Department of Disaster Management - Paungbyin

Department of Disaster Management - Paungbyin ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ အငယ်တန်းစာရေးရာထူးနှင့် ပစ္စည်းထိန်း-၅ရာထူးအတွက် ရေးဖ...
23/02/2022

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ အငယ်တန်းစာရေးရာထူးနှင့် ပစ္စည်းထိန်း-၅ရာထူးအတွက် ရေးဖြေအောင်မြင်သူများစာရင်းကြေညာခြင်း

ဒုတိယဦးစီးမှူး(ဝင်ပေါက်)ရာထူး (၆၅)နေရာ ရေဖြေအောင်မြင်သူများ စာရင်းPhoto crd:
18/02/2022

ဒုတိယဦးစီးမှူး(ဝင်ပေါက်)ရာထူး (၆၅)နေရာ ရေဖြေအောင်မြင်သူများ စာရင်း
Photo crd:

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊‌ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာ...
06/02/2022

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊‌ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၂.၂၀၂၂) ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် ဖောင်းပြင်မြို့၊ စည်ပင်သာယာဈေး၌ မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ မီးဘေးဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက္ခြင်း၊အသိပညာပေးလက္်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါ​သည်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊‌ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄.၂.၂၀၂၂) ရက်နေ့၊ နံနက်(...
04/02/2022

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊‌ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄.၂.၂၀၂၂) ရက်နေ့၊ နံနက်(08:00)နာရီအချိန်တွင် ဖောင်းပြင်မြို့၊ မြို့မစည်ပင်သာယာဈေး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြန်/ဆက် ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ Covid-19 ဗီဇပြောင်းမျိုးကွဲ Omicron ကူးစက္မှုမှ ကာကွယ်ရေးအတွက် Mask Campaignပြုလုပ်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါ​သည်။

 #ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန #အောက်ပါ​​နေရာများအတွက်လစ်လပ်ရာထူး_အငယ်တန်းစာရေး (၂၀၀) နေရာနှင့် ပစ္စည်းထိန်...
19/01/2022

#ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန
#အောက်ပါ​​နေရာများအတွက်လစ်လပ်ရာထူး_အငယ်တန်းစာရေး (၂၀၀) နေရာနှင့် ပစ္စည်းထိန်း ၅ (၆၀)နေရာများခေါ်ယူခြင်း(❗မည်သည့်ဘွဲ့မဆို)

💢 ငယ်/ရေး - အပြင်လူ (၂၇) နှစ် ၊ ဝန်ထမ်း (၃၅)နှစ်

💢 ပစ္စည်းထိန်း ၅ - အခြေခံပညာအထက်တန်းအောင် ၊ အပြင်လူ အသက် (၂၅)နှစ် ၊ ဝန်ထမ်း (၃၀)နှစ်

📜 လျှောက်လွှာကို သက်ဆိုင်ရာ ပြည်နယ် ဦးစီးမှူးရုံးများတွင် ထုတ်ယူနိုင်သည်။

📜 လျှောက်လွှာပိတ်ရက် - ၁၀.၂.၂၀၂၂ ရက်နေ့

🔖 ဖြေဆိုခွင့်ကတ်ပြားထုတ်ရက် - ၁၄.၂.၂၀၂၂ ရက်နေ့

📝 ဖြေဆိုရမည့်ဘာသာ - မြန်မာစာ + အင်္ဂလိပ်စာ + အထွေထွေဗဟုသုတ
🗒 ရေး​ဖြေနေ့ရက် - ၂၀.၂.၂၀၂၂
👨‍💼 လူတွေ့ - ၂၆.၂.၂၀၂၂ ရက်နေ့ ၊ ၂၇.၂.၂၀၂၂ရက်နေ့
🏛 နေရာ - လျှောက်လွှာတင်သွင်းခဲ့သည့် ရုံးများ

🛑 ဖြေဆိုခွင့်ရရှိသူစာရင်း ၊ ခုံအမှတ် ၊ ဖြေဆ်ိုရမည့်အစီအစဉ် တို့ကို သက်ဆိုင်ရာ ရုံးများ၌ ကြေညာထားမည်။

