ရှမ်းရိုးမ ကစားကွင်းနှင့် အပန်းဖြေဥယျာဉ်

  • Home
  • Myanmar
  • Pinlon
  • ရှမ်းရိုးမ ကစားကွင်းနှင့် အပန်းဖြေဥယျာဉ်

ရှမ်းရိုးမ ကစားကွင်းနှင့် အပန်းဖြေဥယျာဉ် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရှမ်းရိုးမ ကစားကွင်းနှင့် အပန်းဖြေဥယျာဉ်, Pinlon.

သာသနာဝင် စီစစ်ရေးကတ်ပြား ကောက်ရထားပါသည်။ ခြံရိုးမ ခြံမှာ သိမ်းထားပေးပါတယ် ဘုရား...
01/02/2026

သာသနာဝင် စီစစ်ရေးကတ်ပြား ကောက်ရထားပါသည်။ ခြံရိုးမ ခြံမှာ သိမ်းထားပေးပါတယ် ဘုရား...

15/12/2025

နေ့တာတိုသည့် ဆောင်း ဆီးနှင်းတွေကျပြီး မြူတွေဖုံးလွှမ်းတဲ့ ဆောင်းပီပီသသ ရက် ကလည်း ၂ရက်၃ရက်နဲ့ပဲကုန်ဆုံးသွားပြီလား...ဂေဟ အပြောင်းအလဲနဲ့ မုတ်သုန် အတိုးအဆုတ်ကြောင့် ဥတု ၃လီ မှာ အများမုန်းတဲ့ ဆောင်း တစ်ပါတီက ပျောက်သွားတော့မယ့် သဘောမှာရှိတယ်...ငယ်ငယ်တုန်းက ဆောင်းကိုမုန်းပေမဲ့ အသက်လေးရလာတော့ လွမ်းစရာ အကောင်းသားနော် ..ကဲ အမှတ်တရ သီချင်းတစ်ပုဒ် တော့ဆိုအုံးမယ်ဆိုပြီး တွံတေး က အစ်ကိုကြီးရဲ့သီချင်းကို အငှားခံစား အသံသွင်းပြီးရုံရှိသေး ဗီဒီယို ရိုက်မလို့ လိုက်ရှာတာ ဘာမြူမှမတွေ့ ဘာနှင်း မှမမြင်ရ စောစောထ အိပ်ပျက်တာ အဖတ်တင်..ဟင် ဒီလိုဖြင့်မဖြစ်ချေဘူး ဆိုပြီး ဒီဇင်ဘာ သီချင်း ကိုဆိုထားတဲ့ ကိုသားငယ်ရယ် ခင်ဗျားတို့ ရိုက်ထားတဲ့ ဇာတ်ဝင်ခန်း ခဏလေးပေးစမ်းပါဆိုတော့ ဟိုကလည်း ကြည်ကြည်ဖြူဖြူပါပဲ သမီး လေး လင်းလက် ကပါ Edit ကို စိတ်ပါလက်ပါ ကူညီလုပ်ပေးလိုက်သေး ကျေးဇူးပါ သမီးလေးရေ လူကြီး တွေကို အလိုလိုက်ပေးတာ လိုရာဆန္ဒများ စိတ်ကြံတောင့်တတိုင်းပြည့်ပါစေ....မိတ်ဆွေများ ဒီသီချင်းလေး နားထောင်ပြီး စိတ်အဖုအထစ် များ ပြေပျောက်နိူင်ပါစေ အမှားအယွင်းများတွေ့ရင်လည်း မေတ္တာ ပွားပြီး မမြင်မကြားချင် ယောင်ဆောင်ပေးပါလို့..

