Ayeyarwady SME

Ayeyarwady SME Ayeyarwady SME ,for the development of Ayeyarwady's SMEs

“Leveraging the ASEAN Tariff Finder for Up-to-Date Tariff and Trade Intelligence” ခေါင်းစဥ်ဖြင့် နိုင်ငံတကာကုန်သွယ်မှုတွ...
07/08/2025

“Leveraging the ASEAN Tariff Finder for Up-to-Date Tariff and Trade Intelligence” ခေါင်းစဥ်ဖြင့် နိုင်ငံတကာကုန်သွယ်မှုတွင် မူဝါဒအပြောင်းအလဲများကြောင့် သွင်းကုန်နှင့် ပတ်သတ်၍ အကောက်ခွန်ဆိုင်ရာ အပြောင်းအလဲများရှိပြီး Update ဖြစ်သည့် ကုန်သွယ်မှုနှင့် အကောက်ခွန်ဆိုင်ရာများကို ရှာဖွေနိုင်သည့် ASEAN Tariff Finder Platform အသုံးပြုခြင်းဆိုင်ရာ Webbinar ကို (၁၂.၈.၂၀၂၅) ရက်နေ့၊ ထိုင်းနိုင်ငံစံတော်ချိန် (၁၄း၀၀) နာရီ မှ (၁၆း၀၀) နာရီအထိ ပူးတွဲပါအစီအစဥ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ကုန်သွယ်မှုဆိုင်ရာ Update အချက်အလက်များကို လေ့လာသိရှိလိုသည့် လုပ်ငန်းရှင်များ/ အဖွဲ့အစည်းများအနေဖြင့် https://forms.office.com/r/jMRKf7zjTj တွင် (၁၁.၈.၂၀၂၅) ရက်နေ့နောက်ဆုံးထား Registration ပြုလုပ်၍ တက်ရောက်နိုင်ပါကြောင်း ဖိတ်ကြားအပ် ပါသည်။

“Digital Trade in Motion: Tackling E-Commerce Headwinds and Policy Priorities in ASEAN” Roundable Discussion ကို Virtual...
07/08/2025

“Digital Trade in Motion: Tackling E-Commerce Headwinds and Policy Priorities in ASEAN” Roundable Discussion ကို Virtual ဖြင့် (၈.၈.၂၀၂၅) ရက်နေ့တွင် ထိုင်းနိုင်ငံစံတော်ချိန် (၁၃း၃၀) နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အာဆီယံဒစ်ဂျစ်တယ် စီးပွားရေးစစ်တမ်း 2025 ၏ ရလဒ်များနှင့် ဒေသတွင်း e-commerce နှင့် ပတ်သက်သော အကြောင်းအရာများကို ဆွေးနွေးသွားမည် ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများအနေဖြင့် တက်ရောက်နိုင်ရေးအတွက် ဆွေးနွေးပွဲကျင်းပပြုလုပ်မည့် အစီအစဥ်နှင့်အတူ ဖိတ်ကြားအပ် ပါသည်။