📰(19.1.2022)ရက်နေ့ထုတ်မြန်မာ့အလင်းသတင်းစာ

 #လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တွင်လစ်လပ်လျက်ရှိသေ...
15/01/2022

#လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တွင်လစ်လပ်လျက်ရှိသော ဒုဦးစီးရာထူး(၆၅)နေရာ ခေါ်ယူခြင်း။

▪️ဖြေဆိုခွင့်ကဒ်ထုတ်ပေးမည့်ရက် - (၂၆.၁.၂၀၂၂) မှ(၂၈.၁.၂၀၂၂ )ရက်နေ့အထိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ်(၂၃)၊ နေပြည်တော်။

▪️ရေးဖြေဖြေဆိုရမည့်ရက် -(၂၉.၁.၂၀၂၂) နှင့် (၃၀.၁.၂၀၂၂)

​▪️ရေးဖြေဖြေဆိုရမည့် ဘာသာ
မြန်မာ (၂၉.၁.၂၀၂၂)(၉:၃၀မှ၁၁:၃၀)နာရီ
အင်္ဂလိပ် (၂၉.၁.၂၀၂၂)(၁၃:၀၀မှ၁၅:၀၀)နာရီ
အထွေထွေသုတ(၃၀.၁.၂၀၂၂)(၉:၃၀မှ၁၁:၃၀)နာရီ

▪️ဖြေဆိုရမည့်နေရာ - နေပြည်တော်

▪️လျှောက်လွှာ ထုတ်ရမည့် နေရာ
နေပြည်တော် (ရုံးချုပ်)

1year ago
21/10/2021

1year ago

Source: ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-------------------------------------------------လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် စစ်ကိုင်းတိုင်း‌ေဒသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ကရားကျေးရွာအုပ်စု၊ မဲတင်ကျေးရွာတွင် (၁၇-၁၀-၂၀၂၀) ရက်နေ့(၁၄:၀၀)အချိန်၌ ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စု၊လူဦး‌ေရစုစု‌ေပါင်း(၇)ဦးနှင့် (၁၉-၁၀-၂၀၂၀)ရက်နေ့၊(၁၇:၀၀)အချိန်၌ထပ်မံဖြစ်ပွား‌ေသာ ကမ်းပါးပြိုကျမှု‌ေကြာင့်ကြိုတင်ဖျက်သိမ်း‌ေပြာင်း‌ေရွှ့ခဲ့ရသည့် နေအိမ်(၃)လုံး၊ အိမ်ထောင်စု(၃)စု၊ လူဦးရေ စုစုပေါင်း(၁၆)ဦး၊ စုစုပေါင်းဘေးသင့်အိမ်ထောင်စု (၅)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၅)အိမ်ထောင်စာ၊ လူဦးရေစုစုပေါင်း(၂၃)ဦးအတွက် အဝတ်Mask(၄၆)ခု၊ အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၅၀၀,၀၀၀ိ/-)နှင့် လူဦးရေ (၂၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၄၈,၃၀၀ိ/-) စုစုပေါင်းထောက်ပံ့ငွေကျပ် (၅၄၈,၃၀၀ိ/-) အား (၂၁-၁၀-၂၀၂၀) ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် ဖောင်းပြင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ကရားကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါသည်။

13/10/2021

မိမိတို့မှီတင်းနေထိုင်ရာဤကမ္ဘာမြေကြီး ဘေးအန္တရာယ်များကင်းဝေးစွာနဲ့ အနာဂတ်ကာလများအထိ ဆက်လက်ရှင်သန်ရပ်တည်သွားနိုင်ရေး
တစ်ဦးတစ်ယောက်ချင်းစီမှစလို့ အားလုံးပူးပေါင်းလက်တွဲပါဝင်ဆောင်ရွက်ဖို့ ပိုမိုလိုအပ်လာပြီဖြစ်တဲ့အတွက် ယခုနှစ် အပြည်ပြည် ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အတွက် သတ်မှတ်ထားတဲ့ “ဒို့ကမ္ဘာမြေကိုထိန်းသိမ်းဖို့ တွဲလက်ခိုင်မာပူးပေါင်းစို့” ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ
အားလုံးဝိုင်းဝန်း ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြပါစို့လို့ အလေးအနက် တိုက်တွန်းလိုက်ရပါတယ်။