03/12/2025

အသက်ကြီးလာတော့ မြန်မာ သံဘဲ ဆိုချင်တော့တယ်... ငယ်တုန်းအရမ်းကြိုက်ခဲ့တဲ့သီချင်း... ဆိုသာဆိုနေ ဘယ်တယောက်ကို ရည်ရွှယ်ပြီး ဆို နေမှန်းကိုမသိ လက်ရှိတယောက်က ပန်းပန်ဖို့ထက် ရောင်းဖို့ပိုအားသန်... သူ ပန်း ချစ်ပုံကတမျိုး

ပန်းကလေးလို လှနေတာပဲ ကြည့်နေချင်သည်....
06/11/2025

ပန်းကလေးလို လှနေတာပဲ ကြည့်နေချင်သည်....

လပြည့်နေ့ တရက်ထဲပါ....နားပါအုံး မိုးရယ်...
04/11/2025

လပြည့်နေ့ တရက်ထဲပါ....နားပါအုံး မိုးရယ်...

01/11/2025

ခြံထဲလာလည်ရင်း လမ်းကြုံလို့ သီချင်း ဝင်ဆိုသွားတဲ့ ရွက်ပုန်းသီးလေး ၄ပုဒ်ဆိုပြီး အားမရလို့ အဆစ်တောင်း သေးတယ်...အမှန်တော်တဲ့သူကို ချီးမြှင့်သင့်ပါတယ်...(ခွင့်တောင်းပြီးမှတင်ပါသည်...

နောက်တပါတ်လောက်ဆို ကုလားပန်းတွေ လှိုင်လှိုင်ပွင့်ပြီး အရမ်းလှနေတော့မှာ အပွင့်လွန်တဲ့အခါကျတော့ မလှပြန်တော့ဘူး အလှတရားရဲ့အ...
30/10/2025

နောက်တပါတ်လောက်ဆို ကုလားပန်းတွေ လှိုင်လှိုင်ပွင့်ပြီး အရမ်းလှနေတော့မှာ အပွင့်လွန်တဲ့အခါကျတော့ မလှပြန်တော့ဘူး အလှတရားရဲ့အခိုက်အတန့်ကို အမိအရဖမ်းဆုပ်နိူင်ဖို့ကလည်း အရေးကြီးပြန်ရော....

ဒီတပါတ်အတွင်း ပင်လုံမြို့ အထက၁ ကျောင်း မှာ အတူတက်ခဲ့တဲ့ စီနီယာ ဂျူနီယာ ရွှယ်တူ သူငယ်ချင်း များ အားလုံး အုပ်စုဖွဲ့ပြီး ရှ...
30/09/2025

ဒီတပါတ်အတွင်း ပင်လုံမြို့ အထက၁ ကျောင်း မှာ အတူတက်ခဲ့တဲ့ စီနီယာ ဂျူနီယာ ရွှယ်တူ သူငယ်ချင်း များ အားလုံး အုပ်စုဖွဲ့ပြီး ရှမ်းရိုးမခြံ ကို အလည်လာကြမယ်ဆိုယင် ကျောင်းတော်ကြီး ရာပြည့် အထိမ်းအမှတ် အနေနဲ့ .. ဝင်ကြေး.. အခမဲ့ပါနော်🥰🥰🥰

