးလွှားသွားလာနေသော၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအား မိုင်း ပညာရပ်မျှဝေနေသော ကိုပေတိုး၏ ဘဝသည် အဆိုပါမတော်တဆမှုဖြစ်စဉ်ကြောင့် လုံးဝနီးပါး ပြောင်းလဲခဲ့ရသည်။

“ဆေးရုံကနေ သတိပြန်ရလာတဲ့အချိန် စိတ်ထဲမှာ ဘာမှ လုပ်လို့မရတော့တဲ့ အသိဝင်သွားတယ်။ ကိုယ်ကိုတိုင် ဘာမှလုပ်လို့မရတော့ဘူးဆိုတဲ့ အသိဝင်သွားတော့ စိတ်ထဲမှာ မကောင်းဘူး။ အမြဲတမ်းသွားလာလှုပ်ရှားနေတဲ့ လူက အခုလိုဖြစ်သွားတော့ အဆင်မပြေဘူးပေါ့။ နေရထိုင်ရတာ” ဟု ကိုပေတိုးက ပြောသည်။

သို့သော်နောက်ပိုင်းတွင် လက်ရှိအခြေအနေကို လက်ခံခဲ့ပြီး ပိုမိုကောင်းမွန်အောင် ပြုလုပ်ရန်အတွက်သာ အာရုံစိုက်ခဲ့သည်ဟုလည်း ၎င်းကဆိုသည်။

“အခုလိုဖြစ်တာ ကျွန်တော်တစ်ယောက်ထဲမှ မဟုတ်တာ။ တော်လှန်ရေးလုပ်တဲ့ အချို့ချို့လည်း ထိနေကြတာပဲ။ အဲဒီတော့ ထွေထွေထူးထူး စိတ်ထဲမှာ မခံစားရဘူး။ တစ်ခုဆို ကျွန်တော်က ဖြစ်ပြီးတာကို ထားခဲ့လိုက်တယ်။ ရှေ့ကို ပြန်သယ်မသွားတော့ဘူး။ အဲဒီလိုမျိုး” ဟု သူ့ကိုသူ အားပေးခဲ့ပုံကို ပြန်ပြောပြသည်။

“ရှင်သွားတော့ ကိုယ့်ဟာနဲ့ ကိုယ်ဘယ်လိုကောင်းကောင်းနေထိုင်မလည်းပဲ စဉ်းစားရတာပေါ့။ ခြေထောက်တွေ လက်တွေ ပြန်တပ်ပြီးတော့ ကိုယ့်ဟာကိုပြန်ပြီးတော့ပုံမှန်အတိုင်းမဟုတ်ရင်တောင်မှပဲ အကောင်းဆုံးတော့ ပြန်ပြီးတော့ နေရမှာပဲ။ ဒါ လတ်တလော ခဏ နေနေရတာပဲလို့စိတ်ထဲမှာ သတ်မှတ်တယ်။ ကျန်တဲ့ ကိစ္စထွေထွေထူးထူး စိတ်ထဲမှာ မရှိဘူး။ တော်လှန်ရေးကို မြန်မြန်ပြီးချင်တယ်။ နိုင်ချင်တယ်။ အဓိက နိုင်ဖို့ပဲ။ ကျန်တာတော့ မလိုဘူး” ဟု သူက ဆက်ပြောသည်။

မိုင်းမတော်မဆမှုဖြစ်စဉ်ကြောင့် ကိုပေတိုး၏ ခြေထောက်နှစ်ဖက်နှင့် လက်နှစ်ဖက်မှာ ပေးဆပ်ခဲ့ရသည်။ ညာဘက်ခြေထောက်မှာ ပေါင်ရင်းမှဖြတ်ခဲ့ရပြီး၊ ဘယ်ဘယ်မှာမူ ဒူးအောက်ပိုင်း ခြေသလုံးတစ်ခုလုံးကို ဖြတ်တောက်ခဲ့ရသည်။ ညာဘက်လက်မှာလည်း လက်ကောက်ဝတ်မှဖြတ်တောက်ခဲ့ရသည့်အတွက် တောင့်တောင့်တင်းတင်းရှိသည့် ကိုပေတိုးခန္ဓာကိုယ်၏ ခြေလက်များတွင် သူ မသန်သည့် ဘယ်လက်တစ်ခုသာ အကောင်းတိုင်းကျန်နေခဲ့သည်။

ညာဘက်ခြေထောက်နှင့် လက်မှာ အခင်းဖြစ်ပွားပြီးနောက် ချက်ခြင်းဖြတ်တောက်ခဲ့ရခြင်းဖြစ်ကာ ဘယ်ဘက်ခြေထောက်မှာမူ နောက် ၆ လအကြာတွင်မှဖြတ်တောက်ခဲ့ရခြင်းဖြစ်သည်။

“ကျွန်တော်က ဒီခြေထောက်တော့ ပြန်ကောင်းမယ်ပဲထင်တာ။ ဆေးဝါးပစ္စည်းသာစုံရင် ဖြတ်ရမှာ မဟုတ်ဘူးလို့ ထင်တယ်၊ ၆ လ လောက်ကြာတော့ အရိုးကိုပိုးဝင်လို့ ဖြတ်ရမယ်ပြောတော့ ဖြတ်လိုက်ရတယ်” ဟု ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် ကိုပေတိုးက ပြောသည်။

ကိုပေတိုးသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင်နေထိုင်သည့် နိုင်ငံရေးနောက်ခံမရှိသော သာမန်လူတန်းစား မိသားစုတွင်ကြီးပြင်းလာခဲ့သူတစ်ဦးဖြစ်သည်။ မွေးချင်း သုံးယောက်အနက် အကြီးဆုံးသားဖြစ်သည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုသာ မဖြစ်ခဲ့ပါက သူ့အတွက် အထူးတလည်ကိစ္စများမရှိဘဲ အိမ်အလုပ်များကို ဝိုင်းကူလုပ်ပေးနေသူ သာမန်လူ တစ်ယောက်အဖြစ်သာ ရှိနေမည်ဟု ကိုပေတိုးက ဆိုသည်။

“ကျွန်တော်တို့ နိုင်ငံတကယ်သာကောင်းရင် ကျွန်တော်တို့လည်း ဒီလို ဘဝမျိုးမှာ မနေရဘူး။ လူတန်းစေ့ ကောင်းကောင်းမွန်မွန်နဲ့ လက်မထောင်ပြီးနေလို့ရတယ်။ ကျွန်တော်တို့လည်း တက္ကသိုလ်တွေ တက်ခဲ့တယ်။ ဒါပေမဲ ဘာမှထူးမလာဘူး။ ပညာအရည်အချင်းတွေက အစပေ့ါ။ ကျွန်တော့်တို့လို နောက်ကလေးတွေ ကျွန်တော့််မှာလည်း တူတွေ တူမတွေရှိတယ်။ သူတို့ကို ကျွန်တော်တို့လို မဖြစ်စေချင်ဘူး။ အကောင်းမွန်ဆုံးပဲဖြစ်စေချင်တယ်။ အဲဒီစိတ်နဲ့ပဲ ထွက်လာတာပဲ” ကို ပေတိုးက သူ့ဇာတိကို စွန့်လာရသည့်အကြောင်းရင်းကို ရှည်ရှည်ဝေးဝေး ပြန်ပြောင်းပြောသည်။

‘ပေတိုး’ ဆိုသည် နာမည်သည်လည်း သူ ပြည် တက္ကသိုလ်တက်စဉ်ရလာခဲ့ခြင်းဖြစ်သည်။

“ကျောင်းမှာ ကျွန်တော်က ဒီအတိုင်း ရိုးရိုး ပေပေတေတေနေတော့ သူငယ်ချင်းတွေက ပေတိုးလို့ခေါ်တယ်။ အဲဒီနာမည်ကိုပဲ တော်လှန်ရေးမှာ ဆက်သုံးဖြစ်တယ်” ဟု ရဲဘော် ပေတိုးက ပြောသည်။