06/08/2025

ASEAN Inclusive Business Award 2025 အတွက်လုပ်ငန်းများ အဆိုပြုနိုင်ရန် အသိပေးခြင်း
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်မှ (၁၃)ရက်အထိ ကျင်းပမည့် The 8th ASEAN Inclusive Business Forum ၏ အစီအစဉ် တစ်ခုအဖြစ် ASEAN Inclusive Business Award 2025 ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့်Inclusive Business လုပ်ငန်းတစ်ခုစီကို အဆိုပြုပေးရမည်ဖြစ်ပြီး (၁၉)ကြိမ်မြောက် ACCMSME အစည်းအဝေး ဆွေးနွေးချက်များအရ အဆိုပြုလာသည့် လုပ်ငန်း(၁၀)ခုအနက်မှ မလေးရှားနိုင်ငံအနေဖြင့် Inclusivity and Sustainability Special Award ဆု(၂)ဆုကို ထပ်မံရွေးချယ်၍ ဆုချီးမြှင့်သွားမည် ဖြစ်ရာ Inclusive Business Award 2025 ရရှိသူများအနေဖြင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်မည့် The 8th ASEAN Inclusive Business Forum သို့ တက်ရောက်နိုင်မည်ဖြစ်ပါသည်။ ကုန်ကျစရိတ်များကို မလေးရှားနိုင်ငံအစိုးရမှ ကျခံမည်ဖြစ်ပါ၍ လုပ်ငန်းရှင်များအနေဖြင့် အာဆီယံမှ သတ်မှတ်ထားသော သတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းဆိုင်ရာအချက်အလက်များ တင်ပြ၍ အဆိုပြုနိုင်ပါကြောင်း အသိပေး ဖြန့်ဝေအပ်ပါသည်။

06/08/2025

MSME Online Registration & e-Payment စနစ်အားယာယီရပ်နားထားမှုအခြေအနေ အသိပေးခြင်း
SME ယာယီမှတ်ပုံတင်လက်မှတ်များ လျှောက်ထားနိုင်သည့် MSME Online Registration & e-Paymen စနစ်အား လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်နိုင်ရေးအတွက် (၃၀.၇.၂၀၂၅)ရက်နေ့မှစ၍ ယာယီရပ်နားထားပါကြောင်း MSME လုပ်ငန်းရှင်များအား အသိပေး အကြောင်းကြားအပ်ပါသည်။

ASEAN Growth Connect: F&B, Cosmetics, and Wellness Virtual Business Matching ကျင်းပပြုလုပ်မည့် အစီအစဉ်အား အသိပေးခြင်းအာဆ...
06/08/2025

ASEAN Growth Connect: F&B, Cosmetics, and Wellness Virtual Business Matching ကျင်းပပြုလုပ်မည့် အစီအစဉ်အား အသိပေးခြင်း
အာဆီယံ‌ဒေသတွင်းရှိ အစားအစာ၊ အဖျော်ယမကာ၊ ကျန်းမာရေးနှင့် အလှအပဆိင်ရာကဏ္ဍများမှ MSME လုပ်ငန်းများနှင့် တရုတ်နိုင်ငံ, အရှေ့အလယ်ပိုင်းဒေသနှင့် အာဆီယံနိုင်ငံတို့မှ Supplier များ၊ Distributer များနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် ထိုင်းနိုင်ငံ၊ Office of SMEs Promotion(OSMEP)နှင့် ဗီယက်နမ်နိုင်ငံမှ Agency for Private Enterprice and Cooperative Development (APED)နှင့် ပူးပေါင်း၍ ASEAN Access Match Platform တွင်Virtual Business Matching ကို (၁၈.၈.၂၀၂၅)ရက်နေ့မှ (၁၉.၈.၂၀၂၅)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များ အနေဖြင့် အောက်ပါ Link တွင် Register ပြုလုပ်ပြီး တက်ရောက်နိုင်ရေး အသိပေး ဖြန့်ဝေအပ်ပါသည်။

https://match.aseanaccess.com/events/asean-growth-connect-fb-cosmetics-and-wellness-2025/