25/09/2025

ကျွန်တော် ကြိုတင်ပြီး အသိပေးအပ်ပါတယ်... ခင်မင်သူ ဆွေမျိုး မိတ်ဆွေများအားလုံး ကျွန်တော့်အကောင့်ဖြစ်ဖြစ် ကျွန်တော့အိမ်သားများ အကောင့်ကနေဖြစ်ဖြစ် on line မှနေ၍ ငွေကြေး နှင့် ပါတ်သက်သော ငွေချေးဌားခြင်း အရောင်းဝယ်ပြုလုပ်ရန် စည်းရုံး သိမ်းသွင်းများပြုလုပ် ဆက်သွယ်လာပါက လုံးဝ မယုံကြည်ပါနဲ့...အမှန်တကယ် အကူညီ လိုအပ်ခဲ့ယင်လည်း မိတ်ဆွေတို့ ရှေ့မှောက်ရောက်အောင်လာပြီးအကူညီတောင်းပါမယ်... on line ကနေဆက်သွယ်ယင် vedio callနဲ့တောင် Aiထွန်ကားတဲ့ခေတ်မှာ ရုပ်အတုကို ဖန်တီး လို့ရတဲ့အတွက် အလုံးစုံယုံကြည်လို့မရပါဘူး...အခုဆို ကျွန်တော်တို့ on line သုံးသမျှ အချက်အလက် အားလုံးကို တရုတ်ပြည်မှ ထိန်းချုပ် ခွင့်ရနေတဲ့အတွက် ကျားဖြန့်များ လိမ်လည်ဖို့ ပိုလွယ်ကူသွားပါပြီ... (မှတ်ချက်.. ကျားဖြန့်ဆိုတာ ကမ္ဘာကြီးကို ဖျက်ဆီးဖို့ တရုတ်ကစထွင်ခဲ့တာပါ... ကိုယ်ထောင်ချောက် ကိုယ်ခပ်တဲ့အဆိပ်က ကိုယ့်အိမ်သားကို အရင်ထိလို့... ခုတ်ရာတခြား ရှရာတခြားမို့...ပူစပ်ပူလောင်ဖြစ်သွားတာပါ ...တရုတ်လူမျိုးတွေဟာ ကိုယ့်မိန်းမကို အပေါင်ထားတဲ့အထိ လောင်းကစားသွေးကြီးပါတယ် မယုံကြည်ယင် ရွှေ တရိဂံ တဘက်ကမ်း လောနိူင်ငံကိုသွားကြည့်လိုက်ပါ ကာစီနိူဝိုင်းမှာ အပေါင်ရှုံးမိန်းမတွေတပုံကြီး အရော်အစား လုပ်သားလုပ်နေရပါတယ်)...စကားပြန်ဆက်ပါမယ်... ကျားဖြန့် တွေဟာ ဘယ်သူက ငွေဘယ်လောက် ပမာဏနဲ့ လည်ပတ်နေတယ် ဘယ်သူနဲ့ ရင်းနှီးဆက်သွယ်နေတယ်ဆိုတာသူတို့အကုန်မြင် အကုန်သိပါတယ် နောက်ဆုံးဘဏ်မှာခင်ဗျားငွေဘယ်လောက်အပ်ထားတယ် ဘယ်လောက်အသွင်း အထုတ်လုပ်တယ်ဆိုတဲ့အထိ သိပါတယ်... ဒါ​​ကြောင့်ကိုယ်အကြောင်းကို on line ပေါ် သိပ်မတင်ပါနဲ့... live ခဏခဏမလွင့်ပါနဲ့ ခင်ဗျား ရဲ့တည်နေရာကိုသိပြီး ခင်ဗျား ရဲ့လုပ်ငန်းအခြေနေကို ခန့်မှန်းပြီး သူတို့ အမဲလိုက်မည့် သားကောင်အဖြစ် ခင်ဗျား နောက် တောက်လျှောက်လိုက်ပြီးထောက်လှမ်းပြီး ခင်ဗျားတို့၊ကျွန်တော်တို့ အားနည်းချက်ဖြစ်တဲ့ အားနာတတ်ခြင်း၊ ယုံလွယ်တတ်ခြင်း၊ အမှတ်သည်းခြေမရှိခြင်း၊ သတိလက်လွတ်နေတတ်ခြင်းကို အခွင့်ကောင်းယူပြီး အပိုင်ထောင်ချောက်ဆင်အယုံသွင်းပြီး ပူးသတ်ပါလိမ့်မယ်...ကိုယ်မခံစားဘူးလို့မပေါ့ပါနဲ့ ...တရုတ်ပြည်မှာ အလိမ်ခံရလို့ ကိုယ့်ဘဝကို ကိုယ် ကိုယ်တိုင်ဇာတ်သိမ်း သွားရတဲ့အထိ နာကျင်ခံစားရတဲ့ သက်သေများစွာရှိပါတယ်...စီးပွားရေး မကောင်းတဲ့အထဲ ရှိတာလေး အလိမ်မခံရအောင် ဂရုစိုက် ကြပါ... စကားမစပ်.. ကျားဖြန့် ကုမ္ပဏီ မှာအလုပ်လုပ်ပြီး ဝင်ငွေကောင်းနေတဲ့ သားသမီးတွေအတွက် စွတ်အတင်း ဂုဏ်ယူနေသော မိဘများဘယ်လိုမျက်နှာနဲ့ နေနေတယ်ဆိုတာ မတွေးတတ်တော့ပါ... သူများ မျက်ရည်တွေ နဲ့ဖြစ်လာတဲ့ စည်းစိမ်ချမ်းသာကို ဘယ်လိုစိတ်နဲ့ စားဝင်အိပ်ပျော်နေကြသလဲဆိုတာ လူသားဆန်တဲ့ လူ့ကျင့်ဝတ် ကိုနားလည်သူများ လက်ခံလိမ့်မယ်လို့မထင်ပါ.. ...လွတ်လပ်စွာ share နိူင်ပါတယ် ခရက်ဒစ်မလိုပါ...