ယနေ့ ကမ္ဘာကြီးမှာ လူဦးရေ သန်းပေါင်း(၇၀၀၀)ကျော် နေထိုင်လျက်ရှိပြီး လူသားတွေရဲ့ အသက်ရှင်ရပ်တည်မှုဟာ သဘာဝပတ်ဝန်းကျင်အရင်းမြ...
13/10/2021

ယနေ့ ကမ္ဘာကြီးမှာ လူဦးရေ သန်းပေါင်း(၇၀၀၀)ကျော် နေထိုင်လျက်ရှိပြီး လူသားတွေရဲ့ အသက်ရှင်ရပ်တည်မှုဟာ သဘာဝပတ်ဝန်းကျင်အရင်းမြစ်၊ ဂေဟစနစ်တို့နဲ့ ဆက်စပ်ဖြစ်ပေါ်နေတဲ့ အတွက် ထိုအရာတွေ ဟန်ချက်ညီစွာ အမှီသဟဲပြု ချိတ်ဆက်တည်ရှိနေမှသာလျင် မိမိတို့ နေထိုင်ရာ ဤကမ္ဘာမြေကြီး ရေရှည် ရပ်တည် ရှင်သန်နိုင်မှာဖြစ်ပါတယ်။

သို့ရာတွင် လူတို့ရဲ့ အတ္တဆန်တဲ့ မဆင်မခြင်လုပ်ရပ်များကြောင့် ဂေဟစနစ်များ၊ သဘာဝ ပတ်ဝန်းကျင်အရင်းအမြစ်များကို ပျက်စီးစေပြီး ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲလာမှု များ၊ သဘာဝဘေးအန္တရာယ်များ ပိုမိုဖြစ်ပေါ်လာပြီး ပိုမိုအင်အားပြင်းထန်လာမှုများ၊ စစ်ပွဲများ၊ ပဋိပက္ခများ၊ ရောဂါဘယဘေးများရဲ့ဒဏ်ကို တစ်နေ့ထက်တစ်နေ့ ပိုမိုရင်ဆိုင် ခံစားနေကြရပြီဖြစ် ကြောင်း နေ့စဉ်နဲ့အမျှ ကမ္ဘာပေါ်မှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်၊ ဖြစ်ရပ်များက သက်သေပြနေပါတယ်။

ဒါ့ကြောင့် လူသားတို့အနေနဲ့ မိမိတို့မှီတင်းနေထိုင်ရာ ဤကမ္ဘာမြေကို မိမိတို့ကိုယ်တိုင် ဖျက်ဆီးနေမိတာကို သတိပြုပြီး အချိန်မီပြန်လည်ထိန်းသိမ်းကာကွယ်ကြရမယ့် အချိန်ကာလ တစ်ခု ကို ရောက်ရှိနေပြီဖြစ်ကြောင်း အလေးအနက်ထား ခံယူဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

ယခုနှစ် “အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့” မှာ ဒို့ကမ္ဘာမြေကိုထိန်းသိမ်းဖို့ တွဲလက်ခိုင်မာပူးပေါင်းစို့ “Only Together…Can We Save the Planet” ဆိုတဲ့ ဆောင်ပုဒ်နဲ့ လူတို့ရဲ့ပယောဂကြောင့် ပျက်စီးယိုယွင်းလာရတဲ့ကမ္ဘာကြီးကို တစ်ဦး တစ်ယောက်ချင်းစီမှစလို့ အားလုံးလက်တွဲ ပါဝင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ထိန်းသိမ်းကာကွယ် ကြဖို့၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ကြဖို့၊ ဖွံ့ဖြိုးဆဲနိုင်ငံများကို ကူညီ ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