တက္ကသိုလ်ကျောင်းအကြောင်းပြောနေချိန်များတွင် သူ၏ မျက်နှာသည် ကြည်လင်လာပြီး ပြုံးပြုံးရွှင်ရွှင်ဖြစ်လာခဲ့သည်။ သူတိုင်နေသည့် ဘီးတပ်ကုလားထိုင်နှင့် အကောင်းပကတိအတိုင်းမရှိတော့သည့် သူ၏ ခြေလက်အင်္ဂါများကိုလည်း မေ့သွားပုံပေါ်သည်။

ထိုသို့ သာမန်လူတစ်ယောက်လိုဖြတ်သန်းလာသည့် ကိုပေတိုးသည် အာဏာသိမ်းမှုနှင့်ကြုံလာသည့်အခါတွင် မိသားစုကိုပင် အသိမပေးဘဲ တော်လှန်ရေးနယ်မြေအတွင်းသို့ရောက်အောင်လာခဲ့သည်။ တော်လှန်ရေးနယ်မြေအတွင်း အခြေခံစစ်သင်တန်း၊ မိုင်းသင်တန်းများကို သင်ယူခဲ့ရပြီးနောက် နောက်ထပ်ဝင်ရောက်လာသည့် ပြည်သူ့ကာကွယ်ရေးရဲဘော်များအား မိုင်းနှင့်ပတ်သတ်သည့် အတတ်ပညာများကို မျှဝေနေခဲ့ခြင်းဖြစ်သည်။

“ကိုယ့်နိုင်ငံကိုလည်း သူများနိုင်ငံလိုဖြစ်စေချင်တယ်။ ကိုယ့်နိုင်ငံက အခြားနိုင်ငံကို မေ့မကြည့်စေချင်ဘူး။ အဲဒီစိတ်နဲ့ရောက်လာတာ။ ကျန်တဲ့အထွေအထူးတော့ မရှိဘူး။ နိုင်ငံကောင်းဖို့အတွက်ပဲ” ကိုပေတိုးက သူတောခိုလာရသည့်အကြောင်းရင်းကို တုံးတိတိဖြေသည်။

ထိုသို့တောခိုလာချိန်တွင် အခြားသော ပြည်သူ့ကာကွယ်ရေးတပ်သားများနည်းတူပင် ငွေကြေး၊ လက်နက်၊ ကျည်ဆံ စသည် အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ခဲ့ရသည်။

“ကျွန်တော်တို့ အပတ်စဉ် ၁ ပြီးရင် လက်နက်တွေပေးမယ်ပြောတယ်။ ဒါပေမယ့် ဘာမှရောက်မလာဘူး။ အခုတိုက်နေတဲ့ လူတွေက ကျည်ဆံလည်းမရှိဘူး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပဲ စိုက်တုတ်ပြီးလုပ်နေကြတာ။ PDF တပ်သားတစ်ယောက်လုပ်ဖို့က မလွယ်ဘူး။ နောက်ခံ ဘက်ဂရောင်းမရှိနဲ့ပေ့ါ။ ပြီးတော့မိသားစုက ထောက်ပံ့တာတို့ဘော်ဒါတွေရဲ့ အထောက်အပံ တွေ မရှိရင် လုပ်ဖို့က အဆင်မပြေဘူး” ဟု သူနှင့်တကွ တောတွင်းရောက် တော်လှန်ရေးရဲဘော်များ ကြုံတွေ့နေရသည့်အခြေအနေကို ပေတိုးက ပြောပြသည်။

“တော်လှန်ရေးက အထက်နဲ့အောက် လင့်ချ်ကပြတ်နေတယ်။ ထောက်ပံ့မှုကနည်းတယ်။ ဘက်ဂျက်က လုံလုံလောက်လောက်ကျမလာဘူး။ အဓိကတော့ ကျည်ဆံ၊ သေနတ် လက်နက်ပစ္စည်းတွေမရှိတာ အတော်ဆိုးတယ်။ ဖြစ်သလိုပဲတိုက်နေရတယ်။ မိုင်းပစ္စည်းတွေထုတ်တယ်ဆိုလည်း ကိုယ့်ပိုက်ဆံနဲ့ကိုပဲ စိုက်ထုတ်ပြီးလုပ်နေရတာ” တော်လှန်ရေးကို အားမလို အားမရဖြစ်နေပုံဖြင့် ကိုပေတိုးကပြောသည်။

ထိုသို့ပြောနေရင်းနှင့်လည်း တုံးတိဖြစ်နေသည့် သူ၏ ညာဘက်လက်ကို အကောင်းတိုင်းကျန်သည့် ဘယ်လက်ဖြင့် တစ်ဖြတ်ဖြတ်ရိုက်နေသည်။

ရှေ့တန်းတွင် သူ ပြင်းပြင်းထန်ထန် ထိခိုက်မိသည့်အကြောင်းကို နောက် ၉ လ ကျော်ကြာမှ မိသားစုက သိခဲ့ရသည်။

“အသိကပြောပြလို့ အိမ်ကသိတာ။ မပြောဘူးဆိုတာ သူတို့ စိတ်ညစ်တာပဲ အဖတ်တင်မယ်။ ကျွန်တော့်ဘာသာ ဆက်သွားရမှာပဲ။ အချိန်တန်ရင်သိမှာပဲမို့ အခုချိန်ပေးမသိတာ။ စိတ်ညစ်မှုဆိုတာ သူများကို မပေးတာကောင်းပါတယ်” ဟု ကိုပေတိုးက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောသည်။

နိုင်ငံရေးမျိုးမရှိသည့် မိသားစုထံမှ တော်လှန်ရေးတွင် ပါဝင်ခဲ့သူမှာ သားသုံးယောက်အနက် အကြီးဆုံးဖြစ်သည့် ကိုပေတိုးတစ်ဦးတင်မဟုတ်။

ကိုပေတိုး၏ ညီအငယ်ဆုံးဖြစ်သူမှာလည်း ပြည်မြို့တွင် လှို့ဝှက်လှုပ်ရှားရင်း အဖမ်းခံခဲ့ရပြီး ထောင်ထဲတွင်ရောက်ခဲ့သည်။ အိမ်နှင့်အဆက်အသွယ်ပြတ်နေသည့်အတွက် ညီဖြစ်သူ၏ သတင်းအချက်အလက်များကိုလည်း မရသေးပေ။ ထို့အပြင် မကြာသေးမီကမှ မင်္ဂလာဆောင်ထားသည့် ဇနီးသည်မှာလည်း ရန်ကုန်သို့ ခေတ္တပြန်စဉ် အဖမ်းခံခဲ့ရသည်ဟုဆိုသည်။

အဆိုပါ ဇနီးသည်သည် ကိုပေတိုး ဒဏ်ရာရပြီးနောက်တွင်မှ တော်လှန်ရေးနယ်မြေသို့ ကိုယ်တိုင်လာရောက်၍ မင်္ဂလာဆောင်ခဲ့သည့် သူ၏ ချစ်သူလည်းဖြစ်သည်။

ထိုအဖြစ်အပျက်များအတွက် စိတ်ညစ်ညူးမှုများဖြစ်ပေါ်ခဲ့ရသော်လည်း မေ့မေ့ပျောက်ပျောက်နေနိုင်ရန် ကြိုးစားနေသည်ဟု ၎င်းကဆိုသည်။