ရှမ်းရိုးမဥယျာဉ်ခြံ မှာ ဒီလို ပေါ့ပေါ့ပါးပါး ရာသီပေါ် သစ်သီး စက်ဖျော်သစ်သီး လက်ဖျော်ကာလာဆိုဒါ ဖျော်ရည်အထောင်း....အသုပ်.....
20/09/2025

ရှမ်းရိုးမဥယျာဉ်ခြံ မှာ ဒီလို ပေါ့ပေါ့ပါးပါး ရာသီပေါ် သစ်သီး စက်ဖျော်
သစ်သီး လက်ဖျော်
ကာလာဆိုဒါ ဖျော်ရည်
အထောင်း....
အသုပ်...
အပြုတ်(ပြောင်းဖူး)
အဖုတ်(ပြောင်းဖူး)တခါတရံ😁😁😁....တွေ ရနေပါပြီ...
မှတ်ချက်။ စနေ တနင်္ဂနွေနေ့ နှင့် နေ့ထူးနေ့မြတ် ရုံးပိတ်ရက်များသာ...

ရှမ်းရိုးမခြံ တခါမှမပိတ်ပါဘူးဗျ...ပိတ်ရက်လည်းမရှိပါဘူးဗျ...ပအိုဝ်းပြည်သူ့စစ်PNO စိုးမိုးတဲ့နယ်မြေဖြစ်တဲ့အတွက် ကလေကချေ ဘိ...
10/08/2025

ရှမ်းရိုးမခြံ တခါမှမပိတ်ပါဘူးဗျ...ပိတ်ရက်လည်းမရှိပါဘူးဗျ...ပအိုဝ်းပြည်သူ့စစ်PNO စိုးမိုးတဲ့နယ်မြေဖြစ်တဲ့အတွက် ကလေကချေ ဘိန်းစားသူခိုးတောင်မလာရဲပါဘူးဗျ အလွန်အေးချမ်းသာယာတဲ့နယ်မြေပါ..တချို့လူငယ်တွေ ရှမ်းရိုးမခြံ သွားလည်မယ်အကြောင်းပြပြီး တခြားနေရာမှာ ဘေးအန္တရာယ်နဲ့ ကြုံတာ ကျွန်တော်တို့နဲ့မဆိုင်ပါဘူး....နယ်မြေအေးချမ်းမှ အပန်းဖြေစခန်းဖွင့်လို့ရပါတယ်...ဆန္ဒရှိရင် Night Party လည်းစီစဉ်ပေးလို့ရပါတယ်နော်...

ပန်ဆင်သူ မရှိလည်း အချိန်တန်ယင် ပန်းကတော့ ပွင့်နေမှာဘဲ
15/07/2025

ပန်ဆင်သူ မရှိလည်း အချိန်တန်ယင် ပန်းကတော့ ပွင့်နေမှာဘဲ

Address

Pinlon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Website

Alerts

Be the first to know and let us send you an email when ရှမ်းရိုးမ ကစားကွင်းနှင့် အပန်းဖြေဥယျာဉ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share