ရာသီဉတုနဲ့သက်ဆိုင်တဲ့ ကာကွယ်ထိန်းသိမ်းလုပ်ဆောင်မှုတွေကို ယခုမှစ လာမယ့်(၁၀)နှစ် အတွင်း မဆောင်ရွက်နိုင်ခဲ့ပါက အစွန်းရောက်ရာသီဉတုဖြစ်စဉ်တွေကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဆိုးဆိုးရွားရွား ထိခိုက်စေမှာဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်မျိုးစုံအတွက် ကြိုတင်သတိပေး စနစ်တွေ ယခုထက်ပိုမိုတိကျကောင်းမွန်နေဖို့လိုကြောင်း၊ ထိခိုက်လွယ်သူများအပေါ် ဘေးအန္တရာယ် ကျရောက်လွယ်တဲ့အခြေအနေတွေကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့၊ ဘေးအန္တရာယ်တွေနဲ့ ဆက်စပ်ဖြစ် ပေါ်တဲ့ ဆင်းရဲမွဲတေမှု၊ ငတ်မွတ်ခေါင်းပါးမှုပပျောက်စေဖို့၊ စီးပွားရေးထိခိုက်ဆုံးရှုံးမှုတွေ လျော့ကျ စေဖို့ ဆောင်ရွက်ကြရာမှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေ အရေးကြီးကြောင်း၊ တစ်ကမ္ဘာ လုံးရင်ဆိုင်ဖြေရှင်းဖို့လိုတဲ့ ဘေးအန္တရာယ်တွေနဲ့ပတ်သက်လို့ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများ နဲ့သာဖြေရှင်းဆောင်ရွက်နိုင်မှာဖြစ်ကြောင်း တို့ကိုလည်း ထပ်လောင်းသတိပေးထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနဲ့ပတ်သက်လို့ ကမ္ဘာ့ အဆင့်၊ ဒေသဆိုင်ရာအဆင့်တို့မှာ တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်နေပြီး နိုင်ငံအဆင့်မှာလည်း အားလုံးပါဝင်ဆောင်ရွက်တဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစနစ် တစ်ရပ်အဖြစ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဥက္ကဌ၊ ဒုတိယဝန်ကြီးချုပ် ဦးဆောင်တဲ့ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ အမျိုးသားကော်မတီအောက်မှာ ကအလိုက် လုပ်ငန်း ကော်မတီ(၁၂)ရပ်၊ နေပြည်တော်ကောင်စီနဲ့ တိုင်းဒေသကြီး/ပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များကို အဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ သဘာဝ ဘေးအန္တရာယ်များနဲ့ပတ်သက်ပြီး အဓိကတာဝန်ယူဆောင်ရွက်ရာမှာ သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းများအကြား ထိရောက်သော ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု၊ လူမှုရေးအဖွဲ့အစည်းများ၊ ရပ်ရွာ လူထုများနဲ့ အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်မှုများနဲ့အတူ ထိရောက်သော သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းများဖြစ်စေရေး အလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

ဒါ့အပြင် ပညာရပ်ပိုင်း/နည်းပညာပိုင်းဆိုင်ရာအဖွဲ့အစည်းများ၊ UN, INGO, NGO များ၊ ပုဂလိကစီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာရှင်လုပ်အားရှင်များ၊ ရပ်ရွာလူထုများကလည်း ကျွမ်းကျင်မှုအလိုက် ကဏ္ဍစုံမှ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။

မြန်မာနိုင်ငံဟာ သဘာဝဘေးဖြစ်ပွားမှုများတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး
နှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (၁၀)နှစ်တာကာလအတွင်း နှစ်စဉ် ပျမ်းမျှဘေးဖြစ်ပွားမှု (၁၆၀၀) ကျော်၊ သဘာဝဘေးကြောင့်သေဆုံးသူဦးရေ(၃၀၀)ကျော်၊ ဘေးသင့်လူဦးရေ (၅၀၀၀၀၀)ကျော် ရှိနေပြီး အိုးအိမ်ပျက်စီးမှုများ၊ အခြေခံအဆောက်အအုံများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနဲ့ ကဏ္ဍအလိုက် ထိခိုက်ပျက်စီးမှုများနှစ်စဉ်ဖြစ်ပေါ်နေပါတယ်။ ဒါ့အပြင် လတ်တလော ကြုံတွေ့နေ ရတဲ့ ကိုဗစ်-၁၉ကူးစက်ရောဂါကိုလည်း ကမ္ဘာ့နိုင်ငံများအားလုံးနဲ့အတူ ရင်ဆိုင်ဖြေရှင်းနေရပါတယ်။