“အဲ့လိုတွေဖြစ်သွားပေမယ့် စိတ်က ဒီဟာကို ဆက်လုပ်ဖို့ တွန်းအားပေးနေတယ်။ ဖြစ်ခဲ့တာတွေကို ရှေ့ကို ခေါ်မသွားဘူး၊ စိတ်ညစ်စရာတွေကို ခေါင်းထဲ မထည့်ဘူး” ဟု ကိုပေတိုးက ပြောသည်။

အားသန်သည့် ညာဘက်လက်ကိုဆုံးရှုံ့းလိုက်ရသည့် ကိုပေတိုးသည် အကောင်းတိုင်းကျန်နေသေးသည့် ဘယ်လက်ဖြင့်သာ ရှေ့ဆက်ရန် တွေးတောထားပြီးဖြစ်သည်။

“ဘယ်လက်နဲ့ သေနတ်ပစ်တယ်။ အရှည်တော့မရဘူး အတိုပဲပစ်နိုင်တယ်။ ညာသန်ပေမယ့် ဘယ်လက်ပဲရှိတော့ ၊ ဖြည်းဖြည်းချင်းနဲ့ အသားကျအောင် ကြိုးစားရမှာပေါ့ ၊ အလေးတုံးတွေလည်း မတယ် သန်အောင်လို့” ဟု သူ့ဘဝအတွက်အခြေအနေအတွက် အကောင်းဆုံးပြင်ဆင်ထားမှုကို ပြောပြသည်။

အခြားသောလူငယ်များနည်းတူ ကိုပေတိုးတွင်လည်း သူ့အနာဂတ်အတွက် ပြတ်သားသည့် ရည်မှန်းချက်တစ်ခုသာရှိသည်။ ယင်းမှာ တော်လှန်ရေးပြီးသည်နှင့် ဇာတိမြေသို့ပြန်ရန်ဖြစ်သည်။ သူ့စိတ်ကူးယဉ်ထားသည့် အိုင်တီနှင့်ပတ်သတ်သည့် ဆိုင်တစ်ဆိုင်ပြန်ဖွင့်မည်ဟုလည်းဆိုသည်။ အကောင်းဆုံးတွေ မျှော်လင့်ထားသလို အဆိုးတွေအတွက်လည်း ကိုပေတိုးက ကြိုတင်ပြင်ဆင်ထားသည်။

“လွယ်မယ်တော့ မထင်ပါဘူး အလုပ်တစ်ခုလုပ်ရင်ငွေရေးလို ၊ တော်လှန်ရေးထဲ အတော်များများက ပေးဆပ်ပြီးပြီ၊ ဘာတွေဖြစ်လာမလဲ ဆိုတာမသိသေးတဲ့ အတွက် ရှေ့ကိုကြိုမတွေးဘူး လက်ရှိဖြစ်နေတဲ့ တစ်နေ့တာ အရာလေးကိုပဲ တွေးတယ် ၊ကြိုတွေးရင်ကြိုခံစားရတယ်၊ ဖြစ်လာတဲ့ အရာလေးကိုပဲ လက်ခံလိုက်တယ်” ဟုဆိုသည်။

ထို့အတွက် တော်လှန်ရေးအမြန်ဆုံးပြီးရန်လည်း ကိုပေတိုးမျှော်လင့်နေသည်။ သူတစ်ယောက်ထဲအတွက်တော့ မဟုတ်။

“တော်လှန်ရေးမြန်မြန်ပြီးချင်တယ် အတော်များများက စိတ်ဓာတ်တွေ ကျ နေပြီ ၊အားလုံးက မိသားစုနဲ့ ခွဲနေရတာ၊ ဒီအတိုင်းပဲ ဆက်သွားနေမယ်ဆို သူများနိုင်ငံ တက်တဲ့လူ တက်မယ် အိမ်ပြန်တဲ့လူပြန်မယ်ဆိုပြီးဖြစ်နေကြပြီ” ဟု ကိုပေတိုးကဆိုသည်။

သူ့အတွက်ကမူ ခြေလက်များအား လှုပ်ရှားသွားလာနိုင်သည့် အတုတပ်ဆင်ခြင်းအမြန်ဆုံးပြုလုပ်နိုင်ရန်လည်း စိတ်အားထက်သန်လျှက်ရှိသည်။

“ကျွန်တော့် ခြေထောက်တွေ လမ်းပြန်လျှောက်နိုင်တဲ့ အခါကျရင် တော်လှန်ရေးကိုပဲ ဆက်လုပ်ချင်တယ်၊ မပြီးသေးရင်ပေါ့” ဟု ကိုပေတိုးက ဆိုသည်။

တော်လှန်ရေးအမြန်ပြီးရန်အတွက် အထက်လူကြီးများတွင် များစွာမူတည်သည်ဟုလည်း ကိုပေတိုးက လက်ခံယုံကြည်ထားသည်။

“လက်နက်အပြည့်အစုံ တပ်ဆင်ပေးနိုင်ရင် မြန်မြန်ပြီးမှာပေ့ါ။ ဒီတိုင်းပဲ သွားနေရင်တော့ မပြီးတော့ဘူး ကျွန်တော်တို့ တော်လှန်ရေးက။ ရေစုန်မျောသွားတော့မှာ။ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ကြာလေ ဆုတ်ယုတ်လေပဲဖြစ်လာမှာ။ နောက်ပိုင်းကျထောက်ပံ့မှုတွေက လျော့လာမယ်။ ပြည်သူတွေကလည်း သူ့ဟာနဲ့သူအဆင်မပြေကြတော့ဘူး။ ကုန်ဈေးနှုန်းတွေတက် ဘာတက်ဆိုတော့ ထောက်ပံ့မှုတွေ လျော့လာတယ်။ ဟိုဘက် စစ်တပ်က သူ့ဟာသူ ကျည်ကရှိပြီးသား။ လက်နက်ပစ္စည်းကအစ အကုန်လုံးက ရှိပြီးသား။ ကျွန်တော်တို့မြန်ချင်ရင်တော့ အကုန်လုံးကို လက်နက်မြန်မြန်တပ်ဆင်ပေးရင်တော့ မြန်မြန်ပြီးမှာပေ့ါ” ဟု ကိုပေတိုးက သူ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောပြသည်။

သူကိုယ်တိုင် တော်လှန်ရေး လမ်းခုလတ်တွင် ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရခဲ့သည့်အတွက် အားမလိုအားမရခံစားမှုများကို ကိုပေတိုးတစ်ယောက်ခံစားနေရသည်။

“ဖြစ်တာစောသွားတယ်လို့ ခံစားရတယ်။ ဒီထဲ မလာခင်ထဲက သေရင်သေ မသေရင် ဒုက္ခိတ ဖြစ်မယ်လို့တွေးထားပီးသား၊ မဖြစ်ခဲ့ရင် အသက်ရှင်မယ်။ ဒီသုံးမျိုးထဲက ပြေးလို့မလွတ်ဘူးလေ။ အရင်ထဲက စိတ်ကိုပိုင်းဖြတ်ထားတော့ ထွေထွေထူးထူးတော့ မခံစားရဘူး။ ဒီလိုဖြစ်လို့ တော်လှန်ရေးကို နောင်တတော့ မရပေမယ့် တစ်ခါတစ်လေ စိတ်နာတယ်၊ အထက်နဲ့အောက်က Link တွေက ပြတ်နေတယ်၊ ကျွန်တော်ဖြစ်တာ ကိုးလရှိပြီ။ အခုချိန်ဆို ဆေးသွားကုဖို့ ဖြစ်နေရတော့မှာ။ ဒါပေမယ့် ဘာမှကျမလာဘူး။ အစီအစဉ်တွေကလည်း ဘာတစ်ခုမှ အဆင်မပြေဘူး။ ပြီးတော့ အပေါ်ကလူတွေမှာ အစီအစဉ်ကောင်းကောင်းဘာမှမရှိဘူး။ စစ်တပ်တည်ထောင်ပြီဆိုကထဲက ဆေးဝါးကုသဖို့ အကုန်စီစဉ်ထားရတော့မှာ။ အဲလိုမျိုးတွေ ဘာမှမရှိဘူး။ ပြီးတော့ ပံ့ပိုးမှုလည်းမရှိဘူး။ အခု ကျွန်တော်တို့တိုက်နေကြတယ်။ လက်နက်တွေကလည်း မလောက်ဘူး။ လူကြီးတွေ လုပ်နေပြီဆိုရင် စကားကို အတည်တကျပြောဖို့လိုတယ်။ ဘယ်နေ့မှာ လက်နက်ပေးမယ်ဆို ရအောင်ပေး။ သူတို့က ပေးမယ်ပဲပြောတယ်။ ပြီးတော့ ရောက်မလာဘူး” ဟု ကိုပေတိုးကဆိုသည်။