10/07/2025

ASEAN-Japan Women Social Entrepreneurs Workshop သို့ တက်​ရောက်နိုင်ပါ​ကြောင်း အသိ​ပေးအ​ကြောင်းကြားခြင်း
ASEAN Japan Center မှ ဦး​ဆောင်၍ အာဆီယံ​ဒေသတွင်းရှိ အမျိုးသမီးလူမှု​ရေး စွန့်ဦးတီထွင်သူများ (Women Social Entrepreneurs) များ ဒီဂျစ်တယ်အသွင်ကူး​ပြောင်း​ရေးနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာများကို​လေ့လာသိရှိနိုင်​စေ​ရေးအတွက် ၂၀၂၅ ခုနှစ်၊ သြဂုတ်လတွင် တစ်ပတ်လျှင် တစ်ကြိမ်၊ (၃)ရက်ကြာ Online မှတစ်ဆင့် ​ဆွေး​နွေးပွဲပြုလုပ်မည်ဖြစ်ပါသဖြင့် (၁၈.၇.၂၀၂၅) ရက်​နေ့ ​နောက်ဆုံးထား၍ ​အောက်​ဖော်ပြပါ link တွင် စိတ်ပါဝင်စားသည့် အမျိုးသမီးလူမှု​ရေးစွန့်ဦးတီထွင်သူများ ​လျှောက်ထားနိုင်ပါ​ကြောင်း အ​ကြောင်းကြားပါသည်။

Link -

https://forms.office.com/r/kceJrV၈vQE

"Switch to Green: Recycled Plastic for Sustainable Value Chain " ​     ခေါင်းစဥ်ဖြင့် Virtual market talk ကို ASEAN Acce...
04/07/2025

"Switch to Green: Recycled Plastic for Sustainable Value Chain " ​ ခေါင်းစဥ်ဖြင့် Virtual market talk ကို ASEAN Access Learn Platform (https://learn.aseanaccess.com) တွင် (၄.၇.၂၀၂၅)ရက်​နေ့၊ ထိုင်းနိုင်ငံစံ​တော်ချိန်(၉:၃၀) နာရီမှ (၁၂:၀၀) နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် https://learn.aseanaccess.com) တွင် register ဝင်​ရောက်၍ တက်​ရောက်နိုင်ပါ​ကြောင်း အ​ကြောင်းကြားပါသည်။

ASEAN Access LEARN supports the growth of SMEs through virtual live trainings, including self-study, with focus on international trade. The trainings are brought to you by our network of partners across the 10 ASEAN countries

ASEAN Circular Economy Business Alliance (AEBA) မှ ဦးဆောင်၍ "Circular Economy: Connecting entrepreneurs for a more susta...
25/06/2025

ASEAN Circular Economy Business Alliance (AEBA) မှ ဦးဆောင်၍ "Circular Economy: Connecting entrepreneurs for a more sustainable tomorrow" ခေါင်းစဉ်ဖြင့် Webinar ကို (၂၇.၆.၂၀၂၅) ရက်နေ့၊ ထိုင်းစံတော်ချိန်(၁၄း၀၀)နာရီမှ (၁၆း၀၀)နာရီအထိ Zoom ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါ၍ စိတ်ပါဝင်စားသည့် MSME လုပ်ငန်းရှင်များအနေဖြင့် အောက်ဖော်ပြပါ Link သို့ဝင်ရောက်၍ Register ပြုလုပ်ပြီး တက်ရောက်နိုင်ပါကြောင်း သတင်းအချက်အလက် ဖြန့်ဝေအပ်ပါသည်-

Webinar series on Business for Circular Economy in Southeast Asia

ASEAN Learn တွင် "Preparation for Japanese market penetration"ခေါင်းစဉ်ဖြင့်  Virtual Training ကျင်းပပြုလုပ်မည်ဖြစ်ကြောင...
23/05/2025