ယနေ့ကမ္ဘာကြီးဟာ ကမ္ဘာ့ရွာကြီးတစ်ရွာဖြစ်လာတာနဲ့အတူ အကောင်းအဆိုး မှန်သမျှကို အားလုံးမျှဝေခံစားရတာဖြစ်တဲ့အတွက် သဘာဝဘေးအန္တရာယ်များနဲ့ ကူးစက်ရောဂါ ကျရောက်မှု များမှာလည်း နိုင်ငံများရဲ့နယ်နိမိတ်များကိုကျော်လွန်ပြီး တစ်နိုင်ငံချင်းစီသာမက နယ်မြေချင်း ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့ အခြားဒေသများအထိပါ ရိုက်ခတ်ခံစား နေကြရတာကို ထင်ရှားသိသာစွာ မြင်တွေ့လာရပါတယ်။

ဒါ့ကြောင့် တစ်နိုင်ငံချင်းစီရဲ့ ရင်ဆိုင်တုံ့ပြန်မှုနဲ့သာ မလုံလောက်တော့ဘဲ ကမ္ဘာ့နိုင်ငံအားလုံး ရဲ့ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နိုင်မှုကသာ ဘေးအန္တရာယ်များကို အောင်မြင်စွာ ရင်ဆိုင် တုံ့ပြန် ကျော်လွှားနိုင်မှာဖြစ်ကြောင်း မီးမောင်းထိုးပြနေပြီဖြစ်ပါတယ်။

ဒါ့ကြောင့် မိမိတို့မှီတင်းနေထိုင်ရာဤကမ္ဘာမြေကြီး ဘေးအန္တရာယ်များကင်းဝေးစွာနဲ့ အနာဂတ်ကာလများအထိ ဆက်လက်ရှင်သန်ရပ်တည်သွားနိုင်ရေး တစ်ဦးတစ်ယောက်ချင်းစီမှစလို့ အားလုံးပူးပေါင်းလက်တွဲပါဝင်ဆောင်ရွက်ဖို့ ပိုမိုလိုအပ်လာပြီဖြစ်တဲ့အတွက် ယခုနှစ် အပြည်ပြည် ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အတွက် သတ်မှတ်ထားတဲ့ “ဒို့ကမ္ဘာမြေကိုထိန်းသိမ်းဖို့ တွဲလက်ခိုင်မာပူးပေါင်းစို့” ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ အားလုံးဝိုင်းဝန်း ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြပါစို့လို့ အလေးအနက် တိုက်တွန်းလိုက်ရပါတယ်။

မိုးကြိုးပစ်ခံရ၍ သေဆုံးမှုအတွက် ထောက်‌ပံ့ခြင်း~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~[30.9.2021] ‌စစ်ကိုင်းတိုင်းဒေသ...
30/09/2021

မိုးကြိုးပစ်ခံရ၍ သေဆုံးမှုအတွက် ထောက်‌ပံ့ခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[30.9.2021] ‌
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ မန်သဲကျေးရွာအုပ်စု၊ အင်းဝိုင်းကျေးရွာမှ အသက်(၂၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် (၂၆.၉.၂၀၂၁)ရက်နေ့ (၁၅:၃၀)အချိန်၌ မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့ပါသည်။
ဖြစ်စဥ်မှာ သေဆုံးသူ အမျိုးသမီးသည် ၎င်း၏ခင်ပွန်းဖြစ်သူနှင့် ဟင်းစားရှာရန်အတွက် အင်းဝိုင်းကျေး ရွာမှ (၁)ဖာလုံခန့်အကွာ ကွင်းအမှတ်(၃၁၆)၊ ရုံးမောင်ကွင်းသို့ သွားရောက်စဥ် မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ရာ အမျိုးသမီးအား မိုးကြိုးပစ်ခံရပြီးသေဆုံးခဲ့ကာ ခင်ပွန်းဖြစ်သူမှာ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်းသိရသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်သေဆုံးမှုအတွက် ထောက်ပ့့ံငွေကျပ် (၃၀၀၀၀၀/-)အား (၃၀.၉.၂၀၂၁)ရက်နေ့တွင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Address

Paungbyin

Website

Alerts

Be the first to know and let us send you an email when Department of Disaster Management - Paungbyin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Department of Disaster Management - Paungbyin:

Share