တော်လှန်ရေးသည် ပန်းခင်းသောလမ်းမဟုတ်ကြောင်းနားလည်ထားသည့် ကိုပေတိုးကတော့ အနယ်နယ်အရပ်ရပ်က ရဲဘော်များအားလည်း ကြိုတင်ပြင်ဆင်ထားရန်အတွက် အသိပေးခဲ့သေးသည်။

“အနယ်နယ် အရပ်ရပ်က တော်လှန်ရေးသမားတွေကို ပြောချင်တာက စစ်တိုက်ရင်တော့ ထိခိုက်မှာပဲ။ ကြိုတွေးထားရမယ့် ကိစ္စပဲ။ ကံနဲ့လည်းဆိုင် ဖြစ်ချိန်တိုင်လို့ ဖြစ်သွားတယ်လို့ပဲ သတ်မှတ်ထားတယ်။ စစ်တိုက်ပြီဆို တစ်ဖက်နဲ့တစ်ဖက် လက်နက်တွေနဲ့တိုက်နေကြတာ။ ဒီလိုဖြစ်မလာချင်ရင် အစထဲက တော်လှန်ရေးမလုပ်နဲ့။ စစ်မတိုက်နဲ့။ စစ်တိုက်ရင်တော့ ဖြစ်မှာပဲ” ဟု ၎င်းကဆိုသည်။

ကိုယ့်ကိုယ်ကို သတ်သေချင်လောက်အောင် စိတ်ပိုင်းဖြတ်ခဲ့သည့် ကိုပေတိုးသည် ဆေးရုံမှဆင်းလာချိန်တွင် သူလာခဲ့သည် ခဲယမ်းဂိုဒေါင်ဆီသို့သာ ခြေဦးလှည့်ရန်ထပ်မံရွေးချယ်ခဲ့သည်။

“တကယ်တမ်းပြောရရင်တော့ မလုပ်ချင်တော့ဘူး၊ ဒါပေမယ့် စထားပြီးပြီပဲ ဆုံးအောင်တော့ သွားရမှာပေါ့။ အခုလည်း တတ်နိုင်တဲ့ဘက်က လုပ်နေတာပဲ။ အရင်တုန်းကလို အများကြီး မဟုတ်ပေမယ့် နိုင်တဲ့ ဘက်က တတ်နိုင်သလောက် ပါဝင်နေဦးမှာပါ၊ မိုင်းပညာ ပြန်ပြီးဖြန့်ဝေသင့်သလောက်ဖြန့်ဝေနေတယ်။ သိသလောက်ပြောပြပေးတယ်။ ထုတ်လုပ်မှုပိုင်းတွေမှာလည်း တတ်နိုင်သလောက် အကြံဉာဏ်ပေးတယ်။” ဟုဆိုသည်။

“ပြန်ကောင်းလာတဲ့အချိန်မှာ ဖောက်ခွဲပစ္စည်းတွေကိုင်တော့လည်း စိုးရိမ်စိတ်မရှိတော့ဘူး။ မရှိတော့ဘူးဆိုတာက ဒီလိုမျိုးကြီးတောင်ဖြစ်ထားပြီးပြီပဲ။ ဒီထက်ပိုဆိုးတာတော့ ရှိမှာမဟုတ်တော့ဘူး၊ ကျွန်တော့်မှာ အဆိုးဆုံးဆိုတာ သိပ်မရှိတော့ဘူး။ ဒီထက်ဆိုး သေဖို့ပဲရှိတယ်။ ကျန်တာမရှိတော့ဘူး။ အဲဒါကြောင့် အကြောက်တရားက သိပ်မရှိတော့ဘူး။ မိုင်းဖောက်ခွဲရေးလုပ်တဲ့အချိန်ကထဲက အန္တရယ်များမှန်းသိတယ်။ များမှန်းသိပေမယ့် ကိုယ်က ဝါသနာပါတယ်။ လုပ်ချင်တယ်ဆိုတော့ လုပ်တယ်။ ဖြစ်ချင်ရင်တော့ဖြစ်မှာပဲလေ ဘယ်တတ်နိုင်မလဲ” ဟု ကိုပေတိုးကဆိုသည်။

ကိုပေတိုးကတော့ ပေနေဆဲ တော်လှန်ရေးအတွက် မလျှော့သောဇွဲဖြင့် ရှေ့တိုးနေဆဲဖြစ်သည်။ တော်လှန်ရေးကြောင့် ခြေနှင့်လက်များ ဖယ်ထုတ် ဖြတ်တောက်ခံခဲ့ရသော်လည်း ရဲဘော်ပေတိုး၏ နှလုံးသားတွင် ကိန်းဝပ်နေသည့် တော်လှန်စိတ်ကိုမူ မည်သူကမျှ ဖယ်ထုတ်၍ မရနိုင်သေးသည်ကို သူ၏ သန်မာခိုင်မြဲသည့် စိတ်က သက်သေထူလျှက်ရှိသည်။

Burma Associated Press

ဒီ​နေ့ ကျ​နော်တို့ ​တော်လှန်​ရေး ညီအစ်ကို​မောင်နှမ​တွေ မဖြစ်မ​နေ လုပ်ရမှာ ရှိပါတယ်။ အဲဒါက​တော့ Pa Day Thar Pin ဆိုတဲ့ Yo...
30/05/2022

ဒီ​နေ့ ကျ​နော်တို့ ​တော်လှန်​ရေး ညီအစ်ကို​မောင်နှမ​တွေ မဖြစ်မ​နေ လုပ်ရမှာ ရှိပါတယ်။ အဲဒါက​တော့ Pa Day Thar Pin ဆိုတဲ့ YouTube Channel မှာ "နိုင်ငံ​ပျောက်သူ" ဇာတ်လမ်းတိုကို ကြည့်ကြဖို့ပါပဲ။ ဒီ​နေ့မနက် မြန်မာအချိန် ၈ နာရီကစပြီး ကြည့်လို့ ရ​နေပါပြီ။

https://www.youtube.com/c/padaytharpin

သတိထား​ပေးရမဲ့ အချက်​တွေက​တော့ -

📌 ၁။ Facebook မှာ တင်ထားတဲ့ လင့်ခ်​တွေက​နေ မဝင်ပါနဲ့။ YouTube App ကို ဖွင့်၊ "Pa Day Thar Pin" သို့မဟုတ် "နိုင်ငံ​ပျောက်သူ" ကို ရိုက်ရှာပြီးမှ ကြည့်ပါ။ (ကြိုပြီး တင်ထားတာမို့ 4 days ago ဖြစ်​နေပါလိမ့်မယ်။)