ASEAN Learn တွင် "Preparation for Japanese market penetration"ခေါင်းစဉ်ဖြင့် Virtual Training ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အသိပေးခြင်း
ASEAN Access Learn Platform တွင် အာဆီယံဒေသတွင်း SME လုပ်ငန်းများဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် e-commenence၊ Export နှင့် Import ဆိုင်ရာ သင်တန်းများကို ပို့ချလျှက်ရှိရာ ဂျပန်ဈေးကွက်သို့ ဝင်ရောက်လိုသည့် အာဆီယံဒေသတွင်းရှိ စီးပွားရေးအခွင့်အလမ်းများကို အသုံးချဆောင်ရွက်နိုင်ရန်တို့အတွက် "Preparation for Japanese market penetration"ခေါင်းစဉ်ဖြင့် Virtual Training ကို (၂၇.၅.၂၀၂၅)ရက်နေ့၊ ထိုင်းနိုင်ငံ စံတော်ချိန် (၁၃း၃၀)နာရီမှ (၁၅း၃၀)နာရီအထိ https://learn.aseanaccess.com/ တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါသင်တန်းတွင် ဂျပန်ဈေးကွက်ဆိုင်ရာ သိကောင်းစရာများ၊ ဂျပန်ဈေးကွက်သို့ ဝင်ရောက်ရန်အတွက် အရေးကြီးသောအဆင့်များ၊ အာဆီယံစီးပွားရေးလုပ်ငန်းများအတွက် အလားအလာရှိသော ကဏ္ဍများ စသည်တို့ကို လေ့လာသိရှိနိုင်မည်ဖြစ်ပါကြောင်းနှင့် ဂျပန်ဈေးကွက်သို့ ဈေးကွက်ချဲ့ထွင်ရန် စိတ်ပါဝင်စားသော MSME လုပ်ငန်းရှင်များအနေဖြင့် ASEAN Access Learn တွင် https://learn.aseanaccess.com/ ၌ (၂၅.၅.၂၀၂၅)ရက်နေ့ နောက်ဆုံးထား၍ Register ပြုလုပ်ပြီး တက်ရောက်နိုင်ပါကြောင်း သတင်းအချက်အလက် ဖြန့်ဝေ အသိပေး အပ်ပါသည်။

ASEAN Access LEARN supports the growth of SMEs through virtual live trainings, including self-study, with focus on international trade. The trainings are brought to you by our network of partners across the 10 ASEAN countries

“ ASEAN Learn တွင် Switch to Green: Green Market, Market of Sustainability ”  ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မည့်Virtual Tr...
21/05/2025

“ ASEAN Learn တွင် Switch to Green: Green Market, Market of Sustainability ” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မည့်
Virtual Training သို့ လုပ်ငန်းရှင်များ တက်ရောက်နိုင်ရန် သတင်းအချက်အလက် ဖြန့်ဝေခြင်း
၁။ ASEAN Coordinating Committee on Micro, Small and Medium Enterprise (ACCMSME) ၏ ဦးဆောင်မှုဖြင့် ASEAN Access Webportal (www.aseanaccess.com), https://match.aseanaccess.com, (https://learn.aseanaccess.com/) တို့ကို ရေးဆွဲပြီး အဆိုပါ Platform များသို့ ဝင်ရောက်လေ့လာခြင်းဖြင့် အာဆီယံနိုင်ငံများ၏ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ၊ နိုင်ငံတကာစျေးကွက်သို့ ချိတ်ဆက်နိုင်မည့် အခွင့်အလမ်းများ၊ စျေးကွက်ဆိုင်ရာဗဟုသုတများ ရရှိနိုင်မည် ဖြစ်ပါသည်။
၂။ ASEAN Access Learn တွင် သင်တန်းများပို့ချလျှက်ရှိရာ ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင် ထုတ်ကုန်စျေးကွက်များအကြောင်း နားလည်နိုင်စေရန်၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုမှတဆင့် အာဆီယံနိုင်ငံများရှိ လုပ်ငန်းရှင်များအတွက် ရေရှည်တည်တံ့သော ယှဥ်ပြိုင်နိုင်စွမ်း ရှိစေရန်တို့အတွက် ရည်ရွယ်၍ “ Switch to Green: Green Market, Market of Sustainability ” Virtual Training ကို (၂၃.၅.၂၀၂၅) ရက်နေ့ ၊ ထိုင်းနိုင်ငံစံတော်ချိန် (၁၀း၀၀) နာရီမှ (၁၂း၀၀)နာရီအထိ https://learn.aseanaccess.com/ တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
၃။ စိတ်ပါဝင်စားသော MSME လုပ်ငန်းရှင်များအနေဖြင့် ASEAN Access Learn (https://learn.aseanaccess.com/) တွင် (၂၁.၅.၂၀၂၅) ရက်နေ့နောက်ဆုံးထား၍ Register ပြုလုပ် ပြီး တက်ရောက်နိုင်ရေး သတင်းအချက်အလက် ဖြန့်ဝေအပ်ပါသည်။
ကျင်းပမည့်နေ့ရက် - ၂၃.၅.၂၀၂၅ ရက်နေ့၊
ထိုင်းနိုင်ငံစံတော်ချိန် (၁၀း၀၀) နာရီမှ (၁၂း၀၀)နာရီအထိ
ကျင်းပမည့်နေရာ - Online Zoom Meeting