📌 ၂။ အဲ့ဒီရုပ်ရှင်ကို Download လုပ်ပြီး Facebook ​ပေါ် ပြန်တင်ထားတာ​တွေ ​တွေ့ရင် မကြည့်ပါနဲ့။ ဒီချန်နယ်က​နေပဲ ကြည့်​ပေးပါ။

📌 ၃။ VPN ကို V4C သုံး​ပေးပါ။

📌 ၄။ ​ကြော်ငြာတက်လာရင် ​ကျော်လို့ရပြီ ဆိုတာနဲ့ ​ကျော်ပစ်ပါ။ ဒါမှ သဘာဝကျ​မှာပါ။

📌 ၅။ View တက်​အောင် ဆိုပြီး ထပ်ကာထပ်ကာ ဆက်တိုက် မကြည့်ပါနဲ့။ အချိန်​လေး ခြားခြားပြီးမှ ကြည့်ပါ။ လူများများ ကြည့်​အောင်လည်း ဝိုင်းကူ​ပြောပြ​​ပေးပါ။

📌 ၆။ အိမ်က လူကြီး​တွေရဲ့ ဖုန်းကို ယူပြီးလည်း ဖွင့်ပြ​ပေးပါ။

📌 ၇။ ​နောက်ဆုံးတစ်ချက်က​တော့ ဒီ​နေ့တစ်ရက်ပဲ Pa Day Thar Pin ကို ဝိုင်းပြုံကြည့်ကြပြီး ​နောက်ရက်ကျ လူမဝင်​တော့ရင် အဆင်မ​ပြေပါဘူး။ ပ​ဒေသာပင် အဖွဲ့သား​တွေအ​နေနဲ့လည်း ဗီဒီယို​တွေ အမျိုးမျိုး အစားစား ရှိ​​နေအောင်၊ လူစိတ်ဝင်စား​အောင် အားထုတ်ထားပါတယ်။ ဒါ​ကြောင့် တစ်​နေ့ကို ၅ မိနစ်​လောက်​တော့ အမြဲဝင်ကြည့်​ပေး​စေချင်ပါတယ်။ Click လုပ်​နေရမှာ မဟုတ်ဘဲ ဖွင့်ထားရုံပဲမို့ သိပ်လည်း အားမစိုက်ထုတ်ရပါဘူး။

ဒီ​နေ့မှာ "နိုင်ငံ​ပျောက်သူ" ရုပ်ရှင်ကို ကြည့်ရှုခြင်းဟာ ဒီ​တော်လှန်​ရေးမှာ ပြည်သူဘက်က ရပ်တည်ပြီး အင်တိုက်အားတိုက် ပါဝင်​နေတဲ့ အနုပညာရှင်​တွေကို ဂုဏ်ပြုရာ ​ရောက်သလို၊ ​​မြေပြင်အဖွဲ့​တွေအတွက် ​ငွေ​​ကြေး​ထောက်ပံ့သလိုလည်း ဖြစ်တာမို့ အ​ပေါ်မှာ ​ရေးထားတဲ့ အချက်​တွေကို သတိထားပြီး ကြည့်ရှုအား​ပေးကြပါစို့ခင်ဗျာ။

စစ်အာဏာရူးတစုရဲ့ တကိုယ်ကောင်းဆန်မှုကြောင့် မိမိတို့နိုင်ငံ ပိုင်ဆိုင်ခွင့်ဆုံးရှုံးနေရသူတွေအတွက် “နိုင်ငံပျောက်သူ” ဇာတ်လ...
29/05/2022

စစ်အာဏာရူးတစုရဲ့ တကိုယ်ကောင်းဆန်မှုကြောင့် မိမိတို့နိုင်ငံ ပိုင်ဆိုင်ခွင့်ဆုံးရှုံးနေရသူတွေအတွက် “နိုင်ငံပျောက်သူ” ဇာတ်လမ်းတိုလေးကို YouTube Padaythar Pin - ပဒေသာပင် channel ကနေ မနက်ဖြန် ၃၀ ရက်နေ့ နဲ့ Mobile app သုံးစွဲသူများအတွက် Play2Donate ရဲ့ Nway Oo Video App ကနေ ဇွန်လ ၂ ရက်နေ့ တို့မှာ exclusively တင်ဆက်ပြသပေးသွားတော့မှာဖြစ်ပါတယ်။

ဒါရိုက်တာ Na Gyi မှ ဖန်တီးရိုက်ကူးပြီး Kyar Pauk မှ နောက်ခံတီးလုံးကို အားဖြည့်တီးခတ်ကာ DAUNG - ဒေါင်း နဲ့ Paing Phyoe Thu တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ “နိုင်ငံပျောက်သူ” ဇာတ်လမ်းတိုလေးဟာ Click app များ YouTube page စီစဥ်သူ developer များရဲ့ ကြိုးစားအားထုတ်မှုကို ပံ့ပိုးတဲ့အနေနဲ့ ရိုက်ကူးထားခြင်းဖြစ်တဲ့အပြင်၊ ဒီ ဇာတ်လမ်းတိုလေးကို ကြည့်ရှုခြင်းကနေ ရရှိလာတဲ့ ဝင်ငွေအားလုံး မြေပြင်အဖွဲ့တွေဆီ တိုက်ရိုက် စီးဆင်းမှာဖြစ်သောကြောင့် တော်လှန်ရေးမှာသွေးမအေးတဲ့ပြည်သူများအနေနဲ့ “နိုင်ငံပျောက်သူ” ဇာတ်လမ်းတိုလေးကို ပဒေသာပင် YouTube Channel နှင့် Nway Oo Video App ကနေ တိုက်ရိုက်ကြည့်ရှု အားပေးခြင်းဖြင့် တော်လှန်ရေးအတွက်ရန်ပုံငွေများ အားဖြည့်ထောက်ပံ့ပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

📺 ပဒေသာပင် YouTube Channel ကို ဝင်ရန် -
https://tinyurl.com/PDTPCH

Nway Oo Video App ကို ဒေါင်းလုပ်လုပ်ရန် -

🤖 Android (Google Play Store) -
https://bit.ly/3HD3ama

🍎 IOS (Apple) -
https://apple.co/3t2MRKN

📲 Android TV နှင့် Play Store မရှိသူများ အတွက် -
https://bit.ly/3M2A7Mp

"နိုင်ငံပျောက်သူ" ဇာတ်လမ်းကို ကြည့်ကြတဲ့အခါမှာလည်း VPN ခံကြဖို့ သတိပေးချင်ပါတယ်။ V4C VPN app ကို ဒီလင့်မှာ ဒေါင်းလို့ရပါတယ်။

🤖 Android (Google Play Store) -
https://play.google.com/store/apps/details?id=co.vforc.myvpn

📲 Direct Download Link -
https://thadinn.com/apk/v4c-v0.4.1.apk


#နိုင်ငံပျောက်သူ

24/05/2022

❇️အနိုင်တိုက်ပွဲဝင်ရမယ့် ဒီနွေဦးတော်လှန်ရေးမှာ ရှေ့တန်းတိုက်စစ်က ပွဲရဲ့အဆုံးအဖြတ်ဖြစ်သလို နောက်တန်းခံစစ်ကလည်း ကျိုးပေါက်လို့မရပါ။

❇️ထိရောက်တဲ့ စဉ်ဆက်မပြတ်သော အနိုင်ရအောင်ပွဲတွေအတွက် ထောက်ပို့အဖွဲ့တွေရဲ့ ကဏ္ဍကလည်း အလွန်အရေးကြီးတယ်ဆိုတာ အားလုံးသိရှိပြီးဖြစ်ပါလိမ့်မယ် ၊

❇️ဒါကြောင့် ရှေ့တန်းတိုက်စစ်မှာ ပါဝင်ဆင်နွှဲနေတဲ့ ပြည်သူ့သားကောင်းတွေ ၊ ခံစစ်တံတိုင်းဖြစ်တဲ့ CDMers တွေအတွက် နည်းလမ်းပေါင်းစုံနဲ့ တိုက်ပွဲဝင် ပံ့ပိုးပေးနေကြတဲ့ ပြည်တွင်း ပြည်ပက ထောက်ပို့တပ်သားအားလုံးကို ကျေးဇူးတင်ဂုဏ်ပြုပါကြောင်းနှင့် တိုက်စစ်အတွက်🔖 Click2Donate ၊🔖 PRF ၊ 🔖Htout Phoet တို့နဲ့အတူ ခံစစ်ခိုင်မာစေဖို့အတွက်🔖t Ahlu Shin App ကိုလည်း ဝင်ရောက်ဖတ်ရှုရင်း Click ပေးကြဖို့ ထပ်မံတိုက်တွန်းနှိုးဆော်ပါရစေ။

ဒီအတွက် အတူတူ ထောက်ပံ့မှုတွေနဲ့ တိုက်ပွဲဝင်ကြစို့

App ဒေါင်းလို့ရတဲ့ Link တွေကို အောက်မှာ ဖော်ပြပေးထားပါတယ်..
🔶Play Store Link
https://play.google.com/store/apps/details?id=com.cdmsupport.ahlushin

🔶Direct Link
https://www.mediafire.com/file/0l10jbjxpfpuk17/AhluShin_1.1.2.apk/file

23/05/2022
ပြည်မြို့နယ် ကြားကာလ အခမဲ့ပညာသင်ကြားရေး အဖွဲ့အစည်း (F.I.E.O.P)မှာ အထက်တန်းဆင့် ကျောင်းသား ကျောင်းသူများအားလုံး ယနေ့ ၁၀ ရ...
10/05/2022

ပြည်မြို့နယ် ကြားကာလ အခမဲ့ပညာသင်ကြားရေး အဖွဲ့အစည်း (F.I.E.O.P)မှာ အထက်တန်းဆင့် ကျောင်းသား ကျောင်းသူများအားလုံး ယနေ့ ၁၀ ရက်၊မေ ၊၂၀၂၂ ရက်နေ့မှ စ၍ ကျောင်းအပ်လို့ရပါပြီ။
ကြားကာလတွင် ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်းတွေဆုံးရှုံးနေတဲ့ကလေးများအတွက် မိမိတို့အတန်းပညာများကို စဥ်ဆက်မပြတ်လေ့လာနိုင်အောင် F I E O P မှာ လာရောက်အပ်နှံလိုက်ကြပါ။

ကျောင်းဝင်ကြေး * Free *
ဖုန်းတစ်လုံးရှိရုံ / အင်တာနက်ရရုံနဲ့တင် ကျောင်းတက်လို့ရပါပြီ။
အတွေ့အကြုံရင့် CDM ဆရာ ဆရာမများမှ ဘာသာရပ်အလိုက် သင်ကြားပို့ချပေးမှာဖြစ်ပါတယ်။

F I E O P အတွက် ကျောင်းအပ်လက်ခံခြင်းကို ၃၀ ရက် မေလ ၂၀၂၂ (30.5.2022) ရက်နေ့ နောက်ဆုံးထားပြီး လက်ခံပေးသွားပါမည်။
မူလတန်းဆင့် နှင့် အလယ်တန်းဆင့် ကျောင်းသား ကျောင်းသူများကို ဇွန်လဆန်းထဲတွင် ဆက်လက် ခေါ်ယူသင်ကြားသွားပါမည်။
အထက်တန်းဆင့် Grade-10(သင်ရိုးသစ်)
အတွက် ကျောင်အပ်ရန် linkပါ။

https://forms.gle/NtTReP7xc8FZCdbb7

Grade-11(သင်ရိုးဟောင်း)
အတွက် ကျောင်းအပ်ရန် link ပါ။

https://forms.gle/gBNL9Uh7QtbGDBxv7

ကျောင်းတက်ခွင့် ရရှိသော ကျောင်းသား ကျောင်းသူများကို Telegram /Gmail တို့မှ တဆင့် အကြောင်းကြားပေးသွားပါမည်။
Free Interim Education Organisation, Pyay (F.I.E.O.P)

ပြည်မြို့နယ်အတွင်းရှိ စစ်ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်တော်လှန်လျက်ရှိကြသော CDM ကျောင်းသား/ သူများ အနေဖြင့် တေ....

တစ်နှစ်ဆိုတဲ့အချိန်ကာလကို ဖြတ်ကျော်လိုက်ရပြီးလည်း မမေ့နိုင်သေးတာတော့ အသေအချာပါပဲ ၊ဘယ်နေရာကိုရောက်နေပါစေ လက်သုံးချောင်းထေ...
03/05/2022

တစ်နှစ်ဆိုတဲ့အချိန်ကာလကို ဖြတ်ကျော်လိုက်ရပြီးလည်း မမေ့နိုင်သေးတာတော့ အသေအချာပါပဲ ၊

ဘယ်နေရာကိုရောက်နေပါစေ လက်သုံးချောင်းထောင် တော်လှန်နေဦးမယ်ဆိုတာ ယုံကြည်လျှက်ပါ ၊

ရဲဘော်ရဲဘက်အားလုံးလည်း မပြီးဆုံးသေးတဲ့တော်လှန်ရေးရဲ့ နေရာအသီးသီးမှာ ကျရာတာဝန်ကို ထမ်းရွက်လျှက်ပါ ၊

ဦးသက်ဝင်းလှိုင် - တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ( ပြည်မြို့နယ် )

၈.၈.၁၉၈၀ - ၃.၅.၂၀၂၁

🗓 ၂၀၂၁ ခုနှစ်ရဲ့ နွေဦးမှာ စတင်ခဲ့ရတဲ့ ပြည်သူ့တော်လှန်ရေးခရီးဟာ အချိန်ကာလ တစ်နှစ်ကျော်ကြာသည်အထိ ပိုမိုကောင်းမွန်သောအင်အား...
03/05/2022

🗓 ၂၀၂၁ ခုနှစ်ရဲ့ နွေဦးမှာ စတင်ခဲ့ရတဲ့ ပြည်သူ့တော်လှန်ရေးခရီးဟာ အချိန်ကာလ တစ်နှစ်ကျော်ကြာသည်အထိ ပိုမိုကောင်းမွန်သောအင်အားများဖြင့် ချီတက်နေဆဲဖြစ်ပါတယ် ✊🏻✊🏻✊🏻

🔶တော်လှန်ရေးရဲ့အစ သပိတ်တိုက်ပွဲတွေနဲ့အတူ စစ်အာဏာရှင်ကို အကြမ်းမဖက်သည့်နည်းလမ်း Civil Disobedience Movement✊🏻 ဖြင့် တိုက်ပွဲဝင်ခဲ့ကြသည့် ပြည်သူ့ဘက်တော်သား ပြည်သူ့ သူရဲကောင်း CDMers များကလည်း မယိုင်မလဲ ခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့ အခက်အခဲမျိုးစုံကို အံတုရင်း တွန်းလှန်နေဆဲပါပဲ ၊

❇️ဒီနွေဦးတော်လှန်ရေးမှာ ပြည်သူ့သားကောင်းသမီးမွန်တွေထဲမှ အချို့သောသူတွေဟာ အသက်စွန့်လွှတ်သွားကြရတဲ့သူတွေရှိသလို ၊ ဖက်ဆစ်ထက်ပိုမိုဆိုးရွားလှတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဥပဒေမဲ့ဖမ်းဆီးခံကြရပြီး ပြစ်ဒဏ်ကျခံနေကြရတဲ့သူတွေလည်းရှိပါတယ် ၊