သီရိလင်္ကာနိုင်ငံအစိုးရမှ ​လေလံ​ကြော်ငြာစာများ ​ခေါ်ယူလျက်ရှိ​ကြောင်း  အသိ​ပေးအ​ကြောင်းကြားခြင်း              သီရိလင်္ကာ...
15/05/2025

သီရိလင်္ကာနိုင်ငံအစိုးရမှ ​လေလံ​ကြော်ငြာစာများ ​ခေါ်ယူလျက်ရှိ​ကြောင်း အသိ​ပေးအ​ကြောင်းကြားခြင်း

သီရိလင်္ကာနိုင်ငံအစိုးရမှ ​ကဏ္ဍအလိုက် လိုအပ်သည့်ပစ္စည်းများအတွက် ​လေလံများ​ခေါ်ယူလျက်ရှိရာ MSME စီးပွား​ရေးလုပ်ငန်းရှင်များအ​နေဖြင့် သိရှိ​ဆောင်ရွက်နိုင်ပါရန် အချက်အလက်များနှင့်အတူ အ​ကြောင်းကြားပါသည်။

14/05/2025

MSME လုပ်ငန်းရှင်များ Digital Readiness Assessment Tool အသုံးပြုနိုင်ရေး သတင်းအချက်အလက် ဖြန့်ဝေခြင်း
MSME များအတွက် Digital Readiness Assessment Tool ကို အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများဆိုင်ရာ အာဆီယံပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (ACCMSME)နှင့် ASEAN Connectivity Coordinating Committee(ACCC)နှင့် Japan-ASEAN Integration Fund (JAIF) မှ ပံ့ပိုးကူညီမှုဖြင့် ဖန်တီးထားပြီး MSME လုပ်ငန်းများအတွက် ဒစ်ဂျစ်တယ်အသုံးပြုမှုတွင် ကွာဟချက်များအား ရှာဖွေဖော်ထုတ်နိုင်ရန်၊ ဒစ်ဂျစ်တယ် အသုံးပြုမှု ကျွမ်းကျင်မှုရှိစေရေးအတွက် အားပေးမြှင့်တင်ရန်၊ အာဆီယံ၏ ဒစ်ဂျစ်တယ်စီးပွားရေးတွင် အခွင့်အလမ်းသစ်များကို ရှာဖွေနိုင်ရန် ရည်ရွယ်ဆောင်ရွက်ထားရှိခြင်းအား သိရှိနိုင်ပါရန်နှင့် အောက်ဖော်ပြပါ Link Self Assessment ပြုလုပ်၍ အသုံးပြု ဆောင်ရွက်နိုင်ပါကြောင်း သတင်းအချက်အလက် ဖြန့်ဝေအပ်ပါသည်-
Link: https://aseandigitalasessment.my.site.com/msmeportal/s/?language=en_US

Address

SME Department , Near Pathein Airport , Besides Pathein-Yangon Road
Pathein

Telephone

+954229021

Website

Alerts

Be the first to know and let us send you an email when Ayeyarwady SME posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Ayeyarwady SME:

Share