❇️တချို့ကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်မှာ ပါဝင်ကြရင်း ဘဝတွေပေးဆပ်ခဲ့ရုံသာမက အသက်ပေးတိုက်ပွဲဝင်နေကြတဲ့ သူတွေကိုလည်း တွေ့မြင်နိုင်ပါတယ် ၊

❇️မတရားဥပဒေပုဒ်မတွေ အတပ်ခံရလို့ မိသားစုဘဝတွေ တကွဲတပြားနဲ့ ပြေးလွှားတိမ်းရှောင်နေရသည့်ကြားကပင် နွေဦးတော်လှန်ရေးရဲ့ ကျရာတာဝန်တွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ပြည်သူနဲ့နိုင်ငံအတွက် ကြိုးပမ်းထမ်းရွက်နေကြသူတွေလည်း မနည်းလှပါဘူး ၊

🌿နွေဦးတော်လှန်ရေးမှာ ဒီလိုအဖက်ဖက်က တာဝန်ကျေကြတဲ့ ပြည်သူ့ သူရဲကောင်းများရဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို ကူညီဖြေရှင်းပေးဖို့အတွက် Ahlu Shin App ဆီကို ဖိတ်ခေါ်ပါရစေ၊​ မိမိရဲ့ တနေ့တာအချိန်တွေထဲက⏱၁၅ မိနစ်လောက် ဝင်ရောက်ကြည့်ရှုရုံနဲ့ CDMers တွေကို ပံ့ပိုးပေးနိုင်တဲ့ အလှူရှင်များအဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်ကြမှာဖြစ်ပါတယ် 💪🏻

🤳🏻Ahlu Shin App ကို ဝင်ရောက်ကြည့်ရှုမယ်ဆိုလျှင် 🤳🏻
❇️သတင်းကဏ္ဍမှာ နောက်ဆုံးရသတင်းတွေကို အမြဲတင်ဆက်ပေးနေပြီး
❇️ ဘဝအမောတွေကို ခေတ္တခဏ ဖြေဖျောက်စေနိုင်တဲ့ ဟာသကဏ္ဍကလည်း ပြုံးရုံသာမက ရီမောစေနိုင်အောင် စွမ်းဆောင်နိုင်ပါတယ် ၊​
❇️အင်တာဗျုးကဏ္ဍမှာတော့ CDMers သူရဲကောင်းများရဲ့ ခံယူချက် ၊ ခံစားချက် ၊ ကြုံတွေ့နေရတဲ့ အခက်အခဲ ၊ မလျှော့တဲ့ဇွဲ နဲ့ တော်လှန်ရေး ရည်မှန်းချက်တွေကို ဖတ်ရှုခံစားသိရှိနိုင်မှာဖြစ်ပါတယ် ၊
❇️ဒါ့အပြင် ဝတ္တု ၊ ဆောင်းပါး ၊ ကဗျာ နဲ့ ဗွီဒီယိုတွေကိုသာမက ကလေးတို့အတွက် ပုံပြင်ကဏ္ဍတွေအထိ စုံလင်စွာပါရှိပါတယ် ၊
❇️မကြာတော့တဲ့အချိန်မှာ Live Streaming ကဏ္ဍကနေ အပန်းလည်းပြေ ၊ တော်လှန်ရေးအတွက်လည်း အားဖြစ်စေမယ့် နိုင်ငံတကာရုပ်ရှင်ဇာတ်ကားများကို တင်ဆက်သွားဦးမှာဖြစ်ပါတယ်။

👉 ဒါ့ကြောင့် CDMers များကိုလည်း ကူညီပံ့ပိုးရင်း ၊ မိမိကိုယ်တိုင်လည်း အလှူရှင်ဖြစ်ရမယ့်အပြင် စိတ်အမောလည်းပြေ ၊ ဗဟုသုတလည်းရ ၊ နွေဦးတော်လှန်ရေးရဲ့ Clickers သူရဲကောင်းများအဖြစ် ဂုဏ်ယူဝင့်ကြွားကြရစေဖို့အတွက် Ahlu Shin App ကို ဝင်ရောက်ကြည့်ရှုကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ် ၊

⏱သင့်ရဲ့တနေ့တာအချိန်များထဲက “ ၁၅ မိနစ် “ ကိုပဲ အသုံးပြုပေးပါ ။

သင်ဟာ 🏅🏅🏅 နေ့စဉ် အလှူရှင်တစ်ဦးဖြစ်နိုင်ပါပြီ ။

02/05/2022

ပြည်မြို့နယ်က CDM အထက်တန်း‌ကျောင်းသားတွေ ဇွန်လမှာ အွန်လိုင်းစနစ်နဲ့ စာသင်နိုင်မယ်

ပြည်၊ မေ၂၊ ၂၀၂၂။

ပဲခူးတိုင်း ပြည်မြို့နယ်မှာ လာမဲ့ စာသင်နှစ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု အနေနဲ့ စစ်ကောင်စီဖွင့်တဲ့ ကျောင်းကို မတက်နဲ့ အခြေခံပညာ အထက်တန်းအဆင့် CDM ကျောင်းသားတွေ အွန်လိုင်း စနစ်နဲ့ စာသင်ခွင့်ရရှိတော့မှာ ဖြစ်တယ်လို့ ပြည်မြို့နယ် ကြားကာလအခမဲ့ပညာရေးကျောင်းအုပ်တာဝန်ခံ ဆီက သိရပါတယ်။

ပြည်မြို့နယ် ကြားကာလ အခမဲ့ပညာသင်ကြားရေးအဖွဲ့အစည်းကို ‌၂၀၂၂ ခုနှစ်မေလ ၁ရက် မနေ့က စတင်ဖွဲ့စည်းခဲ့ပြီး အခြေခံပညာ အထက်တန်းအဆင့် ကိုးတန်းနဲ့ ဆယ်တန်းကျောင်းသားတွေကိုပဲ အရင်သင်ကြားပေးဖို့စီစဉ်ထားတယ်လို့ ကျောင်းအုပ်တာဝန်ခံက ပြောပါတယ်။

" ကိုးတန်း( Grade 10) စနစ်သစ်နဲ့ ဆယ်တန်း( Grade 11) စနစ်‌ဟောင်းကို သင်ပေးသွားမှာပါ၊ အွန်လိုင်းကနေ Zoom နဲ့ သင်ပေးသွားပါမယ်၊ Google Form နဲ့ ကျောင်းအပ်လက်ခံဖို့ စီစဥ်ထားပါတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီက ဖွင့်မဲ့ပညာသင်နှစ်နဲ့ အတူတူတချိန်တည်းဖွင့်သွားမှာ ဖြစ်သလို စာသင်ချိန်က တနေကုန် သင်ပေးသွားမှာ ဖြစ်ပြီး ကျောင်းတက်ချိန်နဲ့ ဆင်းချိန် သတ်မှတ်ထားတာမရှိသေးလို့ နောက်ပိုင်းမှာ ထုတ်ပြန်သွားဖို့ စီစဥ်ထားတယ်လို့ ပြောပါတယ်။

စစ်ကောင်စီက ဖွင့်မဲ့ စာသင်နှစ်အတိုင်း သင်ကြားပေးသွားမှာဖြစ်လို့ စစ်ကောင်စီရဲ့ ကျောင်းမှာ တက်တဲ့ကျောင်းသားတွေလာတက်နိုင်မှာမဟုတ်လို့ CDM, Non CDM ကိစ္စအတွက် စိုးရိမ်စရာ သိပ်မရှိဘူးလို့ ဆိုပါတယ်။

" တနေကုန်သင်တဲ့ ပုံစံနဲ့ သွားမယ်၊ တချိန်ကို ၁နာရီခွဲတဲ့ ၃ချိန်သင်မှာပါ ၊ ကျောင်းသားအရေအတွက်ပေါ်မူတည်ပြီး ( Breakout Room) အခန်းခွဲသင်သွားဖို့ စီစဥ်ထားပါတယ်၊ ကျောင်းအချိန်က အတည်မပြုရသေးလို့ ကျနော်တို့ ပြန်ထုတ်ပြန်သွားပါမယ်" လို့ ပြောပါတယ်။

ကျောင်းအပ်လက်ခံပြီး ကျောင်းစမတက်ခင်မှာ ကျောင်းသားမိဘတွေနဲ့ ပြည်မြို့နယ်ကြားကာလအခမဲ့ပညာရေးအဖွဲ့တွေနဲ့ တွေ့ဆုံပြီး လုံခြုံရေးနဲ့ ပက်သတ်တဲ့ စည်းကမ်းချက်တွေကို ပြောပြပြီး လိုက်နာနိုင်တဲ့ သူတွေကို ကျောင်းသားအနေနဲ့ လက်ခံပြီးသင်ကြားပေးသွားဖို့ စီစဥ်ထားတယ်လို့ဆိုပါတယ်။

အခုလ ၁၅ရက်ကစပြီး ကျောင်းအပ်လက်ခံမှာဖြစ်လို့ ကျောင်းအပ်ရမဲ့ ပုံစံတွေကို ပြည်မြို့နယ်ကြားကာလအခမဲ့ပညာသင်ကြားရေးအဖွဲ့အစည်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိပြည်မြို့နယ်ကြားကာလအခမဲ့ပညာရေးအဖွဲ့အစည်းအနေနဲ့ ဖွင့်မဲ့ ကျောင်းမှာ စာသင်ပေးမဲ့ ဆရာ/ဆရာမ ၁၈ဦး ရှိပြီး ဘာသာရပ် ၉ခုကို သင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကျောင်းသားတွေအနေနဲ့ အွန်လိုင်းကတက်ရမှာဖြစ်လို့ အင်တာနက်အသုံးပြုခ တခုသာကုန်ကျစရိတ်ရှိမှာဖြစ်ပြီး အခမဲ့ပညာ‌ရေးစနစ်ကို စီစဥ်ထားပေမယ့် သင်ကြားပေးမဲ့ ဆရာတွေအတွက် အင်တာနက်အသုံးပြုခကိုတော့ ပြည်မြို့နယ် ပညာရေးဘုတ်အဖွဲ့၊ ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ နဲ့ အခြေခံပညာကျောင်းသားများသမဂ္ ‌ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

" ဆရာတွေအတွက် ဒေတာအသုံးပြုခက အနည်းဆုံး တလကို ၄သိန်းနီးပါး ကုန်ကျစရိတ်ရှိပါတယ်၊ လစာပေးဖို့ စီစဥ်ထားပေမယ့် လက်ရှိအခြေအနေအရ ပေးနိုင်မဲ့ အခြေအနေတော့ မရှိသေးဘူး၊ ပြည်သူတွေအနေနဲ့ ထောက်ပံ့ချင်တယ်ဆိုရင် သူတို့အတွက် လစာတခုခုသတ်မှတ်ပြီး ပေးနိုင်မှာပေါ့" လို့ ကျောင်းအုပ်တာဝန်ခံက ပြောပါတယ်။

စာသင်ကြားမဲ့ကာလက ပုံမှန်စာသင်နှစ်တွေအတိုင်းသတ်မှတ်ထားပြီး နှစ်ဝက်တခါ နှစ်ဆုံးတခါ စာမေးပွဲဖြေဆိုရဖို့ ရှိတယ်လို့ ပြောပါတယ်။

" စာမေးပွဲက ၂ခါဖြေရမယ် ၊ ဒီကြားထဲ ဘာသာရပ်အလိုက်ဆရာတွေကတော့ စာမေးတာ စာစစ်တာတွေတော့ ရှိမှာပေါ့၊ နှစ်ဝက်နဲ့ နှစ်ဆုံးဖြေရမဲ့ စာမေးပွဲက Zoom မှာပဲ ကင်မရာဖွင့်ပြီး ဖြေရမှာပါ " လို့ ပြောပါတယ်။

ကျောင်းသား ကျောင်းသူတွေအနေနဲ့ Zoom နဲ့ Telegram application တွေ ရှိဖို့ လိုအပ်ပြီး Telegram ကနေ ကျောင်းသားနဲ့ ဆရာ တွေ အဆက်အသွယ်လုပ်သွားမှာဖြစ်ပါတယ်။

ပြည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂတို့ရဲ့ ငွေကြေးထောက်ပံ့မှုနဲ့အတူ ပြည်မြို့နယ် ပညာရေးဘုတ်အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး အထက်တန်းအဆင့် အောင်မြင်သွားရင် မူလတန်းနဲ့ အလယ်တန်းတွေအတွက် ဆက်ပြီးဖွင့်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းအတွင်းမှာ မြို့နယ် ၃ခုမှာ ကျောင်းဖွင့်ထားပြီးဖြစ်သလို လက်ရှိဖွင့်မဲ့ ပြည်မြို့နယ် ကြားကာလအခမဲ့ပညာရေးကျောင်းအပါအဝင် စုစုပေါင်း ၄ခု ရှိလာမှာ ဖြစ်ပါတယ်၊

လက်ရှိ မြန်မာနိုင်ငံမှာ ကြားကာလပညာရေးအဖွဲ့တွေက ဖွင့်တဲ့ ကျောင်းပေါင်း ၇၀ကျော်ရှိနေပြီး တချို့ကျောင်းတွေကတော့ ပြီးခဲ့တဲ့ နှစ်တွေမှာကတည်းက အကောင်ထည်ဖော်ခဲ့တာအောင်မြင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

ပြည်မြို့နယ် ကြားကာလ အခမဲ့ပညာသင်ကြားရေး အဖွဲ့အစည်း ( F.I.E.O.P) ဖွဲ့စည်းကြောင်း အသိပေး ကြေညာခြင်းကြေညာချက်-၁/၂၀၂၂မေလ ၁ ရ...
01/05/2022

ပြည်မြို့နယ် ကြားကာလ အခမဲ့ပညာသင်ကြားရေး အဖွဲ့အစည်း ( F.I.E.O.P)
ဖွဲ့စည်းကြောင်း အသိပေး ကြေညာခြင်း

ကြေညာချက်-၁/၂၀၂၂
မေလ ၁ ရက်၊၂၀၂၂ခုနှစ်

https://m.facebook.com/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%80%E1%80%BC%E1%80%AC%E1%80%B8%E1%80%80%E1%80%AC%E1%80%9C%E1%80%A1%E1%80%81%E1%80%99%E1%80%B2%E1%80%B7%E1%80%95%E1%80%8A%E1%80%AC%E1%80%9E%E1%80%84%E1%80%BA%E1%80%80%E1%80%BC%E1%80%AC%E1%80%B8%E1%80%9B%E1%80%B1%E1%80%B8%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%A1%E1%80%85%E1%80%8A%E1%80%BA%E1%80%B8-105339645505402/

#ကျောင်းအုပ်ချုပ်ရေးအဖွဲ့
#ပြည်မြို့နယ်ကြားကာလအခမဲ့ပညာသင်ကြားရေးအဖွဲ့အစည်း

Address

Pyay

Website

Alerts

Be the first to know and let us send you an email when 2020 NLD ပြည်မြို့နယ်အောင်နိုင်ရေးအဖွဲ့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share